Tuesday, 30 September 2014

Abstracts Photography




(77) – Abstracts  Photography                        ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၇)

 

စိတ်ကူး ကွန့် မြူး  ရိုက်ကူးခြင်း။

( Abstracts Photography)

 

 

စကားဦး

ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု များကို ရေးသားရာ တွင် မရေးဖြစ်သေး သည့် ဓါတ်ပုံ ဆိုင်ရာ ကဏ္ဍ တစ်ရပ် ဖြစ်ပါသည်။

Abstracts Photography သည် နေ့ စဉ်  မြင်တွေ့ နေကျ အရာ များ ကို ထူးခြား သည့် မြင်ကွင်း ( Angle )  မှ ကြည့် ကာ ယင်း၏ ထူးခြား သည့် အလှ ကို  စိတ်ကူး တွင် ခံစား ၍  ပြန်လည် တင်ပြ သည့် ရိုက်ကူးနည်း ဟု ဆိုရပါမည်။

 

ဤမှတ်စု ကို ရေးသားရာ တွင် Douge Harman ၏ Digital Photography Handbook, စာအုပ်ပါ Abstract အခန်း ၊  Davis Peterson ၏ Abstract Photography for Beginners နှင့်  Ron Bigelow ၏ Abstract Photography Tips and Technique စသည့် ဆောင်းပါး သုံး ခု ကို အခြေပြု ကာ အခြား ကောင်းနိုး ရာရာ ဟု ယူဆ သည့် Abstract  ဆိုင်ရာ ဆောင်းပါး များကို စုပေါင်းကာ ဆီလျှော် သကဲ့ သို့  ဘာသာပြန် ထားခြင်း ဖြစ်ပါ သည်။

 

မှတ်စု တွင် နမူ နာ အဖြစ် ဖေါ် ပြထားသည့် ပုံ များ မှာ အဆိုပါ ဆောင်းပါး များ တွင် ပါသည့် နမူ နာ ပုံ များကို ပြန် လည်ဖေါ် ပြထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံ ပညာ ရှင် အမည် သိရ သည့် ပုံ များကို အမည် ဖေါ် ပြ ထားပြီး ဓါတ်ပုံ ပညာ ရှင် အမည် ကို မသိရ သည့် ပုံ များကို မူ အမည် ဖေါ် ပြနိုင်ခြင်း မရှိကြောင်း ဖေါ် ပြ အပ်ပါ သည်။
 
 
 
 


Abstract Photography  ဆိုင်ရာ နည်းပညာ

 

ဓါတ်ပုံ နှင့်ပတ်သက်၍  အလွယ် ဆုံး ပြောရလျှင် ဓါတ်ပုံ ဆိုသည်မှာ ပုံရိပ်များ  ကို  ဖမ်းယူ ခြင်း (Capturing of images  ) ပင် ဖြစ်သည်။

 

သို့ရာ တွင် ကင်မရာ ကို တစ်နေ ရာရာ သို့ ချိန်ကာ ခလုပ် နှိပ်ရုံ မျှ နှင့် Photographer တစ်ယောက် ဖြစ် မလာနိုင်ပါ။ Photographer တစ်ယောက် ဆိုသည်မှာ အနုပညာ ( Art )နှင့် နည်းပညာ ( Technology ) နှစ်ရပ်ကို အကောင်းဆုံး ပေါင်း စပ် ပြီး သာမန် မြင်ကွင်း တစ်ခု လုံးကို ပြောင်း ပစ်  နိုင်မှသာ Photographer ဟု ဆိုရပါမည်။ ကင်မရာသည် လူ၏ မျက်စေ့ လောက် မမြင်နိုင်စေကာမူ  ရှုမျှော်ခင်း ပုံကောင်း တစ်ပုံ ၏ ဓါတ်ပုံ အတွင်း မြင်ကွင်းသည် ပြင်ပ ရှု ခင်း ထက်ပို၍ လှ ပနေသည်ကို တွေ့ ဘူးကြပါ လိမ့် မည်။ 

 ပုံ တစ်ပုံ ကို တင်ပြ ရာ တွင် ယင်းကို အသေးစိတ် နားလည် စေရန် အနုပညာ သဘော ကိုပင်  ထပ်မံ ခွဲခြား ထားပြန် သည်။ ယင်း မှာ Documentary နှင့် Fine Art တို့ ဖြစ်သည်။
 


 

Photo byMiuenski Miuenski

 

Abstract Photography သည် Fine Art အမျိုး အစား တွင် ပါဝင်သည်။ အဆိုပါ Abstract Photography သည် ပြင်ပ တွင် သာမန် မြင်နေကျ အရာ များကို ပင် မြင်နေကျ အမြင် မျိုး အဟုတ် ဘဲ Subject တစ်ခု ၏ ပုံစံ (Shape) ဖွဲ့စည်းမှု ( Form) အရောင်( Colour) , မျက်နှာပြင် အရေး အကြောင်း ( Texture ) တို့ ၏ ထူးခြား မှု ကို ရှာဖွေ ကာ ရိုက်ကူးခြင်း ဖြစ်သည်။
 

 လူသား တို့ ၏ မျက်စေ့ ကို ဆွဲ ဆောင် မှု အရှိဆုံးမှာ အဆင် ဒီဇိုင်း ဟု ဆိုရ မည့် Pattern ပင်ဖြစ်သည်။ ဤ အကြောင်း ကြောင့် ပင်လျှင် ရှေးဦး လူသားတို့ သည် Constellation ကို စတင်တွေ့ ရှိ ခဲ့ခြင်း ဖြစ်သည်။
 

Abstract Photography သည် Subject ကို  ကြည့် ရှု သည် ထက် ကြည့်သူ၏ တုန့် ပြန် ခံစား မှု ( Emotional Response  ) ကို ဆွဲ ထုတ် ကာ ခံစားစေသည့် နည်း ဖြစ်သည်။ မျက်စေ့ နှင့် မြင်နေသည်ထက် အတွင်းသို့ နှိုက်၍ ကြည့် ကာ ခံ စားစေခြင်း ဖြစ်သည်။
 

သို့ ရာ တွင် Abstract Photography နှင့်ပတ် သက်၍ အလွန် သတိ ထားရမည့် အချက် မှာ အလွန် ကောင်း မွန် သည် Abstract Photography ပုံ တစ်ခု အခြေအနေ  နှင့် မည်သို့မျှ စိတ် ၀င်စား ဘွယ် ရာ မရှိသည့် စက္ကူစုတ် ဖြစ်သွား မည့် အခြေ အနေ နှစ်ရပ်သည် အလွန် နီးကပ် နေသည်။  Thin Line ကလေးသာ ရှိနေသည် ဆိုသည့် အချက် ဖြစ်သည်။

 

ဆိုလိုသည် မှာ အယူအဆ တစ်ချက်မှားသွား သည် နှင့် Powerful Abstract Photography သည် တစ်ခုဖြစ်လာရမည့် အစား  ကြည့်သူ အနေနှင့် မည်သည် ကို ခံစား ရမည် မသိဘဲ စက္ကူစုတ် အဖြစ်သို့ ရောက်သွား နိုင်သည် ဆိုသည့် အချက် ပင် ဖြစ်သည်။

 
 

Photo by: Sel


 

Abstract Photography ရိုက်ကူးရာ တွင် အရေးကြီးသည်မှာ Photography Rule များ ထက် Abstract Photography ဆိုင်ရာ လမ်းညွှန် သဘော တရားများ (Rule or guidelines of abstract photography) ကို နားလည် ကာ ကောင်းစွာ အသုံး ချတတ်ရန် လိုပေသည်။ အကယ်၍ အဆိုပါ Abstract Photography ဆိုင်ရာ လမ်းညွှန် သဘော တရားများ ကို ချိုး ဖေါက် မည်ဆိုပါက လည်း မသိ၍ ချိုး ဖေါက် ခြင်း မဟုတ် ဘဲ သိလျှက် နှင့် ပုံ အခြေအနေ တိုးတက် လာစေရေး လိုအပ် ချက် အရ တမင် ချိုးဖေါက် ခြင်းမျိုး သာ ဖြစ်ရန် လိုသည်။

 
အောက် တွင် ဖေါ် ပြ မည့် အကြောင်း အရာ များမှာ Abstract Photography ရိုက်ကူခြင်းဆိုင်ရာ နည်း လမ်း အမျိုး မျိုး ဖြစ်သည်။ ဤ နည်းလမ်း များကို လမ်း ညွှန် ထားကာ ရိုက်ကူးခြင်းအားဖြင့် Powerful Abstract ပုံ များ ရရှိနိုင်ပါလိမ့်မည်။
 
 အရောင် ( Colour )
 
 


Photo by: Vittorio Pandolfi

 

Abstract photography တွင် အရောင် များကို စိတ် တိုင်းကျ အတားအဆီးမရှိ သုံးနိုင်သည်။ အရောင် ၏ Level, Hues, Tones, Saturation စသည်များကို စိတ် ကြိုက် ကစား နိုင်သည်။ အခြားသော ဓါတ်ပုံ ကဏ္ဍများဖြစ်သည့်  Portraiture, Landscape photography etc ..စသည်တို့ တွင် သုံးသည့် စည်းမျဉ်း ဥပဒေသ များသည် Abstract photography တွင် အကျုံး မ၀င် ဟု ဆို ရပါမည်။  အားလုံး သော အရာ များ မှာ  ဖန်တည်းရှင် ဓါတ်ပုံ သမား ၏ အထိန်း အကွပ် အောက်မှာ သာ ရှိသည်။ မူရင်း အင်္ဂလိပ် ဘာသာ အတိုင်း ပြောရ သော်   Let your imagination run wild, wield your power and use colours to your advantage.” ပင် ဖြစ်ပါ သည်။ စိတ် အဟုန် ကို ရွက်ကုန်ဖွင့် နိုင်သည်ဟု ဆိုရပါမည်။
 
Controlled Depth of Field and Selective Focus

 
 
Photo by: Paula Bailey
 
Aperture ကို ကျယ်ကျယ် ဖွင့်ပေး ခြင်းအားဖြင့် Depth of Field ပါးလာ သည့် အတွက် အာရုံ စူး စိုက်စေရာ Center of Interest နေရာ ကိုသာ Focus ပြတ်နေစေခြင်း ဖြင့် ကြည့်သူ၏ အမြင်အာရုံကို ဖမ်းထား နိုင်သည်။ ထို့ ကြောင့် ဤနည်းသည် Powerful Abstract  ပုံကောင်း တစ်ပုံ ရ စေ နိုင်သည့် နည်း ကောင်း တစ်ခု ဖြစ်သည်။ ဤ နည်းကို တိကျ စွာ ဆောင်ရွက် နိုင်လျှင် အာရုံ စူး စိုက်စေရာ Center of Interest နေရာ သည် ပြတ်သား နေကာ အာရုံ မပြန့်စေလို သော အခြားနေရာ များ မှုန် ( Blur) နေပေလိမ့် မည်။ ဤ သို့ ဖြင့် ကြည့်သူ ၏ အာရုံ ကို လိုရာနေရာ သို့ ပို့ ပေး နိုင်သည်။
 
ပုံ ကို အားဖြည့် ပေးမည့် အခြား အချက် တစ်ချက် တစ်ရပ်မှာ Background ဖြစ်သည်။  Subject ၏ အရောင်သည် Background နှင့် Colour Contrast ရှိနေစေခြင်း ဖြင့်  Subject သည် ပို၍ ပေါ်လွင်လာကာ ယင်း အပေါ်  အာရုံ ပို၍ ရောက်စေလိမ့်မည်။  ၎င်း အပြင် Subject ကို အာရုံ ပို့ ပေးစေမည့် Leading Line ဖြစ်သော Curve ကဲ့ သို့ လိုင်း များ ထည့် သွင်း ဖွဲ့ စည်း ကာ ရိုက်သင့်ပါသည်။
 
မည်သို့  သောပြတ်သား မှု မျိုး နှင့် ပြ လို သနည်း။
 
 
 
Photo by: Emilio Dellepiane
 
ပုံ တစ်ခုလုံး ပြတ်သားနေအောင် ပြမည်လော၊ သို့ တည်းမဟုတ် မိမိ ပြ လိုသည့် နေရာ တစ်ခု ထည်း ကို Focus ဖမ်း မည်လား ဆုံး ဖြတ်ရပါမည်။ ပုံ ၏ နေရာ အားလုံး ပြတ်သား နေစေလိုပါက Aperture ကျဉ်း ကျဉ်း ထားကာ ရိုက်ရပါမည်။ လိုသည့် နေရာ တစ်နေရာ ထည်းကိုသာ ပြတ်သားနေစေလိုပါက Shallow Depth of field ပေး မည့် Aperture ကျယ်ကျယ် နှင့် ရိုက်ရပါမည်။
 
Lines  များကို အသုံချခြင်း။
 
 
Photo byStephen Zacharias
 
တတ်နိုင် သမျှ အားကောင်းသည့် Graceful or Dynamic Lines များ ကိုသုံး ရပါမည်။ အဆိုပါ လိုင်းများသည် ပုံကို အလွန်အားကောင်း စေသည့် Leading Lines များ ဖြစ်ကြသည်။ နမူနာပြ အဖြစ် အောက်ပါ ပုံ ကိုကြည့်ပါက လိုင်းများ သည် ကြည့် သူကို ပုံ ၏အဆုံး အထိ ဆွဲ ခေါ် သွားသည် ကို မြင်နိုင်ပေ လိမ့် မည်။
 
 
Photo by: Alexcoitus
 
ထိရောက်သည့် Effective Lines များသည် ပုံ အဓိက ပြယုဒ် များ ဖြစ်နေစေရမည်။ ထို့ အပြင် ပုံ အတွင်း ရှိ Curve, Angle, Straight Lines စသည့် လိုင်း များ အားလုံးသည် အခြင်းခြင်း အပြန် အလှန် အကျိုးပြု ကာအချိုးကျ နေစေရန်လိုသည်။ အကယ်၍ လိုင်းများကို ပုံ တွင် Main Subject အဖြစ် ပြလိုပါက အခြာသော နေရာ ရှိ အရောင်များ၏ Saturation ကို လျှော့ ပေးရပါမည်။ သို့ မဟုတ်ပါက ကြည့် သူ၏ အာရုံ ကို COI ဖြစ်သည့် လိုင်း မှ ဆွဲ ထုတ် သွား ပေလိမ့် မည်။
 
မျက်နှာပြင် အရေး အကြောင်း (Texture )
 
 
 
Photo by: Ozyman

 

မျက်နှာပြင် ပေါ်ရှိ အရေး အကြောင်း များဖြစ်သည့် Texture များသည်လည်း Line များကို သုံးသည့် နည်း အတိုင်းပင် ဖြစ်သည်။ တစ်ခါ တစ်ရံ တွင် Line နှင့် Texture တို့  ကို တွဲ သုံးသည့် အချိန် လည်းရှိသည်။ Texture ကို ပုံ တွင် ထည့် သွင်း ဖေါ်ပြ မည်ဆိုပါလျှင် ပုံ၏ အရေး အကြီး ဆုံးသော နေရာတွင် နေရာ ပေး ရန် လိုသည်။ ပုံ တွင် ပါဝင် သည့် Line များ နှင့် သဟဇာတ ( Harmony ) ဖြစ်ရန် လည်း လိုသည်။ Texture ကို မှန်ကန်စွာ သုံးနိုင်ပါက ပုံသည် ကြည့်သူ၏ ရင်ထဲသို့ စူးဝင် သွား စေနိုင်လိမ့်မည်။
 
 
 
“The Dome” Photo by:  Richard Crowe

 

မှုန် ၀ါးစေခြင်း ( Blur )
 


Photo by: Evan Leeson


 နေရာ အားလုံး ကို ပြတ်သား မနေ စေဘဲ လိုသည့် နေရာ လေး တွင်သာ ကွက် ၍ ပြတ်သားပြီး ကျန်နေရာများ ၀ါးနေစေသည်မှာလည်း စိတ်ဝင်စား ဘွယ် ကောင်း သည့်  Abstract photography  တစ်ရပ် ပင် ဖြစ်သည်။ သို့ ရာ တွင် အဆိုပါ နည်းသည် နမူနာ ပြထားသည့် ပန်း ၀တ်ဆံ ကဲ့ သို့ အချို့သော Subject အတွက်သာ လျှင် သင့် လျှော်သည်။

 
ဤ ရိုက် နည်း တွင် မိမိအနေနှင့်  Subject ကို မှန်ကန် စွာ ရွေးချယ် ကာ ရိုက် ကူး ရန် လိုပါမည်။ Romantic ဆန်သည့် ပုံ မျိုး တွင် ဤ နည်း သုံးသင့်သည်။ Blur ဖြစ်စေလို သည့် နေရာများ အတွက် Special soft Focus Lens သို့ မဟုတ် Soft focus Filter များ တပ် ကာရိုက်ကူး နိုင်သည်။ သို့ မဟုတ် Post Production တွင် Photoshop ဖြင့် လည်း ဆောင်ရွက် နိုင်သည်။
 

The Zooming Technique
Slow Shutter Speed  ကို Focal Lenth အတို အရှည် ပြောင်း သည့် ( Zoon-in, Zoom-out ) စသည့် နည်း များ နှင့် တွဲသုံးကာ စိတ်ဝင်စား ဘွယ်ရာ ပုံ ကို ဖန်တည်း နိုင်သည်။
အဆိုပါ နည်း နှင့် ရိုက် မည်ဆိုပါက Tripod ကိုသုံးရပါမည်။  Wide Angle နှင့် စ တင်ကာ Zoom ဆွဲ၍ Narrow Angle သို့  ပြောင်း လိုက်ပါ။ ဤ သို့ ဖြင့် ပုံ သည် Strong Center of Interest ရရှိလာပြီး Center of Interest ၏ အရောင်နှင့် Background အရောင်တို့ သည် Colour Contrast ဖြစ်လာ လိမ့် မည်။
 
Move in Close
 
 

 
Subject တစ်ခု လုံ မဟုတ်ဘဲ ယင်း၏ အနားသို့ ကပ်ကာ တစ်စုံ တစ်ရာသော အပိုင်း မျှ သာ ပေါ်လွင် အောင် လည်း ရိုက် နိုင်သည်။ မလိုအပ်သော Distraction ဖြစ်စေ မည့် အပိုင်း များကို ဖယ်ထုတ် လိုက် သည့် နည်း ပင် ဖြစ်သည်။ ဤ သို့ ဖြင့် Subject ၏ Form, Colour, Curve, တို့ကို ပို၍ အလေးပေး ပေး လွင်လာ စေမည် ဖြစ်သည်။
 
The Use of Light and Shadows
 
 
 

 
 
 
အရိပ် နှင့် အလင်းရောင်တို့ အပြန်အလှန် အကြောင်းပြု ကာ Inter Play ဖြစ်နေသည့် ပုံများသည် လည်း Abstract ပုံကောင်း တစ်ပုံ ဖြစ်စေသည်။ အချို့ သော ဓါတ်ပုံ သမားများက Light တစ်ခု ထည်းကိုသာ အားပြု ပြီး အရိပ် ( Shadow ) ကို လှစ်လျှူ ပြု ထေားသည် မှာ မှား ယွင်းသည် ဟု ဆိုရမည်။ စင်စစ်အားဖြင့် Shadow သည် အလင်းရောင်မဲ့သော Lack of Light နေရာ ဟု သာ တွက်ဆ၍  မရ။ ပုံ တစ်ပုံ ကို အသက်သွင်းပေးသော အရာ ဖြစ်သည် ကို လည်း မမေ့သင့်ပေ။ Shadow သည် Abstract photography ကိုအား တောင့် လာစေသည့် အရာ ဖြစ်သည်။
 
Tips for Fantastic Abstract Photography
Abstract Photography သည်  Portrait or Landscape ပုံ များကဲ့ သို့ အားလုံးကို ထင်ရှာစွာ  မပြဘဲ ရိုက်ကူးသူ က ၄င်း၏ စိတ်ကူး ပုံ ရိပ် ကို ပြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မိမိ ရိုက်ကူးမည့် Abstract ပုံ၏ အနှစ် သာရ သည် ဘာလဲ- Essence of what you are Photographing - ကို ကြိုတင်စဉ်းစား ထားရန် လိုပေသည်။ အောက်ပါ အချက် များ မှာ Abstract Photography ရိုက်ကူးရာ တွင် ဆောင်ရွက် သင့်သည့် အဓိက အချက် အချို့ ကို ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။
 
1.   Get Close
 
 
Abstract Photography သည် မိမိ ပြလိုသည်ကို သာမန် Photography ကဲ့ သို့ မဟုတ်ဘဲ ကြည့် သူအား တစ်မူ ထားခြားသည့် မြင်ကွင်းမှ ပြခြင်း ဖြစ်သည်။ ထို့ ကြောင့် Texture, Pattern များကို ပြ လိုပါက အနီးကပ် ရိုက်ကာ Frame ပြည့် နိုင်သမျှ ပြည့်အောင် ရိုက်ပြ သင့်သည်။ ဤ သို့ ဖြင့် ပုံသည် တစ်မူ ထူးခြားလာကာ ပြသလိုသည့် အချက်မှနေ၍ လွဲ၍ မည်သို့ မျှ ဒွိဟ အပွားနိုင်သည့် အနေအထားမျိုး တွင် ရှိနေပေ လိမ့်မည်။
 
2.  Thinking in Tones
 
 
ဓါတ်ပုံ သမားကောင်း တို့သည် ၄င်း တို့ ရိုက် မည့် Subject ပေါ်သို့ ကျရောက်သည့် Bright High Light ကို သဘော ပေါက် နားလည် ကြသည့် အလျှောက် Exposure  ကို လို အပ် သကဲ့ သို့ ညှိ နိုင် ကြသည်။ လျှပ်တပျက် အတွင်းမှာ ပင် ၄င်း တို့ ၏ ဆဌမ အာရုံ ( Sixth Sense ) အရ အရောင် အသွေး ပြေ ပြစ် မှု ရှိမရှိကို သိနိုင်စွမ်း ရှိကြသည်။ ဤ သည်ကို အတု ယူရန် လိုပါသည်။
 
3.  Lookout for Interesting Elements
 
 
 
 

 Abstract ရိုက်ကူး နိုင်သည့် အရာ များ ဖြစ်သည့် Repeating Line, Strange Texture, Interesting Pattern, Plants, Clouds, Rocks, Sand, Water စသည် တို့ ကို သဘာဝ ပတ်ဝန်း ကျင် တွင် အလွယ် တကူ တွေ့ နိုင်ပေသည်။  မိမိ အနေနှင့် မိမိ ပြ လိုသည့် Abstract ပုံ ၏ Angle and Composition  ကို အဆန်း တကျယ် မြင် ကွင်း ဖြစ်လာစေရန် စဉ်းစား စီစဉ် ရုံ သာ ဖြစ်သည်။


 
4.  Using Hand-Held Flash and Tripod
 
 
ကင်မရာတွင် Hot Shoes adaptor ပါ လျှင် Flash ကို Flexible Cord ဖြင့် အပြင် သို့ ထုတ်၍ လက် ဖြင့် ကိုင်ကာ လိုအပ်သည့် နေရာ တွင် အလင်း ဖြည့် ပေး သင့်သည်။  Angle Flash သုံးလျှင် သဘာဝ အလင်းရောင်ကို ပို ညက်လာစေကာ Abstract  ကို ပို ကြည့်ကောင်းလာစေသည်။ Abstract  ပုံ ကို အနီးကပ် ရိုက်လျှင် ပြ လိုသည့် အသေးစိတ် နေရာ များ ပြတ်သား နေစေရန် Tripod သုံးရန် လိုအပ်ပါ သည်။
 

 5.  Practice and Experiments
 
 
 
ပုံကောင်း ရရန် အတွက် လေ့ ကျင့် ရန် လိုပါသည်။ အကြိမ်ကြိမ် စမ်းသပ် ရိုက်ကူး ကာ သုတေသန သဘောမျိုး လုပ်ကြည့်ရန် လည်း လိုပါသည်။ ကြိမ် ဖန်များစွာ လေ့ကျင့် ရန် ၊ စမ်း သပ်ရန် လိုပေသည်။
 
တစ်ခါ တစ်ရံ အဆိုစလောက် ပြောင်းလဲ မှု လေးတစ်ခု ပြု လုပ် လိုက်ခြင်းသည် ပုံ တစ်ခုလုံး တွင်ကြီး မားသော ပြောင်းလဲ မှု ကြီး တစ်ခု ဖြစ်သွားးတတ်သည်။ တစ်ခါ တစ်ရံတွင် မူ မိမိ အနေနှင့် မှားယွင်း သည်ဟု ယူဆထားသော သော Wrong Setting လေးတစ်ခုသည် ပုံ အတွက် အလွန် မှန်ကန်ကောင်းမွန် သည့် လုပ်ဆောင် ချက် တစ်ရပ် ဖြစ်လာတတ်သည်။ ထို့ ကြောင့် မိမိ၏ ပစ္စည်း ကိရိယာ နှင့် Subject များကို Experiment  လုပ်ကြည့် ရန် ၀န် မလေးသင့်။
 
6.  Crop and Rotate your Image


 

Abstract ပုံ တစ်ပုံ ရလာပြီဆိုလျှင် Post Processing တွင်လိုအပ်သည့် အနေ အထား မျိုး ပုံ ဖြစ်လာစေရန် Crop လုပ်ကြည့် ပါ။ အလျှား လိုက် သို့ မဟုတ် ဒေါင် လိုက် လှည့် ကြည့်ပါ။ ၁၈၀ ဒီကရီ လှည့်ကာ ကြည့်ပါ။ မည်သည့် အနေအထားက  မည်သို့သော Impact ရှိလာမည် စစ်ကြည့်ပါ။ ထိုအချိန် တွင် ပုံ ၏ သီးသန့် နေရာ အချို့သည့် အဆိုပါ ပုံ၏ အရည် အသွေး ကို မြှင့်တင် ပေးသည့် နေရာ ဖြစ်နေသည်ဆိုသည် ကိုတွေ့ လာပါလိမ့်မည်။  အဆိုပါ အမြင် ဆန်း သစ် ဖြစ်လာ နိုင်မည့် အနေအထားကို ယူပါ။
 
 Abstract နမူနာ ပုံများ (Sample Abstract Pictures.)
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 





 
 
 
 
 
 
 
 

နိဂုံး။

 

ဤ မှတ်စုသည် စိတ် အလျှင် ကဲ့သို့  ကျယ် ပြန့် လှသော Abstract Photography ၏ မိတ်ဆက် နိဒါန်း သဘော မျှသာ ဖြစ်ပါသည်။ ကျယ် ပြန့် လှသည့် စိတ် အစဉ် ကွန်မြူး သည့် ဤ ရိုက်ကူးခြင်း ကို လက်တွေ့  စိတ်ကူး စိတ်သမ်း အသစ်များဖြင့် အနှောင်အဖွဲ့ မရှိ စိတ် အလ၊ျှင် ကွန့်မြူး နိုင်သမျှ ကွန့် မြူးကာ ရိုက်ကူး ကြည့် ကြ ခြင်း ဖြင့် ရှေ့ သို့  တက်လှမ်း နိုင်ကြ ပါစေရန် ဆန္ဒပြု အပ်ပါသည်။

 

--------------------------------------



Wednesday, 3 September 2014

Megapixel Myth




(76) – Megapixel Myth                                 ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၆)



Pixels သို့မဟုတ် ပုံပြင်ထဲက ယုံ တမ်း စကားတစ်ခု

( The Megapixel Myth )


စကားဦး

ကင်မရာ သစ် တစ်လုံး ကိုဈေး ကွက် ၌ ကြော်ညာ ရာ တွင် Pixels မည်ရွေ့  မည်မျှ ရှိသည်ကို ရှေ့တန်း တင်ကာကြော်ညာလေ့ ရှိပါသည်။ လူ အများ အာ ရုံ အစိုက်ဆုံး အချက် ဖြစ်သည့် Pixels များလေ  ပုံထွက် ပြတ်သားလေ  ဆိုသည့် အချက်ကို ရှေ့ တန်း တင်ကာ ကြော်ညာ ကြပါသည်။ နောက်ပိုင်းကာလ များတွင် Sensor ဇီး စေ့ လောက် အရွယ် သာ  ရှိသည့် ကင်မရာ များပင် Pixel များစွာ ဖေါ်ပြ ကြော်ညာလာ ကြပါသည်။


ထိပ်တန်း စာရင်းဝင် ကင်မရာ များသည် ကင်မရာ ၏ Sensor  အရွယ် အစား ၊ Sensor တည်ဆောက်ထားသည့် Technology ၊ ကင်မရာ Processor အား မောင်း နှင် မည့် အင်ဂျင် ၊ ကင်မရာ အား အသုံးပြုမည့် အနေအထား စသည် တို့ အပေါ် မူတည်ကာ Pixel မည်၍ မည်မျှထည့် ထားရမည်ကို စနစ် တကျ တွက်ချက်ကာ  ထုတ်လုပ်ထားခြင်း ဖြစ်ပါ သည်။ ပုံ ကောင်းတစ်ပုံ ထွက်လာစေရန် Pixels တစ်ခု ထည်း ကို သာ မဟုတ် ရှေ့တွင် ဖေါ်ပြ ခဲ့ သည့် အချက် အားလုံး နှင့် ချိတ် ဆက် ထားခြင်း ဖြစ်ပါသည်။

ဥပမာ အားဖြင့် Nikon Full Frame Camera များကို ကြည့်ပါက D 800, D 800E, D 810 တို့ သည် 36. 3 MP ဖြစ်ကာ Pro Line ၀င် D 3, D3S, တို့ သည် 12.1 MP, သာ ရှိသည်။ Nikon top of the line များ ဖြစ်ကြသည့် D4 သည် 16.2 MP, နောက်ဆုံးပေါ် Nikon Flagship ဖြစ်သည့် D4S သည်လည်း 16.2 MP သာ ရှိသည်ကို သတိပြု ရန် လိုပါမည်။


ထို့ ကြောင့် ပုံ တစ်ပုံ ကြည်လင်ပြတ်သား ပုံထွက် ကောင်းရေး အတွက် Pixels အနေနှင့် မည် သည့် အတိုင်း အတာ အထိ ဖေါ် ဆောင် နိုင်သည်။ အချုပ် အား ဖြင့် Pixel များရုံ မျှ နှင့်  ပုံ ထွက် ကောင်း မှာ လား ဟူသော အချက် ကို သိလိုသဖြင့် ရှာဖွေ ဖတ်ရှု ရင်း နံမည်ကြီး ဓါတ်ပုံ ဆောင်းပါးရှင် Ken Rock Well ၏ “ The Megapixel Myth  ဆောင်းပါးကို ဖတ်မိ လိုက်ပါသည်။

Ken Rock Well သည် အမေရိကန် နိုင်ငံ မှ ဖြစ်ပါသည်။ ကင်မရာ နှင့် ဓါတ်ပုံ ဆိုင်ရာ ဝေဘန် သုံးသပ် ရေး များကို ရေးသားရာ တွင် အလွန် နံ မည်ကြီး သည့် ကမ္ဘာ ကျော် ပု ဂ္ဂိုလ် တစ် ဦးလည်း ဖြစ်ပါ သည်။

၎င်း၏ “ The Megapixel Myth  ဆောင်းပါး မှာ ဆောင်းပါး ရှင် ၏ အာဘော်မျှသာ ဖြစ်ပါသည်။ သို့ ဖြစ်စေကာမူ ဗဟုသု တ ရနိုင်ဘွယ်ရာ များ စွာ ပါသဖြင့် ဆီလျှော် အောင် မြန်မာဘာသာ သို့ ဘာသာ ပြန် ကာ ပြန် လည် မျှဝေ လိုက် ခြင်း ဖြစ်ပါသည်။


အောက် တွင် ဖေါ် ပြရာ ၌ “  ကျွန်တော် “  ဟု သုံးစွဲ ခြင်း များပါဝင် လာပါက အဆိုပါ ကျွန်တော် ဆိုသည်မှာ Ken Rock Well ကို ရည်ညွှန်းကြောင်း ဖေါ်ပြ အပ်ပါသည်။






A photograph of sub-pixel display elements.

Introduction
 ၁၉၉၁ ခု နှစ်လောက် တွင် ကျွန်တော် တို့ အများသုံး ဓါတ်ပုံ အရွယ် 4x6" (10x15cm) prints, even VGA (640 x 480 or 0.3MP) မှာ အတော် လုံလောက် သည့် အရွယ် ပင် ဖြစ်ပါသည်။ ထိုစဉ်က ဘာပြဿ နာမှလည်း မရှိခဲ့ ပါ။
သို့ သော် ၁၉၉၉ နှစ်လောက်တွင် 1.2 Mega Pixels, 2 Mega Pixels စသည်ဖြင့် ကင်မရာ များ ပေါ် လာသည်နှင့်အမျှ ပုံ ကြီးကြီး ချဲ့  သည့် ကိစ္စ တွေ လည်း ပေါ် လာပါသည်။ ယနေ့  ဆိုလျှင် ဈေး အပေါ ဆုံး ကင်မရာ သည်ပင် 5 or 6 MP ရှိနေကြပေပြီ။ ကောင်းပြီ  အဆိုပါ ကင်မရာ များသည် လိုသည့် Picture Size အထိ ပုံ ကြီးချဲ့ ၍ ရပြီ လော -  ဟု မေးလျှင် အဖြေက ရှင်းပါသည်။ ပုံ ကို သုံးပေ ( 1 m ) အရွယ် ချဲ့ လျှင် နောက်ဆုတ် ကြည့်ပါ ၊ Billboard Size ချဲ့  လျှင် ပေ ၁၀၀ လောက် နောက်ဆုတ်ကာ ကြည့်ပါ။ 6 MP သည် ဤမျှ လောက် အကြည့်ခံ အောင် ဆောင်ရွက် ပေးပါလိမ့် မည်။
ပုံ တစ်ပုံ၏ ကြည်လင် ပြတ်သား မှု ( Sharpness and Clarity ) သည် Pixels အရေ အတွက်ထက် ဓါတ်ပုံ ရိုက်သူ၏ မိမိ လုပ်ဆောင်ချက် နှင့်ပတ်သက်၍ နားလည် တတ်ကျွမ်း မှု ( Skill ) ပေါ် တွင် ပို၍ တည်နေပါသည်။ အကိုင် အတွက် အချိန် အဆ မသေသပ် လျှင် မည်မျှ Pixels များပါစေ ပုံ သည် Motion Blur ကဲ့သို့  သော အဖြစ် ကြောင့် ပြတ်သားမှု လျှော့ သွားပါ လိမ့် မည်။
Pixel အနည်း အများ ကြောင့် အသေးစိတ် ပေါ်လွင် မှု အနည်း အများ ကွာခြား မှု မရှိ မဟုတ် ၊ ရှိပါသည်။ သို့ ရာ တွင် ဥပမာ အားဖြင့် 3 MP ကင်မရာ နှင့် 6 MP ကင်မရာ တို့ ၏ ပုံ ထွက်များ၏ ပြန်သား မှု ကို ယှဉ်ကြည့် လျှင် အတော် ကြည့်မှ သာ လျှင် မြင် နိုင်ပါသည်။ ကျွန်တော် စမ်း သပ်ကြည့်ရာ တွင် 12 x 18" (30x50cm) အရွယ် လောက် ချဲ့ ကြည့် မှ သာ လျှင် ကွာခြား မှု ကို အတန် ငယ်သာ မြင်ရပါသည်။
New York Times သတင်းဌာန မှ David Pogue ကမူ သူ့ အနေနဲ့  ဘာမှ ကွာခြား တာမမြင်ရ၊ နှစ်ခု စလုံး အတူတူ ပင်ဖြစ် သည်ဟု ဆိုပါသည်။ Joe Holmes ၏ Manhattan's  Jen Bekman Gallery တွင် တစ်ပုံ ကို $ 650/- ဖြင့် ရောင်းချ ခဲ့သည့် limited-edition American Museum of Natural History Series 13 x 19" prints ပုံ များသည် 6 MP သာ ရှိသော Nikon D 70 ဖြင့် ရိုက် ထားသည့် ပုံ များသာ ဖြစ်သည်။


စကားချပ
( အောက်၌ ဖေါ်ပြမည့် အကြောင်းအရာ များ တွင် Sharpness နှင့် Resolution ဆိုသည့် စကားရပ် နှစ်ခု ပါ လာ ပါမည်။ ထို့ ကြောင့် အဆိုပါ အချက် နှစ်ခု ကို ကြို ရှင်း ထားလိုပါသည်။ အကြမ်း ပြောရပါလျှင် နှစ်ခု စလုံးသည် ကြည့်လင် ပြတ်သား မှု နှင့် ဆိုင်ပါသည်။ သို့  သော် မတူကြပါ။
  Resolution သည် ကင်မရာ တွင် တပ် ထားသည့် Lens အနေ မှ ၀င်လာ သော Light Signal ကို ကင်မရာ Sensor စွမ်းဆောင်နိုင်သည့် Pixels အနေနှင့် Image Height and Width အတွင်း Horizontal Data Line Pair မည်မျှ ဖေါ်ဆောင် ပေးနိုင် သနည်း ဆိုသည်  ကို ဆိုလို ပါသည်။ Total No. of Pixels နှင့် သက်ဆိုင်မှု မရှိပါ။
Sharpness မှာ မူ ကင်မရာ တွင် တပ်ဆင်ထားသော Lens, Image Processing, Anti-aliasing Filter and other Technologies စသည့် အချက် များ အားလုံး က Sensor အား အခြေအနေ အမျိုးမျိုး သော Sharpness ဖြစ်လာစေအောင် ပုံ ဖေါ် ခိုင်း ရာ မှ ပေါ် ထွက် လာခြင်း ဖြစ်သည်။  Pixel များတိုင်း Sharpness ရှိလာ မည်ဟု Pixel ဆိုသည့် အချက် တစ်ချက် ထည်း အပေါ် တွင် သာ မှီတည် တွက် ဆ၍မရပါ။
ထို့ ကြောင့် ကင်မရာ တစ်လုံး Lens တစ်ခု ထည်း နှင့် ရိုက်စေကာ မူ အခြေ အနေ ကွာ ခြားမှု ပေါ် တည်ကာ ပုံ တစ်ပုံ နှင့် တစ်ပုံ ၏ Sharpness သည်လည်း ကွာခြား ပါသည်။ ထို့ ကြောင့် အစဉ် ကြားရလေ့ ရှိသည့် “ ငါ့ ကင်မရာ က မင်း  ကင်မရာ ထက် Megapixel ပို များတယ် “  ဆိုသည့် ဂုဏ်ယူ  ငြင်း ခုံနေမှု သည် အတော် ရူး မိုက်မှု ပင် ဖြစ်ပေ တော့သည်။
Ref : - “ PhotoFocus “  Stottbourbe - Education and inspiration for visual storyteller.
သို့ ဖြစ်ပါ၍ Resolution နှင့် Sharpness တို့  ကို မြန်မာဘာသာ မပြန်ဘဲ မူရင်း အတိုင်း ပင် သုံး သွားပါမည်။  ဘာသာ ပြန်ကာ မှ ပို ရှုပ် သွား နိုင် သည့် အတွက် ကြောင့် ဖြစ်ပါသည်။ )
Sharpness သည် Image quality နှင့် များစွာ မဆိုင် သကဲ့ သို့  Resolution သည်လည်း Sharpness နှင့် များစွာ သက် ဆိုင် ခြင်း မရှိလှပါ။
ပုံ တစ်ပုံ ၏ အရောင် နှင့် အသွေး အရောင် ချယ်သမှု ( Colour and Tone ) က များစွာ ပို၍ အဓိကကျ ပါသည်။
Pixels

ပုံ တစ်ပုံ ဖြစ်လာစေရန် Little Dot ကလေးများက စုစည်း ကာ ပုံဖေါ် ပေးရသည်။ Pixel ဆိုသည်မှာ အဆိုပါ Picture Element လေး များကို ခေါ်ခြင်း ဖြစ်သည်။ အဆိုပါ Element လေးများ စု စည်း လိုက် ခြင်း ဖြင့် ရုပ်ပုံ တစ်ပုံ ဖြစ်လာသည်။
ယင်း တို့ သည် Sensor ပေါ်တွင် အလျှား လိုက် နှင့် ဒေါင်လိုက် စီ နေကြသည်။ ဥပမာ အား ဖြင့် 3 MP ကင်မရာတစ်လုံး တွင် 2,048 (horizontal) အလျှား လိုက် x 1,536 (vertical) ဒေါင်လိုက် pixels, ( အလျှား လိုက် X ဒေါင် လိုက် ) =  3,145,728 pixels။ ထို့ ကြောင့် အဆိုပါ Pixel Count ကို မူတည်၍ 3 Mega Pixels ကင်မရာ ဟု ခေါ် ခြင်း ဖြစ်သည်။ ဥပမာ 5 MP နှင့် 8 MP ကဲ့သို့ တော် ရုံတန်ရုံ Pixel Count ကွာခြားမှု မျိုး တွင် ပုံထွက် ကွာ ခြားမှု  ကိုသိသာစွာ မြင် နိုင်ရန် ခက်သည်။
Cavity Array
အထက်ပါ ပုံ မှာ Pixel ဖန်တည်း ပေးသည့် Photosite များကို Sensor ပေါ်တွင် အလျှားလိုက် နှင့် ဒေါင်လိုက် စီထားသည့် နမူနာပုံ ဖြစ်သည်။
 Resolution (Linear Resolution)
Image Resolution
Image Resolution သည် Image အတွင်း အလျှားလိုက် ( Horizontally ) သို့ မဟုတ် ဒေါင်လိုက် (Vertically ) အဖြောင့် လိုင်း အတိုင်း ဖြန့် ကျက် သိမ်းဆည်း ထား သည့် Pixels အရေအတွက် ဖြစ်သည်။ ယနေ့ Digital Camera များ အနက် 3 MP ကင်မရာ ၏ အလျှား လိုက် ( Horizontal )  ဖြန့် ကျက် ထားသည့် Pixel ပမာဏ မှာ 2048 Pixels ဖြစ်ပြီး 14 MP ကင်မရာ အလျှား လိုက် ( Horizontal )  ဖြန့် ကျက် ထားသည့် Pixel ပမာဏ မှာ 4500 Pixels ဖြစ်သည်။ ပုံ သည် ဘေး တိုက် အရှည် ဖြစ်သောကြောင့် ဒေါင်လိုက်( Vertical ) ရှိနေသည့် Pixels အရေ အတွက် မှာ အလျှား လိုက် ( Horizontal )  ထက် နည်းနေခြင်း ဖြစ်သည်။
 Pixel Count, expressed as Megapixels
Pixels Count ကို Megapixels ဖြင့် ဖေါ်ပြသည်။  ယင်း မှာ Image Area ရှိ Horizontal Pixels  ကို Vertical Pixels ဖြင့် မြှောက်ထားသည့် ရလာဒ် ဖြစ်သည်။ မြှောက်လာဒ် မှာ Square footage ဖြစ်နေသည့်အတွက် ဂဏန်း ပမာဏ မှာ များနေသည်။ စင်စစ် အားဖြင့် Pixels Count ကို နှစ်ဆ တိုး လိုက်မှ Real Linear Resolution သည် 40%သာ တိုးလာသည်။ 5MP မှ နေ၍ 8 MP မျှ လောက် တိုး လာသည့် ပမာဏ သည် မသိသာလောက် သည့် ပမာဏ မျှသည် ဖြစ် သည်။
Screen Resolution
ပုံ တစ်ပုံ ကို ရိုက်ပြီးပါက ကင်မရာ Screen ဖြင့် ကြည့်ရုံ မျှ မက နောက်ဆုံး အဆင့်တွင် Computer Screen ပေါ် တွင် ကြည့်ရပြန်သည်။  အတော် များများ သော   Computer Screen များသည်   1,024 x 768 pixels မျှ ရှိကြသည်။ ၁၀ လက်မ Screen ဆိုပါက 1,024 / 10 = 102.4 DPI  ဖြစ်လာပေလိမ့် မည်။ Screen ကြီးလာ ပါက Pixel များလာမည်။ 22” CRT သည် 1,600 x 1,200 pixels ရှိ ပြီး Viewing Area သည် 16 X 12 “ ဖြစ်သည်။ ပုံကို မြင် ရသည့် အနေအထားမှာ Computer Screen အရည် အသွေး နှင့် လည်း ဆိုင်ပြန်သည်။
Print Resolution
များသော ဖြင့် printer အများစု ၏ Print အရည်အသွေးသည် 200 - 300 pixels per inch (PPI or DPI, dots per inch) ဖြစ်သည်။ ဥပမာ အားဖြင့် မည်သို့  ထိပ်တန်း ပုံ ကို မဆို အဆိုပါ Printer ဖြင့် Print ထုတ်ပါက  ထို ထက် ပို မကောင်း နိုင်။ Inkjet Printer’s Nozzel Size သည် အကြမ်း အားဖြင့် 2880 DPI သာ ရှိသည်။ ပုံကို မြင် ရသည့် အနေအထားမှာ Printer အရည် အသွေး ပေါ်လည်း တည် နေပြန်သည်။
ထို့ကြောင့် ပုံ တစ်ပုံ ကြည်လင် ပြတ်သား မှု ဆိုသည် မှာ Pixels တစ်ခု ထည်း ပေါ် တင်သာမက ဓါတ်ပုံ ရိုက်သူ၏ ကျွမ်းကျင်မှု ၊ Lens, Processing Engine, Anti-aliasing Filter တို့ အပါအ၀င် အထက်တွင် ဖေါ်ပြထားသည့် အချက်များ အားလုံး အပေါ် တွင် လည်း တည်နေသည်။
                                      
The Myth (ယုံတမ်း စကား)
ကင်မရာ ထုတ်လုပ်သူများသည် ( Customer ) ၀ယ်သူ များ အား သွေးဆောင် ရန် အတွက် ဒဏ္ဌာရီ ဆန်ဆန် ယုံတမ်း စကားများ ဖြင့် Pixel ကို ရှေ့တန်း တင် ကာ ကြော် ညာ  လာကြသည်။ ကင်မရာ ထုတ်လုပ် သူများက Linear Resolution အနည်းငယ် လေး တိုး လိုက် ရုံ မျှ ဖြင့် Pixels များစွာ ရှိလာ ပြီး ကင်မရာ ပုံ တွက် အလွန် ကောင်းသွားသည် ဆိုသည့် သဘော မျိုး ဖြင့် ကြော်ညာ ကြသည်။
အမှန်မှာ Linear Resolution ကို အလျှားလိုက် တွင် ဖြစ်စေ သို့ မဟုတ် ဒေါင်လိုက် တွင် ဖြစ်စေ မမြင်သာ နိုင်လောက်သည့် Resolution 40% မျှ တိုး ရန် အတွက်  (Square footage ) Pixels Count ကို နှစ်ဆ မျှ တိုးရန်လိုသည်။ Pixels တော်ရုံ တိုး လိုက်ခြင်း အတွက် ပုံ ထွက် သည် ပို၍ သိသာ စွာ ပြတ်သား လာမည် မဟုတ်ပေ။ သို့ သော် ကင်မရာ ထုတ်လုပ်သူများက မပြော ပလောက်သည့် နည်း ပညာ ဆိုင်ရာ တိုးမြှင့် မှု လေး တစ်ခုမျှကို လုပ်ကာ အရည် အသွေး တအား ကောင်း သွားပြီ ဟု ကြွား လုံးထုတ်ကာ ကြောညာ ကြသည်။
ယင်းနောက် လက်ရှိ သုံးနေသည့် ကင်မရာ များ မှာ သုံး မဖြစ်တော့ လွှင့် ပစ်ရတော့ မည် ကဲ့ သို့ ဖြစ်အောင် ကြော်ညာ ကြသည်။ စင်စစ် အားဖြင့် တစ်နှစ် ပြီး တစ်နှစ် တိုးတက် ထုတ်လုပ်လာကြသည့် ကင်မရာ များ၏ အရည် အသွေးသည်  တစ်ခု နှင့် တစ်ခု သည် များစွာ ထူးခြားမှု မရှိလှ ဘဲ မသိမသာ မျှ သာ တိုးတက် မှု ရှိသည် ကို  သေခြာ စွာ စစ်ကြည့် လျှင် တွေ့ နိုင်သည်။
ကောင်းပြီ အကယ် ၍ ကင်မရာ ထုတ်လုပ် သူများ အနေနှင့် Linear Resolution ကို Film Size ကဲ့သို့  နှစ်ဆ မျှ တိုးတက် ထုပ် လုပ် နိုင်ပြီ ဆိုလျှင် မူ ထူးခြားသည့် တိုးတက် မှု ဟု ဆိုနိုင် မည် ဖြစ်သည်။ ဆိုလိုသည်မှာ  (Quadrupling the Pixels ) လက်ရှိ ထိပ်ပိုင်း ရှိ Pixels ကို လေး ဆတိုး ကာ ထုတ်လုပ် ရ မည်ကို ဆိုလိုသည်။ ထိုအခါ တွင် ယင်း Pixels ပမာဏ ကို ထိန်းကြောင်း မောင်း နှင် ရမည့် အဆင့်ဆင့် သော တိုးတက် သည့် နည်းပညာ ပံ့ ပိုး မှု များလည်း လိုလာ ပေလိမ့် မည်။ Pixel ပမာဏ ကို သာမန် နှစ်ဆ မျှ တိုးရုံ မျှ နှင့် မူ မည်သို့ မှ သိသာစွာ ထူးခြားလာမည် မဟုတ်။
အခြား သိထားရမည့် တစ်ရပ်မှာ Signal and Noise တို့ ဖြစ်သည်။ အလွယ် ဆုံးပြောရလျှင် Sensor သေးသေး ပေါ်တွင် Pixels များ နေသဖြင့် Pixel Size ကလည်း သေးလာရာ Pixel ၏ ခြေခံ ဖြစ်သော Photosite သေး လာသည် နှင့် အမျှ ၀င်လာသည့် Light Signal ဖြတ်သန်း မှု သည် လျှောလျှော လျှူ လျှူ မဖြစ်ဘဲ နှောင့်နှေး အဟန့် အတားဖြစ် စေလာသည်။


ဥပမာ ပေးရသော် ရေ ကာတာကြီး တစ်ခု မှ ရေ ကို ရေထုတ် ပြွန် သေးသေး လေးများ နှင့် ထုတ် နေသကဲ့ သို့  ဖြစ်ပေသည်။ Sensor Size ကြီးကြီး နှင့်Photosite ကြီးကြီး များ မှာမူ ရေ ကာတာကြီး တစ်ခု မှ ရေ အား ရေထုတ် ပြွန် ကြီးကြီး များ နှင့် ရေ ကို အရှိန် အဟုန် နှင့် လွှတ် ထုတ် လိုက် သည်နှင့် တူသည်။ 


ထို့ အတူပင် Light Signal သည် Photosite  သေးသေး လေး များ အတွင်း မှ ခက်ရာ ခက်ဆစ်  ဖြတ်သန်း ရသည့်အတွက် အညစ်အကြေး ဟု ဆိုသည့် Noise များ တင်ကျန် ရစ်ခဲ့ သည်။ Noise အဖြစ်များသည်။ Light Signal သည် ရေပြွန် ကြီးများ နှင့်တူသည့်  Photosite ကြီး များ အတွင်း သို့ မူ အခက်အခဲ အနှောက် အယှက် မရှိဖြတ် သန်း နိုင်သည်။ ထို့ ကြောင့် အညစ် အကြေး များ အားလုံး လွယ် ကူစွာ မြောပါ သွားသည်။ အညစ်အကြေး နှင့် တူသည့် Noise များလည်း မြော ပါသွားသဖြင့် Noise အဖြစ်နည်း သည်။ Pixel နည်း သည့် Sensor Size ကြီး များရှိ Photosite များသည် ကြီးသည်။ ထို့ကြောင့် Light Signal ဖြတ်သန်းရ သွက်လက်သည်။ သို့ နှင့် Noise လည်း နည်းသည်။
ယခု မူ  ယမန် နှစ်က 10MP ထည့် ထားသည့် Sensor သေးသေး လေး အတွင်း ယခုနှစ်တွင် 16 MP ထည့်ကာ Pixel များသည် ဆို၍ ကြော်ညာ ပြန်သည်။ ဤ သို့ ဖြင့် ပုံ ထွက် မည် သို့ မျှ ပို ကောင်း လာနိုင်ဘွယ်ရာ မရှိ။
သို့ သော် Pixel အစွဲ သည် လူ တိုင်း တွင် ရှိနေကြဆဲ ဖြစ်သည်။ လူ တွေက ကင်မရာ ဆိုင်ရာ နည်းပညာ တွင် ကိန်း တစ်လုံး တိုး လာရုံ မျှ ဖြင့် တစ်ခုခု တော့ ပိုကောင်းလာ မှာ ဘဲ ဟု ယုံကြည့်နေကြ ဆဲ ဖြစ်သည်။
Pixel နည်း သော ကင်မရာ များ အနေနှင့် Pixels များသည့် ကင်မရာ များ ထက် များစွာ သာလွန်သည့် ပုံကောင်း များ စွာထုတ် ပေး နေသည်ကို တွေ့ နိုင်ပါသည်။ Pixel ပမာဏ ကို ရှေ့ တန်း တင်ကာ ကြော်ညာ ခြင်း မှာ ဒဏ္ဌာရီ ဆန်သည့် ယုံတန်း စကား ဆိုသည်ကို မမေ့ သင့်ပါ။
Honest Results for Comparison
အောက် ပါ ပုံ များကို ကျွန်တော် Pixel အတော် နိမ့် သည့် 3 MP ကင်မရာ ဖြင့် ရိုက်ထား ခြင်း ဖြစ်သည်။ ပုံ - (၁) တွင် အနီရောင် လေးထောင့် ချယ်ထားသည့် နေရာ ကို Crop လုပ်ပါသည်။ Pixel များစွာ ဆုံး ရှုံး သွားပြီးနောက် Crop လုပ်ထား သော  ပုံ - (၂) ရလာသည်။ ပုံ များ ၏ အခြေအနေ မဆိုးလှ။ ကျွန်တော် ဆိုလိုသည်မှာ ဤ အဆင့်မျှသေ ပုံ ကို ထိုမျှလောက်သော 3 MP ကင်မရာ ဖြင့် ရိုက်ကာ Crop လုပ် နိုင်သည်ကို ဆိုလိုခြင်း ဖြစ်သည်။
ပုံ - (၁)
3 MP uncropped
ပုံ - (၂)
Cropped as per red rectangle
အောက်ပါ ပုံ - (၃) မှာ မူရင်း ပုံ နှင့် Crop လုပ်ထားသည့် ပုံ နှစ်ပုံ ကို ယှဉ် ပြထားသည့် ပုံ ဖြစ်သည်။
ပုံ - (၃)
3 MP uncropped                              Cropped as per red rectangle
ကင်မရာ ထုတ်လုပ် ရောင်ချသူများ အနေနှင့် 4 MP နှင့်  6MP ကဲ့ သို့ Pixel Count  50% ကွာ သည့် ပုံ အမျိုး မျိုး (၄) ပုံ ခန့် ကို ပြ လိမ့်မည်။ အထက်တွင် ဖေါ် ပြ ခဲ့သည့် အတိုင်း Pixel Count သည် Square ဖြစ်သောကြာင့် အမှန် Pixel Size or Pitch ကွာခြား မှု မှာ 25% သာ ဖြစ်သည်။  ထို့ကြောင့် ပစ္စည်း ရောင်းချသူများ အနေနှင့် သူတို့ ၏ ပစ္စည်း များကို ဈေးကွက် တွင် ကြော်ညာ ရာ ၌ သုံးစွဲ သူ များကို အရူး မလုပ်ဘဲ ရိုးသား မှန်ကန်စွာ ကြော်ညာ ရန် အတွက် စည်းမျဉ်း ဥပဒေ ( Rules ) ထုတ်ရန် လိုနေပြီဟု ထင်သည်။
Print Sizes
ပုံ တစ်ပုံ ၏ ကြည်လင် ပြတ်သားမှု ( Clarity ) သည် ကင်မရာ Pixel အရေ အတွက် ထက် သင် မည်ကဲ့ သို့ ရိုက် သနည်း ဆိုသည့် အပေါ် တွင် ပို၍ တည်နေ သည် -  Image clarity is more dependent on how you shot the photo than on the number of megapixels. “ ဟု ဆိုရမည် ဖြစ်သည်။
3 MP ကင်မရာ ဖြင့် သေခြာ စွာ Focus ပြတ် အောင် ရိုက်ထားသည့် ပုံသည် Focus အတန် အသင့် လွဲ နေသော 12 MP ကင်မရာ ပုံ ထက် များစွာ သာ သည်။
ယနေ့ ခေတ် မည်သို့ သော Digital Camera မဆို သေခြာ စွာ ရိုက်ထားပါက ထိုပုံ ကို နံရံကပ်  ပုံကြီး မဟုတ် မူဘဲ သာမန် သုံး မည် သို့ သော အရွယ် မဆို Print လုပ်နိုင်သည်။ ပြတ်သားစွာ မြင် နိုင် သည်။ 6MP ကင်မရာ ဖြင့် ရိုက်သည် ပုံ ကို 30” ( 75CM) အရွယ် အထိ ကြည်လင်ပြတ်သားစွာ ချဲ့  နိုင်သည်။  သာမန် အား ဖြင့် “  သင့် အနေ နှင့် အနေနဲ့  ဤ မျှ သော အရွယ်ရှိ သော ပုံ အရွယ် အစားကို ဘယ် နှစ်ကြိမ် ထုတ်ဘူး သလဲ “  ဟု မေးကြည့်ပါရစေ။
ပုံ မှန် အား ဖြင့် 300 DPI သည် အလွန် ပြတ်သားသည့် ပုံ ဖြစ်ပါသည်။ အောက်ပါ  အတိုင်း တွက်ချက် ကြည့် နိုင်ပါသည် : -
·        Long print dimension in inches = 4 x (square root of megapixels)
·        Long print dimension in centimeters = 10 x (square root of megapixels)
·        For example, the square root of four (megapixels) is two.
·        4 x (two) is eight.
·        Thus the biggest print you can make without losing sharpness as seen through a magnifier from a 4MP camera is 6 x 8" (15x20cm).
·        From a sixteen MP camera likewise you could go to 12 x 16" (30x45cm), and still look at the print through a magnifier.
အထက်ပါ တွက် နည်း အရ 4MP ကင်မရာ မှ  ပုံ ကို ပြတ်သားမှု မလျှော့ကျ စေဘဲ အကြီးဆုံး ချဲု့ နိုင်သည့် အရွယ် မှာ 6 x 8" (15x20cm) ဖြစ်ပြီး 16 MP ကင်မရာ ဖြင့် မူ ပြတ်သားမှု မလျှော့ကျ စေဘဲ 12 x 16" (30x45cm) အထိ ချဲ့ နိုင်သည်။ Resolution မှာ မူ ကြည့် သူ နှင့် ပုံ တို့ ၏ အကွာ အဝေး ပေါ် တွင် တည်သည်။


Conclusion
Picture Size ကြီးလာ သည် နှင့်အမျှ Resolution ပိုကောင်း ရန် လိုသည် မှာ မှန်ပါ သည်။ သို့ရာတွင် ပုံ တစ်ပုံ မည် မျှ လောက်ကောင်း သည် ဆိုသည့် အချက် အတွက် Sharpness မှာ အတော် အသင့် သာ အကြုံးဝင်သည်။ ပုံ တစ်ပုံ အတွက် Technically ပို၍ အရေး ကြီးသည် မှာ အရောင်မှန်ကန် ရေး နှင့် အမှန် တကယ် ပြတ် သား မှု ဟုတ် မဟုတ် ကို စိစစ် ရန် ဖြစ်သည်။
အချို့ သော Digital ကင်မရာ များသည် Monitr Screen တွင် ပို၍ ပြတ် သား သယောင် ဖြစ်အောင် “ very artificial halos and Sloppy sharpening around   ထည့် ထားပေးခြင်း အား ဖြင့် ပြင် ဆင်ထားကြသည်။ စင်စစ် အားဖြင့်  ပုံ၏ အမှန် တကယ် ပြတ်သား မှု မဟုတ် သည် ကို သတိပြု ရမည် ဖြစ်သည်။
ဓါတ်ပုံ ကို သာမန် ကြည့် သူများ အနေနှင့် ခပ်လှမ်းလှမ်း မှသာ ကြည့် ကြခြင်း ဖြစ်သည်။ ပုံ ကြီးလေ ဝေး ဝေး မှ ကြည့်လေ ဖြစ်သည်။ တော်ရုံ မည် သူမျှ အနီးကပ် ကာ ပြူးပြဲ ကြည့်ကြသည် မဟုတ်။ 6 MP ကင်မရာ လောက်ဆိုလျှင်ပင် အတော် ကောင်းသည့်  20 x 30” ပုံ ရ နိုင် သည်။
ဓါတ်ပုံ ကို ကြည့် သည်မှာ Art အနုပညာ ကို သာ ခံ စားခြင်း ဖြစ်သည်။ ကျွန်တော့် အနေနှင်မူ ပုံ အကြီးကြီးချဲ့ ဘို့ လိုလျှင် 4 x 5” Film ကင်မရာ နှင့် ရိုက် သည်ကို ပို ၍ ကြိုက်သည်။ Portrait ရိုက် ရန် အတွက် မူ ပြတ်သားမှု ထက် ညက် ညော သည့် ကင်မရာ Smoothing of Digital Camera ကို ပို ကြိုက်သည်။
ကျွန် တော် သည် Colour Image ကဲ့သို့ Sharpness များစွာ မလို လှသော Black and White 12 x 18” ပုံ များကို 3 to 6 MP ကင်မရာ များနှင့်သာ ရိုက်သည်။ များစွာ ကောင်း မွန် သည့် ပုံ များ ဖြစ်ကြသည်။
အချုပ်အားဖြင့် ဓါတ်ပုံ တစ်ပုံ တွင် ကြည့်လင် ပြတ်သားမှု ရှိရန်မှာ လည်း လိုအပ် ချက် တစ်ရပ်ဖြစ်သည်။ သို့ သော် ၊ ယင်း အချက် ကို Pixel များရုံ မျှ နှင့် ဖေါ်ဆောင် ၍ မရ သည်ကို သတိပြု ရန် လိုသည်။
The Megapixel Myth  ဆောင်းပါး ရှင် KenRockWell.
( အထက်ပါ ဘာသာပြန် မှတ်စု၏ အစ Introduction အပိုင်းမှ နောက်ဆုံး Conclusion  အပိုင်း အထိ သည် ဆောင်းပါးရှင် KenRockWell ၏ အာဘော် ဖြစ်ပါသည်။ )
 __________________________________