Thursday 18 May 2017

Analysis of Mountain Photography




93 – Analysis of Mountain Photography                       ၉၃ - ရှုမျှော် ခင်းပုံ များကို သုံးသပ်ခြင်း( တောင်)





“  တော တောင် ရှု မျှော်ခင်း ပုံ များကို သုံးသပ်ခြင်း “



နိဒါန်း စကား။


ရှမျှော်ခင်း ပုံ များ ရိုက်ကူး ခြင်း ကို  လိုက်လံ ရှာဖွေ ဖတ်ရှု ရာ ရှု မျှော် ခင်း ရိုက် ကူးရာ တွင် တော တောင်၊ အဆောက်အဦ၊ ရေပြင်၊ လွင် တည်း ကွင်းပြင် စသည့်  ရိုက်ကူး သည့်  နေရာ ဒေသကို လိုက်၍ အလေး ပေး ရိုက်ကူး နည်း  မှာ လည်း  နေရာ လိုက်၍ အနည်းနဲ့ အများ တွင် ကွာ ခြားမှု ရှိတန် သလောက် ရှိသည်ကို သိလာရပါသည်။

တောတောင် ရှုမျှော်ခင်း များ ရိုက်ကူးရာတွင် အလေးပေး ပြသရန် ဓါတ်ပုံကို ဖွဲ့ စည်း ခြင်း နှင့်  Seascape  ကဲ့ သို့ ရေပြင် ကို အလေးပေး ရိုက်ကူးရာတွင် အလေးပေး ဖွဲ့ စည်း သည် မှာ အားလုံးပုံ စံ တူလို မဟုတ် ဘဲ အတော်အသင့် မတူ သော အချက် များ ရှိသည် ကို သတိ ထားလာမိပါသည်။

ယခု မှတ်စုသည် တောတောင် များရိုက်ကူး ခြင်း နှင့်ပတ်သက်၍  ပုံတစ်ပုံ ခြင်းစီ အလိုက် အလေးထားရိုက် ကူးခြင်း နှင့် အားသာ ချက် များကို ပုံ နှင့် တကွ ပြသ ထားသည့် ဆောင်းပါး ရှင် Professional Photographer, Writer , Photo Editor တစ်ဦး ဖြစ်သူ Siddhartha  ၏ “ 25 Analysis of Mountain Photography “ ကို တိုက်ရိုက် ဘာသာပြန်ထာခြင်းဖြစ်ပါသည်။ ၂၅ ပုံ ဆိုသော် လည်း ၂၄ ပုံ သာတွေ့ သဖြင့် တွေ့ သမျှ ကိုသာ ဘာသာပြန် လိုက်ပါသည်။

ဝေဘန် သုံးသပ်သည့် အကြောင်းအရာ မှာ Mountain Photography ဖြစ်သော်လည်း မြန်မာ ဘာသာ ပြန် ရာ တွင် စာချော စေရန် “ တောတော င် ရှု မျှော်ခင်း “   ပုံ ဟု ဘာသာပြန် ထား ပါသည်။ အချို့ နေရာ များတွင် ကျွန်တော် ဟု သုံး နှုံး ထားခြင်း မှာ Siddhartha ကို ကိုယ်စား ပြု သုံး နှုံး ထား ခြင်း ဖြစ်ပါသည်။

ဤမှတ်စု ပါ နမူနာပုံ များသည် မူရင်း ဆောင်းပါးမှ ပုံများ ဖြစ်ကြပါသည် ။ မူရင်းဆောင်း ပါး 
တွင်  ပုံ များ ကိုတစ်ပုံ ခြင်းစီ အလိုက် ထူးခြား သည့် အချက် လောက် ကိုသာ သုံးသပ် ထားပါသည်။ သုံးသပ်ရာ တွင် နိုင်ငံတကာ သုံးသပ် ဝေဘန်မှု ပုံစံ အတိုင်း ဓါတ်ပုံ ဆိုင်ရာ ဥပဒေသ ( Rules) များကို ချည်တိုင် ထားကာ သမားဂုဏ်ပြ ညွှန်း နေခြင်းမရှိဘဲ အတတ် နိုင်ဆုံး လက်တွေ့ ခံ စား နိုင်မှု ကို အခြေပြု ကာ သုံးသပ် ထားခြင်း ဖြစ်ပါသည်။

Technical ဆိုင်ရာ နှင့် ပတ်သက်နေသည့် အချို့ သော အပိုင်းများကို မူ ဖြည့် စွက် ရှင်းလင်း မှ ပြိ၍ ရှင်းမည်ဟု ယူဆ သည့်အတွက် ကျွန်တော် ဖြည့်စွက် ရှင်းလင်း  ထားပါ သည်။



တောတောင် ရှု မျှော်ခင်း ပုံ များ ကို သုံးသပ် ခြင်း။


တောတောင်များသည် ရှု မျှော်ခင်း ပုံ တစ်ပုံ ရိုက်ကူးရာ  တွင် ပုံကောင်း တစ်ပုံ ရှိ  ရေး  အတွက်  အလွန် အထောက်အကူ ပြုသော အရာ များ ဖြစ်ကြပါသည်။ ထို့ ကြောင်ဓါတ်ပုံ ဆရာ များသည်    ရှေးယခင် ထည်း က ပင် တော တောင်  ရှုမျှော် ခင်း  ပုံ များ ကို ရိုက်ကူးခဲ့ကြပါသည်။

အောက်တွင် ပုံ တောတောင် ရှုမျှော် ခင်းပုံ (၂၄ )  ပုံ ကိုတစ်ပုံ ခြင်းစီ အလိုက်  ပုံ များ ၏  ကောင်းသည့် အ  ချက် များ အား ရှင်းပြ ပါမည်။  များ များ စားစား မဟုတ်ဘဲ ဘာကြောင့် ဤ ပုံ များကို ကြိုက် နှစ် သက် ရကြောင်း အချုပ် သဘော ရှင်းပြပါမည်။





1-   Austria Misty Mountain




တောတောင် ( Mountain Photography ) ရိုက်ရာ တွင် များသော အားဖြင့်  သဘာဝ  အရောင် လှပစွာ ရရန် အဓိက ထား ကြိုး စား ကြပါသည်။ အထက်ပါ ပုံ တွင် သဘာဝ  အရောင် လှပစွာ ရရန် ဓါတ်ပုံ ဆရာ သည် တိမ်တိုက် များ အကောင်းဆုံး အရောင် ကြွ လာ သည့် Contrasting အနေအထား မျိုး ရောက်အောင်သည်းခံကာ  စောင့်ပြီး ၊ လိုခြင် သည့် တိမ် တိုက် ၏ contrasting Light အနေအထားရောက်မှ ရိုက်ခဲ့ ခြင်း ဖြစ်ပါသည်။






2-   Serene Mountains





အထက်ပါ Serene Mountains ပုံ ရိုက်ကူးရာ တွင် Orange Filter သုံးထား လေသလား သို့ မဟုတ် နောက်ပိုင်း Post Production တွင် Orange Colour ထည့် လေသလား မပြော တတ် ပါ။ သို့ ရာ တွင် ဤ ကဲ့ သို့ လိမ္မော် ရောင် ကောင်းကင် သည် Foreground ရှိ ရေ အပြာ ရောင် နှင့် Compliment ဖြစ် သဖြင့် အတော်ကောင်း သည့် ပုံ ဖြစ်လာသည်။






3-   Blue Mountains





အထက်ပါ Blue Mountains  ပုံ ကဲ့ သို့ ပုံ များ တွင် အကယ်၍ ဓါတ်ပုံ ဆရာ သည် အလင်းရောင် နည်းသည့်  Highlight Area ကို exposure metering ယူ  ကာ ရိုက် မည်ဆိုပါလျှင် ရှေ့ ပိုင်း ( Foreground details ) ရှိ အသေး စိတ် ကလေး များ ပြောက် ကုန်မည် ဖြစ်သည်။



( ဖြည့် စွက် ရှင်းလင်းချက် - ဆိုလို သည်မှာ Highlight ကဲ့ သို့ အလင်းရောင် နည်းသည့် နေရာ ကို Spot Metering, ကဲ့ သို့ ဧရိယာ ကျဉ်းကျဉ်းလေး ကို ဖတ်သည့် Metering ကို ယူ လိုက် ပါက ကင်မရာ firmware က မှောင်နေသည်ဟု ယူဆကာ Exposure ကိုတင်လိုက်သည့် အတွက် ရှေ့ ပိုင်းရှိ မူလ ထည်းက အလင်းရောင် ရှိ နေသည့် နေရာ များ Over expose ဖြစ်သွားမည် ကို ဆိုလိုခြင်း ဖြစ်ပါသည်။ )






4-   Chinese Mountains






အထက်ပါ Chinese Mountains  ပုံ မှာ အတော် ကောင်းမွန်သည့် ဖွဲ့ စည်းမှု  ( Composition ) ရှိသော ပုံ ဖြစ်ပါသည်။ Long exposure ဖြင့်ရိုက် ထားသဖြင့် ပို၍ ကြည့် ကောင်းသည်။ ကောင်းကင် ပေါ်ရှိ တိမ် များ အမျှင် လိုက်ဖြစ်နေသည်မှာ Long Exposure ကြောင့် တိမ် ထု  ရွေ့ လျှား သည့် နေရာ တစ်လျှောက် အတန်း ကလေး များ  ဖြစ်လာ ခြင်း ဖြစ် သည်။ အလင်းရောင် များ သည့် နေ့ ခင်း အချိန် တွင် ဤ ကဲ့ သို့ Long Exposure ဖြင့် ရိုက် နိုင်စေရန် ND Filter ခပ်ဖြော့ဖြော့ သုံး ထားပုံ ရသည်။




5-   Snowy Mountains







အထက်ပါ  Snow Mountains  ပုံ သည်လည်း တိကျ မှန်ကန်သည့် Right exposure Setting ယူ ထားသည့်နမူနာ တစ်ခု ပင် ဖြစ်ပါသည်။ ဤကဲ့ သို့ ပုံ များရိုက် ရာ တွင် အမြဲ တမ်း လိုလို ဖြစ်တတ်သည်မှာ မြေပြင်အထက် က ကောင်းကင်၏ တောက်ပနေသော အလင်း ရောင်များ က ဓါတ်ပုံ ဆရာ Exposure ယူ ရာ တွင် အမှားဘက် သို့ ရောက်စေရန် လှဲ့စားတတ် ခြင်းပင် ဖြစ်ပါသည်။



ယခု ပုံတွင်မူ ဓါတ်ပုံဆရာ သည် ကျွမ်း ကျင် ပိုင်နိုင်စွာ Exposure ကို ယူ လိုက် နိုင်သဖြင့် မရှိမဖြစ် လိုအပ်သည့် လှပသော Shadow များ နှင့် အနုစိပ် များရရှိ လိုက်ပါသည်။


( ဖြည့် စွက်ရှင်း လင်း ချက် - ဆိုလိုသည်မှာ အထက်ပါ ပုံ ကဲ့ သို့ အဖြူရောင် တောက် တောက်များဖြင့် ပြည့်နေသည့် နေရာများတွင် Exposure ယူ ရာတွင် မျက်စေ့ လည် နိုင်သည်ကို ဝေဘန် သုံးသပ် သူက ပြောခြင်း ဖြစ်ပါသည်။။ အဖြူ ရောင်  တောက်တောက် ကိုသာ Exposure Metering ယူ လိုက်ပါက Camera firmware က အလွန် လင်းသည်ဟု ယူဆကာ Exposure ကို လျှော့ ချ လိုက်သဖြင့်  Underexpose ဖြစ်ကာ မှောင် သွား ပါ လိမ့် မည်။ သုံးသပ် သူက ဓါတ်ပုံ ဆရာ မည်သည့် နေရာ ကို Exposure metering ယူ ထားသည်ဟု မပြောပါ။ သို့ရာ တွင် Average Lighting ဖြစ်နိုင်သည့် ရေထဲ ရှိ အရိပ် အပြာ ရောင် အစွန်း တစ်နေရာ ကို ယူ ထားသည် ဟု ခန့်မှန်းရပါသည်။ )



6-   Asymmetrical Beauty





အထက်ပါ Asymmetrical Beauty ပုံ သည် အရောင် များနှင့်  ချယ် မှုန်း ထားခြင်း ဖြစ်ပါသည်။ ဤ ပုံတွင် ဓါတ်ပုံ ဆရာ သည် မျက်မြင်အခြေ အနေ အရ ပုံ ကို အချိုး ညီ ခွဲထားသည့် ( Complete symmetrical ) ဖွဲ့စည်းမှု ( Composition ) မျိုး လုပ် လျှင် ကောင်းလိမ့် မည် ဟူသော  လှည့် စားခြင်း ကို မခံ ဘဲ ဓါတ်ပုံ ဆရာ သည် အချိုး မညီ သော Asymmetry ကို ယူ လိုက်ခြင်း ဖြစ်သည်။ 


အချို့သောနေရာ များ တွင် ဤကဲ့ သို့ အချိုး မညီ (Asymmetry ) ဖွဲ့ စည်းမှု ( Composition ) ယူ လိုက်ခြင်းက  အချိုး ညီ ခွဲထားသည့် ( Complete symmetrical ) ဖွဲ့စည်းမှု ပိုမို အားကောင်းသည် ကို တွေ့ ရသည်။






( ဖြည့် စွက်ရှင်း လင်း ချက် - အထက်ပါ ပုံ ကို ကြည့်ပါက ဘေး တစ်ဘက်တွင် ကြည့် သူကို ဖမ်းစားထားသည့် Center of Interest  ရွှေဝါ ရောင် တောင် ကို ထားပြီး ကျန် တစ်ဘက် တွင် ဘာမှ မယ်မယ် မရ မထားဘဲ အလွတ် သဘော လောက် ထားသည့် အချိုး မညီ (Asymmetry Composition ) ကို တွေ့ နိုင်ပါသည်။ )



7-   Blue Mountains








အထက်ပါ Blue Mountain ပုံ မှာ အတော့် ကို လှသောပုံ ဖြစ်သည်။ ဤကဲ့ သို့ ပုံ များ ရ နိုင် စေရန် ဓါတ်ပုံဆရာ သည် ပုံပေါင်း (၃) မှ အထက်ရိုက် ကူးကာ Panoramic ပုံ အဖြစ် ပြန် ပေါင်း ထားပုံ ရသည်။ 






8-   Tatra Mountains Slovakia




အထက်ပါ Tatra Mountains Slovakia ပုံ ကို လိုခြင် သော အလင်းရောင် ရရန် ကွက်တိ ချိန် ရိုက် ထားပုံရသည်။ ပုံ၏ ဖွဲ့ စည်းမှု (Composition) ကို ကြည့်ပါက လည်း Foreground interest ကို  ဖြည့် ထားပေးပြီး ရှေ့ ပိုင်းမှ နောက်ပိုင်း သူ ပြ လိုသည့် နေရာ အထိ  ပြတ်သားသော  Depth of Field ရရန် မှန်ကန် သော Aperture ကို သုံးထား ခြင်းက ဤပုံ၏ အောင်မြင်မှု ကို ပေးလိုက် ခြင်း ဖြစ်သည်။








9-   Mountains against Lake








အထက်ပါ Mountains against Lake ကို သာမန် အတွေ့ အကြုံ မရှိသူ ရိုက်ပါက ဤပုံ သည် Overexpose ဖြစ်သွာ မည်မှာ ကြိမ်းသေသည်။  သို့ ရာ တွက် ဓါတ်ပုံ ဆရာ သည် ပုံ ကို Burning High Light ဖြစ်သွား မည့် အခြေ အနေ ကိုရှောင်ကာ တိကျ သော Spot Metering ကိုသုံး သွားသည်။



( ဖြည့် စွက်ရှင်း လင်း ချက် - အထက်ပါပုံ တွင် မှောင်နေသည့် နေရာ များနေသည်။ အတွေ့ အကြုံ မရှိသူ ဖြစ်ပါက မှောင်နေသည့် တစ်နေရာရာ ကို ထောက်ကာ Metering လုပ် လိုက် နိုင် မည် ဖြစ်သည်။ ထိုအခါ Overexpose ဖြစ်သွားမည်။ သို့သော် ဓါတ်ပုံ ဆရာသည် အထက် တွင် ဖေါ်ပြ ခဲ့ သည့် အတိုင်း Extreme Lighting area များကို ရှောင်ကာ  Average Lighting ရှိသည့် နေရာကို spot Metering ယူလိုက် သည် ကို ဆိုလိုပါသည်။ )




10-   Winter Mountains






ရှု မျှော်ခင်း များရိုက်ကူရာ တွင် Telephoto Lens များ ဘယ်နှစ်ခါ များသုံး တယ် လို့ ကြားဘူး ကြပါသလဲ။ 

အထက်ပါ Winter Mountain ပုံ ကို မူ Telephoto Lens သုံးကာ ရိုက်ထားခြင်း ဖြစ်ပါသည်။ ဤ သို့ ဖြင့် ပုံ အတွင်းက လ သည် ကြီး လာကာ  လှပသော Composition ရလာခြင်း ဖြစ်ပါသည်။


( ဖြည့် စွက်ရှင်း လင်း ချက် - သာမန် Lens ဖြင့် ရိုက်ပါမူ အဓိက ပြ လိုသည့် တောင်ထိပ် ရှိ ထင်းရှူး ပင် နှင့် ယင်း ကို Silhouette ပေးသည့် နောက် တွင် ရှိ လ သည် ဤ မျှ လောက် သွဲ စွာ ပေါ် ကာ ပုံ ကို အောင်မြင် စေနိုင် မည် မဟုတ်ပါ။ )









1   11- White Mountains, Waterfall





ဤ White Mountains, Waterfall တွင် အဓိက ပြ ထားသည် မှာ Slow speed နှင့် ရိုက် ထားသည့် အတွက် Silky water ဖြစ်လာသည်။ Beautiful Texture of Water ဖြစ်ပါသည်။ Natural Density Filter သုံးထား သည် ကို ယုံမှားသံသယ ရှိရန် အကြောင်းမရှိပါ။ အဆိုပါ Filter မျိုး သုံး သဖြင့် သာ ယခု ကဲ့ သို့  နေ့ ခင်း တွင် ဤ ကဲ့ သို့ ပုံ မျိုး ရခြင်း ဖြစ်ပါသည်။







12-   Backlit Mountain


1  




အထက်ပါ Back-lit Mountain ပုံကို မူလ က Colour နဲ့ ရိုက် ခဲ့ ပုံ ရပါသည်။ သို့သော် အရောင် အား မကောင်း သည့် အခြေ အနေမျိုး တွင် ဤကဲ့ သို့ အရောင် တစ်ရောင်ထည်း ဆန်ဆန် အရောင် အုပ်စု တစ်ခု ၏ မျိုးတူ အရောင် အပြင်း အပျော့များကို Sepia tone နှင့်    ( Monochrome ) အဖြစ်  ပြောင်း လိုက်ခြင်း ဖြင့် တောင်၏ ပုံသဏ္ဍန်  ကို ပို၍ ပေါ်လွင် လာစေပါသည်။




13-   Mountains against Colorful Skies





အထက်ပါ Mountains against Colorful Skies ကိုကြည့်ပါက Twilight ဟုခေါ်ကြ သည့် နေ၀င် ဖြိုးဖျ အချိန်သည် တောင်များ ကို ရိုက်ကူးရန်အကောင်းဆုံး အချိန် ဖြစ်သည်။ အရိပ်ကျနေသော နေရာ ကြောင့် တောင်များ၏ ခန့် ထည်ကြီး မားမှု ကို ပို၍ ပေါ်လွင် လာစေသည်။ ထို့အပြင် တိမ် တိုက်များ ၏ Formation of Cloud နှင့် ရေ ပြင် ၏ အရေး အကြောင်း Texture တို့က Long exposure ဖြင့် ရိုက်ထားသည် ကို ပေါ်လွင်စေသည်။ ဤ သည်မှာ လည်း ပုံ ကို ပံ့ ပိုးထားသော အလှ များ ဖြစ် ပါသည်။





14-   Snow Landscape





ဓါတ်ပုံ ဆရာ များသည် ရှု မျှော်ခင်းများရိုက်ရာ တွင် လူ ( Human element ) ကို မထည့် ဘဲ ထားလေ့ ရှိကြသည်။ အချို့ သောနေရာ များတွင် လူ ကို ထည့် ရိုက်ပါက ပို အသက် ၀င် သည် များလည်း ရှိပါသည်။ အထက်ပါ Snow Landscape တွင် ဓါတ်ပုံ ဆရာ သည် တမင်  လူ ( Human element ) ကို ထည့် ကာ ရိုက်ထားခြင်း ဖြစ်သည်။


ပုံ၏ Composition ကို သေသေချာချာ ချ ထားကာ Right exposure set လုပ် ထားပြီး လူ က မိမိ လို အပ် သည့်နေရာ ရောက်သည့် အချိန် တွင် ရိုက်ထား သည့် ပုံ ဖြစ်ပါသည်။





15-   Sunset on Chincey Massif






အထက်ပါ Sunset on Chincey Massif ပုံ ၌ အချို့ သောနေရာ များတွင် Underexpose ဖြစ်နေသည်ကို တွေ့ နိုင်သည်။ အဆိုပါ Underexpose ဖြစ်စေရန် ဓါတ်ပုံ ဆရာ က တမင် စီစဉ် ရိုက် ထားခြင်း ဖြစ်သည်။ Landscape ၏ ပုံစံ အကွေ့ အကောက် စသည် တို့ ၏ ခေတ်ပေါ်  Mod Tone ကို ရစေရန် အတွက် ဤ သို့ ရိုက်ထားခြင်း ဖြစ်သည်။ အားလုံးသော နေရာ များ exposure ညီနေပါ က ဤသို့ ပုံပေါ် လာမည် မဟုတ်ပါ။







16-   River Through a Valley





အထက်ပါ River Through a Valley ကို အလင်းရောင်ကို ဆန့် ကျင် ကာ Against the light ရိုက်ထားခြင်း ဖြစ်သည်။ အတန်ငယ် ရိုက်ရခက်သည့် Tricky business  ဖြစ်သည်။ အကယ် ၍ Frame အတွင်း နေလုံးပေါ် အောင် ထည့် လိုက် မည်ဆိုပါက ပုံ သည် Burn ဖြစ်သွား လိမ့် မည်။ ဓါတ်ပုံ ဆရာ သည်  ရေ ပေါ် တွင် ပေါ်နေသည့်  နေ ၏ Reflection ကို သာ ကျွမ်းကျင် လိမ်မာ စွာ ဖေါ် ယူ ထားသည် ကို တွေ့ နိုင်ပါသည်။






17-    Lahul Mountain Peaks






အထက်ပါ Lahul Mountain Peaks ပုံ တွင် High Contrast Low Key ဧရိယာ အတော် များများပါ နေသည် ကို တွေ့ ရမည်။ ဤ နေရာ တွင် spot Metering ကို ကျေးဇူး တင်ရမည်။ Spot Metering က ဤ သို့သော အလင်းရောင် အနေအထားမျိုးကို ပေးနိုင်သည်။ အကယ်၍ Exposure တွင် half stop လောက် ကွာ သွားလျှင် ပင် ဤ ကဲ့ သို့ ကောင်း မွန်သည့် အလင်း အမှောင် Contrasting tone  မျိုး ရနိုင် မည် မဟုတ်တော့ပါ။







18-   Moonlit Mountains




အထက်ပါ Moonlit Mountains ပုံ ကို ထင်ရှား  လှပ သည့် Colour tone များ နှင့် ဖွဲ့ စည်းထားသည်။ ပုံ အတွင်းရှိ လ ကို ပို ကြီးလာစေရန် Long Tele Lens ဖြင့် ရိုက်ထားခြင်း ဖြစ်သည်။






.

19-   New Zealand Fog Mountains





ယခု သုံးသပ် ဝေဘန် ရန် ရွေး ချယ် ထားသော ပုံ အများစု သည်  ဓါတ်ပုံ ဆရာ က Composition ကို သေသေချာချာ ချ ၊ ကင်မရာ ကို Tripod ပေါ်တွင် တင် ၊ Light Meter ကိုသုံး စသည်ဖြင့် စနစ် တကျ ရိုက် ထားသည့် ပုံများ ဖြစ်ကြသည်။  သို့ ရာ တွင် ဤ New Zealand Fog Mountains ပုံ မှာမူ ဤ သို့ ရိုက်ဟန်မတူ။ ဓါတ်ပုံ ဆရာ သည် ဤ ကဲ့သို့  တိမ် များ၏ လှပသည့် ရတောင့်ရခဲ  Formation ရှိနေချိန် လေးတွင် လု ကာ ရိုက်ခဲ့ ပုံ ရပါသည်။







20-   Mountain Lumber




ကျွန်တော် တို့သည် ရှုမျှော် ခင်း ပုံ များတွင် Colour Balance ဖြင့် ဖန် တည်း ထား သည့် ပုံများတွေ့ ရခဲပါသည်။ အထက်ပါ Mountain Lumber ပုံ တွင်မူ အပြာ ရောင်ကို  အဓိက ထားသည့် Colour tone ဖြင့်  ဖန်တည်း ထားသည် ကို တွေ့နိုင်ပါသည်။ ပုံ၏ Composition ကောင်းမွန်ပြီး Depth of Field  အတော် များများ ရ သည့် Aperture ကျဉ်း ကျဉ်း သုံးထား သည် ကို တွေ့ ရပါသည်။








21-   Dune Like Mountains




အထက်ပါ Dune Like Mountains ပုံ မှာ အရောင်အုပ်စု တစ်ခုထည်း မှ အရောင် အပြင်းအပျော့ အမျိုးမျိုး ( Subtle tonal change ) ဖြင့် ဖန်တည်း ထားသည်ကို ပြလို  ခြင်း ဖြစ်သည်။ ဤ သို့ ပြ လိုသဖြင့် လည်း ဤ ကဲ့ သို့ အရောင် မျိုး နွယ်စုတူ အရောင် စပ် Monochrome ဖန် တည်း လိုက်ခြင်း ဖြစ်သည်။







22-   Trekking in the Indian Himalayas







အထက်ပါ Trekking in the Indian Himalayas ပုံ သည်လည်း ယခင်က ပြော ခဲ့ သော ပုံ  အတိုင်းပင် နှင်းတောင် တွင် တက်နေသည့် လူ ( Human element ) ကို ထည့် ရိုက် ထားခြင်း ဖြစ်သည်။ ရိုက် ထားသည် Exposure အတော်မှန်ပါသည်။ သို့ မဟုတ်ပါ က ဤ ကဲ့ သို့ အဖြူ ရောက် လက် နေသည့် နေရာ မျိုးတွင် underexpose ဖြစ်သွားလေ့ ရှိသည်။







23-   The Alps





တစ်ခါ တစ်ရန် အထက်တွင် ပြ ထားသော The Alps ပုံကဲ့ သို့ တောင် နှင့် ရေပေါ်ရှိ အရိပ် တို့ ၏ အချိုးညီ ( Simple symmetry ) ပုံ မျိုး သည် လည်း မျက်စေ့ ထည်း တန်း ၀င် သွားသည့် ပုံ မျိုး ဖြစ်လာပါသည်။ Spot Metering နှင့် ရိုက်ထားသော ပုံ ဖြစ်သည်။






24-   Snowy Landscape





ဤ Snowy Landscape သည် ယခု သုံးသပ်နေသော Mountain Photography ပုံ မျိုး မဟုတ်ပါ။ သို့ရာ တွင် ဆွတ်ဆွတ် ဖြူနေသည့် နှင်း ကို တိကျ သော Exposure ရအောင် ယူ ထား ခြင်း၊ ရိုက်ရခက်သော ဖြူဆွတ်နေသည့် နှင်း ကို Detail ရနိုင်သလောက် ပေါ် အောင်ရိုက် ထားခြင်း နှင့်  ပြိုကျ နေသည့် နှင်းထု ကို Freeze လုပ်ရန် ယူ ထားသည့် Shutter speed တို့ ကြောင့် ဤ သို့ ပုံ ရ လာသည့်ကို  ပြ လိုသည့် အတွက် ဖြစ်ပါသည်။






_______________________________________________________________

No comments:

Post a Comment