Nuffnang Ads

Saturday, 1 December 2012


(26)  ISO, Noise and Sensor                                ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၂၆ )

 

ISONois  နှင့်  Sensor တို့၏ ဆက်သွယ်နေမှု
 

By Soe Hlaing




စကားဦး။

 

သာမန် အားဖြင့် ISO များများတင် ရိုက်လျှင် Noise ဟုခေါ်သည့် အစက်အပြောက် ကလေး များ ပေါ်လာကာ ပုံ၏ ပြတ်သား မှု လျှော့ ကျလာသည်။ များများ တင်လေ ပြန် သား မှု များများ လျှော့လေ ဆိုသည့် သဘော ကို ဓါတ်ပုံ ရိုက်သူအများ စု သိထားကြ ပါသည်။

သို့ရာတွင် ဓါတ်ပုံကို သာမန် အလင်း အခြေအနေမျိး များ တွင် ရိုက်နေသည်ထက်  ပိုကာ အလင်းရောင် နည်းသည့် အခြေအနေမျိုး ၌ Shutter Speed ၏ အမြန်နှုန်း ကို လု ၍ ရိုက်ရသည့် အခြေအနေ မျိုး တွင် မူ ISO ကို မဖြစ်မနေ အားကိုး၍ တတ်နိုင်သမျှ တင် ကာ ရိုက် လာကြရပါသည်။

အထူး သဖြင့်  အလင်း ရောင် နည်းလာသည့် အချိန် မျိုး တွင်အမြန် လှုပ် ရှားနေ သည့် အားစကားပွဲ များ၊ လျှင်မြန်စွာ ပျံ နေသည့်ငှက်များကို လိုအပ်သည် ပြတ်သား မှု တစ်ခုရရန် အတွက် ရိုက်ကြရာ တွင် Shutter Speed ရန်အတွက် ISO ကိုလည်း တင်ရန် လိုအပ်လာပါသည်။ ထို့ကြောင့် ISO အကြောင်း တစ်စေ့ တစ်စောင်း ကို သိထား ရန် လိုအပ်လာပါသည်။

ဤနေရာ တွင် မိမိ ကင်မရာ သည် ISO မည်မျှ အထိ များများ တင် ရိုက်၍ ရသည် ဆို သည်ကို သိထားရန် လိုလာပါသည်။  Nikon, Canon ကဲ့သို့ ကင်မရာ ကုမ္မဏီ ကြီးများ ၏နောက် ဆုံးပေါ် ကင်မရာ ကြီးများ သည် ISO ကို သောင်းဂဏန်း အတော် ကျော်ကျော် တင်ရိုက် စေကာမူ ပုံ၏ အရည် အသွေးကို လက်ခံ နိုင်သည့် အခြေအနေအထိ ထိန်းထား ပေး နိုင် တွေ့ ရပါသည်။ ဤ ကဲ့ သို့ ထိန်း ထား ပေးနိုင်သည်မှာ ယင်း တို့၏ Sensor, Image Processing Engine, Firmware စသည် တို့ ၏ အရည် အသွေး မြင့် မား မှု ပေါ် တွင် တည်နေပါသည်။

 

ထို့ကြောင့် ISO အပြင် ယင်း နှင့် တိုက်ရိုက် ဆက် နွယ်နေသည့် Noise, ကင်မရာ Sensor တို့ ၏ အကြောင်း တစ်စေ့ တစ်စောင်း ကို စုဆောင်းထားသည့်စာရွက် စာတမ်း အား ပေါင်းစု ဘာသာပြန်ကာ ပြန်လည် မျှဝေ ခြင်း ဖြစ်ပါသည်။

 

 
ISO Number

ကင်မရာ Lens မှ ၀င်လာသည့် အလင်း ကို ကင်မရာ အတွင်း ရှိ  ပုံ ရိပ်ဖေါ် Sensor  က မည်မျှ မြန်ဆန်စွာ တုန့်ပြန် ဖမ်းယူ နိုင်သည် ဆိုသည့် အညွှန်း ကိန်းကို ISO Number ( နံပါတ် သို့မဟုတ် အမှတ်) ဟုခေါ်ကြသည်။ အချို့သော ကင်မရာများ အနေနှင့် ISO 50, 100 လောက်မှ စတင် ကာ အချို့ သော ကင်မရာများမှ မူ ISO 200 မှ စတင်သည်။ လက်ရှိ ခေတ်ပေါ် ကင်မရာများသည် ISO 6400 အထိ Noise ပေါ် ပါက်မှု သိသာ စွာ  မရှိစေဘဲ ရိုက်နိုင်သည်။
 
 
ကင်မရာ အတွင်းရှိ Sensor ၏ပုံ။
 
 
 
A CCD Sensor
 
CMOS Sensor
 
 

အကြမ်း အားဖြင့် ဖေါ်ပြရပါလျှင်  ISO  နံပါတ်ငယ် လျှင် Sensor အနေနှင့် ၀င်လာသည့်  အလင်းကို ဖမ်းယူကာ ပုံရိပ် ဖေါ် ပေးရမည့် အချိန် ကြာမြင့်သည်။ ထို့ ကြောင့် ကင်မရာ၏ Shutter Speed ကို နှေး ပေး ရန်လိုသည်။ ISO နံပါတ် ကြီးလျှင် Sensor ၏  အလင်းတုန့်ပြန်မှု ( Sensitivity ) သည် မြန်လာသည့်အတွက် အလင်းကိုဖမ်းယူကာ ပုံရိပ် ဖေါ်ပေးမည့်အချိန်သည် တိုလာသည်။ ထို့ကြောင့် ကင်မရာ၏ Shutter Speed ကို အချိုးကျ မြန် ပေး ရန် လိုလာသည်။
 

ထို့ကြောင့် သင်္ချာ သဘောအရ ပြောရပါလျှင် ISO Number နှင့် Shutter Speed Number တို့ သည် ပြောင်းပြန် အချိုး ( Inversely Proportion ) ကျ သည်ဟု ဆိုရမည်။
 

ဥမာ အားဖြင့် Low Light အခြအနေ တစ်ရပ်၌ ပုံ တစ်ပုံ ရိုက်ရာ ၌ Aperture F-3.5 နှင့် ISO အမှတ်ကို ISO 200  Set လုပ်ကာ  Shutter Speed ကို 4 Second ဖြင့်  ရိုက်သည် ဆိုပါစို့။ ထိုပုံ ကိုပင် အဆိုပါ Aperture အတိုင်းထားကာ  ISO အမှတ်ကို ISO 500 သို့ တိုး ကာ ရိုက်ပါက  Sensor ၏ အလင်း စုတ်ယူ နိုင်မှု  မြန် လာ သည့် အတွက် Shutter Speed သည် လည်း မြန်လာကာ 2 Seconds ဖြင့် နှစ်စက္ကန့် လျှော့ကာ ရိုက်ရမည် ဖြစ်သည်။ အကယ်၍ ISO အမှတ်ကို ISO 800 သို့ ထပ်၍ တိုး လိုက် ပါလျှင် အလင်း စုတ်ယူနိုင်မှုသည် ပို၍ မြန် လာ သည့် အတွက်Shutter Speed ကို 1.3 Seconds ဖြင့် သာရိုက်ရမည် ဖြစ်လာမည်။
 

Aperture
ISO
Shutter Speed
F- 3.5
ISO 200
4 Seconds
F- 3.5
ISO 500
2 Seconds
F- 3.5
ISO 800
1.3 Seconds

 

အထက်ပါ ဇယားကို ကြည့်ပါလျှင် ISO Number နှင့် Shutter Speed တို့ ၏ ပြောင်းပြန် အချိုးကျမှု ကို မြင်နိုင်သည်။ အဆိုပါ ISO ၏အမှတ်များသည် Sensor အလင်း စုတ်ယူ နိုင် သည့် စွမ်း အင် ၏ “ စံ အမှတ်” များ ဖြစ်ပါသည်။

 
 

Film Speed.

ဤ “ စံ နှုန်း”  ကို Digital Camera များ မပေါ် မှီက ပင် Film ဖြင့် စတင် သတ်မှတ် ခဲ့သည်။ Film သည်ပင် အရောင် (Colour ) ဖြင့် မဟုတ်သေးဘဲ အဖြု အမဲ ( Balck and White ) ဖြင့် စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ISO 100 Film ကို အလင်း စုတ်ယူမှု နှေးသည့်အတွက်  Slow Film ဟု ခေါ်ကာ အလင်း စုတ်ယူမှု အား ကောင်းသည့် ISO 400 ကဲ့ သို့ Film မျိုးကို Fast Film ဟု ခေါ် ကြသည်။ ထိုစဉ်က Technology သည်လည်း ယခု ခေတ်ကဲ့သို့ မြင့် မားမှု မရှိသေးသည့် အတွက် ISO အမှတ် များလေ Film Grain ထလေ့ရှိဖြစ်ပြီး ပုံ ၏ အရည် အသွေး လည်း ကျ ဆင်း လာသည်။ ယင်းတို့ သည် ယခု ISO ၏ ကနဦး ကာ လ ဖြစ်သည်။

 

Light Sensitivity ဆိုင်ရာ နိုင်ငံ တကာ စံ နှုန်းများ
 

စင်စစ်  အားဖြင့် ISO သည် ကင်မရာ Sensor ဆိုင်ရာ အလင်းစုတ်ယူ နိုင်မှု “ စံ နှုန်း “ တစ်ခု ထည်းသာမက  ကမ္ဘာပေါ်ရှိ ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများ၏ စံ နှုန်းများကို လည်း သတ်မှတ်ပေးသည့် International Organization for Standardization ၏ အတိုကောက် ( Acronym ) ဖြစ်သည်။ အတိုကောက် Acronym မှာ ( IOS ) ဖြစ်သော် လည်း International Standards Organization ဟု ခေါ်ရာမှ  အင်္ဂလိပ် ဘာသာ ဖြင့် ISO  အဖြစ်အမည် တွင် နေသည်။

 
အဆိုပါ ကာလ မတိုင်မှီ အချိန် များတွင်လည်း သူ့ နည်း သူ့ ဟန် ဖြင့် စံ သတ်မှတ် မှု များ မှာ နိုင်ငံ အလိုက် ရှိခဲ့ ကြသည်။ ဥပမာအားဖြင့် Light Sensitivity စံ နှုန်းကို ဗြိတိန်က BSI ( British Standards Institution ) ဖြင့် သတ်မှတ်ပြီး ဂျာမဏီ ကမူ ၁၉၃၄ ခုနှစ် ထည်းက  ( DIN ) Deutsches Institut für Normung ဖြင့်သတ်မှတ် ခဲ့သည်။ ဂျာမဏီသည် အဖြူ အမဲ Negative Film  ၏ Light Sensitivity စံ နှုန်း ကို ၁၉၇၁ ခုနှစ်တွင် DIN 4512-1:1971-04 ဖြင့် သတ်မှတ်ခဲ့ပြီး Colour Negative Film အတွက် ကိုမူ  ၁၉၇၇ ခုနှစ်တွင် DIN 4512-4:1977-06 ဖြင့် သတ်မှတ်သည်။

 
မေရိကန်က မူ ၁၉၄၃ ခုနှစ်တွင်ပင်  (ASA ) Amrican Standards Association ဖြင့် အဖြူ အမဲ Negative Film  ၏ Light Sensitivity ကို ASA Z38.2.1-1943 ဖြင့် သတ်မှတ်ခဲ့ပြီး Colour Negative Film အတွက် စံ  ကိုမူ ၁၉၆၅ ခုနှစ်တွင် ASA PH2.27- 1965 ဖြင့် သတ်မှတ် ခဲ့သည်။

 
 အခြားသော စံ နှုန်းများစွာလည်း ရှိသေးသည်။ ကမ္ဘာ ပေါ် ရှိ စံ နှုန်း များ အကွဲကွဲ အပြားပြား ဖြစ်နေမှု ကို မြင်သာစေရန်  အချို့ကို ထုတ်နှုတ် ဖေါ် ပြထားခြင်းသာ ဖြစ်ပါသည်။
 
 

ဤ ကဲ့သို့ အကွဲကွဲ အပြားပြား ဖြစ်နေသည့် စံ နှုန်း အမျိုးမျိုး ကို International Coordination and Unification of Industrial Standards အဖြစ် စုစည်းနိုင်ရန် ၁၉၄၆ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံ လန်ဒန် ၌ စုဝေးတိုင်ပင် ဆွေးနွေး ကြရာမှ ၁၉၄၇ ခု၊နှစ်တွင် ယခုတွင်ကျယ် စွာ သုံးနှုံးနေသည့်  International Organization for Standardization ( IOS) ပေါ်လာသည်။ တစ်နည်း အားဖြင့် International Standards Organization ဟုလည်း ခေါ်သဖြင့် ( ISO ) အတိုကောက် ဖြစ်လာသည်။

 

အင်္ဂလိပ် ဘာသာ အားဖြင့် ISO အဖြစ်သာ သိနေကြစေကာမူ နိုင်ငံတကာအဖွဲ့ အစည်း များ၏ အစဉ်အလာအတိုင်း ပြင်သစ်ဘာသာဖြင့် Organisation internationale de normalisation ( OIN ) ဟုလည်း ခေါ်၍  ရုရှား ဘာသာ ဖြင့် Международная организация по стандартизации  ဖြင့် ခေါ်သည်။ ယခု အချိန်တွင် ဌာန ချုပ်ကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့  တွင် ဖွင့် လှစ်ထားသည်။ သို့ သော် ISO အဖြစ် သာ ကျယ်ကျယ် ပြန့် ပြန့် သိ ရှိ ကြသည်။

 

ISO ဆိုသည်မှာ Greek Word ဖြစ်သည့် Isos မှ ဆင်းသက် လာသော စကားရပ်ဖြစ်သည်။ အဓိပ္မါယ်မှာ Equal ဖြစ်သည် ဟု ISO အဖွဲ့ ၏ ရှင်းလင်းချက် တွင် တွေ့ ရသည်။

 

 
International Organization for Standardization ပေါ်ပေါက် လာရေး အတွက် ၁၉၄၆ ခုနှစ်က လန်ဒန်၌ ဆွေးနွေး ခဲ့ကြသည့် မှတ်တမ်း ပုံ။
 
 

ဂျာမန် Film Speed စံနှုန်း DIN နှင့် အမေရိကန် Film Speed စံနှုန်း ASA တို့သည် ၁၉၇၄ ခုနှစ်တွင် ISO နှင့် ပေါင်းလိုက်တာ တစ်ပေါင်း တစ်ထည်းသော စံ နှုန်း သတ်မှတ်ခဲ့ကြ သည်။  Colour Negative Film Speed ကို ၁၉၉၇  ခုနှစ်မှ စ၍ အကြိမ်ကြိမ် ပြန်လည် သုံးသပ် ကာ ၂၀၀၁ ခုနှစ်တွင် ISO 5800:2001  ဖြင့် သတ်မှတ်ခဲ့သည်။  လက်ရှိ Digital Still Camera များအတွက် ISO Speed ၏ စံ ကိုမူ ၂၀၀၆ ခု နှစ်တွင် ISO 12232:2006  ဖြင့် သတ်မှတ်ခဲ့သည်။
 
 

ကင်မရာ Sensor

ကင်မရာ၏ ပြင်ပ မှဝင် လာသော အလင်း (Light) သည် Lens ကို ဖြတ်သန်းကာ Digital Camera အတွင်းရှိ Crystal Silicon ဖြင့် ပြုလုပ် ထားသည့်  Sensor ပေါ်သို့ ကျ ရောက်သည်။ Sensor ပေါ်တွင် အကွက်လိုက် (Grid) အတိုင်း နေရာချထားသော  အလင်းကို ထိတွေ့ တုန့်ပြန် မှု ပြု သည့် Photosite များ ရှိသည်။ ယင်း Photosite များက Lens ကိုဖြတ်ကာ ၀င်လာသည့်  Analog electrical signal များကို  Digital value ဖြစ်ပြောင်း လိုက်သည့် Unit ကလေး တစ်ခု မှာ ကင်မရာ များ၌ ဖေါ်ပြ လျှက်ရှိသော  Pixel တစ်ခု ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပုံ ရိပ် ကိုဖေါ်ပေးသည့် Picture Elements များ ဖြစ်ကြသည်။ DSLR ကင်မရာ တစ်ခု ၏ Sensor တွင် Pixel ပေါင်း သန်း ချီ၍ ရှိသည်။
 

CCD  သို့ မဟုတ်  CMOS မည်သို့ သော Sensor မျိုး တွင် ဖြစ်စေ ယင်းတွင် ရှိသည် Photosite သည် အလင်းကို တုန့်ပြန်သည့် ( Light-Sensitive ) Photodiode များဖြင့် ဖွဲ့ စည်း ထားသည်။ ဤနေရာတွင် အနည်း ငယ် ဖြည့်စွက် ၍ ရှင်းလင်း လိုသည် မှာ၊ အလွယ် အားဖြင့် Photosite သည် အလင်းကို ထိတွေ့ တုန့်ပြန် သည် ဆိုစေကာမူ အတိအကျ ဆိုရပါမူ ၄င်း တွင် ပါရှိသည့် Photodiode ကသာလျှင် အလင်းကို ထိတွေ့ တုန့်ပြန် ခြင်း ဖြစ်သည်။

 

Sensor သည် အလင်း ရှိ Photon ကို စုတ်ယူပြီး သော် Photoelectric effect အရ Eleectron အဖြစ် ပြန်ထုတ်ပေးသည်။ အဆိုပါ Electron များကို Exposure ဖွင့်ထားသည့် အချိန် ကိုလိုက်၍ ၄င်း၏ ကျင်း (Well) များ အတွင်း Electrical Charge များအဖြစ် သိမ်း ထား ပေးသည်။ အဆိုပါ Electrical Charge  ပမာဏသည် Sensor ပေါ် ရိုက်ခတ် သည် Photon  ပမာဏ ၏ အချိုး အတိုင်း ပင် ဖြစ်သည်။
 

ယင်းနောက် အဆိုပါ Electrical Charge   ကို   ပထမ အဆင့် တွင် Analog Voltage အဖြစ် ပြောင်း ပေးသည်။ ထိုမှ တစ်ဆင့် ၄င်းကို Amplified လုပ်ကာ  Analog to Digital ( A/D ) Converter ဖြင့် Digital Pixal အဖြစ်ပြောင်းပေးသည်။ ဤ သည်တွင် အလင်းသည် Digital ပုံ ရိပ် ဖြစ်လာသည်။

 

Sensor တစ်ခု ပေါ်ရှိ အလင်းကို တုန့်ပြန်နိုင်သော Photosite ပါဝင်သည့် ရာနှုန်းကို Fill Factor ဟုခေါ်သည်။ CMOs ကဲ့ သို့ Sensor တစ် ခုတွင် အလင်းကို တန့်ပြန်သည့် Fill Factor သည် ၃၀ မှ ၄၀ ရာ နှုန်း ခန့် အထိသာ ရှိသည်။ ကျန် နေရာ များမှာ Amplifier များ Noise Reduction များ ဆိုင်ရာ Circuits များသာ ဖြစ်သည်။ စင်စစ် အား ဖြင့် Sensor တစ်ခု တွင် Light Sensitivity ဧရိယာ သည် Sensor တစ်လုံး၏ ဧရိယာနှင့် နှိုင်းစာ လျှင် သေးငယ် နေသည်။ ထို့ ကြောင့် ကင်မရာ ထုတ်လုပ် သူများသည် Fill Factor ကို အားဖြည့် သည့်အနေနှင့် Lens မှဝင်လာသည့် Photon ကို Sensor ပေါ်ရှိ Light Sensitivity မရှိသော နေရာများသို့ မရောက်စေဘဲ Fill Factor ပေးသည့် နေရာသို့ သာ ကျရောက် စေရန် Micro Lens ကို သုံးကြသည်။
 

Exposure ဖွင့်ထားသည့် အချိန် အတွင်း Lens မှ ၀င်လာသည့် Photon ကို အထက်တွင် ဖေါ်ပြခဲ့သည့် Sensor ပေါ်တွင် ပေါ် ထွက်လာသည့် Generated Electrons များကို ကျင်း ( Potential Well  ) များအတွင်း ဖြည့်ထည့် ပေးသည်။ အဆိုပါ ကျင်း သည် Electron မည်ရွေ့ မည်မျှ ဆန့်အောင် ဖြည့်နိုင်သည် ဆိုသည်ကို Full-Well Capacity ဟု ခေါ်သည်။ Generated Electrons များ သည် Exposure ဖွင့် ထားသည့် အချိန်အတွင်း ကျင်း အတွင်း ပြည့်သွားပါက ဘေးသို့ လျှံကျကာ အနီးရှိ အခြားသော ကျင်းများ  အတွင်းသို့ ၀င်ကုန် တော့သည်။ ယင်းကို Blooming ဖြစ်သည်ဟုဆိုသည်။ ယင်းကို ဒေါင်လိုက်အချွန် ကလေးများ နှင့် တောက်ပသော ကျယ် ပုံ ကလေးများ အဖြစ် တွေ့ရမည် ဖြစ်သည်။  ကင်မရာ များတွင် အဆိုပါ ဖြစ်ရပ် ကို တားဆီး ရန် Anti-Blooming များ တပ်ဆင်ထားလေ့ ရှိကြ သည်။ ထိရောက် မှု ရှိသည် ကိုလည်း တွေ့ ရသည်။

 

Sensor တစ်ခု ၏ Electron ပမာဏ မည်မျှ အထိ စုဆောင်း ထားနိုင်သည် ဆိုသည့် အချက် ကို Sensor’s Dynamic Range ဟု ခေါ်သည်။ ၄င်းသည် ကင်မရာ အနေ နှင့် Faint and Bright ဧရိယာများ အတွင်း အသေးစိတ် ပုံ ရိပ်ကို ဖမ်း ရာတွင်   Balck မှ White သို့ Brightness ကူးပြောင်းသည့် Range ပင်ဖြစ်သည်။ Full- Well Capacity ရှိသော အရွယ် အစား ကြီးသည့် Sensor များ၏ Dynamic Range သည် ကြီး မားသည်။ Electron များ ကျင်း ( Well ) အပြင်ဘက်သို့ လျှံကျသဖြင့် ဖြစ်ပေါ်လာသည့်  Blooming အခြေအနေ လည်း နည်းသည်။


 Sensor Technology မှာ ယခု ဖေါ် ပြသည်ထက် များစွာ သိမ်မွေ့ ရှုပ်ထွေး အဆင့် မြင့် သည် Electronic နည်းပညာ များ ဖြစ်ပါ သည်။  လက်လှမ်း မှီ နိုင်သမျှကို အချုပ် ဖေါ်ပြရ ခြင်း သာ ဖြစ်ပါသည်။

 
 
 
Noise ဖြစ်ပေါ်မှု ။

Noise သည် တစ်ခါ တစ်ရံ အခန့် မသင့်သည့် အနေအထားမျိုး နှင့် ကြုံ ပါက တွေ့ ရ တတ်သည့် တောက်ပသည့် အလင်း နှင့် အရောင်  တို့၏ ပင်ကိုယ် အနေအထား များ ကွဲပြား ကာဖြစ်ပေါ် နေမှု ဖြစ်သည်။ Noise ၏ အဓိပ္မါယ် မူရင်း မှာ မလိုလားအပ်သည့် လျှပ်စစ် လှိုင်း များ “ Unwanted Signal “ ဟူ၍ ဖြစ်သည်။
 
Noise များ ဖြစ်ပေါ်နေသည့် ပုံ။
 
 Digital စနစ်တွင် Digital Sound, Digital Images တို့ ၏ အရည်အသွေး သည် အကြိမ်ကြိမ် Save လုပ်စေကာမူ အရည် အသွေး  ပျက်သွားသည့် System များ မဟုတ် ကြခြေ။ သို့ သော်  Non Digital - Analog Component – များ ဖြစ်ကြသည့် CCD, CMOS  Matrix Light Sensor များ ၏ကိုယ် ၌ ကပင်လျှင် Noise ကို Generate လုပ်ပေးသည် ။
 
Noise ဖြစ်ပေါ် ရခြင်း အကြောင်း များစွာ ရှိသည်။   Photon မှ Digital Image ဖြစ် လာရန်အတွက် Sensor အခန်း တွင် ဖေါ်ပြခဲ့သည့်  လုပ်ငန်းစဉ် အဆင့်ဆင့် ဖြစ်စဉ် တွင် ထွက်ပေါ် လာသည့် အပူစွမ်း အင်သည် Image Sensor မှ Electron များကို ဖယ်ထုတ်သဖြင့် Sensor ပေါ်တွင် True Photoelectrons များလျှော့ ပါးလာရာမှ Thermal Noise ခေါ်သည့် Dark Current များ ပေါ်လာသည်။



High ISO သုံးခြင်းသည် အလင်း ( Photon  ) မှ ရရှိသော Signal ကို Amplified လုပ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် Background  Electrical Noise ကိုပါ Amplified လုပ်လိုက် သကဲ့သို့ ဖြစ်သွားသည်။ အထူးသဖြင့် Low Light အခြေ အနေတွင် Sensor သည်  အလင်း ရောင်း နည်း သည့်အတွက် အားပြော့သော Signal ကိုသာ ဖမ်းယူ နိုင်သည်။ ထို့ကြောင့် Background Electrical Noise သည် Image Signal ထက် ပိုများလာသည်။  Photosite တစ်ခုခြင်းစီက Electrical Noise ပေါ်လာစေပြီး သန့်စင်နေသည့် ဘေးဘက်ရှိ နေရာများ ကိုပါ ဆက်၍ ညစ်နွမ်း စေသည်။
 
Sensor အကြီး နှင့် အသေး ယှဉ် ပြ ထားပုံ။

 
Sensor ကြီးလာလျှင် Noise သက်သာသည်။ Sensor ကြီးလာပါက Photosite သည်လည်း ကြီးလာသည်။ ထို့ ကြောင့် အလင်းစုစည်း နိုင်စွမ်း သည်လည်း ကြီး လာသည်။ ၄င်းအပြင် Photosite များ ကြီး လာသည့် အတွက် Photosite များ ၏ တစ်ခု နှင့် တစ်ခု အကြားရှိ ဧရိယာ ( Space ) သည်လည်း ကြီးလာသည်။ ထို့ ကြောင့် ဘေးဘက်သို့် မလိုလားအပ်သည့် ညစ်နွမ်းမှု ကူးသန်းနိုင်ခြင်းလည်း နည်းသည်။  Signal to Noise  Ratio ကြီး လာကာ Noise ဖြစ်ပေါ်မှုသည်   Sensor အသေး များ နှင့် နှိုင်းယှဉ် လျှင် ပိုနည်း သွားသည်။
 
 
 
ကင်မရာ အလိုက်  Sensor အရွယ် အစားများ။
 
 
 
 
  Sensor အရွယ် အစားများ။
 
 
 Sensor size သေးသေး ထဲသို့ pixels များစွာ ထည့်ခြင်းသည်လည်း Noise ကို ပိုထ စေသည်။ ဥပမာ  1/1.8 size Sensor ထဲသို့ 6 Million Pixals ကဲ့ သို့ ပြွတ်သိတ် ထည့် ထား ခြင်းသည် လည်း Noise များ ထစေသည်။ ထို့ကြောင့် ကင်မရာ ငယ်များ အနေနှင့် Megapixels များသည် ဟု ဆိုတိုင်းလည်း ကောင်းသည်ဟု တွက်၍မရ။ အချို့သော ကင်မရာ ထုတ်လုပ် သူများက ၄င်းတို့ ၏ ကင်မရာ သည် သေးပင် သေးသော်လည်း Megapixels ဘယ်ရွေ့ ဘယ်မျှ များပြားကြောင်း ကြော်ငြာလေ့ ရှိသည်။ Pixels ချဉ်းသာ မကြည့်ဘဲ Sensor Size ကိုလည်း ထည့် တွက်ရပေမည်။ သူ့ အိုး နှင့် သူ့ ဆန် တန်ရုံ အနေအထား သာလျှင် ကောင်းသည်။

နေရာတိုင်းတွင် Law of Diminishing Return ရှိသည်။ ဥပမာ အားဖြင့် လယ်တစ်ကွက်ကို ထွန် တစ်တုံးနှင့် ထွန်သည်ထက် နှစ်တုံး နှင့် ထွန်သည်က ပိုမြန်မြန် အလုပ်ပြီးစေသည်။ ထွန် သုံးတုံး ဆို လျှင် ပို၍မြန် သည် ။ ထွန် လေးတုံးဆိုလျှင်  ပို မြန်လာမည်။ သို့ သော် ထွန် ငါး တုန်း ထွန်လျှင် နွား ရော လူ ပါ မလှည့်သာ တော့ ဘဲ အလုပ် နှေးသွားမည်။ သည်ထက်များလာလျှင် အလုပ်ကို ဖြစ်မည် မဟုတ်တော့  … ဆိုသည့် ငယ်စဉ်က စီးပွားရေး ပညာ သင်ကြားပေး သည့် ဆရာ တစ်ဦး ပြောခဲ့သော Law of Diminishing Return ကိုသတိရမိသည်။
 
 Noise လျှော့ ချ နိုင်ရေး အတွက် ကင်မရာများတွင် ဆောင်ရွက်လာမှု
ဓါတ်ပုံ ရိုက်ရာတွင် ISO ကို များစွာ ငဲ့ကွက် ခြင်း မရှိဘဲ ရိုက်နိုင်ရေး၊ Electronic သဘော အရပေါ် ပေါက်လာသည့် အားနည်း လာမှုများကို ပြန်လည် ဖြည့်ဆည်း ရေး များအတွက် ကင်မရာ ထုတ်လုပ်သူများ သည် Slow shutter Speed, High ISO, စသည် တို့ နှင့် ရိုက်ရာတွင် Noise လျှော့ ပါးစေ ရေးအတွက် ကင်မရာ Firmware  ကို တိုး တက် ကောင်းမွန်အောင် တည် ထွင်ခဲ့ကြသည်။
 
 
 
                Noise ရှိနေသည့်ပုံ။                        Noise များ လျှော့ ချထားသည့် ပုံ။
 


Nikon ကင်မရာ နှင့် ဥပမာ ပြရလျှင် Nikon သည် ၄င်း၏ ကင်မရာများတွင် Expeed Image Processing Engine ကိုသုံးလာသည်။ အဆိုပါ Engine သည် Image Noise Reduction အပါအ၀င်  Image Sensor Correction, Gamma Correction, Image sharpening, Scaling , JPEG Encoding, Image Compression, Image enhancement/ Active D-Lighting စသည်ဖြင့် Noise လျှော့ ချရေး အပါအ၀င် များစွာသော နည်းပညာသစ်များ ထည့်သွင်း တည်ထွင်ထားသည်။ Nikon သည်  ရိုးရိုး Expeed မှ ယခု အချိန်တွင် Expeed 4  အဆင့် အထိ တိုးမျြင့်ထုတ်လုပ်လာ သည်။



 
                           ISO 100                                     ISO 3200
 
အထက်ပါ ပုံ တွင် ISO 100 နှင့် ISO 3200 တို့၏ Noise ကွာ ခြားမှု ကို မြင်နိုင်သည်။
 
 
ထို့ ကြောင့် အဆိုပါ ကင်မရာများ ဖြင့် ISO 6400 အထိ တင်၍ ရိုက်သည့် ပုံ များသည် ISO 100 နှင့် ရိုက်သည့် ပုံနှင့် ကွာ ခြားခြင်း မရှိလှ သည်ကို တွေ့ ရသည်။ Nikon နည်းတူ Canon ကဲ့ သို့ ကင်ရာများသည်လည်း ဤနည်းတူ တိုးတက် တည်ထွင် မှု များရှိသည်။  သို့ သော် မည်သည့် ကင်မရာ မဆို Noise ကို လုံးဝကင်းစင် အောင် တော့ ဆောင်ရွက် နိုင်ခြင်း မရှိ။ ထို့ ကြောင့် Software များဖြင့်  Noise ကို လျှော့ ချရ သည်။ ဓါတ်ပုံ သမား တိုင်းတွင် Noise လျှော့ချ ရန် Softwarw တစ်ခု မဟုတ် တစ်ခု တော့ ရှိကြသည်။
 


 
 ---------------------------------------------------
 
 
 
---------------------------------------------------
 



 

 
 

No comments:

Post a Comment