Nuffnang Ads

Sunday, 9 November 2014




(80) – Exposure Compensation                                   ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၈၀)

 

Focal Length ကို ဆန့် ထုတ်ခြင်း နှင့် Exposure Compensation.

( Crop Factor and Exposure Compensation )

 

Crop Factor

 Full Frame Lens များကို APS-C ကင် မရာ များ တွင် တပ် လိုက်ပါက  မူလ Focal Length မှ နေ၍ ကင်မရာ များ၏ သက်ဆိုင်ရာ မြှောက် ဖေါ် ကိန်း Crop Factor အလိုက် Lens ၏ Focal length ကို ဆွဲ ဆန့် လိုက် ခြင်း ဖြင့် အဝေး ရှိ Subject သည် ပို၍ နီးလာသည့် အကြောင်း ကို မှတ်စု အချိုးတွင် ရေးခဲ့ပါသည်။ မှတ်စု အမှတ် (၇၄) ဖြစ်သည့် “ Tamron 150-600 ကို APS-C ကင်မရာ ဖြင့် စမ်း သပ်ခြင်း “ တွင် လည်း ရေးခဲ့ပါသည်။

 

ဥပမာ အားဖြင့် Nikon Full Frame Lens ဖြစ် သည့် 80-400mm Lens ကို Nikon (DX Format) APS-C  ကင်မရာ တွင် တပ် လိုက်ပါက Nikon Crop Factor သည် ( 1.5 X )  ဖြစ်သောကြောင့် အစပိုင်း Focal Length 80mm သည် ( 80 X 1.5 = 120mm ) ဖြစ်လာကာ အဆုံးပိုင်း Focal Length 400mm သည် ( 400 X 1.5 = 600mm ) ဖြစ်သွားပါသည်။ Canon ကင်မရာ ၏ Crop Factor မှာ မူ ( 1.6 X) ဖြစ်ပါသည်။

 

ကင်မရာ အမျိုး အစားအလိုက် Crop Factor များ အောက်ပါ အတိုင်း ဖြစ်ပါသည်-

 

Canon - EOS 1D/1D MK II N Crop Factor = 1.3 x

Nikon - D40…./ D90/ D200/D 2X…. Crop Factor = 1.5 x

Minolta - 7D/ Fuji S3 Pro/ Pentax ist DS/ Crop Factor = 1.5 X

Canon - EOS 300D/ 400D/ 20D/ 30D Crop Factor = 1.6 X

Olympus - E400/E-500/ E-300/ E-1 Crop Factor = 2.0 X

အလွယ်တကူ ရှိထားသည့် စာရင်းဇယားကို ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။ အခြားများစွာသော Model များတွင်လည်း အတန်အသင့် ကွာ ခြားနိုင်ပါသည်။

 

 

အဝေးရှိ အလင်းရောင် တောက်တောက် နောက်ခံ နှင့် ငှက် ကိုရိုက်ခြင်း

 

အောက် တွင် ပြ ထားသည့် ပုံ ကို Tamron 150 – 600 mm အား Nikon D 7100 တွင် တပ်ကာ Focal Length 600mm ဖြင့် ရိုက်ထားခြင်း ဖြစ် ပါသည်။ ထို့ အပြင် D 7100 ၏ 1.3 Crop Mode ကို ပါသုံး ထားပါသည်။
 

 
 
 
 
 
အောက်ပါပုံ မှာ အဆိုပါ ငှက် ပျံထွက် သွားသည်ကို ရိုက်ထားခြင်း ဖြစ်ပါသည်။
 
 
 
 
 
အဆိုပါ White Throated Kingfisher နားနေသည့် သစ် ပင်သည် ရိုက်သည့် နေရာ မှ ခန့် မှန်းခြေ အဖြောင့် တိုင်း ကိုက် ၃၅၀-၄၀၀ ခန့် ရှိမည် ထင်ပါသည်။
 
 
အောက် ပါ ပုံ မှာ အဆိုပါ White Throated Kingfisher ငှက် နားနေသည့် နေရာ နှင့်  ဓါတ်ပုံ ရိုက် သည့် နေရာ အကွာ အဝေးကို မှန်းဆ နိုင်ရန်  သာမန် မျက် စေ့ ဖြင့် ကြည့် လျှင် အနီး စပ် ဆုံး မြင်ရ မည့် Focal Length 35mm ဖြင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။
 
 
 
အထက်ပါ ပုံ အထက်ပိုင်း၌ အနီရောင် ပြထားသည့် နေရာ သည် ငှက် နားနေသည့် သစ် ကိုင်း ခြောက် ဖြစ်ပါ သည်။
 
အထက်တွင် ပြထား သော အတိုင်း အတော် ဝေး လှသည့် နေရာ မှ အတော် နီးနီး ရောက် ကာ ပုံ ကြီး လာ သည် မှာ မူလ 600mm သည် Nikon Crop Factor 1.5 X ကြောင့် ( 600 X 1.5 = 900mm )ဖြစ်သွား ကာ တစ်ဖန် ( 1.3 X ) Crop ထပ် လုပ် ထားသဖြင့် ( 900mm X 1.3 = 1170mm ) ဖြစ်သွား သောကြာင့် ဖြစ်ပါသည်။ ထို့ ကြောင့် ပုံသည် ကြည့် နိုင် ရှု နိုင်သည့် အနေ အထားသို့  ရောက် လာပါသည်။
 
ဤ ကဲ့ သို့ အတော် ဝေးဝေး နောက်ခံ ကောင်းကင်သည် ဖြူလွင် ပြီး တောက် ပနေသည့် အနေအထားမျိုးတွင် Exposure ကို အတော် တင်ရ ပါသည်။ သာမန် Setting မျိုး ဖြင့် ရိုက် ပါက ကင်မရာ Metering က နောက်ခံ ကောင်း ကင် ၏ အလင်း၏ အလင်းရောင်ကို သာ ပျမ်းမျှ  ခန့် မှန်း တွက် ချက် ကာ ပုံဖေါ် ပေး မည် ဖြစ်ပါသည်။ Camera Firmware က အလင်းရောင် များစွာ တောက် ပနေသည်ဟု မှတ်ယူကာ Exposure ကို များစွာ လျှော့ ချ လိုက် ပါမည်။ သို့ ဖြင့် အောက်ပါပုံ ကဲ့ သို့ ငှက်ရော သစ် ရွက် များအားလုံး မဲ ကုန်ပါလိမ့် မည်။
 
 
 
 
ထို့ ကြောင့်  Aperture ကို ကျယ်ကျယ် ဖွင့်ခြင်း သို့  မဟုတ် Shutter Speed ကို လျှော့ ချ ခြင်း စသည် တို့  ဖြင့် မိမိ လို အပ် သည့် Subject လိုအပ် သော အနေ အထား အထိ ပုံ ပေါ်လာစေရန် အတွက်  Exposure ကို ပြန် တင်ရပါမည်။
 
ကျွန်တော် တို့  အနေနှင့် မူ အဆိုပါ ပုံ မျိုး ကို များသော အားဖြင့် မိမိ ရိုက် မည့် ငှက်  ကို စောင့် ရင်း Exposure ကို စမ်းသည့် အနေနှင့်  အစမ်း သဘော သာ ရိုက်လေ့ ရှိကြ ပါသည်။
 
ထို့ ကြောင့် အချိန်မရွေး ရောက်လာနိုင်သည့် အမြန် ပျံ နေသောငှက် များ အား ရိုက်ရန် Set လုပ်ထားသည့် Setting ကို မပြင်တော့ ဘဲ Exposure Compensation ကို တင်၍ သာ ရိုက်လေ့ ရှိကြ ပါသည်။
 
အထက်ပါ Exposure ပြန် တင် ကာ ညှိ ထားသော ငှက် ပုံ များကို အောက် ပါ Setting ဖြင့် ရိုက်ထား ခြင်းဖြစ်ပါ သည်-
 
·        Shutter Speed                    -       1/ 1600 Sec
·        Aperture                            -       6.3
·        ISO                                   -       500
·        Metering                            -       Center Weighted Average
·        Exposure Compensation   -       + 2.3 –Step
 
အထက်ပါ Setting တွင် ပျံ နေသည့် ငှက် ကို ရိုက်ရန် ပြင်ထားသည် Shutter Speed နှင့် Aperture တို့ ကို မပြောင်းဘဲ အလွယ် နည်း ဖြင့် Exposure Compensation သာ လုပ်ထားခြင်း ဖြစ်ပါသည်။
 
 
အထက်ပါ အခြေ အနေမှာ နောက်ခံ ဖြူဝင်း တောက် ပနေသည့်အတွက် Exposure Compensation ကို ( + ) တင် ထားခြင်း ဖြစ်ပါသည်။ ဆန့် ကျင်ဘက် သဘောအရ  နောက်ခံ အလင်း အလွန် မှောင် နေပါက Camera Firmware က အလင်းရောင် များစွာ နည်းနေသည် ဟု ယူဆကာ Exposure ကို တင်လိုက်မည် ဖြစ်သောကြောင့် မိမိက  Exposure Compensation   ( - ) ကို လို အပ် သကဲ့ သို့  လျှော့ ချ ပေးရန် လိုပါမည်။
 
ကျွန်တော် တို့ အတွက် မူ အထူးသဖြင့် ရောင်ပြန် ထ နေသည့် ရေ ပြင်ပေါ် နှင့်  အရိပ် ကျနေသည့် ရေပြင် ပေါ် တွင် ပျံ နေသည့် ငှက် ကို ရိုက်ရာ တွင် ဖြစ် လေ့ ရှိသော အနေအထားမျိုး ဖြစ်ပါသည်။
 
 
 Exposure Composition
 
Subject ကို လွှမ်း ခြုံ ထားသည့် ပတ်ဝန်း ကျင် သည် Subject နှင့် အတိုင်း အတာ ပမာဏ ခြင်း အလင်း ပြင်းပြ မှု ခြင်း များစွာ ကွာ နေခြင်းများ ရှိနေပါက ကင်မရာ Metering ကို Center Weighted Average, Spot Metering ပေးထားစေကာမူ ကင်မရာ Firmware က တွက်ချက်ပေးသည့် အလင်း မျှခြေ ( Average ) သည် မိမိ အနေနှင့် Subject အပေါ် ပေး လိုသည့် အလင်း အတိုင်း အတာ ပမာဏ နှင့် လွဲ တတ်ပါသည်။ 
 
အဆိုပါ အခြေ အနေမျိုး များ မှာ ယေဘူယျ အားဖြင့် သစ်ခြောက် ကိုင်း ပေါ်၌ အလွန်တောက် ပနေသည့် မိုး ကောင်းကင် ကို နောက်ခံ ပြု က နားနေသည့် ငှက် ၊  အလွန် အရိပ် မဲမဲ ထိုးနေသည့်  ရေ ပြင် ပေါ် တွင် ရေကူးနေသည့် ( သို့မဟုတ် ) ဖြတ် ကာ ပျံနေသည့် ငှက်- စသည့် အခြေအနေ မျိုး တို့ ဖြစ်ပါသည်။
 
အထက်ပါ အခြေ အနေကို နေရာ တိုင်းတွင် ပုံသေမှတ်၍မရပါ။ Sunbird, Common Kingfisher, Taylor Bird တို့ ကဲ့ သို့ ငှက် သေးသေး လေး များကိုမူ ကင်မရာ အနေ နှင့် ကြီးမား ကျယ်ပြန့် သည့် ပတ်ဝန်းကျင် ၏ အလင်း မှ ခွဲ ထုတ် ကာ Subject နှင့် ပတ်ဝန်းကျင် အလင်း ပမာဏ အား မျှတအောင် တွက်ချက် ၍ Subject ပုံပေါ် လာစေရန်  Process လုပ်ရခက် သည့် အနေ အထားများ ကိုသာ ဆိုလိုပါသည်။
 
 
Subject အနေနှင့် Grey Heron ကဲ့ သို့ အရွယ်  ကြီးပြီး  ကင်မရာ Active Focus Point က တိတိကျကျ ထောက်ကာ Focus ဖမ်း နိုင်သည့် အနေ အထား မျိုး ဆိုလျှင် ကင်မရာ Firmware က Subject နှင့်  ပတ်ဝန်းကျင်၏ အလင်း နှင့် အရောင်ကို ပျမ်းမျှ ရ အောင် မှန်ကန် စွာ တွက် နိုင်ပါသည်။ ဤသည်ပင်လျှင် အောက် ပါပုံကဲ့ သို့  Subject ကြီး သည့် ငှက် သည်ပင်လျှင် နေရောင် Reflection အလွန် တောက် ပါက Exposure သည် လိုသလို ဖြစ်မလာဘဲ Under ဖြစ်သွားပါသည်။
 
 
အထက်ပါ Grey Heron ကဲ့ သို့  အလွန်ကြီး သည့် ငှက် သည်ပင် ပြင်းထန်သော နေရောင်၏ Reflection ကြောင့် Subject underexpose ဖြစ်သွား ပါသည်။
 


 
အထက်ပါ ပုံ မှာ တောက်ပသော နောက်ခံ ကောင်းကင်ကြောင့် Stork billed Kingfisher မဲသွား သည့် ပုံ ဖြစ်ပါသည်။
 
အဆိုပါ အခြေ အနေ မျိုး တွင် ရိုက်ကူးသူ က ကင်မရာ ပေးသည့် Exposure ကို ပြန်၍ Compensate လုပ်ပေးရပါသည်။
 
အထက်တွင် Subject Under Exposed ဖြစ်နေသည့် အခြေ အနေ မျိုး တွင် Exposure ကို ( + 2.7 ) တင်ကာ ရိုက် ရာ  အောင်ပါ ကဲ့ သို့ ကြည့် ပျော် ရှု ပျော် ပုံ ရလာသည်။
 

 
အောက်ပါ ပုံ မှာ အလင်းရောင် နည်းသည့် ခြုံ အတွင်း ခိုနေသည့် White Throated Kingfisher ကို ရိုက်ရာ ကင်မရာ သည် အကောင်သေး သည့် Subject ကို ထည့် မတွက် ဘဲ မှောင်နေသော ခြုံ ပုတ် ၏ အများစု အလင်းကိုသာ ယူ လိုက် ကာ အလင်းရောင် နည်းနေသည် ဟုမှတ်ယူ ၍ Exposure ကို တင်လိုက်သဖြင့်  ငှက်သည် အနည်းငယ် Over Expose ဖြစ်သွားရခြင်း ဖြစ်သည်။
အဆိုပါ အခြေ အနေ မျိုး တွင် ပထမ  အစမ်း ပုံ များရိုက်ကာ Histogram နှင့်ပြန် စစ် ရန် လိုပါ သည်။  ယင်းနောက် Exposure ကို လို အပ် သကဲ့ သို့ အတိုး အလျှော့ လုပ်၍ စမ်းကြည့် ကာ အကောင်း ဆုံး Setting ကို ယူရပါမည်။
 
 
 
 
ဤ မှတ်စုသည် APS-C ဖြင့် Focal Length ဆန့် ထုတ်သည်ထက် နောက်ခံ အလွန် တောက် ပ နေသည့် အခြေအနေ နှင့်  Subject ၏ ပတ်ဝန်းကျင် အလွန်မှောင်နေသည့် အခြေအနေမျိုး တွင် Exposure Compensation  ကို အတိုးအလျှော့ လုပ် ကာ ရိုက် သော ကျွန်တော် တို့ သုံးနေသည့် ခပ်လွယ်လွယ် နည်း ကို အတွေ့ အကြုံ ပြန် လည် မျှဝေသဘော မျိုးအနေဖြင့် ရေးသားရ  ခြင်း ဖြစ်ပါသည်။
 
_________________________
 

 

No comments:

Post a Comment