Thursday 6 February 2014

Breaking the Rules (1)




63 – Breaking the Rules (1)                           ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၆၃)

 

ဓါတ်ပုံ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေသများနှင့် ယင်းတို့ကို ချိုးဖေါက်ခြင်း။

Photography Rules and Breaking of it.

 

အပိုင်း (၁)

 

 

By Soe Hlaing

 

ကျွန်တော်သည် ဓါတ်ပုံ များရိုက်ကူးရာ တွင် Subject ကို Frame အတွင်း မည်ကဲ့ သို့ ထားသိုလ်ဖွဲ့စည်းရမည် ဆိုသည့် Photographic Composition Rule များ အကြောင်းကို မှတ်စု အမှတ် ( ၅ ၊ ၆ ၊ ၇၊ ဂ ၊ ၁၀ ၊ ) စသည် တို့ တွင် လက်လှမ်း မှီသမျှ များကို ရေးခဲ့ ပါသည်။ အဆိုပါ Rule များ အနက် Rule of Thirds ကိုချိုးဖေါက် ရိုက်ကူး ခြင်း နှင့် ပတ်သက်၍ မူ အကျဉ်း မျှ သာရေးခဲ့ပါသည်။

 

ယခု မှတ်စုသည် အားလုံးသော Composition ဆိုင်ရာ မှတ်စုများမှာ ပြန့်ကျဲ နေသည့် အတွက် အားလုံးကို ပြန်လည် စုစည်းကာ မှတ်စု တစ်ခု ထည်း ဖြစ်အောင် ပြန် လည် ရေးသား ရခြင်း ဖြစ်ပါ သည်။

 

ဤမှတ်စု မှာ အားလုံးကို စုပေါင်း ထားသည့် အတွက် စာမျက်နှာ များလွန်း နေပါသဖြင့် အပိုင်း နှစ်ပိုင်းခွဲ ထားရပါသည်။  ပထမ ပိုင်းတွင် ဓါတ်ပုံ ဖွဲ့စည်းမှု ဆိုင်ရာ အများလက်ခံ ကျင့်သုံးလျှက် ရှိသည့် ဥပဒေသ အချို့ ကို အကျဉ်း ဖေါ်ပြကာ ဒုတိယ ပိုင်းတွင် အဆိုပါ ဥပဒေသ များကို လှပစွာ ချိုးဖေါက်သည့် ရိုက်ပုံ ရိုက်နည်း အချို့၏ အကြောင်းကို နမူနာ ပုံ များ နှင့်အတူ ရေးသား ထားပါသည်။

 

ဤသို့ ရေးသားရပါသော် ငြား ကျွန်တော် သည် ဓါတ်ပုံပညာ ရှင်တစ်ဦး မဟုတ်  ကြောင်းနှင့် ဓါတ်ပုံနှင့် ပတ်သက်၍ သိလိုသည်များကို လိုက်လံရှာဖွေကာ ဖတ်လိုက် မှတ်လိုက်၊ ရသမျှ ၊ သိသမျှ လေးများအား  မိတ်ဆွေ များထံ ပြန် လည် မျှဝေလိုက် လုပ်နေသူ တစ်ဦးမျှသာ ဖြစ် ကြောင်း ပြောကြား လိုပါသည်။

ဤမှတ်စု ပြန်လည် တည်းဖြတ် ရေးသားရန်အတွက် မှီငြမ်း ကိုးကား ကာ ဟိုနည်းနည်း သည်နည်းနည်း  ဘာသာပြန်ရသည့် ဆောင်းပါး များ မှာ များနေသည့် အတွက် အဆိုပါ မှီငြမ်း ဆောင်းပါး စာရင်း ကို ယခင်မှတ်စု များ တွင် ဖေါ်ပြ သကဲ့ သို့ ဖေါ် ပြ ခြင်း မပြု တော့ ပါ ကြောင်း ဖေါ်ပြ အပ်ပါသည်။ နမူနာ ပုံ များ မှာ လည်း အဆိုပါ ဆောင်းပါး များ မှ ပုံ များကိုပင် ပြန်လည်ဖေါ်ပြထားခြင်း ဖြစ်ပါသည်။

 

အပိုင်း (၁)

 

ဓါတ်ပုံ ဖွဲ့ စည်းမှု ဆိုင်ရာ  အများလက်ခံကျင့်သုံး လျှက် ရှိသည့်  ဖွဲ့ စည်း မှု ဆိုင်ရာ ဥပဒေသ အချို့ ။

 

Rule of Thirds

The Rule of Thirds သည် ဓါတ်ပုံ Composition တွင် ဓါတ်ပုံ သမား အများစု လိုက်နာ ကျင့်သုံးလျှက်ရှိသည့် ဓါတ်ပုံဖွဲ့စည်းမှု ( Composition ) ဆိုင်ရာ  ကနဦး လေ့လာရသည့် ဥပဒေသ ဖြစ်သည်။ ရှုခင်း ပုံများတွင် လည်း အများဆုံး ကျင့် သုံးကြ သည့် နည်း ဖြစ်ပါသည်။

အောတွင် ပြ ထား သကဲ့ သို့ ပုံတစ်ပုံ၏ Frame ကို အလျှားလိုက် နှင့် ဒေါင်လိုက်  မျဉ်း နှစ်ကြောင်းစီဖြင့် ပိုင်း လိုက် သော အခါ မျဉ်းများ၏ ဆုံ မှတ် (၄) နေရာ ဖြစ်ပေါ် လာပါသည်။
 
 
 





 
အဆိုပါ မျဉ်းများအခြင်းခြင်း ဖြတ်သွားသည့် ဆုံမှတ်များနေရာတွင် သည် ကြည့်သူ၏ အာရုံကို ဖမ်း သည်နရာ များ ဖြစ်ပါသည်။ ယေဘူယျ အားဖြင့် လူ တို့ သည် အလယ် တည့် တည့် ကို ကြည့် သည်ထက် အဆိုပါ (၄) နေရာ ကို အာရုံ ပြု ကာ ကြည့် လေ့ ရှိသည်ဟု ပညာ ရှင်များက ဆိုကြပါသည်။
 
 
ထို့ကြောင့် မိမိ အထူးပြု ပြ လိုသည့်  Subject က အဆို ပါ (၄) နေရာ အနက် တစ်နေရာ ရာ တွင် ရှိနေစေရမည့် နည်း ဖြစ်ပါသည်။ အဆိုပါ ဆုံ မှတ် များသည် အမြင်အာရုံကို ဆွဲဆောင်သည့် နေရာများ ဖြစ် ၍ Point of Interest ဟု ခေါ်ကြသည်။ အချို့ သော ကင်မရာ များ ၏ View Finder များတွင် Grid လိုင်းပါသောကြောင့် ဓါတ်ပုံ ရိုက် စဉ်ကပင် အရေးကြီးသည် Subject ကို Rule of Thirds ၏ဖြတ်မျဉ်းဆုံ များ Point of Interest ၏ လေးနေရာ အနက် တစ်နေရာရာ တွင် အလွယ်တကူ နေရာချ ထား နိုင်သည်။
 
 အောက်တွင် Main Subject များ အား Rule of Thirds ၏ Point of Interest နေရာများ တွင် နေရာချ ထားသည့် ပုံများကို နမူနာ အဖြစ်ပြထားသည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Balancing Elements
 
ပုံ၏ အဓိ က Subject ကို အထက်ဖေါ်ပြပါ Rule of Thirds အရ နေရာချ လိုက်ပါက ပို၍ အာရုံ စူးစိုက်ရာ အနေအထားများ ဖြစ်လာစေ သေည်လည်း ပုံ၏ ကျန် တစ်ဖက် နေရာတွင် ဟာ သွား တတ်ပါသည်။
 
အောက် ပုံကို ကြည့်ပါက Main Subject ဖြစ်သည့် OUT ဟုရေးထားသည့် ဆိုင်းဘုတ် တိုင်ကို ညာ ဘက်ရှိ Rule of Thirds နေရာသို့ ပို့ လိုက် သည့်အတွက် ဘယ်ဘက်တွက် ဟာ သွားသည်။ တစ်နည်းအားဖြင့် Balance မဖြစ်တော့ ပါ။ ထိုအခါ အဆိုပါ ဟာသွားသည့် နေရာကို Main subject ထက် အာရုံ ပို မရောက်စေ လောက်သည့် အရာဖြင့် အစားထိုး ထည့်ပေးရပါမည်။ ဤ သည် မှာ ဓါတ်ပုံ ရိုက်စဉ်ကပင် ကြို ၍ ထည့်သွင်း စဉ်းစား ရမည့် အချက် ဖြစ်ပါသည်။
 


 

 
အထက်ပါ ပုံတွင် အမြင် ချိန်ခွင်လျှာ မျှ စေရန် ဘယ်ဘက်ရှိ Main Subject ထက် အာရုံ လျှော့ စေနိုင်သည့် အဆောက် အဦး ငယ်ဖြင့် ဖြည့်ထားသည် ကိုတွေ့ နိုင်ပါသည်။
 
 
Leading Lines
 
ဓါတ်ပုံ တစ်ပုံကို ကြည့် လျှင် သဘာဝ အားဖြင့် ပုံပေါ်ရှိ Line များက အမြင်အာရုံ ကို ပြလို သည့် နေရာ ထံ သို့ ဆွဲ ခေါ် သွားလေ့ ရှိသည်။ အထို အချက်ကို အခြခံ၍ ပုံတစ်ပုံတွင် မိမိ ပြလိုသော Main Subject ရှိရာသို့ အဆိုပါ Line များဖြင့် ဆွဲ ခေါ် သွားရမည် ဖြစ်သည်။ Line ဆိုရာ၌ - Straight, Diagonal, Curvy, Zigzag, Radial -အားလုံး ဖြစ်နိုင်သည်။ အဆိုပါ Line တစ်ခု ခြင်းစီတို့သည် ဓါတ်ပုံ ၏ Composition ကို အားဖြည့် ပေးလိမ့်မည်။
 
 
 
 
 
အထက်ပါ ပုံတွင် လမ်း ကလေးသည် ကြည့်သူကို ပုံ ၏ အစအဆုံး ဆွဲ ခေါ် သွားပေသည်။

 

 

Symmetry and Patterns

 

မိမိတို့ အားလုံးသည် သဘာဝအရ ဖြစ်စေ လူလုပ်ထားသည် ဖြစ်စေ တည်ရှိနေ သည့် Symmetry and patterns စသည် တို့ ၏ ပတ်လယ် တွင် ရှိနေသည်။ အဆိုပါ အရာ များသည် မမျှော်လင့် ဘဲ အမြင် အာရုံ ကို ဖမ်းစား နိုင် လောက်သည့် Composition မျိုး ဖြစ်လာနိုင်သည်။ ထို့ အပြင် အဆိုပါ Symmetry or pattern တို့ ကို အခြာအာရုံ စိုက်ဘွယ် ရာ တစ် ခုခု ထည့် ကာ လက်ရှိ Compositon အနေထားကို ပြောင်း လိုက်ခြင်း သည်လည်း ပုံ ကို ပို၍ အာရုံ စိုက် လာဘွယ် ရာ ဖြစ်လာ စေနိုင်သည်။
 
 
 
 
 

 
အထက်ပါ ပုံတွင် Chapel ၏ အချိုးအစားကျ မှု Symmetry ကို ညာဘက် ထောင့်တွင် ပုံး တစ်ပုံး ထည့်ကာ ရှိရင်းစွဲ Symmetry အား ဖျက်ထားသည်ကို တွေ့ နိုင်သည်။
 
Viewpoint
 
ဓါတ်ပုံ တစ်ပုံ တစ်ပုံ ကို မရိုက်မှီ မည်သည့် နေရာက နေ Angle ယူ ၍ ရိုက် လျှင် ကောင်း မလဲ ဆိုတာကို အချိန် ယူ စဉ်းစားပါ။ အပေါ် စီးက ရိုက် ခြင်းသည် Composition သဘောအရ အလွန်အားရှိသော အနေအထား မျိုး ဖြစ်သည်။ ပုံ ၏ အကြောင်းအရာကို ချက်ခြင်း သိစေနိုင် သည့် အနေအထားဖြစ်သည်။ ဓါတ်ပုံ ရိုက်ပါက Eye Level မှ ရိုက်မည့် အစား အထက်စီး အောက်စီး ၊ ဘေးတိုက် ၊ အနောက်ဘက် ၊ ခတ်ဝေးဝေး ၊ အနီးကပ် (High above, Down at ground level, from the side, from the back, from a long way away, from very close up, ) စသည့် နေရာများမှ ရိုက်ခြင်းသည် ပုံ ၏ အမြင်အာရုံကို ပို ၍ အား ဖြည့် ပေးစေနိုင်သည်။
 
 
 
အထက်ပါ ပုံကို အထက် စီးမှ ရိုက် ထားသည့်အတွက် အမြင်ဆန်းကာ ၊ ကြည့်သူ၏ အတွေး နယ် ကို ချဲ့ စေသည်။
 
 
Background
 
ပုံတစ်ပုံသည် မည်မျှပင် ကောင်းနေသည် ဖြစ်စေ နောက်ခံ Background ဖျက် သဖြင့် ထင်သလောက် Impact မရှိတော့ သည့်အဖြစ် မကြာမကြာ ကြုံ ရတတ် သည်။ လူ ၏မျက်စေ့သည် ပုံထဲရှိ အရာ အားလုံး ကို ခွဲ ခြမ်းစိတ်ဖြာ ၍ ကြည့်ရာ တွင် ကင်မရာ Lens ထက်ပို၍ အသေးစိတ်သည်။ ကင်မရာ Lens မှာမူ သူ့ ထဲ ၀င်လာသည့် အလင်းရုပ်ပုံအလင်းတန်း အားလုံးကို ဖမ်း၍ ပုံဖေါ်မည်သာ ဖြစ်သည်။
 
ဤသို့ဖြင့် ကြည့်သူ၏ အာရုံ ကို Main Subject မှ ဆွဲထုတ် သွားစေကာ Main Subject အပေါ် အာရုံ လျှော့ သွားစေ နိုင်သည်။ ထို့ကြောင်း မရိုက်မှီ ကပင် နောက်ခံ ကို စဉ်းစားပါ။ နောက်ခံ ဗြောင် သို့ မဟုတ် subject ကို မည်သို့သော အနှောက် အယှက် မှ မပေးနိုင်မည့် နောက်ခံကို ရွေး ချယ်ပြီးမှသာ ပုံ ကို Compose လုပ်ကာ ရိုက် သင့်ပါသည်။ ဤ သို့ ဖြင့် နောက်ခံ အနှောက် အယှက် ကင်းသည့် ပုံ ကို ရပါလိမ့် မည်။ သို့ မဟုတ်ပါက လည်း Long Tele Lens သို့မဟုတ် Wide Aperture Lens တို့ ကို သုံး ၍ လည်း Background ကို Bokeh ဖြင့် အနှောက် အယှက် များ ဖြောက် နိုင်ပါသည်။
 
 
 
 
 
 
အထက်ပါပုံ ၏နောက်ခံ Plain Black သည် ရှေ့ရှိ တစ်ယောထိုးနေသည့် မိန်းကလေး အားမည် သို့ သော အမြင်အာရုံ အနှောက်အယှက် မှ မပေးသည်ကို သတိပြုပါ။ တစ်နည်းအားဖြင့် အမြင်အာရုံ အားလုံးသည် တစ်ယောထိုးနေသည့် မိန်းကလေး ပေါ်မှ မည်သည့် နေရာသို့ မှ ထွက်၍ မသွား သည်ကိုတွေ့ ရမည်။
 
Depth
 
ဓါတ်ပုံသည် Dimension နှစ်ခု ရှိသော Medium ဖြစ်သည်။ အမှန်တကယ် မြင်ကွင်း၏ အတိမ်အနက် ကို ကြည့်သူ မြင် နိုင်စေရန် သေခြာစွာ Compose လုပ်ရန် လိုသည်။ ဤ ကဲ့သို့ ပုံတစ်ပုံ ၏ အတိမ် အနက် Depth ကို မြင်စေရန် Foreground- Middle ground- Background နေရာများတွင် အရာသတ္ထု တစ်ခုခု ထည့်ပေးရန် လိုသည်။ အခြားနည်းမှာ အထက်ပါ အပိုင်းသုံးပိုင်းကို ခတ်ဝါးဝါး ထပ်ပေးလိုက် ခြင်းပင်ဖြစ်သည်။ လူ ၏ မျက်စေ့ သည် သဘာဝအရ အဆိုပါ အပိုင်းသုံးပိုင်း ၏ အလွှာများကို ပေါင်း၍ မြင်ပေ လိမ့်မည်။ စိတ်အာရုံက သူ့ သဘော အလျှောက် ခွဲ ခြားကာ ကြည့်ပေလိမ့်မည်။ ဤ သို့ ဖြင့် ပုံ ၏ Depth ကို ဖန်တည်း နိုင်သည်။
 
 
 
အထက်ပါပုံ၌ အလွှာ တိုင်းတွင် စိတ်ဝင် စားဘွယ်ရာ သတ္တ၀ါ နှင့် အရာ များကို အကွာ အဝေး အမျိုးမျိုး အလိုက် ထည့် ပေးထားသည်ကို မြင် နိုင်သည်။ အထက်ပါ ပုံရှိ အလွှာများအား သိုးများနှင့် မျက်ခင်း၊ လယ်ကွင်းများ နှင့် တောင်ခြေ၊ တောင်ကုန်များ၊ မြူ ဆိုင်းနေသည့် လွင်ပြင်၊ မှိုင်းမှုန် ဝေသည့် တောင်တန်း စသည် ဖြင့် အလွှာ အသီးသီးကိုတွေ့ နိုင်သည်။
 
 
Framing
 
ပုံကို ဘောင်ခတ်ရာတွင် သဘာဝမှ ပေး အပ်ထားသည့် ဘောင် Frame များစွာ ရှိသည်။ ဥပမာ အားဖြင့် သစ်ပင်၊ Archways ၊ တံခါးပေါက် ၊ ဂူ ပေါက် ကဲ့သို့သော အပေါက်များ ဖြစ်သည်။ Main Subject ကို အဆိုပါ သဘာဝကပေးလာသည့် Frame အတွင်း ထည့်ကာ ဘောင်ကွပ် ပေးခြင်း ဖြင့် Main Subject ကို အခြားသော အာရုံ ပြန့်စေ နိုင်သည့် အရာများမှ ခွဲထုတ် လိုက်ကာ ၄င်း အပေါ် အာရုံ ပို၍ ရောက်လာ စေသည်။
 
 
 
အထက်ပါပုံ တွင် ဘေး ပတ်ဝန်းကျင်ရှိ တောင် များသည် Frame ဖြစ်ပြီး ရေလယ် ရှိ သစ်တုန်း ကလေးသည် Focal Point ဖြစ်သည်။
 
Cropping
 
အချို့ ပုံများတွင် Main Subject သည် များစွာ သေးငယ် နေ၍ အခြားအရာတွေ နှင့်ရောကာ Impact မရှိ ဖြစ်နေတတ် သည်။ ဤသို့ အနေအထားတွင် ဘေးမှ အနှောက်အယှက်များကို Crop ဖြတ်ထုတ်ကာ ဖယ် ရှားလိုက်ပါ။ Main Subject ကိုပို၍ အာရုံ စိုက်လာစေနိုင်ပါသည်။
 
 
 
 
 
အထက်ပါ ပုံတွင် မလိုအပ် သည့် အသေးအဖွား များကို Crop လုပ်၍ ရှင်းထုတ် ထားခြင်းဖြင့် Subject ကို အာရုံ ရောက်အောင် ပို့ ပေးထားသည်။
 
Experimentation
 
ယခုခေတ် သည် Film ခေတ် မဟုတ်တော့ ဘဲ Digital ခေတ် ဖြစ်နေပြီ ဖြစ်၍ ပုံ ကို အားမနာတမ်း စမ်း သပ် ရိုက်ကူး နိုင်သည်။ စမ်းရိုက်ကြည့်ပါ Composition မကြိုက်သည်များကို ဖျက်ပစ်ရပါ မည်။ အကြိမ်ကြိမ် စမ်းသပ်ပါ။ မိမိ ၏ စိတ်ကူး ပုံဖေါ် မှုကို စမ်းသပ် မကြည့်ဘဲ မည်သို့ မျှ ကောင်းသည် ဆိုးသည် မသိနိုင်။
 
 
Digital photography သည် Composition အမျိုးမျိုး ကို စိတ်တိုင်းကျ ရနိုင်သည် အထိ စမ်းသပ် ခွင့်ပြုထားသည်။
 
ဓါတ်ပုံ တစ်ပုံ၏ Composition သည် သိပ္မံ ပညာ မဟုတ်။ ရိုက်ကူးသည့် အတွေ့ အကြုံများ မှ  ထွက်ပေါ်လာသည့် ရလဒ် သာဖြစ် သည်။  စိတ်ကူးစိတ်သန်း မှ ထွက် ပေါ်လာသည့် ထိပ်တန်း Theory  အချို့ မှ လွဲ၍  အများစုသော မှန်ကန်ချက် သဘောတရား များ ဥပဒေသများ မှာ လက်တွေ့ ဘ၀များမှ ပေါ်ပေါက် လာသော အရာ များ ဖြစ်ကြပါသည်။ ထို့ ကြောင့် လက်တွေ့ ကျကျ ဆောင်ရွက်ကြည့်ပါ။ မိမိ၏ အာရုံတွင် အဆင် မ ပြေ ပါက ထိုပုံ များကို ဖျက်ပစ်လိုက် ပါ။ ကာင်းမွန်သည့် Composition ရရှိလာပါ က ထို အတိုင်း ဆက်လုပ် ရုံသာ ရှိပါသည်။
 
 
Rules of Composition for Landscape Photography
ဓါတ်ပုံပညာ တွင် Rule နှင့် Guide Line တို့ ကို တရားသေ လိုက်နာမှု မရှိသည် များလည်း ရှိပါသည်။ နေရာတကာ တွင် ပုံသေ ဟူ၍ မရှိပါ။ သို့ သော် Rule နှင့် Guide Line တို့ ကို နားလည် ထားရန် လိုပါသည်။ မြန်မာ စကားပုံ အရ " ၀ိ နည်း တတ်တော့ ကြက် သတ်လို့ ရတယ် " ဆိုတာရှိပါသည်။ ကြက်ကို  ၀ိနည်း ကို စောင်း ထိန်း နေရ သူများ အနေနှင့် အာပတ် လွတ်အောင် သတ် လို လျှင် ၀ိနည်း တတ် ဘို့ လို သည်ဟု တင်စား ပြော ထား သည့် စကား ဖြစ်ပါ တယ်။
 
အောက်ပါ ဥပဒေသ များသည် ရှု ခင်းပုံ ဖွဲ့ စည်း မှု ဆိုင်ရာ ဥပဒေသ အချို့ ဖြစ်ပါသည်။ အတိ အကျ လိုက် နာရမည်ဟု မဆိုလိုပါ။
 
Diagonal Lines
 
 
 
 
 
ထောင့်ဖြတ်မျဉ်း ဥပဒေသ အတိုင်း ဖွဲ့စည်း ခြင်းသည် ကြည့် သူ၏ အမြင် အာရုံ ကို Center of Interest အတွင်းသို့ရောက်အောင် ဆွဲခေါ် သွားနိုင်သည့် နည်း ဖြစ်သည်။ အဆိုပါလိုင်း သည် တကယ့် လိုင်း မဟုတ်ဘဲ လမ်းကြောင်း ၊ သစ်ပင် တန်း ၊ မြစ် ၊ နှင့် အလားတူ အခြား အရာ များ ဖြစ်နိုင်သည်။ နေရာ မတူသည့် နေရာမှ လာသော လိုင်း နှစ်ခု သို့ မဟုတ် ယင်းထက်ပိုသော လိုင်းများ၏ ဆုံ ရပ် Converging Lines သည် ပုံ ကို ပို ၍ အသက်ဝင်စေသည်။
 
 
Geometric Shapes
 
 
 
ရှုခင်းပုံ ၏ အဓိက အရာ ကို Geometric Shape ပေါ်တွင် ထား၍ ဖွဲ့စည်း ခြင်း ဖြစ်သည်။ အထက်ပါ ပုံတွင် Key aspect ဖြစ်သည့် လူ ကို Geometric Line ဖြစ်သည့် လမ်း ပေါ်တွင် ထားခြင်း- သည် ပုံ ဖွဲ့စည်းမှု အချိုးကို ပို၍ မျှ စေသည်။ အလွယ် နည်းမှာ ပုံတွင်ပါရှိသည့် Subject သုံးခု တို့ ကို တရိဂံ ( Triangle ) ဆွဲကာ တစ်ခုစီ အား ထောင့်နေရာများတွင် ပို့ ထားပြီး တစ်ခု ကို အလယ် သို့ နည်းနည်း တိုး၍ နေရာချ ထားရန် ဖြစ်သည်။
အချို့ ဤ နည်းကို မသုံးကြပါ။ သို့ သော် ဤ နည်းစနစ်သည် ရှု ခင်းပုံ ဖွဲ့ စည်းမှု ကို အလွန်အချိုး ကျ စေပြီး ကြည့် သူ၏ အမြင်အာရုံ ကို ဆွဲဆောင် နိုင်စွမ်းရှိသည့် နည်း ဖြစ်ပါသည်။.
 
 Framing the Images
 
 
ပုံကို ဘောင်ခတ်ခြင်း Frame သည် Foreground ကို Interest Points များ ဖြည့်ပေး ခြင်း ဖြစ်သည်။ ဤ သို့ ဖြင့် Main Subject ကို အမြင်အာရုံ ပို့ ပေး ခြင်း ဖြစ်သည်။ အထက်ပါ ပုံ ကဲ့ သို့ ရှုခင်း များ၏ အထက်ပိုင်းတွင် ကိုင်းကျ နေသည့် သစ်ကိုင်းများ ၊ ဘေး မှ သစ်ပင်များ စသည်ဖြင့် ထားလေ့ရှိသည်။ အချို့ပုံများတွင် တံတားများကိုလည်း Frame အဖြစ်သုံးကြ သည်။
 
Photo as a Story
 
ဓါတ် ပုံ တစ်ပုံသည်လည်း ပုံပြင် တစ်ခုလိုပင်ဖြစ်သည်။ ပုံပြင်သည် စာကြောင်းများ ကို စီိကာပတ်ကုန်း သီကုန်း ထားသကဲ့သို့ ဓါတ်ပုံ တစ်ပုံသည်လည်း အလားတူပင် ပုံ တစ်ပုံ ရိုက်ကူး ရုံမျှ နှင့်မပြီး။ ပုံ တစ်ပုံကို ပုံ ပြင် တစ်ခုလို စီကာပတ်ကုန်း အဖြစ်မြင်တွေ့ နိုင်ရန်မှာ ပုံ၏ အချိုးကျ သည့် Composition နှင့် Balance တို့ရှိမှသာ ဖြစ်သည်။ ပုံ တစ်ပုံ အနေနှင့် ပြသလိုသည် ကို ထိရောက်စွာ ပြသ နိုင်ရန်မှာ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေသ Composition Rules များအတိုင်း Subject ကို Point of Interest တွင်နေရာ ချပေး ရန် လိုသည်။
အကယ်၍ Area of Interest သည် ရေ သို့ မဟုတ် Horizon ဖြစ်နေပါက Horizon Line ကို ပုံ အောက် သုံးပုံ တစ်ပုံ တွင်ထား၍ ကောင်းကင် ကို သုံးပုံ နှစ်ပုံ တွင် ထားပါ။ အလေး ပေးလို့ နေရာ ( ကောင်းကင် သို့ မဟုတ် မြေပြင် ) ပေါ် မူ တည် ၍ အားသာသည့် အပိုင်း ကို ပုံ ၏ ဧရိယာ အများစု နေရာတွင် ထားပါ။ Horizon Line ကို မည်သည့် အခါ မျှ ပုံ၏ အလယ် တွင် မထားပါရန် လိုပါသည်။
 
အောက်ပါ ပုံ သည် ရေပြင် နှင့် ကောင်းကင် ကို ထက်ဝက် ပိုင်းထားသည့် ပုံ ဖြစ်ပါသည်။ Composition Rule အရ အဖြစ်သင့်သော Composition မျိုး ဟု ဆိုရပါမည်။
 
 
 
အထက်ပါပုံ မျိုး တွင် ကောင်းကင် ရှိ တိမ် နှင့် ရေပြင်ပေါ် ရှိ Reflection တို့ ကို ယှဉ် လိုက်ပါက တိမ်က အားပိုသားပါသည်။
သို့ အတွက် ရိုက်စဉ်ထည်းက ဤကဲ့ သို့ Composition မချ ခဲ့ပါက အောက်ပါ ပုံ ကဲ့ သို့ Crop လုပ်ကာ ရေပြင် ကို နေရာလျှော့ချ လိုက်ပြီး ကောင်းကင် ၏နေရာ ကို ပို ပေး သင့်ပါသည်။
 
 

အောက်ပါ ပုံတွင်လည်း ကောင်းကင်သည် အားကောင်း သည့် အတွက် ပုံ တစ်ခုလုံး၏ သုံးပုံ နှစ်ပုံနေရာ တွင် နေရာချထားခြင်း ဖြစ်ပါသည်။
 
 

 
 

 
အောက်ပါ ပုံကို ကြည့်လျှင် ကောင်းကင်၌ အာရုံ စိုက်စေနိုင်လောက်သည့် တိမ်ကဲ့ သို့ သော အရာ များ မရှိဘဲ ပြေပြင်၌ မူ အာရုံ ဖမ်းစားနိုင်လောက် သည့် အရာ များ ရှိနေသည့် အတွက် ကောင်းကင် ကို နေရာ ကို လျှော့ ကာ မြေပြင်ကို နေရာ များများ ပေး ထားသည်ကို မြင် နိုင်ပါသည်။
 
 
 
Golden Section Rule
 
ပုံများ၏ ဖွဲ့စည်းမှု တွင် အချို့ သော နေရာ များက ကြည့်သောသူများကို အလို အလျှောက် ဆွဲဆောင် သည်များလည်း ရှိသည်။ ဆိုလိုသည်မှာ သီခြား ပြင်ဆင် ဖွဲ့စည်းရန်မလိုဘဲ အလိုအလျှောက် ဆွဲ ဆောင်မှု ရှိနေသည့် နေရာ Points များ ကို ဆိုလိုသည်။
 
ပုံတစ်ပုံ အတွင်းရှိ အချို့သော သဘာဝ ပစ္စည်းများ နှင့် လူ လုပ် ပစ္စည်း များ သည် ကံအားလျှော်စွာ ဆွဲဆောင်မှု ရှိတတ်သည်။ Leonardo da Vinci က အဆိုပါ Beauty and Harmony ဖြစ်နေသည့် အချက် ကို တွေ့ ရှိခဲ့ပြီး ယင်းကို Golden Section ဟုခေါ် ခဲ့သည်။ ယင်းမတိုင်မှီ Babylonian, Egyptian, နှင့် ရှေး ခေတ် Greek ဗိသုကာ ပညာရှင်များလည်း အဆိုပါ Golden Section Rule ကို သုံးခဲ့ကြသည်။
 
Golden Composition points မှာ ပုံ တစ်ပုံ ကို စိတ်ကူးဖြင့် အပိုင်း ၉ ပိုင်းရရန် မျဉ်း ၄ ခု ဖြင့် ပိုင်းကြည့်ပါ။ အောက်ပါပုံ တွင် မျဉ်း ဆုံရပ် ၄ နေရာစလုံး တွင် Center of Interest များ ရှိနေ သည် ကို တွေ့ ရမည်။ အဆိုပါ နေရာများကို Golden Points ဟု ခေါ်သည်။
 



 

 

 
အထက်ပါ ပုံ၏ Golden Point များ အားလုံးတွင် ဤ ရှုခင်းပုံ၏ အရေးပါသည့် Subject များ ရှိနေသည်ကို တွေ့ နိုင်သည်။ Rule of Thirds သဘောမျိုး ဖြစ်သည်။ Rule of Thirds က Subject တစ်ခု ကိုသာ Point of Interest တွင် နေရာချ ပြီး Golden Point ကမူ ဆုံရပ်လေးခု စလုံးတွင် နေရာယူ ခြင်း ဖြစ်သည်။
 
 
Diagonal Rule

အောက်ပါ ပုံ များတွင် ပုံကို ထောင့် ဖြတ်မျဉ်း နှင့် ထောင့်ဖြတ် ထက်ဝက်ခွဲ ကာ ထောင့်ဖြတ် မျဉ်း၏ ဘေး တစ်ဘက် တစ်ချက် စီတွင် မျဉ်း နှစ်ကြောင်း ထပ်ဆွဲ ၍ သုံးပိုင်းထပ် ခွဲ ထားသည်။ ပုံ ၏ အရေး ကြီးသည့် Subject များကို ထောင့်ဖြတ်မျဉ်း တစ်ဘက် တစ်ချက် ရှိ ယင်း နှင့် ကပ်လျှက်ရှိသော မျဉ်း နှစ်ကြောင်း အတွင်း ၌ သာ ထားရန် ဖြစ်သည်။ အောက်ပါပုံတွင် အမြင် မရှုပ်စေရန်အတွက် အတွင်းမျဉ်း ကို ဖြောက် ထားကာ ထောင့် ဖြတ်မျဉ်း ၏တစ်ဘက် တစ်ချက် စီတွင် ကပ်နေသည့် မျဉ်း နှစ်ကြောင်းကို သာပြထားသည်။


 
 
 
အဖြောင့် လိုင်း များဖြစ်ကြသည့် လမ်း ၊ ရေပြင် ၊ ခြံစည်းရိုး စသည်တို့အား အဖြောင့်အတိုင်း ထားခြင်း ထက် ထောင့် ဖြတ် အဖြစ်ထား ခြင်းက ပုံ ကို အသက် ပို၍ ၀င်စေသည်။
 
 
 
 
 
 
" မ "ဂဏန်း ဥပဒေသ
( Rule of odds )
ပုံတွင်ပါရှိသည့် Subjects များ၏ အရေအတွက်ကို စုံ ဂဏန်း ( ၂-၄-၆....) အစား မ ဂဏန်း (၁--၃-၅-၇-----) စသည်ဖြင့် ထားရန် ဖြစ်သည်။ ဤကဲ့သို့ ပုံတစ်ပုံတွင် Subject အရေ အတွက်ကို မ ဂဏန်း ထားသည့် နည်းစနစ် သည် ကြည့် သူ၏ အမြင် ကို ပို၍ဆွဲ ဆောာင်မှု ရှိ စေပြီး စိတ်ဝင်စားမှု ကို ပိုဖြစ်စေသည်။
အောက်ပါ စတော်ဘယ်သီးပုံ ကို ကြည့်ပါ-
 
 
 
ဤ ကဲ့သို့ စတော် ဘယ်ရီသီး ( ၄ ) လုံးကို စုပြုံ တင်ပြထားခြင်းသည် ပုံ၏လေး နက်မှု ကို ပေါ့သွားစေကာ ကြည့် သူ၏ အာရုံ စိုက်မှု Center of Interest အားနည်း သွားပြီး ငြီးငွေ့ စေနိုင်သည်။
 
 
 
အဆိုပါ ပုံ ကိုပင် ၄ လုံး အစား ၃ လုံးသာ တင်ပြထားခြင်းဖြစ်သည်။ ဤ သို့ ဖြင့် ပုံသည် ပို၍ စိတ်ဝင်စား ဘွယ်ရာ ဖြစ်လာသည်။
 
Fofus ဧရိယာ ကန့်သတ်ခြင်း
Limiting focus
အထူးပြု ပြသလိုသည့် နေရာကို Focus ဖြတ်ပါ။ ဤ သို့ ဖြင့် နောက်ခံ ရှုတ်ထွေး မှုကို တတ်နိုင်သမျှ ဖယ်ရှား နှိုင်သည်။ ဤသို့ဖြင့် နောက်ခံ ရှုတ်ထွေးနေသည် များကို ရှောင်ရှားရန်နိုင်သည်။ အများစု သုံးသည့်နည်း မှာ Subject ကို အနှောက်အယှက် ဖြစ်စေမည့် နောက်ခံ ( Back Ground ) တွင် ရှုတ်ထွေး နေသည့် ( Distraction ) များကို ကို ၀ါး (Blur) စေ သည့် နည်း ဖြစ်သည်။ ဤ ကဲ့သို့ နောက်ခံ ၀ါး သွားခြင်းဖြင့် Subject သို့ အမြင်အာရုံ ပို၍ စူးရောက် စေသည်။ F 1.8 ကဲ့ကို Aperture ကျယ်ကျယ် ကို သုံးကာ Depth of Field ကို လျှော့ချခြင်း သည်လည်း နည်း တစ် နည်း ဖြစ်သည်။
 
 
 
အာက်ပါ အမျိုး သမီး ၏ မျက် နှာ ပုံ တွင် နောက်ခံ ကို အတော်များများ ၀ါး ( Blur ) နေစေခြင်း ဖြင့် အမျိုးသမီး ၏ မျက်လုံးကို အာရုံ ပိုရောက် စေသည်။
 

 
 
ရိုးရိုးရှင်းရှင်း
Simplification
 
ကြည့်သူ၏ အာရုံ ( Center of Interest ) ကို ပိုရလာစေရေး အတွက် အကောင်းဆုံး နည်းလမ်းမှာ ရိုးရိုး ရှင်းရှင်း တင်ပြခြင်း (Simple Looking Image ) ဖြစ်သည်။ အလွယ် ဆုံးနည်း မှာ ပုံထဲ တွင် Subject အရေအတွက်ကို လျှော့ချ ခြင်းဖြစ်ပြီး မလိုသည့်အရာများကို ကြည့်သူ၏အာရုံမပြန့်စေရန်အတွက် Background ကို ၀ါး Blur လိုက် သည့် နည်း ဖြစ်သည်။
အောက်ပုံ ကို ကြည့်ပါ။
 
 
အထက်ပါ ပုံ မှာ ပြလိုသည် ကို တိတိ ကျကျ သဲသဲ ကွဲကွဲ ပေါ်စေသည် ။ It makes the story clear. ဤ ကဲ့သို့ ရိုးရှင်းသော ပုံသည် ဆွဲ ဆောင်မှု ရှိပြီး အကြည့် လည်းခံသည်။
 
Subject ၏ ဘေးပတ်လယ် ကို ရှင်းနေအောင် လုပ်ထားခြင်း သည်လည်း Subject အပေါ် အာရုံ ပိုရောက်စေသည်။
 
 
 
 
 
 

 
သာမန် အားဖြင့် မည်ကဲ့ သို့ မျှ စိတ်ဝင်စား ဘွယ်ရာမရှိသည့် Subject ကို ပုံ၏အလယ် တွင် ရိုးရိုးလေး ထားခြင်းဖြင့် စိတ်ဝင်စားမှု တိုး လာစေသည်။ အထက် ၀ိုင်ယာကြိုး ပုံ ကို ကြည့်ပါ။
 
ရှေ့ မျက်နှာစာ အညွှန်း
 
 
Lead room
 
Subject ၏ရှေ့ မျက်နှာစာ Lead Room ကို Rule of Thirds နှင့် တွဲ သုံးလေ့ ရှိသည်။ အောက်ပုံ ကိုကြည့်ပါ။ Snowboarder စီးနေသည့် subject သည် Rule of Thirds နေရာတွင် ရှိသည်။ သူ၏ ရှေ့ မျက်နှာစာ အညွှန်း Lead Room က Subject မည်သို့ သော နေရာကို သွားနေသည်ကို ပြနေသည်။
 
 
အထက် ပုံတွင် The Snowboarder ကို Rule of Thirds နေရာတွင် ချထား ပြီး ၄င်း၏ lead room ကို ရှေ့တွင် ထားကာ ပေါင်းစပ်ဖွဲ့ စည်းထားသည်။
 
 
 
 
 
အထက် ပုံတွင်မူ ပြေးနေသူ၏ ရှေ့ တွင် Lead Room ကိုထားခြင်းဖြင့် ပုံ ကို ပို၍ ကြွ လာစေသည်။ နေ၀င် နေသည်ကိုလည်း ပို၍ အာရုံ ရောက်စေသည်။
 
 
 

အထက် ပုံတွင်မူ  lead Room ကို ပြေးသူ၏နောက် တွင် ထားသည်။ ဤ သို့ ဖြင့် ပြေးနေသည်မှာ ပုံထဲ မှ ထွက် သွားတော့ မည် တစ်နည်းအားဖြင့် ပြေးနေခြင်း ပြီးဆုံး သွား ပြီ ဟု အနက်ဖွင့် ပေးသည်။
 
 
S ပုံ မျဉ်းကွေး
(S curve )
ပုံ တွင် အင်္ဂလိပ် အက္ခရာ ( S ) ပုံ သဏ္ဍာန် အကွေးပေါ်နေသည့် လိုင်းကို ဆိုလိုသည်။ အောက်ပုံရှိ မော်တော်ကာ မီးရောင် အကွေး ကို ကြည့်ပါ။ ကြည့်သူကို အဆိုပါ ( S )  လိုင်းအတိုင်းဆွဲ ခေါ်သွားမည့်လိုင်း ဖြစ် သည်။ ပုံ ပို၍ အ သက် ၀င်သည်။ Model Figure များ ပုံ ပို၍ ပေါ် လာစေရန် လည်း သုံးနိုင်သည်။
 
 
 
 
 
အထက် ပုံ ၏ S Curve မျဉ်း ကွေးသည် အဆိုပါ ပုံ ကို ပို၍ စိတ်ဝင် စားဘွယ်ရာ ဖြစ်လာစေသည် မှာ သာဓက ဖြစ်သည်။
 
 
 
S Curve မျဉ်း ကွေး ပုံသည် အထက်ပါ ပုံ ကဲ့သို့ လမ်းနှင့်မီးတန်း တစ်ဖြောင့်ထည်း ဖြစ်နေသည့်ပုံ ထက်စာ လျှင် အားပို ကောင်းသည်။
 
 
 
 
 
S Curve မျဉ်း ကွေးသည် ပုံများ၏ ကိုယ် ဟန် အနေအထား တွင်လည်း သုံးနိုင်သည်။ အထက်ပါ Greek and Roman ရုပ်ထု များ တွင် S Curve သုံး ထားသည် ကို တွေ့ နိုင်သည်။
 
Foreground
များသော အားဖြင့် ရှုခင်းပုံ များတွင် Background နှင့် Middle Ground တို့တွင် ဧရိယာပိုယူထားကာ Foreground နေရာမှာ အနည်း ငယ်သာရှိလေ့ ရှိသည်။ အဆိုပါ ရှု ခင်းပုံ၏ Foreground နေရာတွင် ထင်ရှား ပေါ်လွင်သည့် Subjects အချို့ ထားခြင်းဖြင့် ပုံ ကို ပို၍ အာရုံစိုက် လာစေသည်။ ကြည့် သူကိုယ် တိုင် ပုံ ထဲ သို့ ရောက်နေသည်ဟု ခံ စားလာနိုင်စေသည့် နည်းလည်း ဖြစ်သည်။
 
 
 
အထက် ပုံတွင် ပုံ၏ Foreground ရှိ ကျောက်တုံး များသည် ပုံ၏ အကွာအဝေး နှင့် အတိုင်းအဆ တို့ ကို ပြသည့် နှိုင်းရပ် လည်း ဖြစ်နေသည်။
 
 
 
 
အထက်ပါ ပုံ၏ Foreground တွင် ကျောက်တုံးများ ပိုရှိနေခြင်းက ပုံ အပေါ် အာရုံ ပို ပေး နိုင်သည်။
အကယ်၍ Foreground ရှိ ကျောက်တုံးများကို ဖယ်၍ ကြည့်ပါက Foreground တွင် အာရုံ စိုက်ရန် မည်သည့် အရာမျှ ရှိမည် မဟုတ်။
 

 
ခွင်ဖြည့်ခြင်း
Fill the frame
 
ဓါတ်ပုံ ရိုက်သည့် အခါ အနားသို့ ကပ်နိုင်ခြေ ရှိပါက အနားကပ် နိုင်ရန် ကြိုးစားပါ။ ပုံ ရဲ့ Frame တွင် Subject ကို ဖြည့် လိုက်ခြင်း ဖြင့် အားကောင်းသည့် ဖွဲ့စည်းမှု Composition တစ်ခု ရလာနိုင်သည်။
 
 
 
အထက်ပါ ပုံတွင် ၀ံပုလွေ ၏ ခေါင်းကို ညာ ဘက်က ပုံ ကဲ့သို့ frame အတွင်း ဖြည့် လိုက်ခြင်းဖြင့် ၀ံ ပုလွေ ကို ပို၍ ထင်ရှားလာစေသည်။ ပုံ နှစ်ပုံသည် အတူတူ ဖြစ်စေကာမူ ညာ ဘက်ရှိုပုံ သည် ဘယ်ဘက် ပုံ နှင့် များစွာ အားကောင်း သည် ကိုတွေ့ နိုင်သည်။
 
 
ဘောင်ခတ်ခြင်း
Framing
 
အခြားနည်း တစ်ရပ်မှာ Foreground နှင့် ဘောင်ခတ်ခြင်း ဖြစ်သည်။ အောက် ပုံ ကို ကြည့် လျှင် Taj Mahal ပုံကို ပြူတင်းပေါက် နှင့် ဘောင်ခတ် ထားသည်ကို တွေ့ ရမည် ဖြစ်သည်။ ဤ နည်းသည် ပုံ ကို အထူး အာရုံ ရောက်စေရန် ပို့ ပေး သည့် နည်း လမ်း ကောင်း ဖြစ်သည်။
 
 
 
 
အထက်ပုံသည် Window Frame Sihouette ဖြင့် Taj Mahal ကို ဘောင်ခတ် ထားခြင်း ဖြစ်သည်။
 
 
 
ပုံ ကိုဘောင်ခတ်ခြင်းသည် အထက် Taj Mahal ပုံတွင် ဘောင် ခတ် ထားသကဲ့သို့ တိတိကျကျ  အစဉ် ဖြစ်နေရန် မလိုပါ။ အထက်ပုံ ကို ကြည့်လျှင် သစ် ပင် နှစ်ပင် ဖြင့် ပင် Frame လုပ်ထားသည်ကို တွေ့ နိုင်သည်။
ဘောင်ခတ်ခြင်း Framing လုပ်ရာတွင် အရာ ၀ထ္ထု ၊ သဘာဝ ပစ္စည်း များဖြင့် သာမက လူ ဖြင့် လည်း ဘောင်ခတ်နိုင်သည်။ အောက်ပါပုံ တွင် Main Subject ဖြစ်သော အမျိုး သမီး ကို ၄င်း၏ ပတ်ဝန်းကျင် မှ လူ များဖြင့် ဘောင် ခတ်ကာ ရိုက် ကူးထားခြင်း ဖြစ်သည်။
 
 
 
ကြည့်သူ ကို မျက် စေ့ မရှုပ်စေသင့်။
 
ဓါတ်ပုံ တစ်ပုံ ရှိ ကြည့်သူ၏ အာရုံကို ဆွဲဆောင်သည့် အရာ သို့ မဟုတ် အဓိကထား ပြသလိုသည့် အရာ မှာ COI ( Center of Interest ) ဖြစ်ပါသည်။ ဓါတ်ပုံ ဆရာတို့သည် မိမိပြ လိုသည့် Subject ကို Strong COI ဖြစ်လာစေ ရန် အတွက် ဓါတ်ပုံသမား အများစုသိပြီး ဖြစ်ကြ သော Rule of Thirds အပါဝင် အခြားသော ဥပဒေသ များအရ ဓါတ်ပုံပေါ်တွင် နရာချထားကြသည်။ ဤသည်မှာ မိမိအနေနှင့် မည်သည့် အကြောင်းအရာအား ဖေါ်ပြလိုသည်ကို ကြည့်သူ ထင်းကနဲ မြင်သာစေရန် လုပ်ဆောင်သည့် အချက်ပင် ဖြစ် သည်။
 
ပုံ တစ်ပုံတွင် အဓိကကျသည့် (Main Subject ) COI တစ်ခုသာ ရှိသင့်သည်။ တစ်ခု ထက်ပိုပါ ကလည်း ကျန် subject များသည် Main subject ကို ပံ့ ပိုးပေး သည့် အနေ အထားတွင်သာရှိရပါမည်။ သို့ ရာတွင် အောက်ပါ ပုံကဲ့သို့ ပြလိုသည့် Subject က များနေလျှင် COI များ ရှုတ်ထွေး ကုန်ကာ ကြည့်သူ အနေနှင့် မည်သည့် အရာ ကို ကြည့်ရမှန်း မသိဘဲ မျက်စေ့ လယ်ကုန် မည်ဖြစ်သည်။
 
 
 
 COI ကို ရှင်းရှင်း ထင်းထင်း နေရာချထားခြင်းသည် အထိရောက်ဆုံး ဖြစ်သည်။ ဥပမာ အားဖြင့် အောက်ပါပုံ ကဲ့ သို့ ကန်ရေပြင် ပြာပြာ ပေါ်တွင် ဖြူ ဖွေးနေသည့် ရွက်လှေ တစ်စီး ပုံ မျိုးသည် ကြည့်သူအနေနှင့် မည့် သည့် အာရုံ မျှ ပြန့်လွင့် ခြင်း မရှိဘဲ COI ဖြစ်သည့် ရွက်လှေ ကို သာ ကိုတန်း၍ ရောက် သွားပေလိမ့် မည်။ အောက်ပါ ပုံ သည် ပြလိုသည့် COI ကို ထင်းကနဲ မြင်သာအောင် ပြသည့် Strong COI ဖြစ်ပါသည်။
 
 
 
ပုံ တစ်ပုံ ၏ ဖွဲ့စည်း မှု တွင် မိမိ အထူးပြု ပြလိုသည့် Subject ကို Composition ဥပဒေသများအရ နေရာချထားပါက Strong COI ရရှိပေမည်။ အဆိုပါ ဥပဒေသများ ကို Composition မှတ်စုများ တွင် ဖေါ်ပြခဲ့ ပြီး ဖြစ်ပါသည်။
 
 
Dynamic Symmetry
 
တစ်ခု ကျန်နေသည်မှာ Dynamic Symmetry ဖြစ်သည်။ ယင်းနည်း က ပုံကို ထောင့် ဖြတ်မျဉ်း ဆွဲကာ အခြားထောင့် ထောင့် မှ အဆိုပါမျဉ်းထံ သို့ မျဉ်းမတ်ဆွဲ ရာတွင် ရရှိသည့် ဆုံမှတ်နေရာကို ဖြစ်ပါသည်။
 
 
 
Dynamic Symmetry Point.
 
 
အဆိုပါ ဆုံမှတ်သည်လည်း Point of Interest တစ်နေရာဖြစ်ပါ သည်။ အောက်ပါ ပုံ ကို ကြည့် လျှင် ပို ရှင်းပါမည်။


 
 အထက်ပါ ပုံတွင် ငန်း ကို Dynamic Symmetry အရ နေရာချ ထားခြင်း ဖြစ်သည်။

 

K.I.S

Composition တွင် အရေးကြီးသည့် နည်းစနစ် တစ်ရပ်မှာ ပုံ ကို ရိုးရှင်းစွာ တင်ပြ ခြင်းဖြစ်သည့် Keep it Simple ( K.I.S ) ဖြစ်သည်။ ပြလိုသည့် Center of Interest ကို ရိုးရိုး ရှင်းရှင်း နှင့် အထိရောက် ဆုံး ပြနိုင်သည့်အတွက် Golden Rule ဟု ခေါ်ကြသည်။ အလွယ်ဆုံး နည်းလည်းဖြစ်သည်။ တင်ပြ တတ်ရန်တော့ လိုသည်။ ထို့ ကြောင့် The simpler the pcture, easier to understand the meaning ဟု လည်း ဆိုကြသည်။ အဆိုပါပုံ မျိုးတွင် Main Subject များများ မပြ သင့်ဘဲ ပြလိုသည့် ပုံ ၏ Story ကို ဖေါ်ဆောင် ပေးမည့်  subject တစ်ခုသာ ပြသင့်သည်။ အကယ်၍ Subject များနေလျှင် ကြည့်သူအ နေနှင့် အာရုံ ပြန့်သွားမည် ဖြစ်သည်။
 

 
 
အထက်ပါ ပုံသည် နောက်ခံ ရှင်းရှင်း Subject ရိုးရိုး စင်းစင်း ဖြင့် ပြထားသည့် Keep it Simple နမူနာပုံ ဖြစ်သည်။

 

မှတ်စု များထဲ တွင် ပါဝင်ခြင်းမရှိသေးသည့် Point of Interest နေရာသတ်မှတ် သည့် နည်းတွေ လည်း ရှိဦး မည်ဖြစ်ပါသည်။

 

ဓါတ်ပုံရိုက်စဉ် ထည်းက မိမိ ဘယ် အရာ ကို အထူးပြု ပြလိုသည် ကို အရင် ဆုံးဖြတ်ရပါမည်။ ယင်းနောက် အဆိုပါ subject ကို Composition ဆိုင်ရာ ဥပဒေသ တစ်ခုခု ၏ အာရုံသက်ရောက်စေသည့် ဆုံမှတ် ( Point of Interest ) နေရာတွင် အဖြစ်နိုင်ဆုံး ထားပြီး မှ ရိုက်ပါက Post Production လုပ်ချိန် တွင် ယင်းအတွင် အထူး ပြင်ဆင်ရန် လိုမည် မဟုတ်တော့ပါ။

 

အပိုင်း(၂) တွင် မူ အထက်ပါ Rule များကို လှပစွာ ဖေါက် ထွက် သည့် နည်း များကို ဆက် လက် ဖေါ်ပြ ပါမည်။

 

_____________________________________
 
 

 
 
 

No comments:

Post a Comment