Monday 17 February 2020

What Makes a Good Photograph




104 – What Makes a Good Photograph                                    ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၁၀၄ )


ဓါတ် ပုံကောင်း တစ်ပုံ ဖြစ် လာအောင် ဘာတွေ က ပံ့ပိုး ပေးထားသလဲ “
“What Makes a Good Photograph?”
By Ed Graham


စကားဦး

ဒီ မှတ်စုလေး ကတော့ ဓါတ်ပုံ ကောင်း တစ်ပုံ ဖြစ်လာ အောင် ဘယ်လို အချက် တွေ က လုပ်ပေး တာလဲ “What Makes a Good Photograph?” ဆိုတဲ့ Ed Graham ရဲ့ ဆောင်းပါးလေး ကို ဆီ လျှော်သလို ဘာသာ ပြန် ထား ခြင်း ဖြစ်ပါတယ်။

Ed Graham အနနဲ့ ကမ္ဘာ ပေါ် ရှိ နံမည် ကြီး ဓါတ်ပုံ ဆရာ အချို့ က သူတို့ ရဲ့ ဓါတ်ပုံ တစ်ပုံ ခြင်းစီ ရဲ့ ဖွဲ့ စည်း ရိုက်ကူး ထား ရာ မှာ ကြည့်သူ ရဲ့ ရင် ထဲ ရောက် ဘယ်အရာ တွေ နဲ့ ဖွဲ့စည်း ထားသလဲ ဆိုတဲ့ ရှင်းလင်း ပြော ကြား ချက်တွေ ကို ပြန်ရေး ထားတာ ဖြစ်ပါတယ်။

အဆိုပါ ဓါတ် ပုံ ဆရာ  များ က သူ တို့ ရဲ့ နံမည်ကြီး ဓါတ် ပုံ တစ်ပုံ စီ ကို ဘယ်လို စိတ်ကူးနဲ့ ရိုက်ထားတယ် ၊ ဘယ် လို အချက် တွေ က ကြည့်သူ ကို ဆွဲ ခေါ် သွား နိုင်တယ် ဆိုတာ ရှင်းပြ တာ ဟာ လိုရင်း တိုရှင်း မို့ ဝါသနာရှင်းမိတ်ဆွေ များ အတွက် ပြန် လည် မျှဝေ လိုက်ခြင်း ဖြစ်ပါတယ်။

ထိုဓါတ် ပုံ ဆရာ များ ပြော ကြားချက် နဲ့ အယူ အဆ များ အား လုံး ဟာ မှန် တယ် ၊ ကောင်းတယ်  လို့ တော့  အသေမှတ် လို့ တော့ မရ နိုင်ပါ။ အနု ပညာ ဆိုတာ ကိုယ်စီ ကိုယ် ငှ သော တစ်ဦး ခြင်းစီ ရဲ့ နှိူင်းရပ် ( Relative ) ခံ စား ချက်သာ ဖြစ် တဲ့ အတွက် တစ်ဦး ရဲ့ ခံ စား ချက် နဲ့ အ ခြား တစ်ဦး ရဲ့ ခံ စား ချက် တွေ ဟာ ထပ် တူ ကျ ဘို့  ဆိုတာ မလွယ် လှပါ။ သို့ သော် အများစု လက်ခံ ထားတဲ့ အချက် တွေ ကို တော့ ဥပဒေသ သဘောမျိုး မဟုတ် ဘဲ Guide Line သဘော မျိုး သာ မှတ်ယူ သင့် တယ် လို့ ယူဆပါတယ်။

ယခု ရေးသား မည့် ဓါတ် ပုံ များ နဲ့ ပတ်သက် တဲ့ ရှင်းလင်း ပြော ကြား ချက် များမှာ Scenery and Portrait လောက် သာ ဖြစ် တယ် လို့ ထင်ပါတယ်။

 ဒါ  ကြောင့် အနည်းငယ် ဖြည့် ရေး ရန် လိုအပ် တဲ့ အခြားသော ဓါတ်ပုံ ကဏ္ဌ များ နဲ့ ပတ်သက် တဲ့ အကောင်း အရာ အချို့ ကို နောက်ဆုံး အချုပ် မှာ ဖြည့် သွင်း ပေါင်းစပ် ထား ကြောင်း ဖေါ်ပြ အပ်ပါတယ်။



Knockout:  Photo taken by Neil Leifer (Sports Illustrated)
( လက်ရှိ အချိန် အထိ ထိပ်တန်း Sporting Photo ပုံ တစ် ပုံ ဆိုတာ  အငြင်း ပွားဘွယ်ရာ မရှိတဲ့ 25 May 1965 ရက် နေ့ မှာ Muhammad Ali က Sonny Liston ကို ဒုတိယ အချီ တွင် အလဲ ထိုး လိုက် သော ပုံ ။ )





What Makes a Good Photograph?

အောက် တွင် ရေးသားသည့်အခါ သုံးနှုံးသည် “ ကျွန်တော် “ ဟူ သော အသုံး အနှုံး မှာ ဆောင်းပါးရှင် Ed Graham ကို ကိုယ်စား ပြုပါတယ်။

ဘာကြာင့် အချို့ သော ပုံတွေ က အောင်မြင်ပြီး အချို့ က မအောင် မြင်ရတာလဲရှိပါတယ်။ မကြာ ခန ဆိုသလို ကျွန်တော် ရင်သပ် ရှုမော ရ လောက်တဲ့ ဓါတ် ပုံ တွေ ကို ကြည့် ရင်း ဒီ ဓါတ်ပုံဆရာ တွေ ဒီလို ပုံတွေ ကို ဘယ်လို ရှုမြင်ချက် တွေ နဲ့ များ ရိုက် ခဲ့ ကြ သလဲ ၊ ကြည့်သူ ကို ခင်ဗျား ဆိုရင်ရော ဘယ်လို မြင် မလဲ ၊ ကျွန်တော် ရော ဘာတွေ မြင်သလဲ စသည် ဖြင့်  အတွေး များ ပွား မိပါတယ်။

ဒီ ကိစ္စနဲ့ ပတ်သက် လို့ ကျွန်တော် နံမည်ကြီး ဓါတ် ပုံ ဆရာ များ ကို လည်း သူ တို့ ရဲ့ နံမည်ကြီး ပုံ များ နဲ့ ပတ်သက်လို့ ရှုမြင်တာတွေ ကို မေးခဲ့ ပါတယ်။

ဓါတ် ပုံ ဆရာ များစွား က အတော မသတ် နိုင် လောက်တဲ့ အမျိုးမျိုးသော အမြင်တွေ ပြော ကြ ပါတယ်။ သို့သော် အားလုံး သော ဓါတ်ပုံ ဆရာ တွေ အမျိုးမျိုး သော ပြော ကြ တဲ့ အချက် တွေ အ နက် အားလုံး မှာ သွားတူ နေတဲ့ အချက် တစ်ချက် တွေ့ ရပါတယ်။

ဒါ ကတော့ သူတို့ ရဲ့ ပုံတွေ ဟာ ကျွန်တော့် ရဲ့ စိတ် ကို လှုံ့ဆော် ဖမ်းစား နိုင်တဲ့ ( Inspiration ) စွမ်း ရည် ရှိကြတယ် ဆိုတာပါဘဲ။

ဒီလို အောင်မြင်တဲ့ ပုံတွေ ဟာ ကြည့် လို့ လှ ရုံတင်မက ကြည့်သူ ရဲ့ ရင်ထဲ ကို နက်နက် ရှိုင်းရှိုင်း စူးဝင် သွားစေနိုင်တဲ့ ပုံ များ ဖြစ်ကြပါတယ်။

နိုင်ငံတကာ နံမည်ကြီး ဓါတ် ပုံ ဆရာ တွေ က သူတို့ ရဲ့ ဓါတ်ပုံ တစ်ပုံ ခြင်းစီ  နဲ့ ပတ်သက် လို့ ရှင်းပြ တာကို တစ်ဦး ခြင်း အလိုက် ဖေါ်ပြပါမယ်။



Justin Mott

“ ကျွန်တော့်  ( Justin Mott )  Workshop တက်တဲ့ သင်တန်းသားတွေ ကို အဓိက ပြော တာ တစ်ချက် က - မင်းတို့ ရဲ့ ပုံ က ကြည့်သူ တွေ ကို ညှို့ ငင် ဖမ်းစား နိုင် အောင် လုပ် ခြင်ရင်  မင်းတို့ ပုံ က ကြည့် သူ ကို   စူးစမ်း လိုစိတ် ၊ ဒေါသ စိတ် ၊ ဝမ်းနည်း စိတ် ၊ ပျော်ရွှင် စိတ် စတဲ့ ခံစား မှု တစ်မျိုးမျိုး ကို ပေးနိုင်စွမ်း ရှိရမယ် လို့ ပြော လေ့ ရှိပါတယ်။ ပုံတစ် ပုံ မှာ  ရှိရမဲ့ အရေး အကြီးဆုံး အချက် ကတော့ ကြည့်သူ ရဲ့ ရင်ထဲ က ခံစားချက် ကို လှုပ် နှိုးနိုင် ဘို့ က အဓိက ပါဘဲ။ “


Burma by Justin Mott.



Justin ဟာ ဆုများစွာ ရ ထားတဲ့ ဓါတ် ပုံ ဆရာ တစ် ဦး ဖြစ်ပါတယ်။ The New York Times, Newsweek, Time, Forbes, Conde Nast Traveler, and National Geographic Traveler အပါ အဝင် များစွာသော  မဂ္ဂဇင်း ၊ စာစောင် တွေ မှာ  အလုပ် လုပ် နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။



Tanveer Badal

“ ခင်ဗျား တို့ အနေ နဲ့ ဘာဘဲ ရိုက်ရိုက်  စူးစူးစိုက်စိုက် ဂရု တစိုက် ရှိ ဘို့ လို ပါမယ်။ ဒီလိုပြော လိုက်တော့ ပိုတယ် လို့ ထင်နိုင်ကြ ပါမယ်။ ကျွန် တော် (Tanveer Badal  )  ဓါတ်ပုံ ရိုက်ခါ  စ က တွေ့ မြင် ကရာ ပန်း ကအစ တံခါး ဘုလုံး အဆုံး အကုန် လုံး သိမ်း ကျုံး ရိုက် တာပါဘဲ။ ရိုက် သမျှ စိတ်ထဲ လှတယ် ထင်တာ ပါဘဲ။

နောင် သဘာလေး ရလာတော့ ဒီလို ပေါက်ပန်းဆေး ရိုက်တာတွေ ကို ရပ်လိုက် ပါတယ်။ ကိုယ် ရိုက် ရမဲ့ Subject ကို အသေအခြာ လေ့ လာပါတယ်။ ငါ …ဘာကိုရိုက် သင့် သလဲ၊ ဘယ် လို ရိုက်ရင် သာမန် ကြည့်သူ ရဲ့ အာရုံ ကို ဖမ်းစား နိုင်မလဲ၊  မဖမ်း စား နိုင်တာ အပထား ကိုယ့် အာရုံ ကို အရင် ဖမ်းစားနိုင် မဲ့ ဟာ ကို အရင် စဥ်စား ပြီးမှ ရိုက်ပါတယ်။

ဒီလို ဆင်ခြင် ရှု မြင်ပြီးမှ ကျွန်တော် Light, Weather, Seasons တွေ ကို ရိုက်ပါတယ်။ အတော် များများသော ပုံ တွေ ဟာ ခေတ်စကားနဲ့ ပြော ရရင် “ ပေါက် “ ပါတယ်။

ပုံ တွေ ဟာ အမြင် ကို စေ့ဆော် ဖမ်း စား နိုင်ပြီ ဆိုပါက ကျွန်တော့ အနေနဲ့ စိတ်ရော ကိုယ်ပါ “glorious state “ ကို ရောက် လာတော့ တာပါဘဲ။




Tanveer ဟာ အမေရိကန် အစ ဘင်္ဂဘားဒေ့ရှ် အဆုံး အနေရာ အနှံ့ မှာ travel and wedding photographer အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။



Jon Reid

ဓါတ် ပုံ ဆိုင်ရာ နည်းပညာ တွေ မှာ ၁၀ နှစ်လောက် တစ်စိုက် မတ်မတ် လုပ်ကိုင် ခဲ့ ပြီနောက် ရ လာတဲ့ အသိ တစ်ခု က ဓါတ် ပုံ ကောင်း တစ်ပုံ ဆိုတာ ကြည့်သူ ရဲ့ ခံစား မှု အာရုံ ကို ဆွဲယူ နိုင်စွမ်း ရှိတဲ့ ပုံ ဆိုတာ ကို သိလာပါတယ်။

ဓါတ်ပုံ ရိုက်တဲ့ အခါ ကောင်းတာ မကောင်း တာ အပထား ကျွန်တော် (Jon Reid) တို့ စိတ် ထဲ ထင်ရာ အားလုံး သိမ်းကျုံး ပစ်ထည့် ပြီး ရိုက်တာ မျိုး လည်း ရှိပါတယ်။ ဒါ ကတော့ သီးခြား  ကိစ္စလို့ ဆိုရပါမယ်။

ဒါပေမဲ့ ပုံ တစ်ပုံ ဟာ သာမန် မြင်ရိုး မြင်စဥ်  မဟုတ်ဘဲ သဘော ရိုး လေး အတိုင်း နဲ့ ပင်  လှနေလို့ ပါးစပ် ‌ဟောင်းလောင်း ပွင့်သွားအောင်ကာ တစ်အံ့ တစ် ဩ  ဖြစ်ရတဲ့ ပုံ မျိုး ဒါ မှ မဟုတ် ကြည့် ရတာ ကို က အချိုး မကျ လို့  ဒေါသ ဖြစ်လာရတဲ့ ပုံမျိုး ၊ ဒီလို ပုံမျိုးတွေ ဟာ Emotion ကို နှိုး ဆွ နိုင်တာမို့ ပုံကောင်း လို့ ဆိုရပါမယ်။

အချို့ ပုံတွေ ဟာ နည်းပညာ ပိုင်းအရ ကြည့် ရင် လည်း ဆိုးဆိုး  ရွားရွား ၊ ဖွဲ့ စည်း ပူံ ကလည်း ညံ့ ၊ ပုံ ဖေါ် ဆောင်ချက် က လည်း မကောင်း ၊ ဒါ ပေမဲ့ ကြည့် သူရဲ့ စိတ် အလျှင် ကို နှိုးဆွ နိုင်တဲ့ Emotional response ရှိ တဲ့ အတွက် အောင်မြင် တဲ့ ပုံ ဖြစ်လာပါတယ်။


Jon နံ့ သူ့ ဇနီး Tina တို့ ဟာ လန်ဒန် အ‌‌ခြေ စိုက် freelance photographers များ ဖြစ်ကြ ပါတယ်။ သူတို့ ရဲ့ Professional Pictures များကို ကြော်ြငာ ၊ ဒီဇိုင်း ၊ မဂ္ဂဇင်း
 တွေ မှာ များစွာ သုံး ကြပါတယ်။



 Larissa Olenicoff

ဓါတ်ပုံကောင်း တစ်ပုံ ဆိုတာ သင့် ကို ပုံ ထဲ ရောက်သွားအောင် နစ်မြော သွား စေပြီး သူတို့ က သင့် ကို ပြော လို တဲ့ Story ပြော နိုင်တဲ့ ပုံ မျိုး ဖြစ်ပါတယ်။ ပုံကောင်းတစ်ပုံ မှာ ရှိရမဲ့ အချက် တွေ က အထက် မှာ ပြော ထားတဲ့ အချက် တွေ ပါဘဲ။ ဒီ အချက် တွေ ဟာ Great Picture ဖြစ်စေမဲ့ အဓိက အချက် တွေ ပါဘဲ။




Larissa ဟာ သူ့ ပုံ တွေ ကို iPhone နဲ့ ရိုက်ပြီး ထိပ်တန်း Creative Edit လုပ်သူပါ။ သူ့ ပုံတွေ ကြည့် ပြီး ကျွန်တော့် (Ed Graham  ) DSLR ကို လွင့်ပစ်ခြင်စိတ်ပေါက်လာပါတယ်။



Colin Roohan

ပုံ တစ်ပုံ ရိုက်တဲ့ အခါ မှာ စနစ်တကျ Framing လုပ် တာ အတော် အခရာ ကျပါတယ်။ ကြည့် သူ ကို ဖမ်း ချုပ် ထား နိုင်တဲ့ နည်း ဖြစ်ပါတယ်။ မထင်မှတ်တဲ့ အချက် တွေ က ကြည့်  သူကို သူ့ ရဲ့ Frame ထဲ ဆွဲသွင်း ပြီး သူ ပြာ လိုတဲ့ ပုံပြင် လေး ကို  ပြော ပါ လိမ့် မယ်။ ဓါတ် ပုံ ဆရာကောင်း တစ်ဦး ဆိုတာ Lens က နေ ကြည့်သူရဲ့ Emotion ကို နှိုး ဆွ နိုင် သူဘဲ ဖြစ်ပါတယ်။



Colin ဟာ AFAR Magazine, Travel + Leisure, The Royal Geographical Society’s Hidden Journeys, Groove Magazine, အပါအဝင် မဂ္ဂဇင်း ၊ ဂျာနယ် စာစောင် များစွာ တွေ အတွက် အလုပ် လုပ်ပေး နေသူ ဖြစ်ပါတယ်။




David Lazar

ဓါတ်ပုံကောင်း တစ်ပုံ ဖြစ်ဘို့ ကိုယ် ရိုက် မဲ့ အကြောင်း အရာ ကို စိတ်တင်စားမှု ရှိရပြီး ၊ ထိတွေ့ မှု ရှိနေဘို့ လည်း လိုပါတယ်။ ရိုက်မဲ့ အကြောင်းအရာ ကို နစ်နစ် နဲနဲ စိတ်ဝင်စား ကာ ထိထိ တွေ့ တွေ့ လည်း ရှိ နေပါက နည်းပညာ ပိုင်း ဆိုင်ရာ ဖြစ်တဲ့ အချက်များ ဥပမာ အားဖြင့် Focus ပြတ်သားမှု ၊ ဖွဲ့ စည်း ( Composition ) မှု အားနည်း ခြင်း အတော်အသင့် ရှိနေ စေကာ မူ အဓ္ဓိပါယ် ရှိတဲ့ ပုံကောင်းတစ်ပုံ ဖြစ်လာနိုင်ပါတယ်။

နည်းမှန် လမ်း မှန် အား ဖြင့် ဆိုရ ရင်တော့ -

-                -   Engaging subject matter,

-          -           lighting, 

-               Composition and a sharp focal point ,

 စသည်တို့ ဟာ ပုံ တစ်ပုံ ကို ကနဦး ဆွဲ ဆောင်မှု ရှိစေမှု နဲ့ ပုံ ရဲ့ အနုပညာ အဆင့် အတန်း ကို အထောက် အပံ့ ဖြစ်စေတဲ့   အချက် များ ဖြစ်ကြပါတယ်။ Focus ပြတ်သား မှု ဟာ ကြည့် သူကို ကနဦး ဆွဲဆောင် နိုင်တဲ့ အချက် ဖြစ်ပါတယ်။

စိတ်၀င် စား ဘွယ်ရာ အကြောင်းအရာ သိပ် မရှိစေကာမူ အထက် မှာ ပြော ထားတဲ့ အချက် တွေ အားကောင်းနေရင် ပုံ ဟာ စွဲဆောင် မှု ရှိတန် သလောက် ရှိတဲ့ ပုံ ဖြစ်လာ နိုင် ပါတယ်။
လူတိုင်း ကတော့ ပုံ ထဲ က အမျိုးမျိုးသော အကြောင်း အရာ တွေ  ကို အနည်းနဲ့ အများ ရှာ ကြည့် တတ် ကြ ပါတယ်။ ဒီ အကြောင်းအရာ တွေ က လည်း ဆွဲဆောင် မှု ကို သူ့ အတိုင်း အတာ အလျှောက် ပေးကြ ပါတယ်။ ဒါပေမဲ့  အဓိက Subject matter ကို ထင်ရှားစွာ ပြ မြင်အောင် ပြနိင်တဲ့ ပုံ  ဖြစ်ပါက ဆွဲဆောင်မှု ရာ ခိုင်နှုန်း များစွာ မြင့်တက်လာပြီ အောင်မြင်တဲ့ ပုံ ဖြစ်လာပါ လိမ့် မယ်။




David ဟာ Australia နိုင်ငံ Brisbane က ဖြစ်ပါတယ်။ သူဟာ Light နဲ့ Color တွေ ရဲ့ Contrast ကို သုံး ပြီး ကြည့်သူကို ဆွဲဆောင် တဲ့ နေရာ မှာ အလွန်တော်သူဖြစ်ပါတယ်။ အထက်က ပုံ ကို သူ ဒီ နည်း သုံး ထားတာ တွေ့ ရပါမယ်။

၂၀၁၂ ခု နှစ် မှာ Travel Category ဖြစ်တဲ့ Smithsonian Photography ပြိုင် ပွဲ မှာ Winner ဆု ရ ခဲ့ ပါတယ်။ သူ့ ပုံတွေ ကို Travel and photography magazines တွေ မှာ တွေ့ နိုင်ပါတယ်။



Mitchell Kanashkevich

ကျွန်တော့ (Mitchell ) အတွက် တော့ ဓါတ်ပုံ တစ်ပုံ အတွက် အရေးအကြီးဆုံး အစိတ် အပိုင်းဟာ လက်ဆုပ် လက်ကိုင်ပြ ထိတွေ့ လို့ ရတဲ့ အရာ မဟုတ် ဘူးလို ဆို ခြင်တယ်။
ပုံ က ကြည့် သူ ကို စိတ်ဝင်စား လာအောင် ဆွဲဆောင်( Engage)  နိုင်ရမှာ ဖြစ်ပါ တယ်။ ဒီလို Engage လုပ်တယ် ဆိုရာ မှာ နည်း အမျိုးမျိုး ရှိနိုင်ပါတယ် -

-                                Composition,

-                                   light,

-       The choice of subject  တို့ နဲ့ လည်း Engage လုပ် နိုင်ပါတယ်။

အထက် က ပြောတဲ့ အချက် တွေ က “ ဓါတ် ပုံကောင်း တစ်ပုံ ဖြစ် လာအောင် ဘာတွေ က ပံ့ပိုး ပေးထားသလဲ “ မေးခွန်းကို တစ်စိတ် တစ်ပိုင်း လောက် ဖြေ ပေးလိမ့် မယ် ထင်ပါတယ်။







Michell ဟာ  professional photographer တစ်ဦး ဖြစ်ပြီး NY Institute of Photography Book “Top Travel Photo Tips” နဲ့  Lonely Planet Traveler စာအုပ်များ အပြင် များစွာ သော မဂ္ဂဇင်း ၊ စာစောင် များတွင် ဆောင်းပါး များ ရေးသားနေသူ တစ် ဦး ဖြစ်ပါတယ်။




Dario Endara

ဓါတ် ပုံကောင်း တစ်ပုံ ရဲ့ အရေး အကြီးဆုံး အချက် တစ်ခုက ‌တော့ ကြည့်သူနဲ့ ဓါတ်ပုံ တို့ အခြင်းခြင်း အပြန် အလှန် ဆက်သွယ် မှု ( Mutual Communication ) ရှိ ရမဲ့ အချက် ဘဲ ဖြစ်ပါတယ်။ ဒီတော့ မှ ပုံ က သူပြော လ်ို ပြလို တဲ့ အကြောင်း အရာ ( Story ) ကို သူ့ရဲ့ Composition, Lighting, တို့ အပြင် အရေး အကြီး ဆုံး ဖြစ်တဲ့ ပုံ ရဲ့ဖွဲ့ စည်း တည်ဆောက်  မှု အကြောင်းအရာ ( Subject Matter ) တို့ နဲ့ ပြော နိုင် မှာ ဖြစ်ပါတယ်။ 








Dario ဟာ နယ်သာလန်မှာ နေထိုင်တဲ့ အမေရိကန် တစ် ဦး ဖြစ်ပါတယ်။ Dario ဟာ travel, Wedding, Portrait, and Underwater scenes တို့ အပြင် အခြား များစွာ ဓါတ် ပုံ များကို ရိုက်ကူးသူ တစ်ဦး ဖြစ်ပါတယ်။ တတ်နိုင် သမျှ ကမ္ဘာ အနှံ့ သွား ကာ ရိုက် လိုတဲ့ ဆန္ဒ သူ တစ်ဦး ဖြစ်တာကြောင့် နိုင်ငံပေါင်း (၃၀) ကျော် သွားရောက်  ရိုက်ကူး ပြီး ဖြစ်ပါတယ်။


Clare Absolon

ကျွန်မ ( Clare ) အမြင်ကို ပြော ရရင် ပုံကောင်း တစ် ပုံ ရဘို့ Professional Photographer တစ်ယောက် ဖြစ်ဘို့ မလိုပါဘူး။ ပုံ တစ်ပုံ မှာ ပါရ မဲ့ အရေးအ ကြီးဆုံး အချက် ဖြစ်တဲ့ ပုံ က ပြော လို ပြလို တဲ့ အကြောင်းအရာ ( Story ) ကို ကြည့်သူ ကို ပြောနိုင် ပြနိုင် ဘို့ ဘဲ လိုပါတယ်။ ဒီ လို ပြ နိုင်ဘို့ အခြေခံ အချက် တွေ က တော့ composition and lighting တို့ ကို အမိဖမ်း နိုင်ဘို့ လိုပါတယ်။

ကျွန်မ သဘော အကျ ဆုံး ဓါတ်ပုံ ဆရာ တွေ ရဲ့ ပုံ တွေ ဟာ ကြည့်သူရဲ့ ခံစားချက် ဒါ မှ မဟုတ် အမှတ်တရ တသသ  ဖြစ်စေနိုင်မှု ကိုနှိုးဆွ နိုင် ပြီး ကြည့်သူ ကို ပုံ ထဲ ဆွဲခေါ် သွား နိုင် တဲ့ ပုံ တွေ ဖြစ်တာ တွေ့ ရပါတယ်။






Clare ဟာ သူ ရဲ့ ပုံတွေ ကို classical perfection နည်း နဲ့ ပြင်သူမို့ Film ပုံစံ ပေါက် နေတာ တွေ့ ရပါတယ်။ ကမ္ဘာ လှည့် ကာ ဓါတ် ပုံ ရိုက်နေသူတစ်ဦီး ဖြစ်ပါတယ်။



Mark Timothy

ဓါတ်ပုံကောင်း တစ်ပုံ ရဲ့ အရေး အကြီးဆုံး ရှိရမဲ့ အချက် က ပုံ ထဲ က Subject ရဲ့ စွမ်းအင် ( Energy ) ကို မိအောင် ဖမ်း နိုင်ဘို့ ဘဲ ဖြစ်တယ်။ လူ အများစု က Photographer ကောင်းတလာဘို့ ဘာတွေ က လုပ်ပေးနေသလဲ ဆိုတာ ကို မေးလေ့ ရှိကြတယ်။
အမှန် တကယ် မေး ရမှာက -

 ကင်မရာ ခလုပ် မနှိပ် မှီ ခင်ဗျား   ရိုက်ရမဲ့ Subject ကို ခင်ဗျား   ဘယ် လို မြင်သလဲ ၊ ဘယ်လို ရှုမြင် သုံးသပ် ( Observe ) သလဲ “    လို့ မေးရ မှာ ဖြစ်တယ်။

Great Photographers are all Great observers first ဆိုတဲ့ အဆို ရှိပါတယ်။



Mark ဟာ သဘာဝ အလင်းရောင်နဲ့ Patterns နဲ့ Movements တွေ ကို ရိုက်တဲ့ ဓါတ်ပုံ ဆရာ တစ်ဦး ဖြစ်ပါတယ်။ တစ်ခါ တစ်ရန် မှာ ပုံ ရဲ့ ပြတ်သားတဲ့ အနားတွေ ကို   ဝါး
နေစေ ကာ ပြလိုတဲ့ Subject ရဲ့ Core Energy ရအောင် ရိုက်လေ့ ရှိပါတယ်။



Ken Kaminesky


ဓါတ်ပုံ ဆရာ ကောင်း တစ်ယောက် ကို ခြုံငုံ သုံးသပ် တော့ မည် ဆိုရင် ဘယ်လို ဓါတ် ပုံ မျိုး ကို မူတည် သုံးသပ် မလဲ ဆိုတာ သတ်မှတ်  ဘို့ လိုပါတယ်။ ဓါတ်ပုံ ဆိုရာ မှာ Newsworthy photograph, fashion photographs, travel photographs, food photographs, စသည်ဖြင့် အမျိုးမျိုး ရှိကြ သလို ရိုက်ကူးရာ မှာ လည်း အလေး ထားမှဒ တွေ ဟာ ဘာသာရပ် တစ်ခု နဲ့ တစ်ခု လည်း များစွာ ခြားနားပါတယ်။

ဥပမာ တစ်ခု အဖြစ် ကျွန်တော် ( Ken ) ရိုက် တဲ့ Travel photography ရဲ့ အဓိက အချက် ကတော့ ပုံ တွေ ကို လူ တွေ က ကြည့် ပြီး ပုံ တစ်ပုံ ကိုကြည့် ပြီး အဲဒီ နေရာ ဒေသ တစ်ခု ကို သွားရောက်လည်ပတ်တယ် ဆိုရင် ဒီပုံ ဟာ အောင် မြင်တာပါဘဲ။




Ken ဟာ Alamy, Jupiterimages, Corbis and Getty Images စတဲ့ Stock agency တွေ အတွက် Lifestyle Image တွေ ကို ဆယ်စု နှစ် တစ်စု ကျော် ရိုက်ပေးနေသူ ဖြစ်ပါတယ်။ ခရီးပေါင်း များစွာ သွား ကာ မှတ်တမ်း ပုံများစွာ ရိုက်သူ ဖြစ်ပါတယ်။



Matt Brandon

ကျွန်တော် တို့ အနေနဲ့ လူပုံ Portrait ရိုက် ကြရင် Subject ရဲ့ စိတ် အတွင်း ခံစား ချက် ကိုဖေါ် ထုတ် ကာ ရိုက်နိုင်ဘို့ က အခရာ ပါဘဲ။ ဒီလို ပြော တော့  Technical သဘော တွေ ဖြစ်တဲ့ Composition, Correct exposure, Focus တို့ ကိုရော ထည့် ပြော စရာ မလို တော့ ဘူး လို့ လဲ ပြော လို့ မ ဖြစ်ပါဘူး။ ဓါတ်ပုံ သမိုင်းစဥ် တစ်လျှောက်မှာ Emotional image တွေ Technical perfect image တွေ ထက် ပို ကောင်းတာ ကို အမှတ်ရမိပါတယ်။ Portrait တစ်ခု လုံး က Emotion ကို မပေးနိုင်စေကာမူ မျက် နှာ ကို ကြည့် ခြင်းဖြင့် ခံစားချင် တစ်ခု ခု ကိုပေးနိုင်ဘို့ လိုပါတယ်။




Matt ဟာ မလေးရှားအခြေ စိုက်  humanitarian, travel photographer တစ်ဦး ဖြစ်ပါတယ်။  NGO များနဲ့ ပူးပေါင်းကာ လူတွေ ရဲ့ ဖြစ်စဥ် များ အကောင်းလေ့ လာရေးသာပြီး Field staff များ ကို လေ့ ကျင့် သင်ကြားပေး  နေသူ တစ်ဦး လည်း ဖြစ်ပါတယ်။ သူ့ ရဲ့ ပုံများကို Partner Aid International, NeighborWorks, the BBC, Honda Motor Corporation, and Bombadier Transport Corporation, Asian Geographic, KLM Airlines စတဲ့ လုပ်ငန်း ဌာန တွေ က အသုံးပြု ကြပါတယ်။



Richard I’Anson

Light ရဲ့ စွမ်းရည် ဟာ Subject or Scene တစ်ခု ကို သာမန် အနေ အထားကနေ  ထူး ခြားတဲ့ အနေအထားရောက် လာအောင် လုပ်ဆောင် နိုင်တဲ့ Powerful Tool တစ်ခု ဖြစ်ပါတယ်။ ဒီလို ဖြစ်လာ တာ  ဖြစ်မလာတာ ကတော့ ဓါတ်ပုံ ဆရာ ရဲ့ လက်ထဲ မှာ ဘဲ ရှိပါတယ်။ ကျန်တဲ့ အချက် တွေ ရဲ့ စွမ်းအားတွေ ကတော့ အားလုံး အတူတူ အနေအထားမှာ ရှိပါဘဲ။ Light က တော့ ပုံကောင်း ဖြစ်လာမလား ၊ ပုံဆိုး ဖြစ်လာမလား ဆိုတာတွေ ကို အမြန်ဆုံး  အဆုံး အဖြတ် ပေး တဲ့ အရာဖြစ် ပါ တယ်။




Richard ဟာ travel photography စာအုပ်တွေ ရေးပါတယ်။ စာအုပ် ပေါင်း (၁၀) အပ် ရေးခဲ့ပါတယ်။ Lonely Planet’s Guide to Travel Photography စာအုပ်တွေမျာ လည်း ရေးပါတယ်။ နှစ်ပေါင်း (၃၀) ကျော် အတွင်း တိုက်ကြီး ( Continents ) ၇ တိုက်။ နိုင်ငံပေါင်း (၈၅) နိုင်ငံ ကိုသွားရောက်ခဲ့ ပါတယ်။ ခရီးမထွက် တဲ့ အချိန် မှာ Australia နိုင်ငံ Sydney မှာ နေပါတယ်။



ကျွန်တော် (Ed Graham ) လေ့ လာ  မှတ်သား မိ တာလေးများ။

ကျွန်တော် ဒီ Project ကို လုပ် ခြင် နေတာ ကြာပါပြီ။ အခု လို Talented photographers များ ပါဝင်ကူညီ တာကိုလည်း များစွာ ၈ုဏ် ယူ ဝမ်းမြောက် မိပါတယ်။ Photographer တစ်ဦး ပြော တာနဲ့ အခြား  တစ်ဦးပြော တဲ့ အချက် တွေ မတူ  ကြစေကာမူ အဆိုပါ ထိပ်တန်း ဓါတ် ပုံ ပညာ ရှင် တွေ အားလုံး ဟာ ဓါတ်ပုံ ဆိုင်ရာ အခြခံ အချက် တွေ ကို အဓိက အာရုံ စိုက် တာတွေ့ ရပါတယ်။

ဒါ  ကြောင့် ပုံကောင်း ရ လို ဘယ်သူ မဆို ဓါတ်ပုံ ဆိုင်ရာ အခြခံ အချက် တွေ ကို အဓိက အာရုံ စိုက်သင့်တယ် လို့ ဆိုခြင်ပါတယ်။

အထက် က ဓါတ် ပုံ ပညာ ရှင် တွေ ပြော ကြားချက် တွေ မှာ သူတို့ ဘယ်လို ကင်မရာ တွေ ဘယ် လို ပစ္စည်း တွေ သုံးတယ် ဆိုတာ မပါ ပါဘူး။ အထက်က ပုံ တွေ ကို သူ တို့ ဘာ ကင်မရာ တွေ နဲ့ ရိုက်တယ် ဆိုတာ ကိုလည်း ကျွန် တော် မသိပါ။ ဒါ က အကြောင်း မဟုတ်ပါဘူး။

အဓိက အချက် က သူတို့ ရဲ့ ပုံတွေ ထဲ မှာ နစ်မြော သွားရင်း သူ တို့  ဒီ လို စိတ် ကူးနဲ့ ဒီလို ခံစား နိုင်အာင်  ရိုက် တာ ပါ လား ဆိုတာ သိဘို့ သာ အဓိက ဖြစ်ပါတယ်။


ကျွန်တော် ( S.H ) ရဲ့ အချုပ် စကား ။

အထက်ပါ ဖေါ် ပြ ချက် တွေ က တော့ Ed Graham က ပုံ ကောင်းတစ်ပုံ မှာ ရှိ ရ မည့် အချက် တွေ နဲ့ ပတ်သက် ပြီး ထိပ်တန်း ဓါတ်ပုံ ပညာ ရှင် များ ကို တွေ့  ဆုံ မေးမြန်း ပြီး ရေးထားတာ ဖြစ်ပါတယ်။

သူ့ ရဲ့ အဆုံးသတ် ရေးသားမှု မှာ …” အထက် က ဓါတ် ပုံ ပညာ ရှင် တွေ ပြော ကြားချက် တွေ မှာ သူတို့ ဘယ်လို ကင်မရာ တွေ ဘယ် လို ပစ္စည်း တွေ သုံးတယ် ဆိုတာ မပါ ပါဘူး။ အထက်က ပုံ တွေ ကို သူ တို့ ဘာ ကင်မရာ တွေ နဲ့ ရိုက်တယ် ဆိုတာ ကိုလည်း ကျွန် တော် မသိပါ။ ဒါ က အကြောင်း မဟုတ်ပါဘူး။….”…. လို့ ရေးသား ထားတာ တွေ့ ရပါတယ်။

အမှန် တော့....ဓါတ်ပုံ တစ်ပုံ ဖြစ်ပေါ် လာရာ မှာ အနုပညာ နဲ့ နည်းပညာ ( Art + Technical ) နှစ်မျိုး ပေါင်းစပ် ထား တဲ့ အရာ လို့ ဆိုရပါမယ်။ အထက် မှာ ဖေါ်ပြထားတွေ က အနုပညာ ဆိုင်ရာ အကြောင်း အချက် တွေ ဖြစ်ပါတယ်။ ရိုက် တဲ့ ကင်မရာ ၊ Lens ၊ Software စသည် တို့ က နည်းပညာ ပိုင်း ဆိုင်ရာ များ  ဖြစ်လို့ Technical ပိုင်းဆိုင်ရာ များ  မပါ တာ ဖြစ်ပါတယ်။

အထက်မှာ ရေးထားတဲ့ ဓါတ်ပုံ များ ရဲ့ သဘာဝ အရ အနုပညာ ပိုင်းကို သာ အဓိကထား  ပြောဆို ကြ တဲ့ အတွက် ယခုမှတ်စု မှာနည်းပညာ ပိုင်းဆိုင်ရာ ဖြစ်တဲ့ ကင်မရာ တွေ Lens တွေ မပါတာ မှန်ပါတယ်။ ရိုက်တဲ့ ကင်မရာ Lens တွေ အကြောင်း ပြော ဘို့ မလို တဲ့ အကြောင်းအရာ တွေ ဖြစ်ပါတယ်။

ဒီတော့ Technical ပိုင်း ဖြစ်တဲ့ Camera တွေ Lens စတဲ့ ကိရိယာတွေ က အရေး မပါတော့ ဘူးလား  လို့ တစ်ဘက်သတ် ယူဆ မသွား သင့်ဘူး လို့ ထင်ပါတယ်။

ဓါတ်ပုံ မှာ အထက်မှာ ရေးသား ထားတဲ့ Subject တွေ အပြင် Technical ပိုင်းဆိုင်ရာ ဖြစ်တဲ့ Camera, Lens, Flash, …..တဲ့ ပစ္စည်းတွေ ရဲ့ အကူ အညီ မရ ရင် မဖြစ်တဲ့ Subject တွေ လည်း ရှိပါတယ်။

ဥပမာ အား ဖြင့် Macro ပုံ ကောင်း တစ်ပုံ ရဘို့  Macro Lens လိုပါမယ်၊ အနုစိပ် တွေ ဖေါ် နိုင်ဘို့ Megapixel အတော် အသင့် ရှိ ကင်မရာ လိုပါမယ်။ Bird-in-Flight ရိုက်ဘို့ Long Tele Lens နဲ့ Frame Advance Rate များများ ရိုက်နိုင် တဲ့ ကင်မရာ လိုပါမယ်။

ကဲ …ဒါ တွေ မရှိ ရင် ကော ရိုက်လို့ မရ ဘူးလားလို့ မေး ခြင် လည်း မေးနိုင်ပါတယ်။

အဖြေ ကတော့ .. ရိုက်နိုင်ပါတယ် ၊ ဘာနဲ့ ရိုက်ရိုက် ရိုက်လို့ ရပါတယ်။ သက်ဆိုင်ရာ Subject နဲ့ ဆိုင်တဲ့ ပုံ မရ နိုင်ပါဘူး လို့ တော့ အသေ ပိတ် ပြီး မပြော လိုပါဘူး။ ရ ဘို့ အလွန် ခက် မယ် လို့ ဘဲ ပြော ပါရစေ။

“ အရာ ရာ မှာ ၊ ငါ,,, မပါ မပြီး ၊ ငါ…ချဥ်း တော့ လည်း ၊ အရာ ရာ မပြီး ၊ အများသူ ငါ ၊ အားလုံးပါ မှ ပြီး၏ “  လို့ ဆိုတဲ့ ကွန်မြူနစ် လူထွက်ကြီး ဦးဖိုးကွန်း ရေးတဲ့ သံဝေဂ ကထာ လေး နဲ့ အဆုံး သတ် လိုက်ပါရစေ။

---------------------------------



1 comment:

  1. Izin promo ya Admin^^

    Bosan gak tau mau ngapain, ayo buruan gabung dengan kami
    minimal deposit dan withdraw nya hanya 15 ribu rupiah ya :D
    Kami Juga Menerima Deposit Via Pulsa x-)
    - Telkomsel
    - GOPAY
    - Link AJA
    - OVO
    - DANA
    segera DAFTAR di WWW.AJOKARTU.COMPANY ....:)

    ReplyDelete