Thursday 6 February 2014

Breaking the Rules (2)


64 – Breaking the Rules (2)                   ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၆၄)

 

ဓါတ်ပုံ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေသများနှင့် ယင်းတို့ကို ချိုးဖေါက်ခြင်း။

Photography Rules and Breaking of it.

 

အပိုင်း (၂ )

 

 

 

By Soe Hlaing

 

 

Breaking the Rules

ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း ရှိ Subject များ အထားအသိုလ် ဖွဲ့စည်း မှု နှင့် ပတ်သက် သည့် Composition ဆိုင်ရာ နည်း စနစ် များ ကို ယေဘူယျ အားဖြင့် Rule ( ဥပဒေသ ) ဟူ၍ ခေါ်ကြပါသည်။  အဆိုပါ ဥပဒေသ များကို အပိုင်း(၁) တွင် ကျွန်တော် လက်လှမ်း မှီ သရွေ့ ရေးခဲ့ ပြီး ဖြစ်ပါသည်။။

အဆိုပါ Rule ( ဥပဒေသ ) များသည် အသေ ချည်နှောင် ထားသည့် အဘောမျိုး မဟုတ်ဘဲ “ Guide Line “ လမ်းညွှန် သဘော မျှသာ ဖြစ်သည်ကို သတိပြု ရပါ မည်။

 

ယင်း Rule ( ဥပဒေသ ) များပေါ်လာရသည်မှာလည်း Artists များ Designers များ သည် ၄င်းတို့ ၏ အနုပညာ ဖန်တည်း မှု များ ဆောင်ရွက် ရင်း ကြည့်သူ ၏ အာရုံ ကို အခြားသာ နေရာ များထက် ပို၍ ဖမ်းစားနိုင်သည့် နေရာ နှင့် အနေအထား များကို သတိပြု မိလာရာကြပါသည်။ ထိုမှ တစ်ဆင့်  တစ်ဖြည်းဖြည်း ယင်းတို့ကို Composition လမ်း ညွှန်များ အဖြစ် သတ်မှတ် လာကြခြင်း ဖြစ်ပါသည်။

 

ကာလ ကြာလာသော အခါ တွင် အဆိုပါ Composition ဆိုင်ရာ လမ်း ညွှန် ချက် များ ကို Rule ( ဥပဒေသ ) သဘွယ် သုံးလာကြပါသည်။ ထို့ ကြောင့် မည်သို့ သော Rule ( ဥပဒေသ ) သည်မျှ အသေ စည်းနှောင် ထားသော  ( Hard and Fast Rule ) များ အဖြစ် မှတ်ယူ၍ မရ ဟု ဆိုရခြင်း ဖြစ်ပါသည်။

သို့ ရာ တွင် အဆိုပါ “ Guide Line “ လမ်းညွှန် များကို လည်း လုံးဝ မျက် ကွယ်ပြု၍ လည်းမရပါ။ ယင်းနေရာများသည် မိမိတင်ပြလိုသည့် အရာကို ကြည့်သူ၏ အာရုံ စူးရောက်လာစေရေး အတွက် အထောက်အကူပြု သော နေရာ များလည်း ဖြစ်သည် ကိုလည်း လက်ခံ ထားရပါမည်။

 

အဆိုပါ “ Guide Line “ လမ်းညွှန် တို့ သည် မိမိ၏ အနုပညာ ဖန်ထည်း မှု တစ်ခု ကို ထုဆစ်ဖန်ဆင်း ရာတွင် လက်နက် ကိရိယာ ( Tool ) အဖြစ် လိုအပ်သလို သုံး ရ မည့် အရာ များသာ ဖြစ်ပါသည်။

 

မည်သည့်အချိန် မျိုး တွင် ချိုးဖေါက် မည်နည်း။

 အဆိုပါ “ Guide Line “ လမ်းညွှန် များကို ပုံ တစ်ပုံ ဖွဲ့ စည်းရာ တွင် သုံးရ သည် အခြေ အနေ များ ရှိသကဲ့ သို့  အချို့ သောနေရာ များ တွင်လည်း အဆိုပါ “ Guide Line “ လမ်းညွှန် ကိုပင် မိမိ စိတ်ကူး ကွန်းမြူး နိုင် ကဲ့သို့  ပြင်ဆင် ( Modify ) သုံးစွဲ ရကာ  တစ်ခါ တစ်ရံ တွင်လည်း လုံးဝ မျက် ကွယ် ပြု ရမည် အခါ မျိုးလည်း ရှိပါသည်။

သို့ ရာ တွင် မည်သည့် အနေအထားမျိုး တွင် “ Guide Line “ လမ်းညွှန် (Rules) များကို ပြင်ဆင် ( Modify ) သုံးစွဲ ရမည်၊ မည်သည့် အခြေအနေမျိုး တွင် ( Ignore ) မျက်ကွယ်ပြု ရမည် ဆို သည်တို့ ကို သိရန် မှာ မူ အတွေ့ အကြုံ အတော် ရှိ ရန် လိုပါသည်။ မြန်မာ စကားတွင် ရှိသော “  ၀ိနည်း  တတ် မှ ကြက် သတ် လို့ ရတယ် “  ဆိုသော စကား အတိုင်း ဖြစ်ပါသည်။

 

ဓါတ်ပုံ အနုပညာ ဖန်တည်းမှု တစ်ခုကို ထုဆစ် ရာ အထက်တွင် ဖေါ်ပြ ခဲ့ သကဲ့သို့  ပန်းပု ရုပ် ထုရာ၌  ရွှံ့ စေး ( Clay) ကို စိတ် အလျှင် ကွန့် မြူး နိုင်သမျှ ကိုင်တွယ် ထုဆစ် ကြသကဲ့ သို့  “ Guide Line “ လမ်းညွှန် ကို လည်း ဓါတ်ပုံ ကို ထုဆစ် ဖန် တည်းရာ တွင် စူးဆောက် သဘွယ် သုံးကာ ၄င်းတို့  ၏ လို အပ် သလို အသုံးပြု ထုဆစ်ကြပါသည်။

ယင်းကဲ့သို့ အနုပညာ ရှင် တို့သည် “ Guide Line “ လမ်းညွှန် ကိုသွေဖည် ကာ နည်း သစ် ဖန်တည်းကြစေကာမူ အရမ်းကာရော အလွတ်သဘော မဟုတ်ကြဘဲ “ Guide Line “ လမ်းညွှန် များကို ၄င်းတို့ ၏ အသိပညာ အတွေ့ အကြုံ တို့ နှင့် ပေါင်းစပ်ကာ  ရှိရင်းစွဲ Rules, များ မှ ဖေါက်ထွက်၍ အံ့ မခန်း အဆန်း တကျယ် နည်း သစ် များ ကို ဖန် တည်း ကြခြင်း ဖြစ်ပါသည်။ ဤ သည်များမှာ  လည်း “ Guide Line “ လမ်းညွှန် အသစ်များဟု မဆိုစေကာမူ ဓါတ်ပုံ ဖွဲ့စည်းမှု ( Composition ) ဆိုင်ရာ လမ်း သစ် တစ်သွယ် ဖြစ်ပါသည်

 

အဆိုပါ  Rules, “ Guide Line “ လမ်းညွှန် တို့ ကို ဖေါက်ထွက်ကာ ဖွဲ့စည်း ရိုက်ကူးထားသည့် ပုံ အချို့ကို ချိုးဖေါက်ထားသည့်  ဥပဒေသများအလိုက် အောက် တွင် နမူနာအဖြစ်ပြထား ပါသည်။ အဆိုပါပုံ များသည် ထိပ်တန်း အဆင့်များ မဟုတ် စေကာမူ ဖွဲ့စည်းပုံ ( Composition ) အရ များစွာကောင်းမွန် ပုံများ ဖြစ်ကြပါသည်။

 

 Rule of Thirds ကိုချိုးဖေါက်ခြင်း။

 

The Rule of Thirds သည် ဓါတ်ပုံ တစ်ပုံ ၏ ဖွဲ့စည်း မှု Composition တွင် အခြေ ခံ အကျဆုံး၊ အထိရောက်ဆုံး နှင့် ဓါတ်ပုံ သမား အများစု လိုက်နာ ကျင့်သုံးကြသည့် Rule တစ်ခု ဖြစ်ပါသည်။ Composition ကို စတင် လေ့ လာသည်နှင့် Rule of Thirds ကို စတင် လေ့လာ ကြလေ့ ရှိပါသည်။

 

သို့ ရာတွင် အောက်ပါ ပုံ ကဲ့သို့ လမ်းကို ပုံ ၏ အလယ် တည့် တည့် ထားကာ Foreground မှ Background အဆုံး အထိ ဆွဲ ထုတ် သွားခြင်း သည် စင်စစ် အားဖြင့် Rule of Thirds ကို ဖေါက်ဖျက် ကာ လမ်းသစ်ထွင်လိုက်သည့် နည်း ပင်ဖြစ်ပါသည်။
 
 
 
 
 

 




သို့ ရာတွင် ဤကဲ့သို့ ချိုးဖေါက် လိုက်ခြင်း ဖြင့် အလွန် အားကောင်းသည့် ပုံ တစ်နည်းအားဖြင့်  ကြည့်သောသူအား စူးစူး ရဲရဲ ကြည့် ရလောက်အောင် ရှိလာ သည့်  ဖွဲ့ စည်းမှု တစ်မျိုး ဖြစ်ပေါ်လာပါသည်။

 

ဥပမာ အားဖြင့် Portrait Subject တစ်ခု က သစ်သား စည်ပိုင်း တစ်ခု ကို ခေါင်း စိုက် ကြည့်နေသည့်ပုံ မျိုးသည် Rule of Thirds အတိုင်း လိုက်နာဖွဲ့ စည်း ခြင်း မဟုတ်စေကာမူ တစ်မျိုး တစ်ဖုံ အားကောင်း သည့် ဖွဲ့စည်းမှု တစ်ရပ်ပင် ဖြစ်သည်။

 

အောက်ပါ ပုံ များ မှာ လည်း Rule of Thirds ကို ချိုးဖေါက်ထား သည့် နမူနာ ပုံ များ ဖြစ်ပါသည်။

 
 
 
 
 
 
 
 
 
 
 
 
သို့သော် Rule of Thirds ကို ချိုးဖေါက်ရန်မှာ မူ မိမိ ကိုယ် တိုင်က Rule of Thirds သည် မည်သည့် အတွက် ကြောင့် Center of Interest ဖြစ်ရသည် ကို ကောင်းစွာ သဘောပေါက်ရန်လိုသည်။ သို့ မှသာ ၄င်း၏ Loophole ကို လည်းသိနိုင်မည် ဖြစ်ပါသည်။
 
Rule of Thirds ကို မသိဘဲ အဆိုပါ ဥပဒေသ ကို ချိုးဖေါက် ထားသည့် ပုံ တစ်ပုံသည် ကံကောင်း ထောက်မစွာ တစ်ပုံကောင်း Accidental ရနိုင် ကောင်း ရနိုင်မည်။ အမြဲ တမ်း မျှော်လင့် ၍ မရနိုင်။ Rule ကို သိ၍ သေခြာစွာ တွက်ဆ ချိုးဖေါက်ထားသည့် ပုံမှာ အများစု မှာ မူ အားကောင်း သည့် Composition များ ဖြစ် လာ နိုင်ပါ သည်။ ထို့ ကြောင့်  ၀ိနည်း တတ်မှ ကြက် သတ် နိုင်လိမ့် မည်    ဟု ဆိုရခြင်း ဖြစ်ပါသည်။
 
မိမိ အပြင် ထွက် ဓါတ်ပုံ ရိုက်သည့် အချိန်တွင် ကိုယ်တိုင် Rule of Thirds အတိုင်း တစ်ပုံ နှင့် အဆိုပါ ပုံကိုပင် Rule of Thirds ကို ဖေါက်ဖျက်၍ တစ်ပုံ ရိုက် စမ်းသပ်ကြည့်ပါ။ မည်သည် က မြင်ရိုး မြင်စဉ် ထက် ပို၍ တစ်ဆန်း သစ် လာ သည့်ပုံ ဖြစ်သည်ကို ဆန်းစစ် ကြည့်ပါ။ မိမိ ဘ၀င် ကျသည့် ပုံ ကို သုံးပါ။
 
အောက်တွင် အခြားသော Rules, “ Guide Line “ လမ်းညွှန် များ ကို ချိုးဖေါက် ခြင်းများ နှင့်ပတ်သက်၍ ဖေါ်ပြထားပါသည်။ ခေါင်းစဉ်ငယ် ကလေး များကို ဘာသာ ပြန်လျှင် ရှုပ်ထွေးကုန်နိုင်သဖြင့် မူရင်း အင်္ဂလိပ် ဘာသာ ဖြင့်ပင် ဖေါ်ပြထားပါသည်။ သို့ ရာ တွင် ရှင်းလင်း ချက်များ တွင် မူ ဘာသာ ပြန် ကာ ရှင်းလင်း ထားပါသည်။
 
 Guideline: Don't Center the Subject
 
ဓါတ်ပုံ ဆိုင်ရာ Rules, “ Guide Line “ လမ်းညွှန် များ တွင် Subject ကို Frame ၏ အလယ် တွင် မထား ပါနှင့် ( Don't Center the Subject ) ဟု ဆိုထားပါသည်။ သို့ရာ တွင် သဘာရင့် Subject အထားအသိုလ် ကျွမ်းကျင် သည့် ပညာရှင် အချို့ ကမူ မျက်စေ့ တည့်တည့် ကြည့် ခြင်း ဖြင့် ထူးခြား စွာ ကွက်ကွက် ကွင်းကွင်း မြင်အောင် Subject ကို Frame ၏ အလယ် တွင် ထားကာ ပြလေ့ ရှိသည်။
 
 
 
အထက်ပါ ပုံ တွင် ငှက် ကလေး အား Rules, “ Guide Line “ လမ်းညွှန် များကို ဆန့် ကျင်ကာ ပုံ ၏အလယ် တွင် ထား ပါသည်။ သို့ ရာ တွင် ငှက် ကလေး ကို ကြည့် လျှင် Subject ထံသို့ အာရုံ ရောက်စေရန် ရေဂယက် ကလေး များ ၀ိုင်း နေသည်ကို တွေ့ နိုင်ပါသည်။ ငှက်ကလေး ၏ မျက်လုံးက ကြည့် သူကို ပြန် ကြည့် နေခြင်း သည် Subject နှင့် ကြည့်သူ တို့ ၏ Contact ကို ပေး သည့်အတွက် လည်း ပုံကို ပို၍ အားရှိ လာစေပါသည်။
 
ဤ သည်မှာ ဓါတ်ပုံ အနုပညာ ရှင် ၏ စိတ်ကူး ကွန့်မြူး မှု ဟု ဆိုရပါမည်။ ငှက် ငယ် ကို လက်လွတ် စပါယ် အလယ်တွင်ထားခြင်း မဟုတ်ဘဲ စိတ်ကူးဖြင့် တွက်ချက်ကာ နေရာချထား ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ပုံ မှန် သိထားး ကြသည့် Rules, “ Guide Line “ လမ်းညွှန် များကို ဖေါက်ထွက် လိုက်သည့် ဥပမာ တစ်ခု ဖြစ်ပါသည်။ ဤ ကဲ့ သို့  အနေအထားမျိုးကို အမည် တပ် ရပါလျှင်  Classic bull's-eye composition “ ဟု ဆိုရပါမည်။
 
ဓါတ်ပုံ Composition တွင် Rules, “ Guide Line “ လမ်းညွှန်  များကို ချိုးဖေါက် ၍ Subject ကို Frame ၏ အလယ် တွင် ထားသည့် နမူနာ  ပုံ များ ကို ဖေါ်ပြရပါလျှင်   မိုးကုတ် စက်ဝိုင်း အထိ တစ်မျှော် တစ်ခေါ် ထိုး တက် သွား သော လမ်းမကြီးကဲ့သို့ လမ်း မ ကြီးများ ၊ လမ်း သွယ်ကလေး များ ၏ ပုံ များ ဖြစ်ပါသည်။ အောက် တွင် နမုနာ ပြထားသည့် ပုံ သဘော မျိုး ဖြစ် ပါသည်။
 
 
 
အဆိုပါ ပုံမျိုး မှာ Rule of Thirds ကို ချိုးဖေါက်သည်ဟု ဆိုစေကာမူ  နှစ်ဘက် ညီ အချိုးကျသော Rule of Symmetry နှင့် အကျုံး ၀င် နေသည်ဟု ဆိုနိုင် ပြန်ပါ သည်။
 
အလားတူ ဥပမာ များမှာ ညစာစားသည့် စာပွဲ ရှည်ကြီး များပေါ်တွင် ပန်းကန် များ ဖန်ကွက် များ  စီကာချထား သည်ကို Symmetry သဘော မျိုး ဖြင့် ရိုက် သည့် ပုံ မျိုး ဖြစ်ပါသည်။
 
 
 
စက်လှေကား ( Escalators) ၊ လှေခါးထစ် ( Steps ) ဆိပ်ခံ တံတား မရှိသည့် ( Piers ) နှင့် လှိုင် ဂူ ( Tunnels ) စသည့် ပုံ များ သည်လည်း  ၄င်းတို့ ၏ ရှည်လျှားသည့် နေအထားကို Center of the Frame တွင်ထားကာ အဓိက အလေးပေး ရိုက် ကူး ခြင်းဖြင့် အဆုံး မရှိသည့် အတိုင်း အတာ တစ်ရပ်ကို ခံစားမှု ရစေ နိုင်သည့် ပုံ မျိုး ဖြစ်လာစေပါသည်။
 
Guideline: Subject Should Face the Camera
Wildlife Photography ၏ Rules, “ Guide Line “ လမ်းညွှန် များ တွင် Subject သည် ကြည့် သူကို မျက်နှာပြုနေသင့်သည် ဟု ဆိုထားရမည် ၊ ကြော ပေး မနေ သင့် ဟု ဆိုထားပါသည်။
 
 
 
သို့ ရာတွင် အထက်ပါပုံ တွင် ယုံ ကလေးသည် ကြည့်သူကို ကြောပေးနေပါသည်။ Wildlife Photography တွင် များစွာ လက်ခံ ကျင့် သုံးလျှက်ရှိနေသည့် Rules, “ Guide Line “ လမ်းညွှန် များ ကို ချိုးဖေါက် ထားသည့်ပုံ ဖြစ်ပါသည်။
 
သို့ ရာ တွင် ရိုက်ထားသည့် ဓါတ်ပုံ အနုပညာ ရှင် သည် အလွှတ်မဲ့ လုပ်ထားသည် မဟုတ်ပါ။ သေခြာစွာ ကြည့်ပါက ယုံ ငယ်၏ မျက်လုံးတွင် တောက်ပနေသည့် ရောင်ပြန် ကလေး ကိုတွေ့ ရပါမည်။ ထိုအရောင် လေးသည် ယုံ ငယ်ကလေး၏ Sweet, childlike, innocence and youth တို့ ကို ဖေါ်ဆောင် ပေးသည့် အရာ ဖြစ်ပါသည်။ Wildlife Photography တွင်လည်း တိရိစ္ဆာန် ကလေး များ၏ မျက်လုံးသည် Expression ကိုပေးသည့် အတွက် ထို အချက်ကို ဖမ်း ရန် လိုပါ သည်။
 
Guideline: Leave more room in front than behind
 
 
Subject ၏ မျက်နှာ မူရာ နေရာ ( Space ) ကို နေရာ များများ ပေးကာ ၄င်း၏ နောက်ဘက် တွင် Space ကို နေရာလျှော့ ထား ရမည် ဆိုသော “ Guide Line “ လမ်းညွှန် ရှိပါသည်။ ဥပမာ အားဖြင့် သစ်ကိုင်းပေါ် တွင် နားနေသည့် ငှက် တစ်ကောင်ကို ရိုက်ပါက Compose လုပ်ရာ ၌ ငှက်သည် Frame ၏ ညာ ဘက် အစွန် တွင် ရှိပြီး ညာ ဘက်ကို သာ မျက် နှာပြုနေပါက  ၊ ငှက် သည် မည်သည့် အရာ ကို ကြည့် နေသည် ကို မပြနိုင်သည့် အတွက် ကြည့်သူ ၏ အာရုံ ကို Frame အတွင်း မှ ဆွဲ ထုတ် သွားသကဲ့ သို့ ဖြစ်နေမည် ဟု “ Guide Line “ လမ်းညွှန် က ဆိုပါသည်။
 
အောက်ပါ ပုံတွင် မူ လိပ်ပြာ ကလေးသည် Frame ၏ ညာ ဘက်အစွန်း တွင် ရှိနစေကာမူ ညာ ဘက် ကိုသာ ကြည့်နေသည် ကိုတွေ့ ရပါမည်။
 
 
“ Guide Line “ လမ်းညွှန် ကို ချိုးဖေါက်ထားသည့် ပုံ ဖြစ်ပါသည်။ သို့ သော် ဤ ပုံ ကို အဓိက ဖမ်းထားသည့် အချက် မှာ ပုံ အထက် ညာ ဘက် ဒေါင့် ရှိ Light Space ဖြစ်ပါသည်။ ပုံ အတွင်း အစိမ်းရောင် အရွက်များ ၏အနီးကပ် မြင်ကွင်း နှင့်ပုံ အတွင်း၏ ကျန်နေရာ များရှိ အမှောင် နေရာ များကို အဆိုပါ ပုံ အထက် ညာ ဘက် ဒေါင့် ရှိ Light Space က Contrast အဖြစ် ဖြည့် ပေးထား ခြင်းဖြစ်ပါသည်။  ပိတ်နေ သည့် Confined Space မှ နေ၍  Wide Open Space အဖြစ် ဆွဲ ထုတ် လိုက်ခြင်း ဖြစ်ပါသည်။
 
Guideline: Get the Whole Subject in the Frame
Wildlife ရိုက်သည့်အချိန်တွင် Subject ကို Frame ပြည့် နိုင်သမျှ ပြည့်အောင် ရိုက်ရမည် ဆိုသည့် “ Guide Line “ လမ်းညွှန် ရှိပါသည်။ Crop မလုပ်ဘဲ ရိုက်စဉ် ထည်းက Frame ကို ပြည့်နိုင်သမျှ ပြည့် အောင် ရိုက်ရန် ဆိုလိုခြင်း ဖြစ်သည်။ Crop လုပ်ရာတွင် လည်း Subject  ကိုယ်ခန္ဒာ ၏ မည်သည့် အပိုင်း ကိုမျှ ဖြတ်တောက်  မ ပစ်ရန် လည်း အရေး ကြီးပါသည်။ ဤ သို့ ဖြင့် Subject ၏ တစ်ကိုယ်လုံး ကို သေခြာ စွာ မြင်နိုင် မည် ဖြစ်သည် ဟု ဆိုပါသည်။
 
 
အထက် ပါ ပုံ ကိုကြည့်လျှင် ငှက် ပုံ မှာ Crop လုပ်ထားသည့် ပုံ ဖြစ်ပါသည်။ Crop လုပ်ရာ တွင် အမြီး အနည်း ငယ် ပြတ်နေသည်ကို တွေ့ နိုင်ပါသည်။ ဤ ကဲ့ သို့  ဖြစ်ရ ခြင်း မှာ တမင် Crop လုပ် ထားရ ခြင်း ဖြစ်ပါသည်။ အကြောင်း မှာ ငှက် ၏အမြီး ပိုင်း ရှိ ရောင်စုံ သစ်ရွက်များ မှာ Backlit အလင်းရောင်ကြောင့် တောက်ပ နေကာ ကြည့်သူ၏ အာရုံ ကို ဆွဲ ခေါ် သွားနိုင်သည့် အတွက် Main Subject ဖြစ်သည့် ငှက် အပေါ် အာရုံ မ လျှော့ စေရန် ဤ ကဲ့သို့ တောက်ပနေသည့် ရောင်စုံ သစ်ရွက် များကို ဖြတ်ထုတ်လိုက်ရာ တွင် ၄င်း နှင့်ရော နေသည့် ငှက်အမြီး ပါ  ပါ သွားရခြင်း ဖြစ်ပါသည်။
 
ငှက် အမြီး ပြတ် နေ ခြင်း ဖြင့် ပုံ အား များစွာ ထိခိုက်မှု မရှိစေကာမူ Center of Interest သည် ငှက်အပေါ် ရောက်သွားမှု ၏ အကျိုး က ပို၍ များပါသည်။ ဤ သည်မှာ လည်း “ Guide Line “ လမ်းညွှန် ကို  ချိုးဖေါက်ရန် လိုအပ် လာသည့် အတွက် ချိုးဖေါက် လိုက်ရခြင်း ဖြစ်ပါသည်။
 
အထက်တွင် ဖေါ်ပြခဲ့ခြင်း ကြောင့် Rules များ အားလုံး ကို ချိုးဖေါက် ရမည်ဟု မဆိုလိုပါ။ Rule အားလုံးကို တသမတ်ထည်း လိုက်နာရမည် ဟု လည်း ဆို၍မရပါ။ အခြေ အနေ ကို လိုက်ကာ Rule များ အတိုင်း လိုက် ကာ ဆောင်ရွက်မည်လော၊ Rule များကို ချိုးဖေါက်ကာ လမ်း သစ်ဘဲ ထွင်မည်လားဆိုသည်မှာ မူ ယကံ ရှင်၏ ဆုံး ဖြတ်ချက် ကာ ဖြစ်ပါသည်။
 
Guideline: Work Wonky
ရှု ခင်း ပုံ များ ရိုက်လျှင် ပုံသည် ရေပြင်ညီကျ နေရမည်ဟူသော Composition ဆိုင်ရာ ဥပဒေသ ရှိပါသည်။ သို့ ရာ တွင် အချို့ သော Subject များကို စောင်း၍ ရိုက်လျှင် ကြည့်သူ၏ အာရုံ ကို ပို၍ ဆွဲဆောင် နိုင်ခြင်း မျိုးလည်း ရှိပါသည်။
 
 
သို့ရာတွင် သေခြာစွာ တွက်ချက် ကာ ကင်မရာ ကို စောင်းပေးရန်လိုပါသည်။ သို့ မဟုတ်ပါက မှားယွင်းစွာ ကင်မရာ Angle ယူ မိသည့်ပုံ ကဲ့ သို့ ဖြစ်သွားတတ် ပါသည်။
 
Guideline: Don’t Split Your Image In Two
ပုံ တစ်ပုံကို အောက်တွင် နမူနာ ပြထားသည့် ပုံ ကဲ့ သို့ အထက်အောက် ညီမျှ စွာ ထက်ဝက် မပိုင်းပါ နှင့် ဟူသော  Composition Rule တစ်ခု ရှိပါသည်။
 
 
 
အထက်ပါပုံ တွင် ရေပြင် နှင့် ကောင်းကင် ကို အညီိ အမျှ ထက်ဝက် ပိုင်း ထားသည့် အတွက် ကြည့်သူ အနေနှင့် မည်သည့် အပိုင်း ကို အလေးထား ကြည့် ရမည်ကို မသိ ဖြစ်တတ် သည်။ ထို့ ကြောင့် အားသာသည့် အပိုင်းကို အလေး ထားကာ ပို၍ နေရာ ပေးပြီး အားနားသည့် အပိုင်း ကို လျှော့ ထားရမည် ဟု ဆိုထားပါသည်။
သို့ သော် အောက်ပါ ပုံ ကဲ့ သို့  Rule ကို ချိုးဖေါက်ခါ  Colour Impact ကြီးသည့် ကျောက်တုံး ကြီး ကို ပုံ  ၏ အလယ် တွင် ထား ၍ ကောင်း ကင် နှင့် မြေပြင် ကို ထက်ပိုင်း ခွဲ လိုက်စေကာမူ Abstract အားကောင်းသည့် ပုံ တစ်ပုံ ဖြစ်လာပါသည်။
 
အထက်ပါ ပုံသည်   Subject ကို အလယ် တွင် မထားပါနှင့် ( Don't Center the Subject ) ဟူသော Rule နှင့် ပုံ ကို အထက်အောက် အညီအမျှ ထက်ပိုင်း မခွဲ ပါနှင့် ( Don’t Split Your Image In Two ) ဟူ သော Rule နှစ်ခု ကို ချိုးဖေါက် ထားသည့် နမူနာ ပုံ ဖြစ်ပါသည်။
 
စင်စစ်အားဖြင့် Rules များ သည် ပုံ တစ်ပုံ အပေါ် ကြည့်သူ အာရုံ စူးရောက် စေရေး အတွက် အထောက်အကူ ပြုသော အရာ များ ဖြစ်ကြပါသည်။  Rule တို့  Guide Line တို့သည် ပုံ တစ်ပုံ ၏ Composition အတွက် Silent Instructor ဖြစ်ပါသည်။ သိမ်မွေ့ စွာ လမ်းညွှန် ပေးခြင်း ဖြစ်ပါသည်။ သို့ ရာ တွင် မိမိ၏  Photography ကိုမူ လွမ်းမိုး စေမှု မရှိစေသင့် ပါ။
 
Photographic Rule များကို ချိုးဖေါက်ထားသည့် နမူနာ ပုံအချို့။
အောက်ပါ ပုံ များကို ကြည့်လျှင် မြင်နေကြ Composition မျိုး မှ တစ်နည်း မဟုတ် တစ်နည်း ကွဲပြားနေသည်ကို တွေ့ နိုင်ပါသည်။ မိမိ၏ အကြိုက်နှင့် တိုက် ဆိုင်သည် များကို နမူ နာယူ နိုင်ရန် ဖေါ်ပြထား ခြင်း ဖြစ်ပါသည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 


 
 
 
 




 
 
 
 
 
 
__________________________
 

No comments:

Post a Comment