Friday, 8 August 2014

Tamron 150-600mm Review-2





(74) –Tamron 150-600mm Review-2                ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၄)

 

 

Tamron SP 150-600mm ကို APS-C Format ဖြင့် စမ်း သပ် ကြည့်ခြင်း။

(Tamron SP 150-600mm Review-2 )

 

 

 

Tamron SP 150-600mm Lens နှင့်ပတ်သက်  Face Book တွင် မှတ်စု ကလေး ရေး ခဲ့ စဉ် က APS-C Format ကင်မရာ များ နှင့် သုံး နိုင် ပါသလားဟု မေးသည့် သူများရှိ ခဲ့ပါသည်။
 
ကျွန်တော်သည် အဆိုပါ Lens နှင့်ပတ်သက် ၍ ရှာဖွေ ဖတ်ရှု ထားသဖြင့် APS-C Format ဖြင့် သုံး နိုင်ကြောင်း နှင့် ယင်းသို့  သုံးခြင်း ဖြင့်  Crop Factor အရ  Focal Length မည်မျှ ဆန့် ထုတ် နိုင်ကြောင်း များ ကို ပြန် လည် ဖြေကြားခဲ့ပါသည်။
 
သို့  ရာ တွင် Lens လက်ထဲ မရောက် သေးသည့် အတွက် တိတိ ကျကျ လက်တွေ့ အနေအထားကို မူ မပြော လိုက် နိုင်ခဲ့ ပါ။ သို့ နှင့် Lens ရောက် လာသည့် အချိန် တွင် APS-C  ( Nikon DX Format ) ဖြစ်သည့် D 7100 နှင့် စမ်းသပ် ခဲ့ပါသည်။ D 7100 နှင့် စမ်း ရခြင်း မှာ D 7100 သည် မူလDX Format ဖြစ်သည့် ( 23.5mm  X 15.6 mm ) CMOS Sensor ကို 1.3 ထပ်မံ Crop လုပ် နိုင်သည့် အတွက်  ထပ်မံ ဆန့် ထွက် လာမည့် Focal Length နှင့် ပုံ၏ အရည် အသွေး ကို သိလို သော ကြောင့် ဖြစ်ပါသည်။
 
 

စမ်းသပ်သည့် နေရာ

 

စမ်း သပ် ရိုက် ကူးသည့် နေရာ မှာ စင်ကာပူ Pasir Ris mangrove တွင် ဖြစ်ပါသည်။ Mangroves အတွင်း Tampines River ပေါ် တွင် ဆောက်ထားသည့် Rest House ကလေး မှ နေ၍ ငှက် ဓါတ်ပုံ သမားများ Kingfisher ဒိုင်ဗင် ထိုးသည် ကို စောင့် ရိုက်သည့် Wooden Bridge -   စင်စစ် အားဖြင့် အခင်း များကို ကွန်ကရိ ဖြင့် သစ်သားပုံ ဖေါ် ထားခြင်း သာ ဖြစ်သည် -  ပေါ်ရှိ Subject နှင့်  အဆိုပါ တံတား ၏ နောက် ခပ် လှမ်းလှမ်း ရှိ Pasir Ris Drive -3 ကား လမ်း မကြီး ပေါ် ရှိ Subject များကို ရိုက် ကာ စမ်း သပ် ခဲ့ ခြင်း ဖြစ်ပါသည်။
 


Pasir Ris Mangroves.
 
 
 
 

စမ်းသပ် ရိုက်ကူး သည့် Pasir Ris Mangroves ဧရိယာ။

 

 

 

 

အထက် ပါ Google Map ပေါ်ရှိ  (1) နေရာသည် Tampines River ပေါ် ရှိ ကျွန်တော် တို့ ငှက် ဓါတ်ပုံ သမား များ နားနေ လေ့ ရှိသည့် Rest House ဖြစ်ပါသည်။
 
 
Rest House ကို Wooden Bridge  ပေါ် မှ မြင်ရသည့်ပုံ။
 
 
 
 
 
Rest House ကို အနီးကပ် ဆွဲကာ ရိုက်ထားသည့် ပုံ။
 
 
 
အထက် ပါ Google Map ပေါ်ရှိ  ( 2 ) နေရာသည် Tampines River ကို ဖြတ် ဆောက်ထားသည့် Wooden Bridge ဖြစ်ပါသည်။
 
 
 
Wooden Bridge
 
 
 
အထက် ပါ Google Map ပေါ်ရှိ  ( 3 ) နေရာသည် Tampines  River ကို ဖြတ် ဆောက်ထားသည် Pasir Ris Drive-3 ပေါ် ရှိ ကားလမ်း တံ တား ဖြစ်ပါသည်။
 
 
 Pasir Ris Drive – 3 Road.
 
 
Pasir Ris Drive – 3  Bridge,  cross on Tampines  River.



Pasir Ris Drive – 3  Bridge,  cross on Tampines  River,
(View from Wooden Bridge )
 
 
စမ်း သပ် သည့် နေရာ ကို ဤ ကဲ့ သို့ မြေပုံ ဖြင့် အသေးစိတ် ပြသ ရခြင်း မှာ နယ်မြေ အခြေအနေ နှင့် Subject များ၏ အနီး အဝေး ကို မှန်း ဆ နိုင်စေရန် ဖြစ်ပါသည်။
 
 
 
 နမူနာ ပုံ များ ။
 
အောက်ပါ  ပုံ (၁)  မှာ Rest House မှ သစ်သား တံ တားကို Nikon AF  S  18-200mm G ED VRII,  Focal Length 28mm ဖြင့် ရိုက်ထားသည်ကို မြင်ရ သည့် ပုံ ဖြစ်ပါသည်။
 
 
ပုံ - (၁)
 
 
(  Focal Length 28mm)
 
 

အောက် ပါ ပုံ (၂)  မှာ Rest House မှ နေ၍ Tamron 150-600mm ၏ Focal Length အဆုံး ဖြစ်သည့် 600mm ဖြင့် Wooden Bridge ပေါ် တွင် ပြေး နေသည့် အမျိုး သမီး ငယ် တစ်ဦးကို လှမ်း ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။
 
 Nikon Crop Factor သည် DX Format D 7100 အတွက် 1.5 X သောကြောင့် Focal Length သည် ( 600mm X 1.5 = 900mm ) ဖြစ် သွားပါသည်။
 
ပုံ ( ၂ )
 
 
Wooden Bridge ပေါ်တွင် ပြေးနေသည့် အမျိုး သမီးငယ် တစ်ဦး ၏ ပုံ။
( Focal Length 900mm )
 
 
 
D 7100 သည် ပုံ မှန် DX Format တွင် Picture Quality သည် 24.1 MP ( Image Area L 6000 X 4000) ဖြစ်ပါသည်။
 
D 71000 မှာ အဆိုပါ ဧရိယာ ကိုပင် 1.3 X ထပ် မံ Crop လုပ် နိုင်ရန် စီစဉ် ထား ပါသည်။ ထို အချိန် တွင် မူ လ DX Format Image Area L 6000 X 4000 ၏   Focal Length 900 mm  သည်  ( 900mm X 1.3 ) =  1170mm ဖြစ်လာပါသည်။
 


အောက်ပါ ပုံ  ( ၃)  သည် Google Map  ပေါ် ရှိ (3) နေရာ ဖြစ်သော Pasir Ris Drive -3 ပေါ် တွင် ပြေး နေ သော BlueTaxi ကို လှမ်း ရိုက် ထားခြင်း ဖြစ်ပါသည်။
 
ပုံ - (၃) 


Pasir Ris Drive – 3 ပေါ် တွင် ပြေးနေသည့် Blue Taxi.
( Focal Length 1170mm )
 
 
 
ဤ ကဲ့သို့  DX ကို 1.3 X  ထပ်မံ Crop လုပ် လိုက်သဖြင့် Focal Length သည်  1170mm အထိ ဆန့် ထွက် လာသော် လည်း Picture Quility သည် 24.2 MP မှ 15.4 MP သို့  လျှော့ ကျ သွား ပါသည်။
 
Picture Quality 15.4 MP သို့  လျှော့ ကျသွားစေကာမူ အလင်းရောင် ကောင်းစွာ ရသည့်အချိန် တွင်ရိုက်ပါက ပုံသည်  သာမန် သုံးမည့် ပုံ များအတွက် လုံလောက်သည့် Megapixel ဖြစ် သည်ကို တွေ့ ရှိရပါသည်။
 
 
 
အထက်ပါ ပုံ(၂) နှင့်ပုံ (၃) ကို ယှဉ် ကြည့်ပါက Focal length 900mm ပုံသည် အတော် ကောင်း မွန်သည့် အရည် အသွေး ဟု ဆိုရပါမည်။ ပုံ (၃) မှာ မူ Focal Length 1170mm အထိ အဆမတန် ဆွဲ ဆန့်  ထားရသောကြောင့်  ပုံ (၂) ထက် စာလျှင် အရည် အသွေး မဆိုသလောက် ကျသွား သည်ကို တွေ့  ရပါသည်။
 
ပုံ - (၄)
 
 
 
Fly away Egret, 1170mm  Focal Length.
 
အထက်ပါ ပုံ (၄) မှာ WoodenBridge ပေါ်တွင် Kingfisher ဒိုင် ဗင် အထိုးစောင့် နေစဉ် အနားရှိ သစ်ပင် ပေါ် မှ   Egret ကို D 7100 , 1.5 X = 1170mm ဖြင့် လှမ်း ရိုက် ထားသည့် ဖြစ်ပါသည်။ အကွာ အဝေး ကလည်း များစွာ မဝေးလှ ၊ အလင်းရောင် ကလည်း ကောင်းသဖြင့် ပုံ မှာ အတော် ပြတ် သားသည် ကိုတွေ့ ရ ပါသည်။
 
Tamron 150-600mm ၏ Focal length အဆုံး ဖြစ်သည့် 600mm ဖြင့် D 7100 ၏ 1.3 X  ဖြင့် ရိုက်သော ပုံ များသည် ထက်ပါ Egret ပုံ လောက် အလင်းရောင် မရ လျှင်လည်း ထွက်လာသည့် ပုံ များ၏ အရည် အသွေးသည် သာမန်သုံး  ပုံများ၏ အရည် အသွေး ကို မှီ နေသေး သည်ကို တွေ့  ရကြောင်း မြင် သမျှ ကို မျှ ဝေ လိုက်ပါ သည်။
 
 
-----------------------------
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

 

Saturday, 2 August 2014

Tamron 150-600 mm Review -1




(73) –Tamron 150-600 mm Review -1                 ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၃)

 

 

 Tamron SP 150-600mm ကို စမ်း သပ် ကြည့်ခြင်း။

(Tamron SP 150-600mm Review )

 

အဖိုးနည်း ၀န်ပါ  Super Tele Lens ဖြစ်သည့် Tamron 150-600mm အကြောင်း ကို မှတ်စု အမှတ် (၇၂ ) တွင် ရေးခဲ့ပါသည်။
 

ယခု အခါ သား ဖြစ်သူ ကျော်ကျော် စိုးလှိုင် ပို့ လိုက် သည့် အဆိုပါ Lens ရောက်လာသည့် အတွက် အငြိမ် ပုံ ( Still ) နှင့် Moving Subject များ ကို စမ်း သပ် ခဲ့ပါသည်။
 

Lens အတွင်း မော်တာ လှုပ် ရှား မှု သည် အတော် ညင်သာ ညက်ညော သည်ကို တွေ့  ရပါသည်။ Still ပုံ များမှာ အတော် ကြည်လင်ပြတ်သား ပြီး Long Tele တွင် Bokeh  အတော် လှပ စွာ ပေါ်ပါသည်။
 

သို့ ရာ တွင် ကျွန်တော်တို့ ကဲ့သို့  အမြန် ပျံ နေသည့် ငှက် ကို ရိုက် နေသူများ အနေနှင့်  Tracking ရိုက် ရာ တွင် Focusing သည် လိုအပ် သည့် အမြန် နှုန်း နှင့် ဖမ်း နိုင် ပါ့ မလား ဆိုသည့် ပူပင်မှု ရှိခဲ့ပါသည်။
 

အမြန် ပျံနေသည့် ငှက်များကို ရိုက်ကြည့်ရာ တွင် Nikon, Canon Original  prime Lens များလောက် Focusing မမြန်စေကာမူ အလတ်တန်း Lens များ၏ အမြန် နှုန်း ကို မှီ သည် ကို တွေ့  ရပါသည်။



Prime Lens များ ၏ Aperture and Focal Lengrh တို့ သည် တသမတ် ထည်း ဖြစ်သည်။ ဥပမာ အားဖြင့် 600mm, f-4 သည် Focal length ရော Aperture ပါ အသေ တသမတ် ထည်း ဖြစ်သည်။ ထိုကဲ့ သို့  တစ်လိုင်း ထည်း သီးသန့် ဖြစ် သောကြောင့်  ထို  Lens များ၏ ပုံ ထွက် ရော Focus မြန် မှုများပါ အလွန် အစွမ်း ထက်သည်။ ပုံ ထွက် ပြတ်သားသည် ၊ Focusing မြန်သည်။  ငယ်စဉ် က ကြားဘူးသော စကားရပ် တစ်ခု  ဖြစ် သည့်  "  ကက်ဆက် ဆိုရင် လည်း ကတ်ဆက် သီးသန့် ၊ ရေ ဒီယို ဆိုရင် လည်း ရေဒီယို သီးသန့် ဒါ မှ ကောင်းတယ်။ ရေဒီယို နဲ့ ကက်ဆက် တွဲ ပြီး ရေဒီယို-ကက်ဆက်  ဆိုပြီး ထုပ်လိုက် ရင် နှစ်မျိုးစလုံး စွမ်းရည် နည်းနည်းစီ လျှော့ သွားရော "   ကဲ့ သို့ ပင် ဆိုရပါမည်။



Tamron 150-600mm သည် Tele-Zoom Lens ဖြစ်သည်။ Focal Length ၏ အစ မှာ 150mm ဖြစ်ပြီး အဆုံးတွင် 600mm ဖြစ်သည်။ ထို့ အတူ ပင် Aperture သည်လည်း 150mm တွင် F-5 အထိ အကျယ် ဆုံး ဖွင့် နိုင်ကာ Zoom ၏ အဆုံး ဖြစ်သည့် 600mm တွင် f-6.3 အထိ အကျယ် ဆုံး ဖွင့် နိုင်သည်။  အမျိုးမျိုး သုံး နိုင်ရန် ထုတ်လုပ် ထားသည့်အတွက် Multipurpose  တို့ ၏ သဘာဝ Function အတိုင်း တစ်ခု ခြင်းစီ တို့ ၏ အရည် အသွေးသည် အနည်း နှင့် အများ အလျှော့ အတင်း လုပ်ထား ရ မည်သာ ဖြစ်ပါသည်။ သို့  ရာ တွင် မည်သို့ ပင် ဆိုစေကာမူ သူ့ ဈေး နှင့် သူ့ အဆင့်အတန်း ၊ သူ၏ စွမ်းဆောင်ရည် တို့ မှာမူ အတော် ထူးခြား ၊ ထိုက်တန်စွာ စွမ်းဆောင် နိုင်သည်ကို တွေ့  ရပါသည်။




အချို့ အတော်အသင့်သော လိုအပ်ချက်ကလေးများကို အသုံးပြုသူက ဖြည့် ၍ ဆောင်ရွက် ပေးနိုင်ပါသည်။ ယင်းကို သုံးလျှင် သူ၏ Focusing စွမ်းဆောင်ရည် အား အထိရောက်ဆုံး ရနိုင်စေရေး အတွက် သတိပြု လုပ်ဆောင် ရမည့် အချက် အချိ့ ကိုဖေါ်ပြ လိုပါသည်။




 Focusing နှင့်ပတ်သက်၍ သတိထားရမည့် အချက် တစ်ရပ်မှာ Focus လုပ်ရန် အတွက် ထင်ရှား သည့် အရာ တစ်ခု ကို မှတ် ပေးရန် လိုပါသည်။ ဥပမာ အား ဖြင့် ငြိမ် နေသည့် ရေပြင် သက်သက် ကို Focus လုပ် ခိုင်းလျှင် Lens and Camera Sensor တို့အနနှင့် မည်သည့် အရာ ကို Focus လုပ် ရမည်ကို မသိဘဲ Focus လုပ် ရန် အခက်အခဲ ရှိနိုင် သဖြင့် Focus လုံးဝ လုပ်မည် မဟုတ်ပါ။ အနည်းဆုံး ရေ လှိုင်း ဂယက် ၊ ရေ ပေါ် ရှိ သစ် ရွက် စသည်တို့ ကို Focus  ထောက် နိုင်စေရန် တစ်ခု ခု ရှိနေ စေရပါမည်။ ထို အရာ ကို ထောက် ကာ Pre-Focus ကြို၍ ဖမ်းထား  ရပါမည်။





Focus စတင် ဖမ်း ရမည့် AF-C- Focus Active Point  ကို ငှက် ပေါ်တွင် ထောက် ထားသည့် နမူ နာပုံ။






ငှက် ပျံ နေသည့် လမ်း ကြောင်း အတိုင်း  ငှက် ပေါ် တွင် Active Focus Point ကို ထောက် ကာ Tracking လုပ် သည့် နမူနာ ပုံ။


အလွန် လျှင်မြန်စွာ ပျံ နေသည့် ငှက်များ ကို Tracking လုပ်ရာတွင် 51 Points Dynamic  Focus Area  ရှိ Active Focus Point သည် ပျံနေသည့် ငှက် ကို လိုက် ကာ  Subject ပေါ် မိနေ အောင် ထောက်ရန် လိုပါသည်။ Fighter Jet များ ရန်သူ တိုက်လေယာဉ် ကို Missile ဖြင့် ပစ်ရန် Missile-Locked လုပ် သည့် သဘော မျိုး ဖြစ်ပါသည်။သို့ မှ သာ Sensor က Subject ကို မှတ်သား နိုင်မည် ဖြစ်ပါသည်။ သို့  မဟုတ်ပါ မူ Focus သည် Subject ပတ်ဝန်း ကျင် ရှိ ထင်ရှားသော အရာ များ- များသော အား ဖြင့် Back Ground - ကို ဖမ်း ပါ လိမ့် မည်။



ဤ ကဲ့ သို့ Active Focus Point  သည် Subject အပေါ် သို့ ထောက်မိစေကာ မူ Lens ၏  Focusing Motor က Focus ဖမ်း နိုင်သည့် အမြန် နှုန်း သည် ထိပ်တန်း Prime Lens များလောက် မမြန်သည့် အတွက် Focus စထောက်သည့် ပုံ သည် ပြတ် သား ကောင်း မှ ပြတ် သားမည် ဖြစ်သော်လည်း နောက် ပုံ များ Focus ပြတ် ပါ လိမ့်မည်။ Active Focus Point  တစ်ချက် ဖမ်း လိုက် နိုင်ပါက နောက် ပိုင်း တွင် Follow လိုက်သွားရုံ သာ ဖြစ်ပါသည်။


ငြိမ် နေသည့် Subject များကို ရိုက်ရာတွင် ပုံ ထွက် သည် မှန်း ထားသည်ထက် ပင် ကောင်း ပါသည်။ သို့ ရာတွင်  အလွန် မြန် သည် Subject များကို ရိုက်ရာ တွင် ခပ်လှမ်း လှမ်း မှ ဆွဲ ရိုက် လျှင် ပြဿနာ မရှိ လှ သော်လည်း အတန် ငယ် နီးသည့် နေရာ ရှိ Fast Moving Subject များကို ရိုက် လျှင်မူ တန်ဘိုး နည်း ၀န်ပါ Lens တစ်လုံး ဖြစ်သဖြင့် ကိုင်တွယ် သူက ပို၍ တိကျ သော လုံ့ လ စိုက် ကာသုံး ရန် လိုပါ မည်။



 
အောက်တွင် ယနေ့ စမ်း ရိုက် ခဲ့သည့် ပုံ များ ပြထားပါသည်-





ငြိမ် ပုံ များ ( Still) ။
 
  ပုံ - ၁
 
 

Format- Full Frame (FX), Focal Length- 600mm, Shutter speed-1/1000, f-6.3, Metering – Center weighted, ISO- 4000, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - +1.3EV



အထက်ပါ ပုံ- (၁)  ကို ရိုက်စဉ်က နံနက် အလင်းရောင် ကောင်း စွာ မရ သေးသည့် နံနက် အ တော် စောစော ပိုင်း အချိန် ဖြစ်ပါသည်။ ကံ ကောင်းထောက်မ စွာ ငှက် ကလေး က အလင်းရောက် ပြ ပြ ရှိနေသည့် ဘက် သို့ လှည့် လိုက် အချိန် တွင် လု ရိုက် ထားရ သည့် ပုံ ဖြစ် ပါသည်။ ထို့ ကြောင့် ISO -4000 အထိ တင် ကာရိုက် ထားရ ခြင်း ဖြစ်ပါသည်။
 
 


 
 ပုံ-(၂)
 

 

 


Format- Full Frame (FX), Focal Length- 600mm, Shutter speed-1/1600, f-6.3, Metering – Center weighted,ISO- 2200, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - +1.3EV



အထက်ပါ ပုံ- (၂)  ကို ရိုက်စဉ်က လည်း နံနက် အ တော် စောစော ပိုင်း အချိန် ဖြစ်ပါသည်။ ငှက် က အပင်၏ အမြင့် ပိုင်း တွင် နားနေ သဖြင့်  ငှက် ဦး ခေါင်း ပိုင်း တွင် အတော် အသင့် သော အလင်း ရောင် ရ လိုက်ပါသည်။ သို့ သော် ISO -2000 အထိ တင် ကာရိုက် ထားရ ပါသည်။

 

 ပုံ-(၃)
 
 
 
Format- Full Frame (FX), Focal Length- 600mm, Shutter speed-1/1280, f-6.3, Metering – Center weighted,ISO- 1800, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - +1.0EV


အထက်ပါ ပုံ- (၃)  ကို မူ ငှက် ရိုက်သည့် Camera Setting ဖြင့် ပင် Micro ဆန်ဆန် စမ်း
 ထား ခြင်း ဖြစ်ပါသည်။


 
 ပုံ-(၄)
 
 
Format- Full Frame (FX), Focal Length- 600mm, Shutter speed-1/640, f-14, Metering – Center weighted, ISO- 400, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - 0EV

ငှက် ဓါတ်ပုံ သမား များ အဖွဲ့  Drome လွှတ် ကာ Video လာရိုက် သဖြင့် သူ့ ကိုလည်း ပြန် ရိုက်ထားသည့် ပုံ ဖြစ်သည်။


 
 
 ပုံ-(၅)
 
 

Format- APS-C (DX) Format, Focal Length- ( 600mm X Crop Factor 1,5) = 900mm, Shutter speed-1/1600, f-6.3, Metering – Matrix, ISO- 500, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - +0.3EV.



အထက်ပါ ပုံ (၅) ကို Tamron 150-600mm အား Nokin ( DX - APS-C Format ) တွင် တပ် ကာ Focal Length 600mm ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ Niko Crop Factor သည် 1.5 X ဖြစ်သဖြင့် Tele Zoom အဆုံး 600mm သည် ( 600mm X 1.5 ) = 900mm  ဖြစ်သွားပါသည်။

 
 
ပုံ-(၆)
 
 
 
Format- APS-C (DX) Format, Focal Length- ( 600mm X Crop Factor 1,5  X 1.3 Crop) = 1170mm, Shutter speed-1/1600, f-6.3, Metering – Matrix, ISO- 500, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - +0.3EV.

 

အထက်ပါ ပုံ (၆) ကို Tamron 150-600mm အား Nokin ( DX - APS-C Format ) တွင် တပ် ကာ Focal Length 600mm ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ ၄င်း အပြင် Image Area ကို ( 1.3 Crop ) ထပ် ယူ ထားသဖြင့် Focal Length သည် ( 900mm X 1.3) = 1170mm ဖြစ်သွားပါသည်။ Crop နှစ်ခါ လုပ် လိုက် သည့် သဘော ဖြစ်ပါသည်။ မူလ ပုံ၏ Pixel သည် 24.2 MP မှ 15 MP ခန့်  သို့  ကျ သွားပါသည်။





ပုံ- (၇)
 


Format- Full Frame (FX), Focal Length- 600mm, Shutter speed-1/1600, f-6.3, Metering – Center weighted, ISO- 1600, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - + 0.3EV.


အထက်ပါ ပုံ (၇) ၏ ကင်မရာ Setting ကို ကြည့် လျှင် ပျံနေသည့် ငှက် ကို ရိုက် ရန် တွက် Setting ဖြစ်နေသည်ကို တွေ့  နိုင်ပါသည်။ မှန်ပါသည်။ ငှက် ရိုက်ရန် စောင့်နေစဉ် တစ်ဘက် ကမ်း တွင် ၈ျပန် ကာတွန်း ပုံစံ Model များ ဓါတ်ပုံ ရိုက်နေသည်ကို တွေ့ ၍ လှမ်း ရိုက် ထား ခြင်း ဖြစ်ပါသည်။





ပုံ-(၈)
 
 
 
Format- Full Frame (FX), Focal Length- 360mm, Shutter speed-1/600, f-6, Metering – Center weighted, ISO- 2500, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - + 0.3EV.
 
အထက်ပါ ပုံ (၈) ကို မိုး အုံ့  နေစဉ် ရိုက် ရသည့် အတွက် ISO ကို 2500 အထိ တင်ကာ  Exposure Compensation  ကိုလည်း  0.3 EV တင်ထားရပါသည်။
 
 
 
 
ပုံ-(၉)
 
 


Format- APS-C (DX) Format, Focal Length- ( 600mm X Crop Factor 1,5  X 1.3 Crop) = 1170mm, Shutter speed-1/1600, f-8, Metering – Matrix, ISO- 200, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - +0.3EV.


အထက်ပါ ပုံ (၉)ကို Kingfisher ရေထဲ သို့ ဒိုင်ဗင်ထိုးဆင်း ငါးဖမ်း သည် ကို ရိုက် ရန် စောင့်နေစဉ် ခပ်လှမ်း လှမ်း သစ်ပင် ပေါ် မှ Egret ( ဗျိုင်း) ကို လှမ်း ရိုက် ထား သည့် ပုံ ဖြစိပါသည်။ 




 
ပျံနေသည့် ငှက်များ ( Moving Subjects)။


 
ပုံ-(၁၀)
 
Format- Full Frame (FX),  Focal Length- ( 600mm), Shutter speed-1/1600, f-6.3, Metering – Center Weighted, ISO- 800, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - ­0.3EV.



 ပုံ-(၁၁)
 
 
Format- Full Frame (FX),  Focal Length- ( 600mm), Shutter speed-1/1600, f-6.3, Metering – Center Weighted, ISO- 2000, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - ­0EV.




 
ပုံ- (၁၂)
 
Format- APS-C – (DX),  Focal Length- ( 600 X 1.5 Crop Factor = 900mm), Shutter speed-1/1600, f-6.3, Metering – Center Weighted, ISO- 1400, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - ­+ 0.3EV.
 
 
 
 
ပုံ-(၁၃)

 

Tracking. 1
Format- APS-C – (DX),  Focal Length- ( 600 X 1.5 Crop Factor = 900mm), Shutter speed-1/1600, f-6.3, Metering – Center Weighted, ISO- 720, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - ­+ 0.3EV.


အထက်ပါ ပုံ (၁၃) မှာ Tracking စ ဖမ်းထားသည့် ပုံ ဖြစ်ပါသည်။ ယင်း နောင် Panning သဘော မျိုး လိုက်ကာ ရိုက် ထားခြင်း ဖြစ်ပါသည်။ ပုံပေါင်း (၉) ပုံ ခန့်   အနက်မှ (၃) ပုံ ကို သာ နမူ နာ ပြထား ခြင်း ဖြစ်ပါသည်။ Gray Heron သည် အကောင်လည်း ကြီး ပျံ ရာ တွင် လည်း ငှက် ကလေး များလောက် မ မြန်သည့်  အတွက် Focus ထောက် ရန် မှာ အတန် အသင့် လွယ် သည့် ထဲ တွင် ပါ  ပါသည်။

 
 ပုံ-(၁၄)
 
Tracking. 2
Format- APS-C – (DX),  Focal Length- ( 600 X 1.5 Crop Factor = 900mm), Shutter speed-1/800, f-6.3, Metering – Center Weighted, ISO- 720, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - ­+ 0.3EV.

ပုံ-(၁၅)
 
 
 
 
Tracking. 3
Format- APS-C – (DX),  Focal Length- ( 600 X 1.5 Crop Factor = 900mm), Shutter speed-1/800, f-6.3, Metering – Center Weighted, ISO- 500, AF Area Mode-51 Point Dynamic, AF Mode- AF-C, Exposure Compensation - ­+ 0.3EV.
အချုပ် အားဖြင့် ဆိုရလျှင် ဈေး လည်း သက်သာ ၊ အသုံး လည်း တည့် သဖြင့် လူကြိုက် များ သောကြောင့် Pre-Order များဖြင့် သာ စောင့် ၀ယ် ရသည့် Lens ဖြစ် လည်း ဖြစ်လောက် ပါသည် ဟု ဆိုရပါမည်။
 
­__________________________