Tuesday 11 March 2014

Aperture F- Stop Test



66– Aperture F- Stop Test                     ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၆၆)




Aperture F-Stop Test

 

 
by Soe Hlaing
 
ကင်မရာ Lens များ တွင် သက်ဆိုင်ရာ Focal Length နှင့် Aperture F-Stop အလိုက် ပုံ ရိပ် ကို အကောင်းဆုံး ဖေါ် ဆောင် ပေး သည့် Sweet Spot များရှိသည် ၊ Focal Length တိုင်း F- Stop တိုင်း အားလုံး အကောင်း ချဉ်း မဟုတ် ဟူ၍ လေ့လာ ဘူး ပါသည်။ အတွေ့ အကြုံ များသည့် ပုဂ္ဂိုလ် အချို့ ပြော သည် ကိုလည်း မှတ်သား ဘူးပါ သည်။
 
သို့ နှင့် Tokina-X Pro 28-70 mm, F-2.8 ကို Focal Length အစ ဖြစ်သည့် 28mm  နှင့် အဆုံး ဖြစ်သော 70 mm တို့ တွင် F-2.8, F-4, F-5.6, F-8, F-11 စသည်တို့ ဖြင့် စမ်းကြည့် ၄င်းတို့ ၏ Sweet Spot များကို အောက်ပါအတိုင်း တွေ့ရပါသည်။
 
 
Focal Length 28 mm ဖြင့် ရိုက်ထားသည့် အထက်ပါပုံ တွင် F-5.6 ဖြင့် ရိုက်ထားသည့် ပုံသည် အခြားပုံ များထက် ပို၍ ပြတ်သားသည် ကို တွေ့ ရပါသည်။
 
 
 
 
Focal Length 70 mm ဖြင့် ရိုက်ထားသည့် အထက်ပါပုံ တွင် F-8, F-11  တို့ ဖြင့် ရိုက်ထားသည့် ပုံသည် အခြားပုံ များထက် ပို၍ ပြတ်သားသည် ကို တွေ့ ရပါသည်။

 

အခြားသော Lens များ၏ Sweet Spot သည် ယခု ပြထားသည့် Lens ၏ Sweet Spot နှင့်  တူ မည် မဟုတ်ပါ။ သေခြာ စွာ စမ်း ကြည့် ရန် လိုမည်ဖြစ်ကြောင်း ဖြင့် သိသမျှလေးကို မျှဝေ လိုက်ပါသည်။

 
 
 
____________________________
 
 

No comments:

Post a Comment