Thursday 13 April 2023

 


“ ကာရံ မညီသော ကဗျာ လေး တစ်ပုဒ်  “

 


မောင် ( မန်း-တက္ကသိုလ် )


(၁)






တောင်အာဖရိက ကို တာဝန် ကျ တယ်  လို့ သိရလိုက်တော့ မောင်မောင်စိုး တစ်ယောက် အတော်ပျော် သွားပါ တယ်။

အကြောင်းက ဒီလိုပါ….၊

စင်ကာပူ တွင် တတိယ အတွင်းဝန် အဖြစ် ပထမဦးဆုံး သံတမန်တာဝန် ( First assignment ) ကျစဉ် ၊ ထိုစဉ်က ထိုင်းမှနေ၍ စင်ကာပူ ကိုပူး တွဲ တာဝန် ယူ ထားတဲ့ သံအမတ်ကြီး က -

“ ကျွန်တော် အာဖရိ ရောက်ဘူးတယ် ဗျ “ …လို့ အာဖရိက ရောက်ဘူးတာ ကို တစ်ခုတ်တရ ဂုဏ်ယူ စွာ ပြော တာ  ကြား ခဲ့ ဘူး လို့ ဖြစ်ပါတယ်။

အဆိုပါ သံ အမတ်ကြီးသည် နှယ်နှယ် ရရ မဟုတ် ပြည်ပသို့ သွားရောက် သူ အလွန်နည်းပါးသည့် ထိုစဉ် ကာလက အမျိုးမျိုး သော တာဝန်ဖြင့် ကမ္ဘာ အနှံ့ ရောက်ဘူးသူ ဖြစ်ပါသည်။

 

 


Pretoria, Capital of South Africa.


မောင်မောင်စိုး တစ်ယောက် တောင် အာဖရိက ကို တကယ် ရောက်လာတော့  ယောင်ချာချာ ဖြစ်နေသည်။

လုံခြုံရေးအခြအနေကလည်း မကောင်း။ အညောင်းပြေ အညာပြေ အပြင်ထွက်ကာ လမ်း လျှောက် ခြင်တိုင်းလည်း လျှောက်လို့က လုံခြုံရေး စိတ်မချရ။

သည် အခြေအနေမျိုး တွင် တစ်ယောက်ထည်းသမား၏ အခြေအနေ နှင့် အထည်းကျန် အခက်အခဲကို သံရုံး၏ အကြီးအကဲ ဖြစ်သူ သံအမတ်ကြီး  က နားလည် စာနာ သည်။

 

“ သံမှူးကြီး လည်း ဂေါက်သီးသမား ၊ ကျွန်တော် လည်း ဂေါက် သီး သမားမို့ ကိုယ်ချင်း စာပါတယ်ဗျာ။ ဂေါက်သီးသမား ဆိုတာ ဘယ်နေရာ ရောက်ရောက် ဂေါက်သီး မကစား နိုင်တောင် Driving Range လောက်တော့ သွား ခြင်ကြတာပါဘဲ ။

 

ဒီနေရာရဲ့ လုံခြုံရေး အခြေအနေနဲ့ ကျွန်တော်တို့ အရွယ်အတွက် က ဂေါက် ကွင်းက အလုံခြုံ ဆုံးပါဘဲ ဗျာ။ ကျွန်တော့် မိတ်ဆွေ တွေ ရှိ ပါတယ်။ ကျွန်တော် စီစဉ် ပေးပါမယ်။ “

 

သံအမတ်ကြီး ကိုယ်တိုင် ကလည်း ဂေါက်သီး အားကစား သမားဖြစ် သောကြောင့် ဂေါက် သမားခြင်းခြင်း စာနာကာ ဂေါက်သီး ရိုက် နိုင်စေရန် စီစဉ်ပေးသည်။ သို့ နှင့် အသင်းဝင်ကြေး မည်ကာ မတ်တတ် သာပေးရသည့် Monument Golf Club သို့ သံတမန် လျှော့ ဈေး ၊ မိတ်သင်္ဂဟ လျှော့ ဈေး စသည့် လျှော့ဈေးပေါင်း များစွာ ဖြင့် မောင်မောင်စိုး အသင်းဝင်ဖြစ်ခဲ့သည်။

 

 Monument Golf Club မှာ ပရီတိုးရီးယား မြို့ အပြင် ဘက် ဂျိုဟန် နစ္စဘတ် သို့ သွားသည် R-21 လမ်းမကြီး ဘေးတွင် ဖြစ်သည်။ အာဖရိ က ဂေါက်ကွင်း တို့ ၏ ထုံးစံ အတိုင်း လွင်တည်း ခေါင် ဖြစ်သည်။ အာရှ နိုင်ငံများ ရှိ Country Club ပုံစံမျိုး စိမ်းစိမ်း စိုစို တော့ မဟုတ်။

 

သို့ သော် ဆောင်း ဝင်စ နံနက် ခင်း နှင့် ညနေ ခင်း လေး တွေမှာ တော့ ဖြူလွှလွှ ပုဝါဖြူ ၊ မြူ နှင်း ကလေး ခြုံ ထားသည်မှာ လွမ်း တသသ ဖြစ်‌ ရလောက် အောင် လှ လေ ပါဘိ။ အာဖရိက လွင်ပြင်ရဲ့ လေပြေ လေး  သွေးရင်တော့ သူ တို့ လည်း လွင့် မြော ပြောက် ကွယ်ရ ပြန်ပါတယ်။ 




Monument Golf Course.


မောင်မောင်စိုး အသင်းဝင်ကာစ ဂေါက်ကလပ် အမည် မှာ Monument Golf Club ဖြစ်သည်။ ဂေါက်ကွင်း နှင့်မဝေး လှသော တောင် တန်းပေါ် ရှိ တောင် အာဖရိ တည်ထောင်ကာစ အထိမ်း အမှတ် ကျောက် တိုင်ကြီး ( Monument )ကို အစွဲ ပြုကာ Monument Golf Club အမည် တွင်လာခြင်းဖြစ်သည်။


ဂေါက်ကွင်းသာ မက ဤနေရာ အနီး တဝိုက် နေရာ အတော် များများ မှာ Monument ဆိုသည့်  အ မည် တစ်ခု မဟုတ် တစ် ခု ပါသည် ချဉ်းသာ ဖြစ်သည်။ 



Golf Club သို့ အဝင်။ 


မောင်မောင်စိုး က Waterlooff ရပ်ကွက်မှာ နေလို့ အိမ် နဲ့ ဂေါက်ကွင်း က မဝေးလှပါ။ ကားနဲ့ တောင်တက် တောင်ဆင်း အကွေ့ အကောက် ငါးမိနစ် လောက် မောင်းရင် ရောက်တဲ့ နေရာ ပါ။

  တစ်ခုသော စနေ နေ့ နံနက် မှာ ဂေါက်ကွင်းသွားပါသည်။

 ကစား မယ်ပေါ့။ အဖေါ် တော့ မရှိ။ 

သို့သော် ကိစ္စမရှိ ကွင်းကျ မှ ကြည့် လုပ်မည် ဆိုပြီး ထွက်ခဲ့ ပါသည်။


ကွင်းရောက်တော့ Pro Shop Registration ကောင်တာ မှာ အသား လတ်လတ် အရပ် ခတ်ပြတ်ပြတ် ပိန်ပိန် ပါးပါး ဂျပန် တစ်ဦး ရပ်နေတာ တွေ့ ရပါသည်။ ကြည့် ရုံ မျှနှင့် ဂျပန် မှန်း သိသာ သူ ဖြစ်သည်။

 ကျွန်တော်က စပြီး-

“ ကျွန်တော် မောင်မောင်စိုး ပါ ။ မြန်မာသံရုံး က သံမှူးကြီးပါ၊ ခင်ဗျားတို့အတွဲမှာ လူလိုရင် ဝင် ကစားပါရစေ ”

ဒီလို ပြော တာက ပေါက်သီး သမားတိုင်း  ရိုက်ဘို့ အတွဲ မရှိလို့ အတွဲ ရှာ တဲ့ အခါ မေး လေ့ ရှိတဲ့ ထုံးစံ ပါ။


ထိုပုဂ္ဂိုလ် က မောင်မောင်စိုး ကို မတူသလိုမ တန် သလို ပုံ စံ မျိုး နှင့်ကြည့်နေရာက-

“ ကျွန်တော်က ကျွန်တော့် Minister (သံမှူးကြီး) ကိုစောင့် နေ တာဗျ ။ သူ လာမှ လူ လို ရင် ဝင် ကစားပေါ့၊ အခု တော့ ခင်ဗျား ကို ကျွန်တော် မပြော နိုင်သေးဘူး။“

ဟု ခပ် မာမာ ပြော ပါသည်။


မကြာမှီ တကယ့်ပီဘိ ဂျပန်ပုံစံ နှုတ်ခန်းမွေးနှင့် ဂျပန် သံမှူး ကြီးရောက်လာပါသည်။

မောင်မောင်စိုး လည်း ပထမ ဂျပန်၏ အပြောကို မစောင့် တော့ဘဲ ကိုယ် ကပင် စ၍  သူ… ဘယ်သူဘယ် ဝါ ဖြစ်ကြောင်း ၊ 4-ball အတွဲ မှာ လူ မပြည့်သေး ရင် ဂေါက်သီး ကစား လိုပါကြောင်း ပြော တော့ -

“ ကျွန်တော် တို့ က သုံး ယောက်ထဲ ဘဲရှိပါတယ်။ ဝင်ကစားပါဗျာ “  ဖေါ်ဖေါ် ရွေရွေ ပြော ပါသည်၊

သို့ နှင့် One Flite, Four-Ball ကစား ဖြစ်သွားသည်။


ပထမဦး ဆုံးတွေ့သည့် ဂျပန် မှာ ဂျပန်သံရုံးမှ Counsellor (သံမှူး) ကင်နီချီ (Kenichi Mizawa) ဖြစ်ပြီး ၊

ဒုတိယ  ရောက် လာသည့် ကင်နီချီ စောင့်နေသော  ဂျပန် သံရုံး ဒုတိယ အကြီး အကဲ ( Minister ) မှာ တကာရှီ (Takashi Kamiyama)  ဖြစ်ပါသည်။ ကျန် ဂျပန်တစ်ဦးမှာ ဂျပန်အစိုးရက တောင်အာဖရိက သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာန သို့ အကြံ ပေး အဖြစ် စေလွှတ်ထားသည့် အာကီနို (Aquino)  ဖြစ်ပါသည်။

တကာရှီ သည် မည်မျှ ဂျပန် ပုံ ပေါက်သနည်း ဆိုသော် ဂေါက်သီး မကစားမှီ သွေးပူ (Warming up) လုပ်ရာတွင် ပင် Golf Club ကို ဂျပန် ဆာမူ ရိုင်း  ဓါး ခုတ် သလို သွေးပူ လုပ် သူ ဖြစ်သည်။


နိုင်ငံ အသီးသီး၏ သံရုံး များ သည် နိုင်ငံ တကာ သံရုံး ဖွဲ့ စည်း ပုံ အရ ဖွဲ့ စည်း ထား ကြသည့် အတွက် ရာထူးအဆင့်လိုက်အခေါ် အဝေါ်များမှာ အားလုံး အတူတူလိုပင် ဖြစ်ပါ သည်။

သို့ ရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ သံရုံးများ၏ ဖွဲ့ စည်း ပုံ မှာ မူအနည်း ငယ် ကွာခြားမှု ရှိကြပါသည်။

 ယေဘူယျ အားဖြင့် သံရုံးများကို Embassy ဟုခေါ်ကြစေကာမူ British Commonwealth ( ဗြိတိသျှ ဓနသဟာယ ) အဖွဲ့ ဝင် နိုင်ငံ အခြင်းခြင်း၏ နိုင်ငံများ အတွင်းရှိ အဖွဲ့ဝင် သံရုံး များကိုမူ High Commission ( မဟာမင်းကြီးရုံး ) ဟု ခေါ်ကာ သံအမတ်ကြီးကို High Commissioner ( မဟာမင်းကြီး) ဟု ခေါ်ကြသည်။


 ဥပမာ အားဖြင့် ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံ မဟုတ်သော မြန်မာနိုင်ငံရှိ ဩစတြေလျှ သံရုံးကို Australian Embassy ဟုခေါ်သော် လည်း ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် စင်ကာပူတွင်မူ Australian High Commission ဟု ခေါ်သည်။ ထို့ ကြောင့် စင်ကာပူ ရှိ ဩစတြေလျှ သံအမတ် ကြီးကို Ambassador ဟု မခေါ် ဘဲ Australian High Commissioner ( ဩစတြေလျှ မဟာမင်းကြီး) ဟု ခေါ်သည်။


သံရုံး ဒုတိယအကြီး အကဲများ၏ အခေါ်အဝေါ်မှာမူ များစွာကွဲပြားမှု မရှိလှပါ။ မြန်မာနိုင်ငံ သံရုံးကြီးများ၏ ဒုတိယအကြီးအကဲ ရာထူးမှာ များသော အား ဖြင့်  Minister Counsellor (သံမှူး ကြီး ) များဖြစ်ပြီး ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း ၊ ဘင်္ဂလား ဒေ့ရှ် စသည့် သံ ရုံးကြီး များ၏ ဒုတိယ အကြီး အကဲ မှာမူ များသော အား ဖြင့်  Minister ( သံမှူးကြီး )များ ဖြစ်ပါသည်။


 အချို့ ဖွဲ့စည်းပုံ အင်အားနည်းသည့် သံရုံးငယ်များတွင်မူ အထက်ဆင့် ကဲ အရာရှိများ မရှိပါက Third Secretary (တတိယ အတွင်းဝန် )သည်လည်း သံရုံး ဒုတိယ အကြီးအကဲ တာဝန်ယူ သည့် သံ ရုံး အချို့ လည်း ရှိပါသည်။

 

ထိုစဉ်က မြန်မာ နိင်ငံခြားရေး ဝန်ကြီးဌာန ဖွဲ့ စည်း ပုံ တွင် Minister ရာ ထူး မရှိ ပါ။ Minister ရော Minister Counsellor ကိုပါ မြန်မာ ဘာသာ ဖြင့် တရားဝင် ခေါ်ဆိုရာတွင် သံမှူးကြီးဟု ပင် ခေါ်ဆိုပါသည်။

Counsellor ( သံမှူး )၊ First Secretary, Second Secretary, Third Secretary ရာထူး များ၏ ရာ ထူး အခေါ် အဝေါ် များမှာ နိုင်ငံတကာ သုံး ရုံး အားလုံး လိုလို အတူတူ ပင် ဖြစ်ကြ ပါသည်။



(၂)

 

မောင်မောင်စိုး တို့ ရဲ့ ဂေါက်ကလပ် အမည်က Monument Golf Club ဖြစ်ပါသည်။

Monument လို့ ဖြစ်လာရ တာက တော့ အထက်တွင် ဖေါ်ပြခဲ့ သကဲ့သို့ Monument ဂေါက်ကွင်းကြောဘက် တောင်ကြောလေး အပေါ် မှာ တည် ဆောက် ထားတဲ့ ဧရာမ ကျောက်တိုင်ကြီး ကို အစွဲ ပြု ဖြစ်ပေါ်လာတာ ဖြစ်ပါသည်။

 

Monument သည် တောင်အာဖရိက ၏ အထိကရ သမိုင်း မှတ် တိုင် ကြီး တစ်ခု လို့ ဆို ရပါမည်။ တောင်အာဖရိက ပေါ်ထွန်း လာဘို့ အတွက် နယ်သစ် ပါယ်သစ် ရှာ ဘို့ ရောက်လာ ခဲ့ကြတဲ့ လူဖြူတွေ က သူတို့ မည်မျှ ဒုက္ခ သူက္ခ ခံ ကာ ဒီနယ်မြေ ကို ထူထောင် ခဲ့ ကြရတယ် ဆိုတာ ကို မှတ်တမ်း များ ပြသ ထားရာ နေရာ ဖြစ်ပါသည်။

 

ဤ Monument အဆောက်အအုံ ကိုမူ ၁၈၃၈ ခုနှစ်ထည်းက စ၍တည်ဆောက်ရာ ၁၈၄၉ ခုနှစ်တွင် ပြီးသည်။ ဤ အဆောက်အအုံသည် ၁၈၃၅ မှ ၁၈၅၄ အထိ တောင်အာဖရိက ဖြစ်ပေါ်မှု သမိုင်း၏ ပြခန်းပင်ဖြစ်သည်။

တောင်အာဖရိကကို လူဖြူများထူထောင်ကြပြီးနောက် လူမည်း များအား အသား ရောင် ခွဲ ခြားရေး စနစ် ဖြင့် ဖိနှိပ် အုပ်ချုပ် ခဲ့ ကြသည်။  ၁၉၉၄ ခုနှစ်တွင် တွင်မူ လူမည်း များသည် အသားရောင် ခွဲခြားရေး စံနစ် ကို တွန်းလှန် ဖယ်ရှားကာ နိုင်ငံတော် အာဏာ ရရှိခဲ့သည်။

ဤ Monument သည် လူဖြူ များက ၎င်း တို့ အနေနှင့် ဒေသခံ လူမည်း များ နှင့် မည်မျှ တိုက်ခိုက် ခဲ့ကြရပြီး မှ ဤ ကဲ့ သို့ နိုင်ငံ ထူထောင်ခဲ့ရ ပုံ ကို ပြသထား သည့် ပြတိုက်သာ ဖြစ်သည်။

 

လူမည်း ဆန့်ကျင်ရေး မဟုတ်စေကာမူ လူဖြူ တို့ က သူတို့ တောင်အာဖရိက ကို မည်မျှ ဒုက္ခ သုက္ခ  ခံကာ ထူထောင်ထားရ သည် ကို ပြသထားသည့် နေရာ ဖြစ်သည်။

 

သို့ သော် ၁၉၉၄ တွင် လူ မည်း သမ္မတ ဖြစ်လာသည့် နယ်လ်ဆင် မန်ဒဲလား မှ အစ အမ်ဘက်ကီ အလယ်  သမ္မတ ဂျက်ကော့ ဇူးမား အဆုံး အားလုံးသော လူမည်း အစိုးရ အဆက် ဆက် သည် လူ ဖြူ များ တည် ဆောက် ထားခဲ့ သည့် ဤ အဆောက် အအုံ ကို ဖျက်ဆီးခြင်း မရှိဘဲ သဘောထား ကြီးစွာ သမိုင်း မှတ်တိုင် အဖြစ် ဆက်လက် ထားရှိ သည်။



Monument Hill.






Monument Building  အနီး မြင်ကွင်း။



 

 Monument ကဗျဉ်းစာ တမ်း။





Monument အပေါ် မှမြင်ကွင်း။





Monument အတွင်း မြင်ကွင်း။





တောင်ဘက် သမုဒ္ဒယာ ကမ်းခြေမှ မြောက်ဘက် သို့ ခရီးရှည် ခရီးကြမ်း နှင် ခဲ့သည့် Great Trek မြေပုံ.




 လူဖြူများ နှိပ်စက် သတ်ဖြတ် မှု ခံကြရသည့် ပြ ကွက်။




မောင်မောင်စိုး အသင်း ဝင်ဖြစ်ပြီး မကြာခင်တွင် Monument Golf Club သည်  Waterkloof Golf Club အမည် သို့ ပြောင်း သွားသည်။

Waterkloof မှာ မူ မောင်မောင်စိုး တို့ ဂေါက်ကွင်း တည်ရှိရာ အရပ် ၏ အမည် ဖြစ်ပါသည်။

 

ဂေါက်သီး ၉ ကျင်း စားအပြီး Club House တွင် ခေတ္တ နားစဉ် စားကြသောက်ကြ နောက်ကြ ပြောင်ကြ နှင့် ခင်မင်သွားကြပါသည်။

သံတမန် လောက တွင် အားကစား ဝါသနာ တူ၊ သံတမန် ဆန်ဆန် သောက်ကြ စားကြတာ ဝါသနာ တူ ရင် ခင်မင် ပေါင်းစည်း မှု မြန်ဆန် မြဲမြန် တာက သဘာဝပါ။

နောက်ပိုင်းတွင် ပထမ တွေ့စက မတူသလို မတန် သလို ပုံစံ မျိုး နှင့် ဆက်ဆံ သူဟု ထင်ခဲ့ မိသည့် ကင်နီချီ နှင့်မူ ညီရင်း အစ်ကို သဘွယ် ခင်မင်သွားခဲ့ ကြပါသည်။

 

ကင်နီချီ က မောင်မောင်စိုး ထက် အသက်လည်း ကြီးသည်၊ ဂေါက်သီး ဝါ လည်း ကြီးသည်။

သူကလည်း မိသားစု ခေါ်လာသူ မဟုတ်။ ဝါသနာ ခြင်းကလည်းတူ ကြသည့်အတွက် ကစားအတူတူ၊ စားလည်း အတော်များများသော အချိန်တွေမှာ အတူတူ ၊ သောက်လည်း အတူတူ ဖြစ်ခဲ့ကြပါသည်။

 

မောင်မောင်စိုး အိမ် နှင့် သူ့အိမ်မှာ အိမ်ခြင်း မဝေး လှ။ သူ့ အိမ် အနီး Brooklyn Mall ရှိ ဂျပန် စားသောက်ဆိုင်မှာ သူ့အိမ်ကဲ့သို့ ဖြစ်နေသည်။ တစ်ယာက် ထည်းသမား ဖြစ်၍ ရုံးပတ်ရက်များ တွင်သာ ရံဖန် ရံ ခါ သာ ချက်ပြုတ် စားသောက်ခါ များသော အားဖြင့် ထို ဂျပန် စားသောက် ဆိုင်တွင် သာ စားသည်။ မကြာ ခန ဆိုသကဲ့ သို့ သူခေါ် သဖြင့် ရောက်ခဲ့ရသည်။ သူ ၏ Vodka ပုလင်းကိုလည်း ဆိုင်မှာပင်ထားသည်။

 

ဂျပန် စားသောက် ဆိုင် ဆိုသော် လည်း ဆိုင်ရှင်က တိုင်ဝမ် တရုတ် ၊ ချက်ပြုတ်သူ Chef က ထိုင်း၊ စားပွဲ ထိုးက လူမည်း မလေး တွေ ဖြစ်သည်။ ဂျပန် စားသောက် ဆိုင် ပုံ စံ အရ ချက်ပြုတ် သည့် နေရာ တွင်ပင် စားကြသည်။ သူတစ်ခွက် ကိုယ် တစ်ခွက် Chef လည်း တစ်ခွက် ၊ သို့ သော် သွက်သွက် တော့ မလယ် ကြပါ။

 

 

 

(၃)

 

မောင်မောင်စိုး တို့ ရဲ့ WaterKlooff Golf Course အနီးမှာ Sky Golf-in-One ဂေါက်သီးရိုက် လေ့ကျင့် တဲ့ Driving Range ရှိသည်။

အမှန်တော့် Hole in One ကို အတုယူ ကာ Sky Golf-in-One ဟု အမည် ပေးထားခြင်း ဖြစ်ပါသည်။ ဂေါက်သီး ရိုက် လေ့ ကျင့် ရေး ကွင်း (Golf Driving Range ) နှင့် ကပ်လျှက် အပေါ်ထပ် တွင် Driving Range ကို တံတားလေး နဲ့ ဆက် ထားတဲ့ အရှေ့တိုင်း နှင့် အနောက်တိုင်း စာ အားလုံးရ သည့်  Merloe's Restaurant စားသောက် ဆိုင်ကလေး လည်း ရှိပါသည်။

 



Outside Area of Sky in One’s Merloe's Restaurant.



ကစား အပြီး အပေါ်ထပ် Merloe's Restaurant စားသောက် ဆိုင် ဝရန်တာ လေးမှာ လေ လေး တဖြူးဖြူး နဲ့ တစ်ဘက် က Green Valley Natural Park ကို ကြည့် ကာ စားသောက် အပန်း ဖြေရ တဲ့ အရသာ ကတော့ စာဖွဲ့ ပြ မရ တဲ့ အရသာ ပါ။

 မောင်မောင်စိုး ရော  ကင်နီချီပါ Sky Golf-in-One’s Member များ ဖြစ်ကြ သဖြင့် Golf Ball ကို အကန့် အသတ် မရှိရိုက်ခွင့် ရှိကြပါသည်။

 မောင်မောင်စိုး  အိမ် နှင့်အလွန်နီး သဖြင့် ကား ကို ငါးမိနစ် ခန့် မောင်းလျှင် ရောက် သဖြင့် အား လျှင် အားသလို ရောက် သည့်နေရာ ဖြစ်ပါသည်။ ကင်နီချီ အိမ် နှင့် လည်း မဝေးလှ သဖြင့် မောင်မောင်စိုး တို့ ဆုံ ရပ် တစ်ခု လည်း ဖြစ်ပါသည်။

Driving Range မှာ ဂေါက်သီး ရိုက် လေ့ကျင့် ကြသည်။ ဂေါက်သီး မရိုက် လည်း ဘီယာ ထိုင်သောက် ကြသည်။

 

တစ်ခါ တစ်ရန် လည်း တောင် အာဖရိက မှာ ဆရာဝန် တာဝန် ထမ်း ဆောင် နေသည့် ဂေါက်သီးစရိုက်ခါ စ ( Beginner ) ကိုဇော်ဝင်း လည်း ပါ လာ တတ်သည်။ သူနှင့် မောင်မောင် စိုး တို့  က သက်တူ ရွယ်တူ များ ဖြစ်လို့ တွဲ ဖြစ် ကြသည်။ သူ့ ကို သိ သလောက် ဂေါက်သီး ရိုက် နည်း စနစ် အချို့ ကို ပြ ပေး သည်။

 

မောင်မောင်စိုး သည် အဆင့် အမြင့်ကြီး မကစား နိုင်စေကာမူ First Assignment အဖြစ်  ပထမဦးဆုံး စင်ကာပူ တွင် တတိယအတွင်း ဝန် တာဝန် ကျ စဉ် ကပင် စင်ကာပူ နိုင်ငံ ကိုယ်စားပြု ဂေါက်သီး အားကစား သမား Teaching Pro, Phoo Eng Soon နှင့် စနစ်တကျ သင်ယူခွင့် ရခဲ့ သဖြင့် ဂေါက်သီး ဆိုင်ရာ အဓိက အခြေ ခံ များ ကို ပြ နိုင်သည်။

 

 Sky Golf-in-One Driving Range.





Sky Golf-in-One Driving Range – Ground Level.



တစ်နေ့ တွင် မောင်မောင် စိုး  ကင်နီချီ ၊ ကိုဇော်ဝင်း နှင့် တို့ နှင့် အတူ Sky Golf-in-One Driving Range အပေါ် ထပ် မှာ ဂေါက်သီး ရိုက် လေ့ကျင့် ကြသည်။

 ကြားရက် ညနေ ဖြစ်သဖြင့် ၊ လူ သိပ်မများ လှ။


မောင်မောင်စိုး ခန နား လိုက်တော့၊ ညာဘက် ခပ်လှမ်း လှမ်း ရိုက်ကွက် ( Golf Mat )  (၅) ကွက် ကျော် လောက် တွင် ဖြူဖြူ သွယ်သွယ် အရှေ့တိုင်း ပုံစံ နဲ့  အသွင် ချော ချော အမျိုးသမီး ငယ် တစ်ဦး ဂေါက်သီးရိုက် လေ့ကျင့် နေသည်ကို တွေ့ လိုက်ရသည်။

ရိုက်ချက် တွေ ကြည့် သည်နှင့် ဂေါက်သီး ရိုက် သည့်  ဝါ အရင့် ကြီး ဟုတ်ပုံ မရ သည့် ပုံ ပေါ်နေ သည်။

 

 ရိုက်ချက် တွေ အားလုံး သည် ဂေါက်သီးမှာ ရောဂါ ဆိုး ဟု ဆိုရမည့် ညာ သို့ လန် ထွက် နေသည့် Slice Shot တွေ ဖြစ်နေသည်။

ဤကဲ့ သို့ အမှား နှင့် သာ ဆက်ရိုက် နေလျှင် ထို အမှား စွဲ သွားပြီး Muscle Memory ဝင်သွား လျှင် ပြင် ရ အလွန် ခက်ပေမည်။ မောင်မောင်စိုး မနေသာ၊ သူ ခန နားတာ မြင် တော့ သူ့ အနား အသာ သွားကာ..

 

“ ကျွန်တော် မောင်မောင်စိုးပါ ၊ မြန်မာ သံရုံးက သံရုံး ဒုတိယ အကြီး အကဲ DCM, Minister Counsellor ပါ၊ “ ဆိုပြီး လက်ကမ်း ပေးကာ နှုတ်ဆက် လိုက်တော့ …

သူ ကလည်း လက်ပြန် ကမ်း ပေးကာ….

“ ကျမ က Cindy Lim ပါ တိုင်ဝမ် Liaison Office မှာ တွဲဘက်ထား တဲ့ Tread Officer ပါ ၊ Trade Section မှာ ခန လာပြီး တွဲဖက် ထား တာပါ၊ တွေ့ ရ တာ ဝမ်းသာပါတယ်။”

Cindy က ပင် ဆက် ၍ ….

သူ သည်  Liaision Office ဝန်ထမ်း တော့ မဟုတ် ကြောင်း၊ တိုင်ဝမ် Trade Ministry မှ ဖြစ်ကြောင်း၊ တောင်အာဖရိက တွင် တိုင်ဝမ် လုပ်ငန်းရှင်များ ၏ Trade Volume ကို တိုင်ဝမ် ကုန်သွယ်ရေး ဝန်ကြီး ဌာန အနေ နှင့် အနီးစပ် ဆုံး အမှန် သိနိုင်ရေး အတွက် Survey လုပ် ရန်နှင့် Consular ပိုင်းဆိုင်ရာ လိုအပ် သည့် အခက်အခဲ များကို သိနိုင်ရန် နှင့် လိုအပ်သည့် အကူ အညီများ ပေး နိုင် ရေး အတွက်  Liaison Office ကို ခေတ္တတွဲ ထားခြင်း ဖြစ်ကြောင်း  ရှင်း ပြ ပါသည်။

Cindy စကား ပြတ် ချိန်တွင် …မောင်မောင်စိုး က ..

“ Cindy ဂေါက်သီး ရိုက် တာ ကြာပြီလား”

“ ပြော ရ တော့ ခက် တယ်ရှင်၊ ရိုက် တာ တော့ အတော် အသင့် ကြာ ပါပြီ။ ရိုက် လိုက် ပျက် လိုက် ၊ စနစ် တကျ ဘယ်လို ပြင် ရ မှန်း လဲ မသိ လိုက် ဆိုတော့ Beginner သာသာ ပြန် ဖြစ်နေလို့ စိတ် အတော် ပျက် နေရပါတယ် “

 “ ကျွန်တော် အခု ရိုက် ချက် တွေ ကို သတိပြုမိတာက ညာလန်ထွက် တဲ့ Slice Shot တွေ ဖြစ်နေတယ် Cindy လည်း ကျိုးစား ပြင်နေပုံ ရတယ်၊ ကျွန်တော် က တော့ ရိုက် တာ အတော်ကြာ ပါပြီ၊  Single Handicapper ( အမြင့်တန်း ကစား သမား ) တော့ မဟုတ် သေးပါ၊ ဒါပေမဲ့ လက်ခံ မယ် ဆိုရင်  ဒီ Slice ဖြစ်နေတာ လေး ကို ပြင်ပေး ပါရစေ ၊ ကျွန်တော် အလွယ် နည်း လေး သိထား လို့ပါ “

“ အိုး….ဝမ်းသာ လိုက် တာ …ပြင် ပေး စမ်းပါ ရှင် “


ဂေါက်သီး နည်း စနစ် မှာ များများ ပြင် လိုက် လျှင် လက်ရှိနည်း တွေ နဲ့ ရော ကုန်ကာ ရိုက် လို့ မရ လောက် တဲ့ အထိ ဖြစ်တတ်သည်။ အခြေအနေ ကို ကြည့် ကာ လိုက်လျှော ညီထွေ ပြင် ဘို့ လိုသည် ကို မောင်မောင်စိုး အတွေ့ အကြုံ အရ သိသည်။


“ Cindy ..လူ နဲ့ Ball နီး လွန်း နေတယ်၊ နှစ်လက်မ လောက် နောက် ကို ခွာ ရပ် လိုက်ပါ။ အခု ပုံ မှန် ကိုင် ထားတဲ့ ဘယ်ဘက် ( Left Grip )  မှာ လက် ဟာ နည်း နည်း ( Open)  ပွင့် နေတယ် ၊ ဘယ် Grip ကို ညာဘက် ကို ပြန်ပြီး ( Twist to Close )  နည်း နည်း လှည့် ပေး လိုက်ပါ။ ဘယ်လက် ရဲ့ လက်ညှိုး၊ လက်သူကြွယ် နဲ့ လက်ခလယ် ရဲ့ ဖိအား ကို နည်း နည်း ပို ပေး လိုက်ပါ… ကဲ စမ်း ရိုက် ကြည့်ပါ”

 ပထမ တစ်လုံး Slice ဖြစ်ဆဲ၊ နည်း နည်း သက်သာ လာသည်။ ဒုတိယ အလယ် ဘက် နည်းနည်း ပိုရောက်လာသည်။ တတိယ၊ စတုထ္ထအလုံး………….ခြောက် လုံးလောက် ရိုက် လိုက်တော့် ဘော လုံး အလယ် ကိုရောက် လာပြီ၊ Confident ( ယုံကြည်မှု )ရှိလာ တော့ ရိုက်အား ကောင်း လာကာ နောက် အချက် များတွင် ဘော လုံး သည် ပြေး လည်း ပြေး ဖြောင့်လည်း ‌ဖြောင့် လာသည်။

Cindy ဝမ်း သာ လိုက် သည်မှ သွား ပင် စေ့ မရ။

“ ဝမ်းသာ လိုက် တာ မစ္စတာ စိုး ရယ်၊ ဆရာ့ ကို ဘီယာ တိုက် ရမယ် “

“ အခြေ အနေ ကို တည့် ပေး နိုင် လိုက် လို့ ကျွန်တော် လည်း ဝမ်းသာပါတယ်၊ ဘီယာ နောက်မှ သောက်ပါမယ်။ ဂေါက် သမားတွေ ဘဲ ဗျာ ၊ နောင် လည်း တွေ့မှာ ပါ ၊ အကြွေး မှတ် ထား နော် “

လို့ ပြော ကာ   ကိုယ့် Mat ကို ပြန် လာ ခဲ့ ပါသည်။

 

ကင်နီချီ က “ မင်း ဘာစီးပွားရေး သွား လုပ်တာ လဲ “ လို့ နောက် မေး  မေး တော့ ..

ကိုဇော်ဝင်း က …ဒီမောင် “ နိုင်ငံ‌ ရေး သွားစည်းရုံးတာ ဗျ “ လို့ ဝင် ခွပ် လိုက် ပါသည်။


မောင်မောင်စိုး တို့ လေ့ကျင့် တာ နားပြီး Merloe's Restaurant မှာ ဘီယာ သောက် နေကြစဉ် Cindy လည်း လေ့ကျင့် တာ နားကာ မောင်မောင်စိုး တို့ စာပွဲ မှာ လာထိုင် တော့ ညနေ ခင်း ကလေး က ပို ၍ စိုပြေ ဝင်းပ သွား ပါ သည်။

သည်နေ့ သည် ....သာယာ ပျော်ရွှင် ဘွယ်ရာ နေ့ ရက် ကလေး တွေ ကို အစပျိုး တဲ့ နေ့ ကလေး ဖြစ်ခဲ့ ပါမည်။

 

 

 

(၄)


 

၁၉၇၁ ခု  အောက်တိုဘာလ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ကမ္ဘာ့ ကုလ သမဂ္ဂအဖွဲ့ ဝင်ဖြစ် လာပြီး တိုင်ဝမ် ကမ္ဘာ့ ကုလ သမဂ္ဂအဖွဲ့ ဝင် အဖြစ်မှ ဖယ်ပေး လိုက် ရသည့် အချိန် နောက်ပိုင်းမှ စ၍ One China မူဝါဒ အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် သံ တမန် ဆက်ဆံ သည့် နိုင်ငံ များ တွင် တိုင်ဝမ် သည် သံ ရုံး ဖွင့် နိုင်ခြင်း မရှိပါ။

 

သို့ရာ တွင် နှစ်နိုင်ငံ ဆက်ဆံ ရေး လုပ် လိုလျှင်မူ သံတမန်ဆက်ဆံရေး (Diplomatic Relations) ဆောင်ရွက်  နိုင်မှု မရှိ ဘဲ နှစ်နိုင်ငံ ဆက်ဆံ ရေး အတွက်  The Taipei Liaison Office သာ ဖွင့် နိုင်သည်။

 

တိုင်ဝမ် သည် ကမ္ဘာပေါ် တွင် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျှ ၊ ပြင်သစ်၊ ဂျာမဏီ ၊ ရုရှား ကဲ့ သို့ နိုင်ငံ များ နှင့် ဟောင်ကောင် အပါ အဝင် နိုင်ငံ  (၆၀) ကျော်ခန့် အပြင် EU, WTO အဖွဲ့ အစည်း များ  တွင် - 

-       Taipei Liaison Office, Taipei Economic and Cultural Office,

-        Taipei Economic and Trade Office,

-       Taipei Economic and Cultural Center,

-        Taipei Mission,

-        Taipei Economic and Cultural Representative Office,

-       Taipei Economic and Cultural Mission, Taipei Trade Office,  စသည့် အမည် အမျိုးမျိုး ဖြင့် တိုင်ဝမ် ကိုယ်စားလှယ် ရုံး များ ဖွင့် ထား ပါသည်။

 

ယေဘူယျ အခေါ် အား ဖြင့် Liaison Office ဟု ဆိုစေကာမူ အခြားသော သံ ရုံး များ နည်းတူ Political Division, Consular Division, Economic Division, Information Division, and Service Coordination Division စသည် ဖြင့် ဖွဲ့ စည်း ထားသည်။

ဆက်ဆံရေး ရုံး ( Liaison Office ) အကြီး အကဲ ( Head of Mission) ကို   Representative ဟု ခေါ် စေကာမူ ဆက်ဆံရေး ရုံး များ ကို လိုက်၍  အောက်ပိုင်း ရာ ထူး များ ကိုမူ အခြား သံရုံး များ နည်းတူ   First Secretary, Secretary, Third Secretary စသည် ဖြင့် သာ ခေါ် ကြ သည် ကို တွေ့ရှိရပါသည်။

 

တောင်အာဖရိက သည် တိုင်ဝမ် နှင့် ယခင် က သံ တမန် အဆက် အသွယ် ရှိခဲ့ သော်လည်း One China မူဝါဒ အရ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ တွင် သံမန် အဆက် ဖြတ်ခဲ့ သည်။ သို့သော်  နှစ်ဘက်ညှိနှိုင်းကာ ဆက်သွယ်ရေး ရုံး ( Liaison Office ) များ အပြန် အလှန် ဖွင့် ထား ခဲ့ ကြသည်။

 

တောင် အာဖရိက တွင် တရုတ်ပြည်ကြီးမှ တရားဝင်ရော ၊ မဝင် ပါ လာရောက် အလုပ် လုပ် ကိုင် သည့် တရုတ် မြောက် များစွာ ရှိသကဲ့သို့ မျိုးစုံသော စီးပွားရေး လုပ်ငန်း များ လုပ်ကိုင်နေသည့် တိုင်ဝမ် တရုတ်တွေ လည်း များလှသည်။ မြိုူတော် ပရီတိုး တွင် ပင် မြောက်များစွာသော တိုင်ဝမ် စီးပွားရေး လုပ်ငန်း ရှင်များ ရှိသည်။

အခြား နိုင်ငံ သံ ရုံး များ နည်း တူ Cindy သည် လည်း သူ တို့ ရဲ့ တိုင်ဝမ် အမျိုး သား များ ကို ကူညီစောင့် ရှောက် ရန် ကိစ္စနှင့်   ရောက် နေခြင်း ဖြစ်ပါမည်။

 

Sky Golf-in-One Driving Range ပိုင်ရှင် Kevin Chan သည် တိုင်ဝမ် မှ လာရောက် စီးပွားရေး လုပ်ကိုင် နေသူဖြစ်သည်။  နေ့တဓူ ဝ တွေ့ နေကြတော့ မောင်မောင်စိုး တို့ အဖွဲ့ နဲ့ Kevin Chan ဟာ လည်း အလွန် ခင်မင်တဲ့ မိတ်ဆွေ တွေ ဖြစ်လာကြသည်။

 

 


Sky Golf-in-One Driving Range ပိုင်ရှင် Kevin Chan။



ဂေါက်သီး ရိုက်သည့် နေ့ ၊  အတွဲ တွင် လူ မပြည့် သည့် အချိန် တွင် Cindy ကို ခေါ် ကစား လေ့ ရှိ သည်။ ကိုဇော်ဝင်း ကတော့  ကွင်းလှည့် နိုင်သည့် အဆင့်မဟုတ် သေး၍ မခေါ် နိုင်။

 

ကွင်း အတွင်း( Round ) လှည့်  ရာ တွင် ဆောင်ရန် ရှောင် ရန် များ နှင့် အရေး ကြီးသည့်  ( Course Strategy ) များ ကို ပြသ ပေးသည်။ သည် အဆင့် က Driving Range မှာ လေ့ ကျင့် သည်နှင့်မတူ ၊ သီးခြား ဘာသာ ရပ် များ ဖြစ်သည်။ ခက် သည် ဟု ဆိုသည် ထက် Gentleman Game အဖြစ် ကစား တတ် ရန် လို သ ဖြင့် ပို ၍ သိမ်မွေ့ ရှုတ် ထွေးသည်။

 

ဂေါက် ကွင်း အတွင်း ( Round ) လှည့် နေစဉ် အရေးကြီးသည့် ဂေါက်သီး စည်းမျဉ်း များ၊ ကွင်းရဲ့ ဒေသ ဆိုင်ရာ စည်းမျဉ်း ( St. Andrew Rules of Golf, Golf Course များ အလိုက် ချမှတ် ထားတဲ့ ( Local Rules) များ ထဲက သိသင့်ရာရာ လေး တွေ…ဂေါက်သီး ရိုက်စဉ် လိုက်နာ ကျင့်သုံး ရမည့် Etiquette များ ၊ ဂေါက်သီး ကစားနေစဉ် အတွင်း ရှောင် ရမည့် Manners အပြု အမူ များ ကိုပြောရသည်။ 

“ Cindy …ဒီသင်ခန်းစာ က Teaching Pro. နဲ့ သင် ရင် အရမ်း ဈေးကြီးတယ်နော်…”

လို့ နောက် လိုက် တော့ …

“ ဆရာ က လည်း ဈေး ခေါ် လိုက်တာ နော်…..ဘီယာ တိုက်ပါမယ် ရှင် “

“ အခု မသောက်သေး ဘူး ၊ များများ ရအောင် စု ထား ဦး မယ် “

သည် လို နဲ့ စု ထားလိုက် တဲ့ ပါးစပ် ဘီယာ တွေ အတော် များ များ လာပါပြီ….

 

 

 

(၅)

 

တောင်အာဖရိက သည် ရာဇဝတ်မှု ထူပြောသည်။ လမ်းထွက် လျှောက်စဉ်မှာ ပင် လုယက်ခြင်း ခံ ရတတ်သည်။ အခန့် မသင့်လျှင် အသက် ပင် ပါသွားနိုင်သည်။ လက်နက်ကိုင် အပြည့် အစုံ နှင့် လုပ်ငန်း ဆိုင်ရာ ငွေ များ သယ်ယူပို့ဆောင် သည့် မော်တော် ယာဉ် ကို ကြားဖြတ် တိုက်ခိုက် ခြင်း၊ လမ်းပေါ်တွင် နေ့ ခင်းကြောင်တောင် လုယက် ခြင်း ၊ အိမ် ဖေါက်ထွင်း ခြင်း ၊ အသတ်ခံ ရခြင်း ၊ များ မှာ သံတမန် များတွင် ရော အရပ်သား များတွင် ပါ နေ့စဉ် ထု နဲ့ ဒေး ဖြစ်နေသည်။

 

လေဆိပ်မှ သံတမန် ချော အိပ် ( Diplomatic Pouch ) ယူပြီး ပြန်လာ သည့် ပရီတိုးရီးယား ရှိ မြန်မာသံရုံး မှ သံအရာရှိငယ် တစ်ဦး ပင် သံရုံး အဝင် ဝ တွင် လူဆိုးများက သံတမန် ချော အိပ် ကို ငွေအိတ် အထင်နဲ့ သေနပ်နဲ့ ပစ်ခါ လု ခဲ့ဘူးသည်။

 

ထို့ကြောင့် သံတမန် များ အတွက် ရာဇဝတ်ဘေး မခံ ရစေရေး အတွက် လူရှေ့တွင် ငွေ ထုတ် ရေတွက်ခြင်း မပြုရန်၊ ကားကို လူပြတ်သည့် မှောင်သော နေရာ တွင် မရပ်ရန်၊ အကယ်၍ လူဆိုးများက ကား ကို ရပ်တန့် ပြီး လုယက်ပါက မိမိ လက်ကို လူဆိုးတွေ မမြင် နိုင်အောင် အောက်မချ ထားဘဲ သူတို့ မြင်သာအောင် ပြထားပါ၊ (အကယ်၍ လက်ကို အောက်ချ ထားပါက လက်နက် ထုတ်ကာ ခုခံ မည်ဟု ထင်ပြီး သတ်ပစ် နိုင်သည်) စသည့်  ဆောင်ရန် ရှောင် ရန် ညွန်ကြား စာ အုပ် ထုတ်ထားရသည်။

 

အိမ်တိုင်း လိုလို မှာ ခြံစည်း ရိုး အခိုင်အခန့် ပေါ်တွင် Electrified Wire များ ဆွဲ ထားက ADT ကဲ့ သို့ လုံခြုံ ရေး ကို အစောင့် အရှောက် ယူ ထားကြသည်။


မိတ်ဆွေ Kevin Chan သည်လည်း လုပ်ငန်းရှင် သူဌေး ဆိုတော့ လုယက်ခြင်း ဘေး က မလွတ်။ သူ လုယက် ခြင်း ခံ ရသည် က အတော် စိတ်ဝင်စား ဘွယ်ရာ ကောင်းသည်။

သတင်း ကြား တော့ မောင်မောင်စိုးက -

“ Kavin …ခင်ဗျားအိမ် က ခြံစည်းကလည်း အမြင့်ကြီး Electrified Alarm Wire တွေလည်း တတ် ထားတာဘဲ။ Wire ကို ကျော် ဖြတ် လိုက်တာ နဲ့ ADT Security မှာ Alarm မြည်တာဘဲ။ ဘယ်လိုဖြစ်ပြီး ပစ္စည်း တွေ ပါသွားရတာလဲ ဗျာ။ “

 

“ စိုးစံ - ( ကင်နီချီ က မောင်မောင်စိုး ကို ခေါ် သည့် အတိုင်း ခေါ်သည်။ ကင်နီချီ ကို လည်း အားလုံး က ကင်စံ ဟုသာ ခေါ်ကြသည်။ )  -  လူဆိုးတွေက Timing ကို  တွက်ပြီးသားဗျ။ ခြံကို ကျော် မယ် Electrified Wire ကိုဖြတ်မယ် ။ ဒါ ဆိုရင်Security ADT မှာ Alarm မြည် မယ်။ ဒါတွေ အားလုံးသိတယ်။

 Alarm မြည် လို့ လုံခြုံရေး အဖွဲ့ ကျွန်တော့် အိမ်ကို လွှတ်ရင် အနည်းဆုံး (၇) မိနစ်လောက်ကြာမယ်။

သူတို့ က အားလုံးTiming ကိုက်ထားပြီးသား ဗျ။ ရုပ်ရှင်ထဲ မှာလို Alarm off လုပ်တာ တို့ ဝင်ပေါက် ထွက်ပေါက် လေ့လာ နေတာတို့ ဘာ တို့ ညာတို့ လုပ်နေတာ မဟုတ်ဘူး ။ ခြံစည်းရိုး ပေါ် က Alarm Wire ကို ဖြတ် ခြံဝင်းကိုကျော်ပြီးဝင် တယ်။

အိမ်မှာ တတ် ထားတဲ့ Alarm ရော ADT မှာ ရှိတဲ့ Alarm ရော အားလုံး မြည်တာဘဲ။ အဲဒီလိုAlarm မြည်နေတဲ့ ထဲကနေ လု ယူသွားတာ (၅) မိနစ်တောင် မကြာလိုက် ဘူး ထင်တယ်။

ADT Security Team လည်း ရောက်တဲ့ အချိန်မှာ သူ တို့ မရှိတော့ ဘူးဗျ။ တော် သေးတာပေါ့ဗျာ လူကို ဘာ မှ လုပ်မသွားပေလို့ သာ ပေါ့ …. ။ ”

 

ဒီလို လုံခြုံရေး အခြေ အနေ ဆို တော့ မောင်မောင်စိုးတို့ အဖွဲ့ နဲ့ Cindy တို့ ရဲ့ အပန်း ဖြေမှု ၏ တစ်ခု ထည်း သော ထွက် ‌ပေါက် သည် ဂေါက်ကွင်း နဲ့ Sky in One Driving Range သာ ဖြစ်လေ တော့ သတည်း။

ကစား လိုက် ၊ စား လိုက် သောက် လိုက်  နဲ့ အတူ နေခဲ့ ကြ တဲ့  နေ့ ပေါင်း ၊ လပေါင်း များစွာ ကြာ လာ တော့ ခင်မင်မှု တွေ အရည်ပျော် လာ ကာ အချင်းချင်း အကြား  စည်းနှောင် မှု တွေ  လည်း များလာသည်ပေါ့။

 တွေ့ မြင်နေကြ အချိန် မှာ မတွေ့ ကြရ ရင်.... စာနာ ခြင်း တွယ်တာ ခြင်း လေးတွေ နဲ့ ခေါ်ကြသည်.... မျှော်ရသည် များ လည်း ရှိလာကြပါသည်။

စိတ် အစဉ် ရွှင်လန်း ရွှေရောင် လွမ်း တဲ့ ပျော် စရာ အချိန် လေး တွေ ဖြစ် ခဲ့ ပါသည်။

 

 

(၆)


Ciny တောင်ဖရိကတွင် တွဲ ဖက် ထားသည် မှာ ကာ လတို ဖြစ်သဖြင့် ဘာလို လို နဲ့ တွဲဖက် လာက ကုန် ရန် နီး လာပြီ ဟု Cindy က ဆိုသည်။

 တိုင်ဝမ် မပြန်ခင် ကမ္ဘာကျော် Kruger National Park ကို အလည် သွားလိုသည် ဆို၏။

မောင်မောင်စိုး ကတော့ Cindy သွား လို လျှင် သွားပေါ့ ၊ လိုက် ပို့ ဘို့ အဆင် သင့် ။

သည်နေရာ က Camp Cabin အိမ်တစ်လုံး ငှားကာ ကိုယ့် အဖွဲ့ နဲ့ ကိုယ် သွား မှ အဆင်ပြေသည်။

သည်တော့ သွားဘို့ .... ထုံးစံ အတိုင်း ကင်နီချီ၊ ကိုဇော်ဝင်း ၊ Kevin Chan နဲ့ သူ့ ဇနီး Grace Chan ၊ Cindy ရဲ့ အမျိုး သမီး မိတ်ဆွေ တစ်ဦး ဖြစ်တဲ့ Mary Yeo တို့ စုစည်း မိကြသည်။

မော်တော်ယာဉ် ကတော့ Kavin Chan ရဲ့ Micro Bus ကို ချော ဆွဲ၊ ဒါ ဘဲ ပေါ့ …။

 




 Map of Kruger National Park.


တောင်အာဖရိက အမည် မတွင်မှီ Transvaal Republic ဘဝက သမ္မတ ဖြစ်သူ Paul Kruger သည် ၁၈၉၈ ခုနှစ်တွင် ယခု Kruger National Park ဟုခေါ်သည့် ဧရိယာ အတွင်းရှိ သားငှက် တိရိ စ္ဆာန် များကို အကာအကွယ် ပေး သည့် Government Wildlife Park အဖြစ် ကြေငြာ ချက် ထုတ်ပြန်ခဲ့သည်။

 

Kruger National Park သည် အာဖရိက ရှိ အကျယ် ဆုံး သားငှက် တိရိစ္ဆာန် မွေးမြူ ထိန်းသိမ်း ထားရာ Game Reserves ဖြစ်သည်။ ဧရိယာ စတုန်း ကီလိုမီတာ ၁၉, ၄၈၅ (မိုင် ၇၅၂၃) ရှိသည့် နေရာ ကြီး ဖြစ်သည်။ တောင် မှမြောက် သို့ ကီလို မီတာ ၃၆၀ ( မိုင်၂၂၀) ရှည်ပြီး အရှေ့ မှ အနောက်သို့ ကီလိုမီတာ ၆၅(မိုင် ၄၀) ရှည်သည့် Park ကြီး ဖြစ်သည်။ တောင်အာဖရိက အစိုးရ က ၁၈၉၈ ခုနှစ်တွင် စတင်ကာ အဆိုပါ ဧရိယာ အတွင်းရှိ သားငှက် တိရိစ္ဆာန် များကို အကာအကွယ် ပေးခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် တောင်အာဖရိက ၏ ပထမဦးဆုံးသော National Park ဖြစ် လာသည်။  ထိုစဉ်က အမည် မှာ Sabi Game Park ဟု အမည်တွင် ခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် အဆိုပါနေရာ ကို National Park အဖြစ် သတ်မှတ်သော အချိန်တွင် မူ  သမ္မတ ၏ အမည် ကို အစွဲ ပြု ကာ  Kruger National Park ဟု ခေါ် တွင်ခဲ့သည်။

Kruger National Park အတွင်း ၌ မျဉ်းကျား တစ်သောင်း ငါးထောင်ခန့် ၊ သစ်ကုလားအုပ် ၄၅၀၀ ခန့်၊ တောကျွဲ ၃၂၀၀၀ ခန့်၊ အာဖရိက သမင်ကြီးမျိုး ဖြစ်သည့် Kudu၁၁၀၀၀ခန့် ၊ အာဖရိက တောဝက် ၄၀၀၀ ခန့်၊ ခြင်္သေ့ ၂၀၀၀ ခန့်အာဖရိက သမင်ငယ်မျိုး ဖြစ်သည့် Implala ၂၂၀, ၀၀၀ ခန့် ရှိသည်ဟု သိရှိရသည်။

ပရီတိုးရိးယားမှ နံနက် စောစော ထွက်ခဲ့ကြပါသည်။ နားနားနေ နေ မောင်းခဲ့ကြ ၍ ပတ် ဝန်း ကျင် ကို စိန်ပြေ နပြေ ကြည့် ရှု ခွင့် ရ ခဲ့ကြပါသည်။

 

Mpumalanga နယ်ထဲသို့ ရောက်သည်နှင့် ခြောက်သွေ့ က ပြောင်တလင်းခါ နေသည့် အာဖရိက မြင်ကွင်းသည် စိမ်းစို လာသည်ကို တွေ့ရသည်။ 

တောင်အာဖရိ အတွင်း၌ တည်ရှိ နေသည့် ဆွာဇီလန် နိုင်ငံ ကလေး နှင့် နီး နေကာ အာဖရိ အရှေ့ ဘက်ရှိ အန္ဒိယ သမုဒ္ဒရာ နှင့် လည်း နီး လာပြီ ဖြစ်သည်။ ရာသီ ဥတုမှာ မျှတ လာပြီး စိမ်းစိုသည့် သစ်တော များ ကိုတွေ့ လာရသည်။

မောင်မောင်စိုး တို့ အဖွဲ့ သွားသည့် စခန်းသည် Kruger National Park ၏ တောင်ဘက် အစွန်ရှိ Malelane Camp ဖြစ်သည်။ Malelane Camp သည် အငယ် တန်း စား Private Camp ဖြစ်ပါသည် ။  တော ရိပ် တောင်ရိပ် ခိုကာ မောင်းလာ ကြရာ နေ့ လယ် ခင်း တွင် Malelane Camp Gate သို့ ရောက်ကြသည်။

 



Gate of Malelane Camp.


 


Camp Cabin.






Inside the Camp Cabin.


အတွင်းရှိ လူနေဆောင် Cabin များမှာ အာဖရိက ရိုးရာ သက်ကယ် မိုးများဖြစ်သည်။ မြန်မာ နိုင်ငံ  မှ သက် ငယ်နှင့် တူ၍ သာ သက်ငယ် ဟု ခေါ်သော် လည်း စင်စစ် အားဖြင့် ရိုးတန်မာ မျက် တစ်မျိုး ဖြစ်သည်။ အမိုးကို ခြောက်လက်မခန့် ထူအောင် မိုးထားသဖြင့် အတွင်းသို့ အပူ ရှိန် မရောက်ဘဲ အေးနေသည်။ ခံ လည်း အတော် ခံ ၍ ဆယ်နှစ် မှသာ တစ်ကြိမ်သာ လဲ ရသည်ဟု ဆိုသည်။

နေ့ခင်းပိုင်းတွင်မူ မိမိ အစီအစဉ်အရ Camp အတွင်း ၌ လိုက်လံ ကြည့် ရှ နိုင်ကြ သည်။ သို့ရာ တွင် သားရဲ တိရိစ္ဆာန် ဘေး ရန်ကြောင့် အသက် အန္တရာယ် ရှိသဖြင့် အပြင်သို့ ထွက် ပါက  Camp Safari Car သို့မဟုတ် မိမိ ကိုယ် ပိုင် ကား နှင့် ထွက် သည်က လွဲ၍ လူလွတ် ထွက်ခွင့် မရှိပါ။

ဒေသခံ သူဌေး Kavin Chan က ကျွန်တော် တို့ Safari အတွက် အမိုးမပါ ပက်လက် ကား တစ်စီး ငှားကာ တောလမ်း တစ်လျှောက် မောင်းခဲ့ ကြသည်။

  





Safari Car.



National Park ရောက်သူတိုင်း Big Five ဟု ခေါ်သည့် -

- African Lion, (အာဖရိက ခြင်္သေ့ )

- African Elephant, ( အာဖရိက ဆင်)

- Cape Buffalo, ( ကိပ် တောကျွဲ)

- Leopard, (ကျားသစ် )

- Rhinoceros, (ကြံ့ )



The Big Five.



တို့ ကို တွေ့ အောင် ရှာ ကြ တာ က Kruger Park Visit ရဲ့ ထုံးစံ။


ကံကောင်း သူ တွေ လည်း (၅) မျိုး လုံး တွေ့ ကာ ၊ အချို့ လည်း နှစ် မျိုး၊ သုံး မျိုး လောက်တွေ့ ရပါသည်။ တစ်ခါ တစ်ရန် တစ်မျိုး မှ မတွေ့ သည် လည်း ရှိတတ် ပါသည်။

ကျွန်တော် တို့ ကတော့ ခြင်္သေ့၊ ဆင် ၊ တောကျွဲ နှင့် ကြံ့ တို့ ကို မြင်ရပါသည်။

 သားကောင်များသည် တော အတွင်း သဘာဝအတိုင်း လွတ်လပ်စွာ သွား နေကြသည်။ ဘာ အတား အဆီး မှ မရှိ။

တစ်ခါ တစ်ရံ ကြံ့ လို ဆင် လို သားကောင် ကြီးများက Safari Car များကို တိုက် ခိုက်ခြင်း ၊ ခြင်္သေ့ လို ၊ ကျားသစ် လို သားကောင် များက ရန်ပြု ခြင်း များ လည်း လည်းရှိသည်ကို အားလုံး သိကြသည်။

 

Safari Car နား ကို ခြင်္သေ့ လို Baboon လို မြောက် ကြီး များ ကပ်လာ တဲ့ အခါ ... မောင်မောင်စိုး နား မှာ ထိုင်နေတဲ့ Cindy က မောင်မောင်စိုး အနား ပိုတိုး ကာ ကပ် လာ တော့ Cindy ရဲ့ မွှေးသော အငွေ့  ၊  နွေး သော အတွေ့ လေး များမှာ မောင်မောင်စိုး နစ်မြော ခဲ့ ရပါသည်။

 




Animals at Kruger National Park. 



Animals at Kruger National Park.




ဒီလို ရောက်ခဲ တဲ့ နေရာ မှာ တော့ ဘဝ မှတ်တမ်း အတွက် ၊ ကင်မရာ မပါ လို့ မဖြစ်။

မောင်မောင်စိုး က Wildlife ရိုက်ရာတွင် ကောင်းသည့် Nikon D500 ကင်မရာ နှင့် Nikor 80-400 mm ၊  Nikor 17-55 mm, f/2.8 Lens နှစ်လုံး  ယူလာသည်။ Cindy က ဘက်စုံသုံး Nikon CoolPix P1000 ကို ယူလာသည်။

သူ့ ကင်မရာ က Focal Length 24mm ကနေ 3000 mm လောက် အထိ အဝေး အနီး ဘက်စုံ  အလွယ် ရိုက်နိုင်လို့ သာမန် လူ များ ကြိုက်ကြသည်။  ကား ရပ်နေစဉ် နားနေတဲ့ ငှက် ၊ ရက်နေတဲ့ သား ကောင် ကို ရိုက် တာ ပြ ဿနာ မရှိ။

 

သို့သော် Safari ကားပေါ်မှ နေ ၍ ပြေး နေတဲ့ သားကောင်များ ပျံနေတဲ့ ငှက် များကို ရိုက် တော့ ပြဿနာရှိလာပြီ။ ပြဿနာ ရှိ လာတာ က ကား လည်း သွားနေ ၊ သားကောင် ကလည်း ပြေးနေ I ငှက် ကလည်း ပျံ နေ တဲ့ Moving Subject ကို ရိုက် တဲ့ အခါ တစ်ပုံ မှ ပြတ်သား တာမရှိ။ အားလုံး ဝါး ( Blur ) ကုန်သည်။

 

ဒီနေရာ မှာ မောင်မောင်စိုး က ဂေါက်သီး ဆရာ မဟုတ် တော့ ဘဲ ဓါ တ်ပုံ ဆရာ ဖြစ်လာရသည်။

 

“ Cindy…Moving Subject ကို ရိုက်ရင် သူ တို့ ပြေး တဲ့ ပျံ တဲ့ အမြန်နှုန်း ကို Freeze လုပ် နိုင် တဲ့ Shutter Speed ကို Priority ထားပြီး ရိုက်တာ ပို လွယ်တယ်။  Aperture နဲ့  ISO ကို Auto ထား ၊ ခုန က ပြေးနေတဲ့ Impala သမင် ကို ရိုက် ဘို့ အတွက် နဲ့ ပျံနေတဲ့ ငှက်ပါ ရိုက် လို့ ရအောင် ပိုပို သာသာ Shutter speed ကို 1/3000 Sec လောက် Set လုပ်ထားပါ။ “

 

ပါးစပ် က လည်း ပြော -  Moving Subject များကို ရိုက် တဲ့ အခါ လိုအပ်တဲ့ Camera Setting တွေ ဖြစ်တဲ့ Setting များ လုပ်ပေးရသည်။

Focusing ကိုတော့ နေရာ ကင်မရာ က သူ့ ရှေ့ တွင်  မြင် သမျှ ကို ခြုံပြီး Camera Firmware က   Focus ဖြတ်ပေး တဲ့ AF ( Auto-Focus ) ကနေ  Moving Subject တွေ ကို Tracking လုပ် ပြီး လှုပ်ရှားရာနောက် တောက်လျှောက် လိုက်ကာ  Focus လုပ်ပေးတဲ့ Continuous Auto Focusing ဖြစ်တဲ့ AF ( C)  ကို ပြောင်း ပြီး  ထားပေး လိုက် ပါသည်။

“ ကဲ  Cindy ….ရိုက်ကြည့် ပါ  “

ဒီ Setting တွေ နဲ့ Cindy ရိုက်ကြည့် သည်။

အာဖရိ က ရဲ့ နေ့ ခင်း အလင်း ရောင် က လင်း လက် တောက်ပ လှ သည့် အတွက် ဒီ Setting  က Cindy အတွက် အတိမ်း အစောင်း မရှိ ရိုက် နိုင် မည်ကို မောင်မောင်စိုး သိသည်။

ဂေါက်သီးလို အကြိမ်ကြိမ် ရိုက် ရန် မလို တစ်ချက် ထည်း နဲ့ ချက်ခြင်း ပြတ်သား တဲ့ ပုံ တွေ ရလာသည်။


ထုံးစံ အတိုင်း ရယ် ကျဲကျဲ ၊ ပြုံး သွဲ့ သွဲ့ မျက်နှာ နဲ့ ….

“ အိုး….ကိုယ့် ဆရာ ...မစ္စတာ စိုး  က ဂေါက်သီး တင် မက ၊ ဓါ တ် ပုံ မှာလည်း ဆရာ ပါလား…”

“ ကျွန် တော် က နှစ် မျိုး ရိုက် ပါတယ်။ ဂေါက်သီး လည်း ရိုက် တယ် ၊ ဓါ တ်ပုံ လည်း ရိုက် တယ်။ သင်ကြား ခ  ဘီယာ အကြွေး တွေ တိုးတိုး လာပြီးနော်..စည်ပိုင်း တစ်လုံး စာ လောက် ရှိတော့ မယ် ၊ ”

Cindy က ရယ် ကာ …

 

“ စိတ် ချ …. မပြန်ခင် ဆရာ့ အကြွေး တွေ ကို အပြေ ဆပ် ပါ့ မယ်…ရှင် … ”


နေ့ခင်း ပူပေမဲ့ အာဖရိက ည ချမ်း ကတော့ အေး လှသည်။

တောင်အာဖရိက ရှိအိမ်တိုင်း လိုလို နဲ့ Game Park တိုင်း မှာ Barri ဟု ခေါ်သည့်  အသားကင်တဲ့ မီး ဖိုရှိကြသည်။ အာဖရိက မှာ အသား ကင်စား တဲ့ အလေ့ ရှိသည်။ အခြား နေရာ တွေ မှာ တော့ Barbecue Pit ဟု ခေါ် ကြ ပါမည်။

ယခု Game Park Cabin တွင် လည်း Barri နှစ်ခု ရှိသည်။

ကိုဇော်ဝင်း က အချက် အပြုတ် ဝါ သနာ ပါသူ ဖြစ်သည့် အလျှောက် အသင့် နယ်ဖတ် ပြင်ထားတဲ့ အသား စုံ ယူလာသည်။ ကင် ရန် အသင့်။

Cindy တို့ အမျိုးသမီးတွေ က အာဖရိက အစားအစာဖြစ်သည့် Puff ကိုအမှုန့်လုပ်ကာ ချက်ထားသည့် Mielie ယူလာသည်။ အာဖရိ ထမင်း လို့ ပင် ဆိုပါစို့…။

အေးလှသည့် ည တစ်ည မှာ Barri မီး ဖို မှာ ကိုဇော်ဝင်း နဲ့ အမျိုး သမီး တွေ က အ သား ကင် ကြ သည်။

 ကင်နီချီ က သူ နှစ်သက် သော  Freezeer ထဲ မှာ ခဲ ထားတဲ့ Smirnoff Vodka ကို တစိမ့်စိမ့် သောက်သည်။

 

 Vodka သည် Freezer ထဲ ထည့် ခဲ ထား စေကာ မူ ခဲ သွားခြင်း မရှိပါ။ ခပ် ပြစ်ပြစ် လေး လာ ဖြစ်လာသည်။

 

Kevin နဲ့ မောင်မောင် စိုးတို့ က Kevin ယူလာတဲ့ Castle Beer ကို သောက် ကြသည်။

အသားကင်တွေ ကျက်တော့ Grace ဦးဆာင်တဲ့ အမျိုးသမီး တွေ နဲ့ ကိုဇော်ဝင်း တို့ အသားကင်တွေ ယူ လာကာ မောင်မောင် စိုး တို့ နဲ့ လာ ပေါင်း ကြသည်။

 

မောင်မောင်စိုး က တောင်အာဖရိက နံမည် ကြီး Wine ဖြစ်တဲ့ Nederburg Red Wine ကို ဖွင့် ပြီ။

အမျိုး သမီး တွေ သောက် ရန်အတွက် ယူလာတဲ့ Martini Rosso နဲ့ Cinzano Roso ကို  လည်း ဖွင့်ပြီ။

 

ကဲ အမျိုး ကောင်း သား ၊ အမျိုး ကောင်း သမီး တို့ ကြိုက် ရာ သာ သုံးဆောင် ကြပါ ကုန်…..။

ဘယ်ရမလဲ နိုင်ငံတကာ အတွေ့ အကြုံ နဲ့ အမျိုးသမီးတွေ ဘဲ  Nederburg ရော Martini ရော Cinzano ပါ  အကုန် သမ ကြတော့ တာပါဘဲ။


ထိုစဉ် ကင်နီချီ က ..

“ မင်း တို့ အမျိုး သမီးတွေ Freezed Smirnoff ဘယ်သူမှ သောက်ဘူး ကြမှာ မဟုတ်ဘူး။ ငါ နဲ့ စိုးစံ ဘဲ သောက်ဘူးတယ်။ Kevin နဲ့ ဇော်ဝင်း တို့တောင် မသောက်ဘူးကြဘူး။ အလွန်ကောင်း တယ်။ လာ ကြ …တစ်ယောက် နည်း နည်း စီ မြည်း ကြည့် ကြ စမ်း ..” လို့ ရစ်ပြီ…။

အစားကောင်း ဆို ရင် ခင်မင်သူ များ ကို သတိရတယ် လို့ ဆို သလို ဖြစ်နေ တော့….

အမျိုးသမီး လူကြီး ဖြစ်သူ Grace က -

“ ဟဲ့ ..Cindy နဲ့ Mary တို့  ကင် စံ ခေါ် နေတယ် ၊ လာကြ “ လို့ ခေါ်ပြီ…။

အမျိုးသမီး အားလုံး ကင်စံ ရဲ့ Freezed Vodka ကို နည်းနည်း စီလောက် အားပေး ကြ ရလေ တော့ သည်။

 

နည်းနည်းစီ ဆိုစေကာမူ Smirnoff ၏ Alcohol Volue သည် 50% ဖြစ်၍ Martini Volume မှာ 16% ဖြစ်ကာ Cinzano Volume မှာ 14.8% , Nederburb Volume မှာ လည်း ဝိုင် ထည်း တွင် ပြင်း သည်ဟု ဆိုရမည့် 14.5% ဖြစ်သဖြင့် Cindy တို့ တွေ လည်း ခြာ လယ် လယ်။ မောင်မောင်စိုးတို့ လည်း ခြာလပတ် လယ် ကုန်ပြီ။

 

Cindy က မောင်မောင်စိုး ထံ ခပ် ယိုင်ယိုင် လျှောက် လာရင်း …. “  မစ္စတာ စိုးရေ…ကမ္ဘာကြီး လယ် နေတယ် ဆို တာ အခု တော့ ယုံသွားပြီ..။

သူလယ်နေတာ က ပျော်စရာ ကြီး နော်…..။” လို့ ပြော၍ မောင်မောင်စိုး ဘေး အနား လာထိုင်ကာ သူ မသောက် နိုင်လို့ ကျန် တဲ့ Vodka  လာ ပေးပါသည်။

ကမ္ဘာကြီး က ပိုလယ် လာတော့ Cindy ခေါင်းက မောင်မောင်စိုး ပုခုံးပေါ် ယိုင်လဲ လာ တော့  သူ ...နေသာ စေရန် သူ့ ပုခုံး လေး ကို အသာ ဖက်ကာ  အသာဖေးမ ထားပေး ရသည်။

သို့သော် ..... အပြုံး သီ ကာ စကားတော့ မချီ နိုင် ကြပါ။

အာဖရိက ညရဲ့ လေပြေ အသွေး မှာ Cindy ထံမှ သင်းပျံ့ တဲ့ ‌မွှေးသော အငွေ့ ၊ နွေးသော အတွေ့ တွေက မောင်မောင်စိုး ရဲ့ ရင်တွင်း မှာ  လေပြင်း တိုက် နေလေပြီ။

သည် ည ကတော့….  အချိန် နာရီ ၊ ဘယ် ဆီတွေ ရောက် မှန်း မသိတဲ့ ည ဖြစ်ခဲ့ ရပါသည်။

 

 

(၇)

 

တစ်ခုသော ညနေ ခင်း မှာ Cindy က သူ မပြန်မှီ နှတ်ဆက်ပွဲ ကို Sky Golf – in - One, အပေါ်ထပ် ရှိ Merloe's Restaurant မှာ လုပ်သည်။

ဒီပွဲ က ခင်မင် စွာ အစဉ် တွဲ နေသူများ ပွဲ မို့ လူ များများ မပါ။ Krugur သွားသည် အုပ်စု သာ ဖြစ်သည်။

 

တကယ် ခွဲ ခွာ ကြ ရမည် ဆိုတော့ စိတ်မကောင်းကြ။ ယခင်က ရယ် မော ရွှင်ပြ သော မျက်နှာ များ မှာ ညှိုး ကျနေကြသည်။

 

Cindy က စည်ပိုင်းပုံ Barrel Berer Mug  ခွက် တွင် ဘီယာ အပြည့် ထည့်ကာ ..မောင်မောင်စိုး ထိုင်နေတဲ့ အပြင် ဝရန်တာ အထွက် နား ဆီ သိုက လာကာ -

 

 “ ဆရာ…စိုး ..သင်ပြမှု၊ နွေး ထွေး တဲ့ အဖေါ်ပြုပေး မှု တွေ အတွက် ကျေးဇူး တင်တယ်လို့ ပြော ရင် ပေါ့ သွားမို့ ဒီထက် ပို ပါတယ် လို့ ဘဲ ပြော ပါရစေ။  တင်နေတဲ့ ဘီယာ စည်ပိုင်း တစ်လုံး အကြွေး ကို အခု ဆပ် ပြီ‌ နော်..."

အကြွေး ဆပ်သူ ရဲ့ မျက်ရည် လဲ့ နေတဲ့ မျက်ဝန်း ကို ကြည့် လိုက် တော့ မျက်ဝန်း မှ သည်  သူ့ နှလုံး သား ဆီ ကို မြင် လိုက် ရ ပါသည်။ သူ သည် လည်း   အကြွေး ရှင် ရဲ့ နှ လုံးသား ကို မြင် ပါ လိမ့် မည်။

အရာ ရာ အားလုံး ကို အိပ်မက် လို့ သာ သဘော ထားကာ နှလုံး သား ထဲ မှာ ဘဲ သိမ်း ထား လိုက်ကြ ပါသည်။

 Cindy  အထွင်း ဘက် ပြန် ဝင်  သွား တော့ မောင်မောင်စိုး လည်း သူ ပေး ခဲ့ တဲ့ စည်ပိုင်း ဘီယာ ခွက် ကို ကိုင်ကာ ငိုင် နေ မိ ပါသည်။



Wooden Barrel Beer Mug.



Cindy ရဲ့ ဘီယာ ကိုသောက် မည် ပြု နေစဉ် မောင်မောင်စိုး ရဲ့ ဖုံး မှာ Notification မည်လာသည်။

 ကြည့် လိုက်တော့ -

Cindy ထံက  Viber နဲ့ ပို့လိုက်တဲ့  သီချင်း လေး တစ်ပုဒ်။

 

https://www.youtube.com/watch?v=u21L1R81UU4

 

ကိုရီးယား အမျိုး သမီး တယော ပညာ ရှင် Electric Violinist Jo A Ram ခံစားချက် အပြည့် နဲ့ တီး ခတ် ထားတဲ့ Bee Gees ရဲ့ "Don't Forget To Remember" ဆို တဲ့ Youtube Video သီချင်း တေးသံ လေး ဖြစ်သည်။





Korea Electric Violinist Jo A Ram.




မောင်မောင်စိုး လည်း Jo A Ram တီးသည့် တေးသွားကို အလွန် ကြိုက်သည့် အတွက် မကြာ ခန နားထောင်လေ့ရှိတဲ့သီချင်းဖြစ်ပါသည်။

 

ရုတ်ချဉ်း ဆိုသလို ..မထင်မှတ် ဘဲ စား သောက် ဆိုင် ၏ TV ပေါ် တွင် Jo A Ram ရဲ့ "Don't Forget To Remember" တယော ထိုးနေသည့် ဗီဒီယို တေးသံ ပေါ် လာသည်။ Smart TV ဖြစ်သဖြင့် Cindy ရဲ့ ဖုံး နဲ့ ချိတ် ကာ ဖွင့် လိုက်ပုံ ရသည်။

 

“ Don’t forget to remember me..and the that used to be..

I still remember you,

I loveyou….”

 

အားလုံး Jo A Ram ရဲ့ တေးသံ တွင် နစ်မြော သွားကြသည်။

တေးသံ ဆုံး သော် လည်း အား လုံး ငြိမ်နေဆဲ။

သည်နေ့ သည် ကုန်ဆုံးသွား သော ပျော် ရ သည့် ရက် ကလေး ဖြစ်ပေလိမ့် မည်။

အားလုံး ကလည်း “ ဒို့ ….မင်း ကို မေ့ မှာ မဟုတ် ပါဘူး “ လို့ စိတ်ထဲ က  ပြောနေကြပေ လိမ့် မည်။

 

မောင်မောင်စိုးက မူ နှစ်ကာလ ရှည်ကြာ စွာက ဖတ်ခဲ့ ရ သော ၊ ကာရံ တွေ ပင် ပီပြင်စွာ မစီနိုင် တော့ သည့် ကဗျာ အပိုင်း အစ လေး ကို ရင် ထဲ မှာ ပြန် ဆို လိုက်မိပါသည် -

“ နေခဲ့ ပါလား လို့ လည်း မပြော ရက် ၊

                    လိုက်ခဲ့ ပါလားလို့ လည်း အခေါ်ခက်၊

                    ပျော် ရတဲ့  ရက် များ  က မရှည် ကြာ။ “

 

                                                             မောင် ( မန်း- တက္ကသိုလ် )

--------------------------------------------------------------------------------

 

 

 


No comments:

Post a Comment