(44) Documentary Photography ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၄၄)
မှတ် တမ်း
ဓါတ်ပုံ ရိုက်ကူးခြင်း
( Documentary
Photography )
By Soe
Hlaing
စကားဦး
ဓါတ်ပုံ ပညာရပ် နှင့်ပတ်သက်၍
ရေးပြီး သည့် အကြောင်း အရာ များ မှာ အတော် များ နေပြီ ဖြစ်သဖြင့် ထပ်ရေးရန် ခေါင်း
စဉ် ရှာ ရ ခက်နေပါသည်။ အဆိုပါ အဖြေ အနေမျိုး တွင် တစ်စုံ တစ်ဦး သော မိတ်ဆွေ က ရေး
ရန် ခေါင်းစဉ် လေးများ ပေး လာလေ့ ရှိပါသည်။ ထိုစဉ် မှသာ သတိရပြီး အဆိုပါ ခေါင်းစဉ် ကို ရေး ရ သည်လည်း ရှိပါသည်။
ယခု ရေးသားမည့် Documentary Photography
ဆိုသည်မှာ လည်း အဆိုပါ ဖြစ်ရပ်တွင် ပါ ၀င်ပါသည်။ စင်စစ်အား ဖြင့် ဤ အကြောင်း
အရာသည် ၀ါသနာ ဆိုင်ရာ ဓါတ်ပုံ ပညာ ရပ် သက်သက် ထက် လုပ်ငန်း တာဝန် အရေ ဆောင်ရွက်
ရသည့် Assignment လုပ်ငန်း သဘော မျိုး
ပါသည့် ဘာသာရပ်လည်း ဖြစ်ပါသည်။ ထို့ ကြောင့် အဆိုပါ လုပ်ငန်း ကို စိတ်ဝင်စားသူများ
နှင့် လုပ်ငန်း တာဝန် ဆက်စပ် မှုရှိသူများ သာ
ထိစပ် ယဉ်ပါးသည့် ဘာသာရပ် ဟု ဆိုရမည် ဖြစ်ပါသည်။
Documentary photography
Documentary
photography သည် အချိန်နှင့် လိုက်ကာ ဖြစ်ပျက် နေသည့် ဖြစ်ရပ်နှင့် ၄င်း၏သမိုင်း ဆိုင်ရာ
အကြောင်း အချက် များကို ရိုက်ကူးသည့် ဘာသာ ရပ်ဖြစ်သည်ဟု ကမ္ဘာကျော် Wikipedia Encyclopedia
က အဓိပ္မါယ် ဖွင့် ထားပါသည်။
ဤ ရိုက်ကူး ခြင်းသည် အနုပညာရပ် တစ်ခု အနေနှင့်ဖြစ်စေ ပညာရပ်တစ်ခု အနေနှင့် ဖြစ်စေရိုက်ကူး ကြပါသည်။ ရိုက်ကူးရာ တွင်လည်း အမြင့်တန်း
Professional ဖြစ်စေ ၀ါ သနာရှင် ဖြစ်စေ မည်သူ မဆို ရိုက် ကူးနိုင်သည့် ဘာသာရပ် ဖြစ်ပါသည်။
ဤ ဘာသာရပ်သည် Street Photography ဆန်ဆန် အဖြစ်မှန် အား ဦးတည်ချက် ဖြင့် အထူးသဖြင့်
လူ့ ဘ၀၏ဖြစ်ရပ် မှန် များကို ရိုက် ရသည့် ရိုက် ကူး နည်း ဖြစ်ပါသည်။
A room in the
Central Methodist church used for individuals with HIV. Johannesburg 2011
by American Photographer Sam Wolson.
( အမေရိကန် ဓါတ်ပုံ ဆရာ Sam
Wolson တောင်အာဖရိက ရှိ ဂျိုဟန် နစ္စ ဘတ် မြို့ ရှိ HIV ရောဂါ သည်များ အကြောင်း
ရိုက် ကူး ခဲ့သည့် မှတ်တမ်း ပုံ များ အနက် မှ တစ်ပုံ ဖြစ်ပါသည်။)
Documentary
photography သည် အဓိက အားဖြင့် လူ သိနည်း ပြီး
သွားလာရ ခက်ခဲ သည့် နေရာ များရှိ လူ အများစု သိ နိုင်ရန် ခက်ခဲ သော အကြောင်း အရာ များကို
ရိုက်ကူး ကာ ပရိဿတ်အား တင်ပြ ခြင်း ဖြစ်သည်။
အမေရိကန် ဓါတ်ပုံ
ဆရာ များဖြစ်ကြသည့် Mathew Brandy နှင့် Alexander Gardner တို့ ၏ အမေရိကန် ပြည်တွင်း စစ် ကို မှတ်တမ်း
တင် ရိုက် ကူးထားသည့် “ American Civil
War “ ၊ Jacob Riis ၏ ၁၈၉၀ ခုနှစ် များ အတွင်း အခြေအနေမဲ့ ဘ၀ များကို မှတ်တမ်း တင်ထားသည့်
“ How the Other Half Live နှင့် The Children of the Slums ဆိုသည် ဓါတ်ပုံ မှတ်တမ်း
များ သည် လူ သိနည်း သည့် လူ့ ဘ၀ ရှိ ဖြစ်ရပ်များ အနက် အထူးပြု ပြသ ရန်လိုသည့် ဖြစ်ရပ် ကို
တင်ပြ သည့် Documentary photography များ ဖြစ်ကြ ကြောင်း Wikipedia Encyclopedia
တွင် ဖေါ် ပြထားပါသည်။
အနီးကပ်ဆုံး ဥပမာ တစ်ခု ပေးရပါ မူ ကျွန်တော် တို့ ၏ ဓါတ်ပုံ မိတ်ဆွေ တောင်ကြီး
မှ ဓါတ်ပုံ ဆရာ ကိုကျော်ကျော်ဝင်း မကြာမှီက ရိုက်ကူး ဖြန့်ချိ ထားသည် “ ယင်း လူမျိုးစု
များ “ အကြောင်း သည် Documentary
photography ပင်ဖြစ်ပါသည်။
Documentary photography နှင့် Photojournalism
Documentary
photography နှင့် Photojournalism နှစ်ခု သည် ရော ထွေး နိုင် ပါသည်။ Documentary
Photography သည် ကိစ္စရပ် တစ်ခု ကို အတွင်းနှိုက် လေ့လာ ရိုက်ကူးရန် အချိန်ယူရိုက်ကူး
ပြုစု သည့် သော ဘာသာရပ် ဖြစ်ပြီး Photojournalism သည် ရုတ်ချဉ်း ဖြစ်ပေါ်လာသည့်
Breaking News ၏ အကြောင်းအရာ ( Stories ) ကို ရိုက်ကူးသည့် သတင်းဆိုင်ရာဘာသာရပ် ဆန်သည့်
ရိုက်ကူးခြင်း ဖြစ်ပါသည်။ သို့ ရာ တွင် အဆိုပါ
ဘာသာရပ် နှစ်ခု ၏ လုပ်ငန်း သဘော သဘာဝ အများစု မှာ ထပ်နေသည် လည်း ကို တွေ့ရှိ ရပါသည်။
Documentary Photography သည်
ရုပ်ပုံ
ဖြင့် ၀တ္တု ( Story ) ရေးခြင်းဟု ဆိုရပါမည်။ မိမိ တင်ပြလိုသည့် အကြောင်းအချက်နှင့်ပတ် သက်သည့်
ပုံရိပ်များ၏ အသွင်အပြင် ထင်ဟပ်ချက် (Moment) များကို နေ့နှင့်ချီ၍ လည်းကောင်း၊ အပတ်လိုက်
လည်းကောင်း၊ လ အလိုက် လည်းကောင်း၊ နှစ်အလိုက်
လည်းကောင်း၊ အချိန်ယူကာ ဖြစ်စဉ် များကို ရိုက်ကူး စုပေါင်း ပြုစု တင်ပြ သည့် ဖြစ်စဉ်
သမိုင်း ဆိုင်ရာ Visual Information ပင် ဖြစ်ပါသည်။
ယနေ့ ခေတ်တွင် မူ Documentary Photography တွင် ဘာသာ ရပ် အကြောင်း အရာ အတော်
များလာပါသည်။ ရှေးတုန်းက ကဲ့ သို့ လူသူ အရောက်အပေါက်
နည်းသည့် နေရာ ရှိ လူသိနည်း သည့် အကြောင်း အရာ များ တင်သာ မက ကမ္ဘာ ပေါ်ရှိ ထူးခြားဖြစ်စဉ် ဆိုင်ရာများ၊ အားကစား
ဆိုင်ရာ များ၊ အပြင် Stock Markets ဆိုင်ရာ
များသည် Documentary Photography ၏ ပုံမှန် ဘာသာရပ်များ ဖြစ်လာပါသည်။
Documentary Photography သည်
Photojournalism
ကဲ့ သို့ ရုတ်ချဉ်း ဖြစ်ပေါ် လာသည့်
Breaking News ကို ဖြစ်စဉ်အလိုက် တင်ပြခြင်း မျိုး မဟုတ်ဘဲ အချိန်ကာလ အပိုင်းအခြား
တစ်ခုအတွင်း အကန့်အသတ် မရှိသော ဖြစ်စဉ် များကို Story တစ်ခု ကဲ့ သို့ ဖေါ်ထုတ်ပြသခြင်းပင်
ဖြစ်ပါသည်။ တစ်နည်း အားဖြင့် ထိုဖြစ်စဉ် အတွင်းရှိ လူ တို့၏ ဘ၀ ( Life) ကိုဖေါ် ခြင်းပင်
ဖြစ်ပါသည်။ Phojournalism က ဘ၀ကိုဖေါ် ထုတ်ပြသ လေ့ မရှိသော ဘာသာရပ်ဖြစ်ပါသည်။ အကြောင်း
မှာ တိုတောင်း သော အချိန်အတွင်း ဖြစ်စဉ် တစ်ခု ကို ဖေါ်ထုတ်ရသည့် အတွက် Life နှင့်ပတ်သက်
၍ ဖေါ် ထုတ်ရန် အချိန် မရ သဖြင့် လည်းဖြစ်ပါသည်။
အောက်ပါပုံ မှာ အမေရိကန် ဓါတ်ပုံ ဆရာ Antonin Kratochvil က မွန်ဂိုးလီးယားရှိ ကြမ်းတမ်း
သည့် ပြည်သူများ၏ ဘ၀ များကို ရိုက်ကူးထား သော Documentary Photography Story ပုံများအနက်
မှတစ်ပုံ ဖြစ်ပါသည်။ Antonin Kratochvil သည်နှစ်ပေါင်း
(၃၀) ခန့် ဘ၀ မှတ်တမ်း ပုံ များ ရိုက် ကူးခဲ့ ပြီး နိုင်ငံ တကာ ဆု ပေါင်းများစွာ ရ
ရှိခဲ့ သူလည်း ဖြစ်ပါသည်။
Antonin Kratochvil သည် အထက် ပါ ပုံ
ကို ၁၉၉၆ ခုနှစ်အတွင်း မွန်ဂိုးလီးယား မြို့တော် အူလန်ဘာတော (Ulan Bator) ရှိ ခလေး
ထောင် အတွင်း၌ ရိုက် ကူး ခဲ့ ခြင်းဖြစ်ပါသည်။ Main Subject ဖြစ် သော ကြုံ လှီ လှသည့်
ခလေး ငယ်သည် အေးစက် မာကြောသည့် နံရံ ကို မျက် နှာ အပ်ကာ ကြုံ လာရတော့မည် ကြမ်းတမ်း မှု ကြမ္မာ ကို စောင့်နေပုံ
ပေါ် သည့် ပုံ တစ်ပုံ ဖြစ်ပါသည်။ ၄င်း ၏ မွန်ဂိုးလီးယား မှတ်တမ်း ပုံ များ အထဲ မှ တစ်ပုံ
ဖြစ်ပါသည်။
အောက်ပါပုံ မှာလည်း Antonin Kratochvil
ပင် ၁၉၉၅ ခု နှစ်က ရိုမေနီးယား ( Romania ) ၌ ရိုက်ကူး ထားသည့် ပုံဖြစ်ပါသည်။ ထိုစဉ် က ကြပ်တည်းနေသည့်
လူများ သည် ရေနံ တွင်းဟောင်းများ မှ လက်ကျန် ရေနံ များကို သယ်ယူကာ နေ့ ဘို့ ညစာ ရှာနေရသည့် ဘ၀ ကို ထင်ဟပ်ထားသည့် ပုံ ဖြစ်ပါသည်။ Street Photography ကဲ့သို့ ပင် ဓါတ်ပုံ
သဘော အရ ဥပဒေသများ နှင့် အညီ ရိုက်ထားခြင်း မဟုတ်ဘဲ ဘ၀မှတ် တမ်း ကို ရိုက်ကူးထားခြင်း
ဖြစ်ပါသည်။ အဆိုပါ ပုံ တွင် မြေပြင်ပေါ် ရှိ ရေနံ ကွက် နှင့် Foreground ရှိ အမျိုးသမီး၏
ခေါင်းငိုက်စိုက် ချကာ လက် ပိုက်ထားသည့် ပုံသည် ၄င်း၏ ဘ၀ အမော အား ပြောပြ နေသည် ကို အထင်းသား မြင်
နိုင်သည့် ပုံ ဖြစ်ပါသည်။
အောက်ပါ ပုံ ကို ရ၀မ်ဒါ တွင် ၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့သည့် ပုံ ဖြစ်ပါသည်။ ရ၀မ်ဒါ
တွင် လူမျိုး အုပ်စု တိုက်ပွဲ တွင် အစု လိုက်
အပြုံ လိုက် အသတ်ခံ ထားရသည် ကို ဖြစ်ရပ် မှတ်တမ်းပုံ ရိုက်ကူးခဲ့ ခြင်း ဖြစ်ပါသည်။
၁၉၉၄ ခုနှစ်က က ရ၀မ်ဒါတွင် အုပ်စိုးသူ လုနည်းစု တွတ်စီ ( Tutsi) နှင့် ခုခံ တွန်းလှန်သူ
လူများစု ဖြစ်သည့် ဟူတူ ( Hutu ) တို့ အကြား ဖြစ်ပွား သည့်စစ်ကြောင့် ရ၀မ်ဒါ တွင် တိုင်းပြည်
၏ လူဦး ရေ ၂၀% ခန့် ဖြစ်သည့် လူပေါင်း (၅) သိန်း မှ တစ်သန်း ခန့် သေဆုံးခဲ့ ရပါသည်။
အဆိုပါ ဖြစ်စဉ် မှတ်တမ်း ဓါတ်ပုံ ကို Antonin
Kratochvil က ရိုက်ကူး ခဲ့ ခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ ဆရာ က လူသေ များအပေါ် ဖြတ်ကျော်
ရိုက်ကူးရာ၌ ရုပ် အလောင်း များ၏ ခေါင်းများ လက်များ ကို နင်းကာ ဖြတ်ကျော် မိ၍ စိတ်ထဲ
က တောင်းပန်ခဲ့ ရပါသည် ဟု ဖေါ်ပြ ထားပါသည်။
အထက်ပါပုံ
မှာလည်း ၁၉၉၄ ခုနှစ် တွင်
ရ၀မ်ဒါ
ရှိ အုပ်ချုပ်သူ တွတ်စီ (
Tutsi) လူသတ်အဖွဲ့
ဝင် တစ်ဦး ဟူတူ များ ကို အုပ်စု လိုက် သတ်နေသည် ကို ရိုက်ကူး ထားခြင်း ဖြစ်ပါသည်။
ပုံ၏ Foreground ရှိ မျက်နှာ တစ်ဝက် ပေါ်နေသူသည် တွတ်စီ (Tutsi) Death Squad အဖွဲ့ ၀င် တစ် ဦး ဖြစ်ပါသည်။
အထက်ပါ
နှစ်ပုံ မှာ ရ၀မ်ဒါ တွင် ၁၉၉၄ ခုနှစ်က ဖြစ် ပွား ခဲ့သော တွတ်စီ နှင့် ဟူတူ လူမျိုးစု တိုက်ပွဲ
၏ မှတ်တမ်း ဓါတ်ပုံ (Ddocumentary Photography) များ အတွက် ပြည်တွင်း
စစ် ၏ ကြမ်းကြုတ် မှု ပေါ် လွင်လာ အောင် မည် ကဲ့သို့ ခက်ရာ ခဲ ဆစ် အတွင်းသို့ ၀င်၍ ရိုက်ကူးခဲ့သည့် ကို
နမူနာ ပြသည့် ပုံ များ ဖြစ်ပါသည်။ Rwanda Documentary Photography သည်၁၉၉၄ ခုနှစ်က
ရက်ပေါင်း (၁၀၀) ခန့် ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ၏ အနိဠာ ရုံကို ပြန်ပြော ပြသည့်
မှတ်တမ်း ဖြစ်ပါသည်။ ဤ သည်မှာ Documentary
Photography ပင် ဖြစ်ပါသည်။
ထို့ နည်းတူးစွာ ပင် အာဖဂန် နစ္စတန် တွင်
ထိုစဉ်က ဆိုဗီယက် လက်ဝေခံ ဘာရတ် ကာမဲလ် အစိုးရ နှင့် အစ္စလမ် ဘာသာရေး အုပ်စု မူဂျာဟီဒင်များ
အားပြိုင် တိုက်ခိုက် နေသည့် ကာလ အတွင်း ပြည်တွင်း အနိဠာ ရုံ ကို ပေါ် လွင် အောင် ပြသ
သည့် ပုံ များ လည်း ရိုက်ကူးခဲ့ ပါသည်။
အောက်ပါပုံမှာ ၁၉၈၈ ခု နှစ် ပြည်တွင်း မငြိမ်သက် မှု ကာ
လအတွင်း မျိုး သမီး တစ်ဦး က သေဆုံးနေသည့်
သူ၏ ခလေးငယ် ကို ၀မ်း နည်းပူဆွေးစွာ ချီထား သည့် ပုံ ဖြစ်ပါသည်။ ခံ စားမှု ကိုဖေါ် စွမ်း
နိုင်ရန် Slow Shutter Speed ဖြင့် ခလေးပုံ
ဝါး နေစေရန် ရိုက် ခဲ့သည်ဟူ ဓါတ်ပုံ ဆရာ က ဖေါ်ပြထားပါသည်။
အောက်ပါ ပုံ ကိုလည်း အာဖဂန် နစ္စတန် တွင်ပင် ၁၉၈၈ ခု နှစ်က
ရိုက်ကူးခဲ့ ပါသည်။ ပြည်တွင်းစစ် ကြောင့် ခြေတောက်ပြတ်ကာ ခြေတု တပ်ဆင်ထားရသည့် ခလေး
ငယ် တစ်ဦးပုံ ဖြစ်ပါသည်။ အာဖဂန်နစ္စတန် ပြည်တွင်း ငြိမ်းချမ်း မှု မရှိသည်ကို ရိုက်ကူးတင်ပြ
ထားသည့် Documentary Photography ပုံ
များစွာ အနက်မှအချို့ ဖြစ်ပါသည်။
အထက်ပါ မှတ်တမ်း ပုံ များမှာ နိုင်ငံတကာ တွင် ထင်ရှားသည့် Documentary Photography ဓါတ်ပုံ များ အနက် သက်ဆိုင်ရာ အကြောင်းအရာ
Story အလိုက် ဓါတ်ပုံ ဆရာက ဓါတ်ပုံ ၀တ္တု သဘွယ် ပြသ
ထားသည့် ပုံ ပေါင်း များစွာ အနက် မှ အချို့ ကို နမူနာအဖြစ် ထုတ်နှုတ် ပြသထားသည့် ပုံ အနည်း ငယ် မျှသာ ဖြစ်ပါ
သည်။
Documentary
Photography ရိုက်ကူးရာ တွင် ဆောင်ရန်၊ ရှောင်ရန်များ။
Documentary Photography ရိုက်ကူးရာ
တွင် အခြေခံ သဘော မျိုး ဖြစ်သည့် လိုက် နာဆောင် ရွက် သင့်သည် များ မှာ -
၁။ Tell the Story.
ဓါတ်ပုံ ကို ပုံပြင် တခု ပြောပြသကဲ့သို့
စီစဉ် ရိုက်ကူး ရပါမည်။ ပထမ မိမိ မည်သည့် အကြောင်း အရာ ( Story ) ကို ရိုက်ကူးမည်ကို
ဆုံးဖြတ်ရပါမည်။ မိမိ ရိုက် ကူးမည့် နေရာ ၊ ဒေသ သို့ မသွားမီ ရိုက်ကူး မည့် စိတ်ကူး
(Idea) ကို အိမ် မှ မထွက် မီ ထည်းက ပုံစံ ချထားရပါမည်။ လုပ်ငန်း သဘော အရ ပျင်းသည် ဖြစ်စေ
ပျော် သည်ဖြစ် စေ အမှန် တကယ် ရိုက်ကူး သည့် အချိန်တွင် ပန်ဝန်း ကျင် ၌ စိတ်ဝင်စား ဘွယ်
ရာ မြောက်များစွာ ကိုတွေ့ လာ ပါ လိမ့် မည်။
၂။ Do some research.
မိမိ ရိုက်ကူးမည့် အကြောင်းအရာ
သည် မိမိ နှင့် မည်မျှ ကျွမ်း တ၀င် ရှိ နေစေကာမူ ယင်း အကြောင်းအရာ နှင့်ပတ်သက်၍ သုတေသန
( Research) လုပ်ရန် လိုပါ သည်။ မိမိ တင်ပြ လိုသည့် Story ကို မည်သို့ တင်ပြ မည်နည်း၊
ပုံ တစ်ပုံ ထည်း နဲ့ သာ တင်ပြ မည်လော၊ သို့
တည်း မဟုတ် ပုံ ပေါင်း များ စွာ ဖြင့် ဖွဲ့စည်း တင်ပြမည် လော စသည်တို့ ကို စဉ်းစား ရပါမည်။ ဤ ဘာသာရပ်သည်
Photo Essay လည်း ဖြစ် သည့်အတွက် မိမိ တင်ပြ လိုသည့် အကြောင်း အရာကို ရုပ်ပုံ များ က ထိရောက်စွာ ဖေါ် ဆောင်နိုင်စွမ်း
ရှိရပါမည်။
၃။ Choose your Style.
မိမိ ရိုက်ကူးမည့် ပုံ များ ကို မည်ကဲ့ သို့ရိုက် ကူးမည်၊
မည်ကဲ့ သို့ ခံ စားချက် မျိုးပေါ် လွင် အောင် ရိုက်ကူးမည် ၊ အရောင်နှင့် လား ၊ အဖြူ အမည်း လား စသည် ဖြင့်
ရိုက်ကူးမည့် ပုံ စံ ကို ရွေး ချယ် ထားရန် လိုပါမည်။ ၄င်း အပြင် Soft Light နှင့် ပုံ
မျိုး ရိုက်မည် လား ၊သို့ မဟုတ် Flash ဖြင့်
Harsh Light ပုံ မျိုး ရိုက် မည် လား စသည် တို့ကို လည်း ရွေး ရပါမည်။ Documentary
Photography တွေ အနက် ကြော်ကြား ထင်ရှား သည့် ပုံ များကို ကြည့် ရှု လေ့လာ ထား ပြီး
စိတ်အတွင်း ဈာန် သွင်းထား ရန် လိုပါသည်။
၎။ Be prepared.
မိမိ လို အပ်သည့် ပုံစံ ကို ဆုံးဖြတ် ပြီး သည်နှင့် ရိုက်ကူးရန်အတွက်
ပစ္စည်း ပစ္စယ များကို ပြင်ရပါမည်။ ရှိသမျှ ကင်မရာ ပစ္စည်း အားလုံး သယ် သွားရန် မလိုပါ။
ရိုက်ကူး ရန် ဆုံးဖြတ် ထား သည့် ပုံ များ အတွက် လိုသည့် ပစ္စည်း များကို သာ ယူ ဆောင်
သွား ရန် လိုပါမည်။ အဓိက မှာ မိမိ ရိုက်ကူးမည့် အကြောင်း အရာ နှင့် လက်လျှော ညီထွေ
ရှိ သော Focal Length ရှိသည့် Lens များပါရန်
လိုပါမည်။ Tripod လိုပါမည်။ ဥပမာ အားဖြင့် အဝေး မှ လှမ်း ရိုက် ရမည် ရိုက် ကွင်း များအတွက်
Long Tele များ လိုမည် ဖြစ်သကဲ့ သို့ Prespective အမျိုးမျိုး အတွက် မြင်ကွင်း ကျယ် ရိုက် မည့် အကြောင်း အရာ များ အတွင်
Wide Angle Lens များ လိုပါမည်။ ကင်မရာ Batteries များ အားလုံး အားအပြည့် သွင်းထားရပါမည်။
Flash Light အတွက် Batteries အပို နှင့် Memory Card လုံလောက် စွာ ပါသွားရန် လိုပါမည်။
၅။ Get
Permission.
အထူး သဖြင့် လုပ် ငန်း ဆောင်တာ လုပ်ကိုင်နေသူများကို ရိုက်ကူးမည်
ဆိုပါက ခွင့်တောင်းရန် လိုပါမည်။ မိမိ မည် ကဲ့ သို့ သော အကြောင်းအရာ အတွက် ရိုက်ခြင်း
ဖြစ်ကြောင်း၊ ပါဝင် ကူညီ ပါမည့် အကြောင်း ရှင်းပြ ခွင့်တောင် သင့်ပါ သည်။ ခိုးကြောင်း
ခိုးဝှက် ရိုက်ခြင်းကြောင့် Subject ကသိသွားပြီး
မလိုလား ပါက မောင်း ထုတ်ခံရသည့် ကိစ္စရပ်မျိုးနှင့် ကြုံရတတ်ပါသည်။ ကာလရှည် ရိုက်ကူး ရသည့် အကြောင်း အရာ များအတွက်
ဒေသခံ များ နှင့် အကျွမ်း တ၀င် ရှိနေရန် များစွာ လို အပ်ပါသည်။ ဤသို့ ဖြင့် အရည် အသွေး
ပြည့်ဝသည့် အသက်ဝင်သော ပုံ ကောင်း များ ရ နိုင်ပါ လိမ့် မည်။
၆။ Social
Skill.
ပတ်ဝန်းကျင်ရှိ လူထု နှင့် စကား စမြီ ပြော ကာ မိတ်ဆွေ ဖွဲ့ပါ။
မိတ်ဆွေ ဖြစ်လာ ပါက ထိုသူများက မိမိကို ကူညီကြ ပါ လိမ့် မည်။ မိမိ ရှိနေသည်ကို ယခင်
က အထူး အဆန်း ဖြစ်နေစေကာမူ ခင်မင် ရင်း နှီးလာပါက ရိုက်ကူး ရာတွင် ပို၍ သက်တောင့် သက်သာ
ရှိလာပါမည်။ သို့ နှင့် ပုံ များ ၏ အရည် အသွေး
လည်း တက် လာပါ လိမ့်မည်။
၇။ Don’t
Rush.
အကောင်းဆုံးသော Documentary Photography များသည် ကာလရှည်
အချိန်ယူ ရိုက်ကူး ကြသည် ချဉ်းသာ ဖြစ်ကြပါသည်။ ထို့ ကြောင့် မလော ရန် လိုပါသည်။ မိမိ
ရိုက်ကူးမည့် Story အတွက် ပုံ များ အားလုံးကို အလော သုံးဆယ် မရိုက် မိရန် သတိပြု ရပါမည်။
မိမိ မူလက လျှာထားသည့် အချိန် သည် ရိုက်ကွင်း တစ်နေရာ ထည်း တွင် ကုန်သွားပါက အချိန်
ကို ထပ် တိုး၍ ယူရန် လိုပါမည်။ အလော သုံးဆယ် ရိုက်ပါက လို ရင်း မရောက် ဖြစ်တတ် ပါသည်။
၈။ Get
back-up.
Digitalphotogarpher တစ်ဦး အနေနှင့် အရေး အကြီးဆုံး
ဆောင်ရွက် ရမည့် အချက် တစ်ရပ် မှာ ရိုက်ကူးထားသည့် ပုံများ မပြောက် ပျက် ရေး ပင်
ဖြစ်ပါသည်။ နေ့စဉ် ရိုက်ကူးခြင်း မှ ပြန်လာသည်နှင့် External hard-drive ထဲသို့
Back-up အဖြစ် ပုံ များကို ပွား ထားပါ။ Back-up ကို တစ်နေရာ ထည်း တွင် မထားဘဲ နေရာ
ခွဲထားပါ။ တစ်နေရာ မှ ပုံ များ ရန်သူမျိုး ငါးပါး ကြောင့် ဆုံးရှုံး သွားပါက
အခြားတစ် နေရာရှိ Back-up တွင် ပုံ များ ကျန်နေပါလိမ့် မည်။ Main Computer မှာ
လည်း နေရာ ခွဲ သိမ်း ထားပါက ပို လုံခြုံ ပါသည်။
၉။ Process your image.
ပုံ များအားလုံး လုံခြုံ စွာ ထိမ်းသိမ်းပြီးပါက ပုံများကို စတင်၍ ပြင် (
Process ) ပါ။ Raw နှင့် ရိုက်ထားပါက Colour, Tone, Contrast တို့ ကို ပြင်ပါ။ Documentary
Photography အတွက် ပုံ များ အတွက် များ အတွက်မူ များစွာ ပြင် ရန် မလို လှပါ။ အနည်း အကျဉ်း လောက်သာ
ပြင်ရန်လိုပါမည်။ အဖြူ အမည်း ပြောင်းရန် လိုသည့် ပုံ များကို အဖြူ အမည်း သို့ ပြောင်း ရန် လိုပါသည်။
၁၀။ Think about
presentation.
Project အားလုံး ပြီးသည်နှင့် မိမိ ပုံ များကို မည်ကဲ့ သို့
တင်ပြ မည်နည်း ဆိုသည်ကို စဉ်းစားရန် လိုလာပါသည်။ ပုံများကို Print လုပ်ကာ ဘောင်သွင်း၍ ချိန်ဆွဲ ပြသ မည်လော၊
သို့ မဟုတ် စာအုပ် ပုံ ဖြင့် ထုတ် မည် လော စသည် တို့ ကို စဉ်းစား ဆုံး ဖြတ်ရန် လိုပါမည်။
ဤ နေရာ တွင် သတိပြု ရမည့် အချက် မှာ “ Document “ ဆိုသည့်
စကားရပ် ဖြစ်ပါသည်။ အဆိုပါ အချက်သည် “ Truth and Objectivity “ ဦးတည်ချက် နှင့် အမှန်
တရား ဖြစ်ပါသည်။ မိမိ တင်ပြ လိုသည့် အချက် သည် မှန်ကန် မှု ရှိရပါမည်။ အကြောင်း ကြောင်း
ကြောင့် မိမိ မျှော် မှန်းထားသည့် အကြောင်း အရာ တစ်ရပ် ဖြစ်ပေါ် ခြင်း မရှိ ခဲ့ပါ မူ
ရိုက်ကူး ထားသည့် ပုံ များသည် မိမိ ရည် စူး ထားသည့် ဦးတည် ချက် နှင့် ကွဲလွဲနေ နေမည်
ဖြစ်သောကြောင့် အဆိုပါ ပုံ များကို တင်ပြခြင်း မပြု တော့ ရန် သိပြု ရပါမည်။
၁၁။ Learn from
the best Photographers.
နိုင်ငံတကာ ရှိ ထင်ရှားသည့် Documentary Photographer များ၏
ပုံ များကို ကြည့် ရှု လေ့လာ ကာ မြင်ဆရာ အဖြစ် သင်ယူရန် လိုပါသည်။ Magnum Photo
Agency ကဲ့ သို့ သော ဓါတ်ပုံ ဧဂျင်စီ များသည် လေ့ လာသင် ယူ စရာ ပုံ ပေါင်း များစွာ
ရှိ သော နေရာ ဖြစ်ပါသည်။
၁၂။ Solution.
အဆိုပါ နေ့ ရက်တွင် လုပ်ငန်း ဆောင်ရွက် ၍ အကြောင်း အမျိုးမျိုးကြောင့်
မပြီးပါက ခေတ္တ နားလိုက်ပါ။ ကင်မရာ မှ ၁၅ မိနစ်မျှ ခွာ လိုက်ပါ။ စား မရာ သောက် စရာ များ
စား သောက် ကာ အား ထပ် မွေး လိုက်ပါ။ အဆိုပါ အချိန် အတွင်း စိတ် ကူးသစ် များ ပေါ် လာနိုင်
ပါသည်။ လန်းဆန်း လာပြီ ဆိုလျှင် လုပ်ငန်း ပြန်စပါ။
၁၃။ Shooting
Again.
တစ်ခါ တစ်ရန် ရိုက် ကူး၍ အဆင် မပြေ သဖြင့် စိတ် ပျက် ရသည်
များ နှင့်လည်း ကြုံ ရတတ် ပါသည်။ စိတ် မပျက် ပါနှင့် မိမိသည် လက်ရှိ အကြောင်း အရာ နှင့် များစွာ အကျွမ်း
တ၀င် ရှိနေသူ ဖြစ်ပါက နောက် တစ်ကြိမ် ထပ် ရိုက် နိုင် သည့် အခွင့် အရေး များ ရှိပါ
လိမ့် မည်။ နောက် တစ်ကြိမ် ထပ် ကြိုးစားပါ။
၁၄။ Representing
Reality.
Documentary Photography ရိုက်ကူးရာ တွင် တာဝန် ယူ ရ မှု
တစ်စိတ် တစ် ပိုင်း လည်း ပါဝင်ပါသည်။ ရိုက်ကူး စဉ် က ပင်မိမိ ရှေ့ တွင် ဖြစ်ပေါ် နေသည့်
ဖြစ်ရပ်များ ကို ရိုက်ကူး ရခြင်း ဖြစ်သဖြင့် ပရိဿတ် အနေနှင့် လည်း ဖြစ်ရပ်မှန်များဟု
ယူ ဆထားပြီး ဖြစ်ပါသည်။ ရိုက်ကူးစဉ် Composition ချ ထည်းက ပင် အရေးကြီးသည့် အကြောင်း
အရာ များကို Frame ထဲ ပါအောင် ရိုက် အောင်၊ မကျန် အောင် ရိုက်ရ ပါမည်။ မိမိ၏ Frame
ထဲ တွင် Story နှင့်ပတ်သက်၍ အရေးကြီး သည့် အချက် များ ကျန်နေခဲ့ပါက အမှန်တရား ကို ဖေါ်
ဆောင် သည့် အား ပြော့ သွား တတ်ပါ သည်။ ရိုက်ကူးရာ တွင် မိမိ လိုရာ ကို အတင်း ဆွဲ ကာ
“ ဇာတ် မနာ နာ အောင် “
ရိုက်ကူးပါက လည်း ဘက်လိုက် သလို ဖြစ်ကာ အမှန် တရား နှင့် လွဲ ချော် သွား နိုင်သည်ကို
သတိမူ ရပါမည်။
၁၅။ The Bigger
Picture.
ရိုက်ကူးရာ တွင် ပုံ အမျိုး မျိုး ကို Varity of Shots များ
အဖြစ် Prespective အမျိုးမျိုး ဖြင့် ရိုက်ပါ။
သို့ မှသာ လျှင် ပရိဿတ် အနေနှင့် အခြေအနေ ကို မျှတ စွာ မြင်နိုင်ပါမည်။ ဈေး ထဲ တွင်
သွားလာနေသူများသည် ဈေးတွင် ရောင်းနေသည့် ပစ္စည်း များအားလုံး ကို အသေးစိတ် အနီးကပ်
ကြည့် လို မှ ကြည့် ကြ ပေလိမ့် မည်။ သာမန်မျှသာ ကြည့်ကြ သည်သာ များ ကြပေသည်။ ။
Documentary Photography သည် လည်း တစ်စုံ တစ်ရာ ကို Macro Photography ကဲ့သို့ ပြ၍
မဖြစ် ပရိဿတ်က စိတ်ဝင်စားကြမည် မဟုတ်။ အားလုံး ခြုံငုံ ပါဝင်သည့် အကြောင်းအရာ တစ်ခုခု
ကို ကြည့်ရုံ မျှနှင့် တင်ပြ လိုသည့် Story ကို သိသာ အောင် ဖေါ် ဆောင် နေသည့် ပုံ ဖြစ်မှသာ
လျှင် စိတ်ဝင်စား ဘွယ် ရာ ဖြစ်ပေလိမ့် မည်။ ထို့ ကြောင့် အနီး အဝေး အားလုံး ခြုံငုံ
မိသည့် Perspective အမျိုးမျိုး ရှိသော ပုံများ ဖြစ်ရန် လိုပါသည်။ လူ နှင့် ပစ္စည်း တို့ ၏ ဆက်သွယ်မှု ၊ လူ အခြင်းခြင်း
တွေ့ ထိမှု ၊ လူ ပုဂ္ဂိုလ် တစ်ဥိး ခြင်းစီ ၏ Expression စသည်တို့ ကို Perspective အမျိုး
မျိုး ဖြင့် ပေါ် လွင် အောင် ရိုက် ရပါမည်။
၁၆။ Details
& Faces
Wide Angle shot များ ရိုက်ရန် လို သကဲ့ သို့ အရေးကြီး စိတ်ဝင်စား
ဘွယ်ရာ ကောင်း သည့် အချက် အလက် များ၏ အသေးစိတ် များကို ပြ နိုင်ရန် လည်း လိုပါသည်။
ကြည့်သူ၏ မျက်စေ့ ကို ဆွဲ ဆောင် နိုင် သည့် Textures, Colour, Patterns များကို ပြ
ရန် လိုပါသည်။ အချို့သော နေရာ များတွင် ပစ္စည်း ကို အထူး ပြု ပြသ ရန် လိုသည့် အချိန်
များလည်း ရှိပါသည်။ ထိုအချိန် မျိုး တွင် အဆိုပါ ပစ္စည်း ကို အနီး ကပ် ရိုက် ရန် လိုလာပါသည်။
အထူးသဖြင့် လူ ပုံ
များကို ရိုက်ကူးပါက အဆိုပါ အသေးစိတ် များ ကိုပေါ် အောင် ရိုက် ကူးရန် ရပါမည်။ လူ ပုံ
ရိုက် ကူးပါက သေခြာ စွာ ရိုက် နိုင်စေရန် အတွက် ခွင့်တောင်းရန် လိုပါသည်။ သို့မှသာ အထက်ပါ အသေးစိတ် များကို ပေါ် အောင် ရိုက် ကူး နိုင်မည်
ဖြစ် သည့် အတွက် လူ များ၏ မျက်နှာ ပေါ်တွင် ထင်ဟပ်ချက်များ ( Expression ) များကို ရ
နိုင်မည် ဖြစ်ပါသည်။ သို့ မှသာ အဆိုပါ Subject က မိမိ ပြသ လိုသည့် Story ကို ပြော ပေလိမ့်
မည်။
၁၇။ Play by the
Rule.
အချို့သော ဓါတ်ပုံ ရိုက်ကူး ခြင်း ကို ကန့်သတ် ပိတ်ပင် ထားသည့်
နေရာ များ ကို မရိုက်မိရန် လိုပါသည်။ အချို့ သော နေရာ များတွင် မူ ဓါတ်ပုံ ရိုက်ကူး
ခြင်း အား ကန့်သတ် ပိတ်ပင် ထားသည်ကို စာနှင့် ပေ နှင့် ရေးသား သတိပေးထားခြင်း မရှိစေကာမူ
လုံခြုံ ရေး ဆိုင်ရာ အမှု ထမ်း များက ဓါတ်ပုံ ရိုက်ကူး ခြင်း မပြု ရန် လာရောက် တားမြစ်
ခြင်း များ ရှိတတ် ပါသည်။ အဆိုပါ အခြေ အနေ မျိုး တွင် မိမိ က လည်း ယဉ်ကျေးစွာ တုန့်
ပြန် လိုက် လျှော ရပါမည်။
ဥပမာ အားဖြင့် Shopping Mall တစ်ခု တွင် ဆိုင်ခန်း များကို
ဓါတ်ပုံ ရိုက် ၍ မရ စေကာ မူ Mall တစ်ခု လုံး
ကိုခြုံ ၍ ရိုက် နိုင်ပါသည်။ သို့ သော် မိမိ အတွေ့ အကြုံ အရ အင်ဒိုနီးရား နိုင်ငံ ဂျာကာတာ
မြို့ ရှိ Grand Indonesia နှင့် သြစတြေးသျှ
နိုင်ငံ ဆစ်ဒနီမြို့ ရှိ Parramatta West Field Shopping Mall များတွင် မူ စာ နှင့်
ပေ နှင့် ကန့် သတ် ထားခြင်း မရှိစေကာမူ Shopping Mall တစ်ခု လုံး၏ မည်သည့် နေရာ တွင်မှ
ဓါတ်ပုံခွင့် မပြုကြောင်း လုံခြုံရေး များက လာရောက် တားမြစ် သည်ကို တွေ့ ကြုံ ဘူးပါသည်။
Documentary
Photography ပုံ အချို့ အကြောင်း ကို ရှင်းလင်း ခြင်း။
La Cena
brotherhood, Seville , Spain , Palm Sunday 2011
JROTC Army Recruits. Louisville,
Kentucky 2012
အထက်ပါ
ပုံ မှာ ပနားမား- အမေရိကန်
ကပြား ဓါတ်ပုံ ဆရာ Adrin Fussell ၏ My
Name is Victory ဓါတ်ပုံ မှတ် တမ်း စာ အုပ်ပါ
ပုံ တစ်ပုံ ဖြစ်ပါသည်။ အမေရိကန် အထက်တန်းကျောင်း များတွင် JROTC Programs အရ စစ်သင်တန်း
ပို့ ချသည်ကို ရိုက်ထားခြင်း ဖြစ်ပါသည်။ အထက်ပါ ပုံ မှာ Francis Lewis High School Cadet Team ၏ စစ်ရေးပြ (Drill ) လုပ်နေသည်ကို ရိုက်ထားခြင်း
ဖြစ်သည်။
Shah-i-Hamadan shrine in Srinagar,
Kashmir 2010
အထက်ပါ
ပုံ မှာ Time မဂ္ဂဇင်း အမေရိကန်
ဓါတ်ပုံသတင်း ထောက် Robert
Nickelsberg အိန္ဒိယ အနောက် မြောက်ပိုင်း ကက်ရှ်မီးယား
ပြည်နယ် ၊ ဆရင်းနဂါး မြို့ ( Srinagar ) ရှိ Shah-i-Hamadan Mosque တွင် ရိုက် ကူးသည့် ပုံ ဖြစ် ပါသည်။ ရောင်စုံ
စက္ကူ များ လှပ စွာ စီချယ် ထားသည်များ နှင့် ဧချမ်း မှု ကို ထင်ဟပ်စေသည့် ပုံ
ဟု ရှင်းလင်း ဖေါ်ပြထားပါသည်။ ကက်ရှ်မီးယား ကြောင်း ရိုက်ကူး ထားသည့် မှတ်တမ်း ပုံ များအနက်
မှ တစ်ပုံ ဖြစ်ပါသည်။
ကက်ရှ်မီးယား ( Kashmir ) သည် အိန္ဒိယ ဗြိတိသျှ လက်အောက် တွင် ရှိစဉ် ထည်းက အုပ်ချုပ်သူ ဟိန္ဒူ ဘာသာဝင် အနည်းစု နှင့် အစ္စလမ် ဘာသာဝင် လူထုအများစု အကြား ပြဿနာ ဖြစ်ပွားခဲ့သည့် နေရာဖြစ် ပါသည်။ ၁၉၄၇ ခုနှစ်တွင် အစ္စလမ် ဘာသာ ၀င် များ ပါကစ္စတန် အဖြစ် အိန္ဒိယ မှ ခွဲ ထွက် သွားကာ ပါစ္စတန် အဖြစ် သီးခြား နိုင်ငံ ထူထောင်ပြီးသည့် နောက်ပိုင်း တွင် ကက်ရှ်မီးယား နယ်မြေ ပိုင်ဆိုင်မှု အတွက် အိန္ဒိယ နှင့် ပါကစ္စတန် တို့ စစ် ဖြစ်ကြ ရာ ကုလသမ၈္ဂ က ကြားဝင် ဖြန်ဖြေ ခဲ့ရပါသည်။ အိန္ဒိယ ထိမ်းချုပ်မှု အောက်ရှိ ကက်ရှ်မီးယား နှင့် ပါကစ္စတန် ထိမ်းချုပ်သော ကက်ရှ်မီးယား နယ်မြေတို့ အား နယ်နိမိတ် ဖြင့် သတ်မှတ် ခြင်း မပြု နိုင်ဘဲ ထိမ်းချုပ် မျဉ်း ( Line of Control- LoC ) ဖြင့်သာ ခွဲခြား သတ်မှတ် ထားသည် မှာ ယနေ့ တိုင်ပင် ဖြစ်ပါသည်။
ကက်ရှ်မီးယားတွင် ပြည်နယ် သီးခြား ထူထောင်ရေး အတွက် အစ္စလမ် ဘာသာဝင် မူဂျာဟီဒင် ( Mujahidin) လက်နက်ကိုင် အဖွဲ့ များ နှင့် အိန္ဒိယ တပ်ဖွဲ့ ၀င်များ နယ်မြေ ကိစ္စ အတွက် တိုက်ခိုက်နေ သည်မှာ ယနေ့ တိုင်ပင် ဖြစ်ပါသည်။ ကက်ရှ်မီးယားတွင် လှုပ်ရှားနေသည့် အဆိုပါ မူဂျာဟီဒင် ( Mujahidin) လက်နက်ကိုင် အဖွဲ့ များ ကို ပါကစ္စတန်က ကိုယ်ထိလက်ရောက် မဟုတ်စေကာမူ နိုင်ငံရေး အရ ထောက်ခံ သည် ဖြစ် ၍ ဤ ကက်ရှ်မီးယား ပြဿနာ သည် အေးငြိမ်း ရန် မဆိုထားဘိ ၊ ငြိမ်း ချမ်းရေး နည်းလမ်း ရှာဖွေ ရန် ကြိုး ပမ်းသူ ကိုပင် နိုဘယ်ဆု ပေးသင့် သည်ဟု တင်စား ပြော ရသည့် အနောက် အာရှဒေသ၏ Hot Spot တစ်ခု ဖြစ်ပါသည်။
အဆိုပါ ဒေသ သို့ Documentary Photographer များ စွာ သည် သက်စွန့် ဆံဖျား သွားကာ မှတ်တမ်း ဓါတ်ပုံ များ ရိုက်ကြပါသည်။ အထက် က ဆိုကဲ့ သလိုပင် လူ အများ ရောက်ရန် ခက်သည့် နေရာ ကို Documentary Photographer များ သွားကြ ခြင်း ဖြစ်ပါသည်။ အထက်ပါ ပုံ မှာ အဆိုပါ မှတ်တမ်း ပုံ များ အနက် မှ တစ်ပုံ ဖြစ်ပါသည်။
ကက်ရှ်မီးယား ( Kashmir ) သည် အိန္ဒိယ ဗြိတိသျှ လက်အောက် တွင် ရှိစဉ် ထည်းက အုပ်ချုပ်သူ ဟိန္ဒူ ဘာသာဝင် အနည်းစု နှင့် အစ္စလမ် ဘာသာဝင် လူထုအများစု အကြား ပြဿနာ ဖြစ်ပွားခဲ့သည့် နေရာဖြစ် ပါသည်။ ၁၉၄၇ ခုနှစ်တွင် အစ္စလမ် ဘာသာ ၀င် များ ပါကစ္စတန် အဖြစ် အိန္ဒိယ မှ ခွဲ ထွက် သွားကာ ပါစ္စတန် အဖြစ် သီးခြား နိုင်ငံ ထူထောင်ပြီးသည့် နောက်ပိုင်း တွင် ကက်ရှ်မီးယား နယ်မြေ ပိုင်ဆိုင်မှု အတွက် အိန္ဒိယ နှင့် ပါကစ္စတန် တို့ စစ် ဖြစ်ကြ ရာ ကုလသမ၈္ဂ က ကြားဝင် ဖြန်ဖြေ ခဲ့ရပါသည်။ အိန္ဒိယ ထိမ်းချုပ်မှု အောက်ရှိ ကက်ရှ်မီးယား နှင့် ပါကစ္စတန် ထိမ်းချုပ်သော ကက်ရှ်မီးယား နယ်မြေတို့ အား နယ်နိမိတ် ဖြင့် သတ်မှတ် ခြင်း မပြု နိုင်ဘဲ ထိမ်းချုပ် မျဉ်း ( Line of Control- LoC ) ဖြင့်သာ ခွဲခြား သတ်မှတ် ထားသည် မှာ ယနေ့ တိုင်ပင် ဖြစ်ပါသည်။
ကက်ရှ်မီးယားတွင် ပြည်နယ် သီးခြား ထူထောင်ရေး အတွက် အစ္စလမ် ဘာသာဝင် မူဂျာဟီဒင် ( Mujahidin) လက်နက်ကိုင် အဖွဲ့ များ နှင့် အိန္ဒိယ တပ်ဖွဲ့ ၀င်များ နယ်မြေ ကိစ္စ အတွက် တိုက်ခိုက်နေ သည်မှာ ယနေ့ တိုင်ပင် ဖြစ်ပါသည်။ ကက်ရှ်မီးယားတွင် လှုပ်ရှားနေသည့် အဆိုပါ မူဂျာဟီဒင် ( Mujahidin) လက်နက်ကိုင် အဖွဲ့ များ ကို ပါကစ္စတန်က ကိုယ်ထိလက်ရောက် မဟုတ်စေကာမူ နိုင်ငံရေး အရ ထောက်ခံ သည် ဖြစ် ၍ ဤ ကက်ရှ်မီးယား ပြဿနာ သည် အေးငြိမ်း ရန် မဆိုထားဘိ ၊ ငြိမ်း ချမ်းရေး နည်းလမ်း ရှာဖွေ ရန် ကြိုး ပမ်းသူ ကိုပင် နိုဘယ်ဆု ပေးသင့် သည်ဟု တင်စား ပြော ရသည့် အနောက် အာရှဒေသ၏ Hot Spot တစ်ခု ဖြစ်ပါသည်။
အဆိုပါ ဒေသ သို့ Documentary Photographer များ စွာ သည် သက်စွန့် ဆံဖျား သွားကာ မှတ်တမ်း ဓါတ်ပုံ များ ရိုက်ကြပါသည်။ အထက် က ဆိုကဲ့ သလိုပင် လူ အများ ရောက်ရန် ခက်သည့် နေရာ ကို Documentary Photographer များ သွားကြ ခြင်း ဖြစ်ပါသည်။ အထက်ပါ ပုံ မှာ အဆိုပါ မှတ်တမ်း ပုံ များ အနက် မှ တစ်ပုံ ဖြစ်ပါသည်။
Iasi, Romania 2008
အထက်ပါ ပုံ မှာ အီတလီ
အခြေစိုက် Freelance
Photographer Carlo Gianferro ရူမေးနီးယား
တွင် ရိုက်ကူးခဲ့သော Roma Interior Portrait မှ ပုံ တစ်ပုံ ဖြစ်ပါသည်။ ၁၉၉၂ ခု
နှစ် အရှေ့ ဥရောပ နိုငိငံများ ဆိုဗီယက် ယူနီယံ ၏လွှမ်း မိုးမှု အောက်မှ လွတ်မြောက် ပြီးသည့် နောက်ပိုင်း အခြေအနေ ကို မှတ်တမ်း ရိုက် ကူးထားသည့် ပုံ
များ အနက် မှ တစ်ပုံ ဖြစ်ပါသည်။
ရူမေးနီးယား ခေတ်ပြောင်းချိန် ၏ တိုးတက် ဖြစ်ပေါ် မှု ကို ရိုက်ကူးထားသည့်
မှတ်တမ်း ပုံ များ အနက် မှ တစ်ပုံ ဖြစ်ပါသည်။
The knife thrower’s assistant. Kent,
Englandယ
အထက်ပါ
ပုံ ကို အင်္ဂလိပ် ဓါတ်ပုံ ဆရာ Time
Richmond ၏ ဓါးပစ် သမား နှင့် ၄င်း၏ အကူ တို့ ကို ရိုက်ကူးရန် ရှာဖွေ ခဲ့ရာ အင်္ဂလန်
ရှိ Jon Anton တွင် ဓါးပစ် ဆရာ က သူ၏ အကူ ဖြစ်သူ နှင့် လေ့ ကျင့် နေသည်ကို တွေ့ ၍ ရိုက်ကူး
ခဲ့ ခြင်း ဖြစ်ပါသည်။ ထိုစဉ် ခဏ ရှိ ဓါး အပစ်ခံ ရသူ အမျိုး သမီး မျက်နှာ တွင် ပေါ် လွင်
နေသည့် Moment ကို အရ ဖမ်းယူ ရိုက် ကူးခဲ့ ခြင်း ဖြစ်သည် ဟု ဖေါ်ပြထား ပါသည်။
An unemployed
Moroccan, Canary Islands , Spain 2009
အထက်ပါ
ပုံ မှာ နယ်သာလန်မှ Joel van
Houdt ၏ ပုံ ဖြစ်သည်။ ၄င်း၏ မိတ်ဆွေ ဖြစ်သူ Mohamed သည် စပိန်သို့ တရား မ၀င် ရောက်ရှိလာကာ
နိုင်ငံရေး ခိုလှုံ ခွင့် တောင်း နေစဉ် ကာ လအတွင်း မိတ်ဆွေ တစ်ဦး ၏ အိမ် ၌ အိပ်နေစဉ်
ရိုက်ထား သည့် ပုံ ဖြစ်ပါသည်။ ဥရောပ တွင် အလုပ် အကိုင် အဆင်ပြေ မည် အထင်နှင့် လာရောက်
ခဲ့သော် လည်း ဥရောပ တိုက်တွင် စီး ပွားရေး ကပ် ဆိုက် နေသည့် ကာ လ နှင့်ကြုံ နေ သဖြင့်
တောက်လျှောက် အလုပ် လက်မဲ့ ဖြစ်ခဲ့ ရသည့် မှတ်တမ်း ပုံ ဖြစ်ပါသည်။
From the series “Lost Villages“.
Skipsea, East Riding of Yorkshire ,
England.2011
အထက်ပါ
ပုံ ကို အင်္ဂလိပ် ဓါတ်ပုံ ဆရာ Neil A, White ၏
Lost Village Series မှ ပုံ တစ်ပုံ ဖြစ်ပါသည်။
အင်္ဂလန် အရှေ့ မြောက် ပိုက် ရှိ Holderness Coast တွင် ရေ တိုက်စားခြင်းကြောင့်
မြေများ ပြိုကာ တစ်ဖြေးဖြေး ရွာ လုံး ပြောက်သားသည့် ဖြစ်ရပ် ကို မှတ်တမ်း ဓါတ်ပုံ ရိုက်
ထားသည့် အထဲ မှ ပုံ တစ်ပုံ ဖြစ်ပါသည်။ ၄င်း ဓါတ်ပုံ ရိုက်စဉ်က လမ်း ပေါ် မှ ဖြစ်သော်လည်း
ဓါတ်ပုံ ရိုက်အပြီး ပစ္စည်း သိမ်းကာ ကားပေါ် သို့ အသွား ပြန် လှည့် ကြည့်ရာတွင် ၄င်း
ဓါတ်ပုံ ရိုက်သည့် နေရာ သည် မရှိတာ့ ဘဲ ကမ်းပြိုကာ
ရေ ထဲ ပါသွား သည် ဟု ဖေါ်ပြထားပါသည်။
Dili, East Timor 2012
Documentary
Photography နမူနာ ပုံများ။
အောက်ပါပုံ များ ကို ကူးယူ ဖေါ်ပြရာတွင် ပုံ နှင့်ပတ်သက်သည့်
အကြောင်း အရာ များကို ရှာဖွေ တွေ့ ရှိခြင်း မရှိသဖြင့် ပုံ အတိုင်း ကိုသာ နမူ နာ ပုံ
များ အဖြစ် ဖေါ်ပြ နိုင်ပါသည်။ အောက်ပါပုံ များ အနက် ပထမ နှင့် ဒုတိယ ပုံ နှစ်ပုံ မှာမူ
ကမ္ဘာကျော် ပုံ နှစ်ပုံ ဖြစ် ပါသည်။ ပထမ ပုံ မှာ လွန်ခဲ့သော ဆယ် စုနှစ် (၃) စု ခန့်က ဖီယက်နမ် တွင် Naplm
Bomb ကြောင့် ကိုယ်တုန်းလုံး နှင့် ထွက်ပြေးခဲ့ ရသည် ခလေးမ လေး ၏ ပုံ ဖြစ်ပါသည်။ ယခု ဆို လျှင် အသက် ၃၀ ကျော်နေကာ အမေရိကန် တွင်
နေထိုင်လျှက် ရှိပါသည်။
ဒုတိယ ပုံ မှာ ဗီယက်နမ် တွင် သူ့ ကိုယ် သူ မီးရှို့ကာ စစ်ဆန့်ကျင် ရေး ဆန္ဒပြ
သည့် ဘုန်းတော်ကြီး တစ်ပါး တို့ ၏ ပုံ ကို သာ လျှင် မိမိ သိရှိထားသည့် အကြောင်း အရာများ
ဖြစ် သဖြင့် ဖေါ် ပြ နိုင်ခြင်း ဖြစ်ပါသည်။
___________________________________________________________________________
No comments:
Post a Comment