Monday 13 March 2017

အသိုက်မှ ခွာချိန် ( Leaving the Nest )




“ အသိုက် မှ ခွာ ချိန် “

( Leaving the Nest )


Photo Essay,



မနေ့ က Pied Fantail လေး တွေ သား ပေါက် နေတဲ့ အသိုက် ကို သွား ရိုက်ပါတယ်။ ကျွန်တော် ငှက် ရိုက် ပညာသင် ကျောင်း ဖြစ်တဲ့ Pasir Ris မှာ ပါဘဲ။
အကောင် လေးတွေ က အတော့ ကို ကြီးနေပါပြီ။


သားပေါက် တဲ့ ငှက် သိုက် ရိုက် တာတော့ မကြာခဏ ရိုက်ဖြစ် ပါတယ်။ သို့ သော် ဒီတစ်ခါ တော့ ငှက် ငယ် ကလေး တွေ အသိုက်က ပျံ အထွက် ကို သေသေခြာခြာ ရိုက် လို သဖြင့် နေပူထဲ မှာ ဒုက္ခ ခံကာ စောင့် ရိုက်ပါတယ်။


ကျွန်တော် တစ်ယောက် ထည်းလားဆိုတော့ မဟုတ်ပါ။ များစွာ သော ငှက် ၀ါသနာရှင် ဓါတ်ပုံ ဆရာ များစွာ ဒီလိုဘဲ စောင့် ရိုက် ကြတာပါဘဲ။


“ ကြည့် သော သူသည် မြင်၏ “ …..ဆိုတဲ့ စကား အတိုင်းပါဘဲ သေသေ ခြာခြာ စောင့် ကြည့် တော့…အသိုက် ထဲက ငှက် ကလေး နှစ်ကောင် အနက် အကြီး ကောင်လေး က သူ အသိုက် က မခွာ မှီ သူ့ ရဲ့ ညီ လေး အား နှုတ်ဆက် ထွက် ခွာ သွားတာ ကို စိတ် မကောင်း ဘွယ် ရာ တွေ့ ရပါတယ်။



ပထမ ငှက်ကလေး ဟာ အသိုက် မှာ ခွာ ရန် အကိုင်း တစ်လျှောက် အဖြား ဘက်သို့ လျှောက် သွားပါတယ် -





နောက် တော့ တောင် ပံ များကို ခတ် ကာ ပျံ ထွက် ရန် အားယူ တာ တွေ့ ရပါတယ်။ သူ ရဲ့ တောင်ပံ အစုံ လေဟုန်စီး နိုင်ပြီဆိုတာ ကို စိတ်ချ သွားပုံ လည်း ရ ပါတယ် - 






သို့ သော် ချက် ခြင်း ပျံ ထွက် မသွားဘဲ နောက် ဘက် သို့ ပြန် လှည့် ကာ အသိုက် သို့ ပြန် လာ တာကို တွေ့ ရပါတယ် - 




အသိုက် အ နား သို့ ရောက်တော့ “ ငါ့ ညီရေ…Bye…Bye “ ဆိုသကဲ့ သို့ နှုတ်ဆက် လိုက်ပါတယ် - 





နှုတ် ဆက် ပြီး တဲ့ အခါ တော့ အကိုင်း ဖြား သို့  ပြန် လှည့် လိုက်ပါတယ်။ " ညီလေး ရေ.....အစ်ကို တော့ သွားပြီ " ....ပေါ့ - 






အကိုင်း ဖြားနားရောက် တော့ ဆက်လျှောက် စရာ နေရာ မရှိတော့ ပါ။ လေ ထဲ သို့ ပျံ ရ တော့ မှာ ပါ။


ဘ၀ တွင် ပထမဦးဆုံးအကြိမ် လေ ထဲ ပျံသန်းရ သည် ဖြစ် တဲ့ အတွက် စ၍ ခုန် ကာ ပျံ လိုက်ရာ မှာ လေထဲ အရောက်တွင် သူ့ ရဲ့ ကိုယ်လုံး ကို တောင်ပံ ခတ်တဲ့ အရှိန် က မနိုင်လို့ လေထဲ မြောက် တက်မသွားဘဲ အကိုင်းအောက် သို့ နည်းနည်း ကျ သွား တာ ကို တွေ့ လိုက်ရပါတယ် - 





တောင် ပံ အစုံ ဟာ လေဟုန် စီး နိုင် သည့် အရှိန်ရလာသောအချိန် တွင်မူ မွေးဖွား ကွန်းခို ခဲ့ ရာ အသိုက် ကလေးထက် များစွာ ကျယ်ပြော လှသည့် လော က ကြီးထဲ သို့ ပျံ ထွက် သွားပါ ပြီ - 




သူ နားခို ခဲ့ရာ အသိုက် တည်ရှိ နေတဲ့ သစ် ကိုင်းက လေးကတော့ တဆတ်ဆတ် ခုံ…တုန်ကာ ကျန်ရစ်ခဲ့ပါတယ်။


_______________________________

1 comment:

  1. ဓာတ်ပုံပညာရပ် အတွေ့အကြုံတွေကို
    မျှဝေပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete