Wednesday, 4 October 2023

 


99 – 19 Composition Tips   (Unicode)                                        ဓါတ်ပုံ ဆိုင်ရာ မှတ်စု အမှတ် (၉၉)

 

 

“ ဓါတ်ပုံ ကောင်းတစ်ပုံ ဖြစ်လာစေဘို့ရန် သိထားသင့်သည့် ဖွဲ့စည်းပုံ ဆိုင်ရာ အချက်

 (၁၉) ချက် “

( 19 photography composition tips you need to know )

 

 

စကားဦး

 

ဤ မှတ်စုရေးဖြစ် သွားရသည် မှာ ကျွန်တော့် အား Pinterest က Gamil မှ နေ၍ Link ဖြင့်  ဆောင်းပါး များ ကို ပေးပို့ တဲ့ အနက် 19 photography composition tips you need to know to be awesome ဆောင်းပါး ကို အ ခြေ ခံ ကာ ရေးသား ဖြစ် ခြင်း ဖြစ်ပါတယ်။

Pinterest ဟာ  Gamil က နေပြီး အ ဆောက်အအုံ ဒီဇိုင်း များ နှင့် အခြားသော  ခေတ်မှီ  မော်တော်ယာဉ် ပုံများ  ပေးပို့ နေရာ မှ  နောက်ပိုင်း မှာ ဓါတ်ပုံ ဆိုင် ရာ ပစ္စည်းများ Portrait များ ပေးပို့  လာပါ တယ်။

Digital ခေတ် သည် အတော် ကို ဆန်း ကျယ် လှပါတယ်။

Receiving Person ဟာ ဓါတ်ပုံ ဆိုင် ရာ ကို ဝါသနာ ပါ သူဖြစ်တယ် ဆိုတာ ကို သိ သွားတဲ့ အချိန် မှာ ယခင် စမ်း ပို့နေသည်   များ ကိုရပ်ပြီး ဓါတ်ပုံ အ ခြေ ခံ ဆိုင်ရာ ဆောင်းပါး များ နဲ့ Portrait ပုံ များကို သာ ပို့ ပေး ပို့ ပါတော့ တယ်။

 Digital Intelligence လို့ ဆိုရပါမယ်။

Pinterest က ပေးပို့ တဲ့ ဆောင်း ပါး များအနက်  ဤ The Lens Lounge Page မှာ ဖေါ်ပြထားတဲ့ “19 photography composition tips you need to know to be awesome   ဆောင်းပါး ရဲ့ ထူးခြားချက်က Composition Rules (၁၉)  ကို အချုပ် သ ဘော စုပေါင်းရေးထားသဖြင့် Composition ဆိုင်ရာ ကို စုပြီး သား ဆောင်းပြီးသား  လေ့လာနိုင်တဲ့ ဆောင်းပါး  ဖြစ်ပါတယ်။

သို့ နှင့် ယင်းဆောင်းပါး ကို ဆီလျှော် သကဲ့ သို့ ဘာသာ ပြန် ကာ မျှ ဝေလိုက် ရခြင်း ဖြစ်ပါတယ်။

မူရင်း  ဆောင်းပါး က Composition ဆိုင်ရာ အ ကြောင်း အရာ တစ်ခု ခြင်း စီ ကို အတို ချုပ် သာရေး ထားပြီး ၊ ဒီထက် ပို ပြီး အကျယ် ကို သိလို လျှင်တော့ ပေးထားတဲ့  Link  ထဲ ဝင်ဖတ် စေတဲ့ နည်း နဲ့   အချုပ် ရေးထားတာဖြစ်ပါတယ်။

ဒီလို လုပ် ထားတဲ့ အတွက် လေ့ လာသူများ  အ နေနဲ့သူ ရေးပြ ထားတာ ထက် ပို ရှင်းလင်းစေလို၍ အကျယ် ကို လေ့ လာ လိုပါလျှင်  တိုက်ရိုက် လေ့ လာ နိုင် ခြင်း မရှိသည့် အခက် အခဲ ရှိ နေပါတယ်။

မူရင်း ဆောင်ပါး တွင် ရေးသား ထားချက် များ မှာ အကျဉ်း ချုပ် လွန်း သဖြင့်  လေ့ လာ ဖတ်ရှု သူ များ ပို၍ ရှင်းလင်း သ ဘောပေါက် လွယ် စေရန် အတွက် ဖြည့်စွက် ရှင်းလင်း ဘို့ လိုအပ် တဲ့ နေရာ တွေ မှာ အ ထောက် အကူ ပြု ပုံများ နဲ့ ဖြည့် စွက် ရှင်းလင်း ထား ကြောင်း ဖေါ် ပြ အပ်ပါတယ်။

အ ထောက် အကူပြု နမူနာ ပုံများ အားလုံး မှာ သက်ဆိုင်ရာ ဆောင်း ပါး များ တွင် ခေါင်းစဉ် အလိုက် နမူ နာပြ ထား  တဲ့ ပုံ များ နဲ့ Pinterest မှ ပုံ များကို နမူ နာ အဖြစ် ဖေါ်ပြ ထားခြင်း ဖြစ် ပါတယ်။


Leading lines converge to create a sense of infinity.

 

" 19 Composition Tips." 


Photography Composition Tips ကို (၁၉) ခု ပြော မယ် လို့ ရေးထားတော့  ဘာကြောင့် (၂၀ ) မဟုတ်ရတာလဲ လို့ မေး ကြ ပါလိမ့်မယ်။

 မှန်ပါတယ် Rule တွေ က (၁၉) ခု မက များ စွာ  ရှိမှာပါ။

Photography Composition Tips ကို (၁၉) ခု ဘဲ ရေး ရတဲ့ အ ကြောင်း ကတော့ Rule of Odd ဆိုတဲ့  ( မ - ဂဏန်းဥပဒေသ )  ကိုသဘော ကျ လို့ ပါဘဲ လို့ ဖေါ်ပြ ထားပါတယ်။

Rule of Odd ကို အမှတ်စဉ် ( ၁၉ ) မှာ  ဖေါ်ပြ ပါမယ်။


Rule of Odd ( ပန်း(၅) ပွင့်)


Rule of Odd မြေ  ခွေး  (၃) ကောင် ပုံ။



အခု ဖေါ်ပြ မဲ့ ဓါတ်ပုံ ကောင်း တစ်ပုံ ဖြစ်လာစေဘို့ အတွက် အကြံပြု ချက် (၁၉ ) ချက် ကို လိုက် နာဆောင် ရွက်ကြည့်ပါက  ဓါတ်ပုံ တွေ ရဲ့ အနေအထား ( Composition ) ဟာများစွာ တိုးတက် ထူခြား လာတာ တွေ့ ရ ပါလိမ့် မယ်။

 

ဓါတ်ပုံ တစ်ပုံ ရိုက် ရာ မှာ -

 

-      Focus ပြတ် သားအောင် ဘယ်လို လုပ်မလဲ၊

         -      အလင်း အ မှောင် Exposure မှန်ကန် ကောင်းမ ွန်အေ ာင် ဘယ်လို  

          ဆောင်ရွက် မလဲ၊

-       ပုံကို ပံ့ ပိုး ပေးမဲ့အလင်း ရောင်ကိုမြင်တတ် ရပါမယ်၊  ဘယ် လို အသုံးချ မလဲ

                  ကိုလည်း သိ ဘို့ လိုပါတယ်၊

-         ဒါ တွေအပြင်နောက် လိုသေးတဲ့ အချက် တစ်ခု က အားကောင်းတဲ့ ဖွဲ့ စည်းမှု  (      Strong Composition )  ရှိရန်  လည်း လိုပါတယ်။

 

အထက် က အချက် (၃) ချက် ဖြစ်တဲ့-

         -       Focus ပြတ် သား မှု ရှိ ခြင်း၊

        -       အလင်း အ မှောင် Exposure မှန်ကန် အောင် ဆောင် ရွက်ခြင်း၊

        -        အလင်း ရောင်ကို ကောင်း မွန်စွာ အသုံး ချခြင်း၊

တို့ ရှိစေကာမူ ဖွဲ့စည်းပုံ က ( Poor Composition ) ဖြစ်နေပါက ပုံသည် ကြည့်သူ ရဲ့ အာရုဏ် ကို ဆွဲ ဆောင် နိုင်တဲ့ ပုံကောင်း တစ်ပုံ ဖြစ်လာမှာ မဟုတ်ပါ။

ဓါတ်ပုံ တစ်ပုံ ဖွဲ့စည်း တာ နဲ့ ပတ်သက် လို့ ဥပဒေသ တွေ များစွာ ရှိပါတယ်။

ဒီ ဥပဒေ သ တွေကို ချိုး ဖေါက် ရတာ တွေ လည်း ရှိ တာ ကို ကြားဘူးကြမှာပါ။

ဒီလို ချိုးဖေါက် ခြင်း ဖြင့် ပုံ တစ်ပုံ ရဲ့ Story ကို ပိုမို ပံ့ ပိုး ပေးနိုင် တာမျိုး လည်း ရှိပါတယ်။

တစ်ခု တော့ ရှိပါတယ် ၊ Rule of Composition ကို ကောင်း စွာ မသိ ဘဲ နဲ့ တော့ ဒီ ဥပ  ဒေသ  တွေကို ဘယ်လို ချိုးဖေါက် ရမယ် ဆိုတာ ကို သိမှာ မဟုတ်ပါ။

 မြန်မာစကား ရှိ ပါတယ် “ ဝိနည်း တတ် ရင် ကြက် သတ်လို့ ရတယ် “ ဆိုတဲ့ စကား ပါ။

ဝိနည်းမ တတ် ဘဲ ကြက်သတ် ရင်တော့ ငရဲကြီး ရုံ ဘဲ ရှိမှာပါ။

ဒီ လို ဥပဒေသ တွေပေါ်လာ ရတာကလည်း -

လူတွေ ရဲ့ မျက် လုံး များက ပုံ တစ်ပုံ ကြည့် ရာမှာ  မည် သို့ မည်ပုံ ကြည့် လေ့ကြည့် ထ ရှိတယ် ၊ လူ တွေရဲ့ ဥ နှောက် က လည်း ပုံ တစ်ပုံ ကို ကြည့် ရာ မှာ မည်သို့ မည်ပုံ တုန့်ပြန် မှု ရှိ တယ် ဆိုတာ တွေကို ကာလ ကြာ မြင့် စွာ လေ့ လာ ရာ မှ ပေါ် ပေါက် လာတာ တွေ ပါ။

 

ဒီဥပဒေသ တွေဟာ  ဓါတ်ပုံ တင် မက ပန်းချီ အပါအဝင် အခြားသော Drawing  တွေနဲ့ လည်း  အကျုံး ဝင်ပါတယ်။

အခု သိသင့် သိ ထိုက် တဲ့ ဓါတ်ပုံ တစ်ပုံ ရဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ နည်း အကြံပြုချက် (၁၉) ခု ကိုပေးပါမယ်။ အခု ဘဲ စ ပြီး ဆောင်ရွက် ကြည့် ပါ။ အကျိုး ရှိတာ တွေ့ ရပါ လိမ့်မယ်။

Many of rules of composition are used together in an image, combining to strengthen composition.

အချို့ ပုံ တွေမှာ Composition Rule တွေတစ်ခု မက ပါဝင် ဖွဲ့ စည်း တာ တွေ့နိုင်ပါတယ်။

အချို့ သော Composition Rule တွေ ဟာ တစ်ခု နဲ့ တစ်ခု သဟဇာတ မဖြစ်ပါဘူး၊ ဆန့် ကျင် ဘက် ဖြစ်နေတာ တွေ လည်း ရှိပါတယ်။

 

တကယ် လို့ ပုံ တစ်ပုံ မှာ Composition Rule များ တစ်ခု ထက် ပိုပြီး  ပေါင်း ပြီးသုံး ရတဲ့ အခါ မျိုး မှာ  ဘယ်လို Composition Rule တွေ ကို ပေါင်း စည်း အသုံး ပြု  ပါက ပို၍ သဟဇာတ ဖြစ်တယ် ဆိုတာ ကို လည်း သိထားဘို့ လိုပါမယ်။

 -   Composition Rule (19) ခု ကို စပါတော့မယ် -

 

1.  Rule of Thirds


မည် ကဲ့ သို့ Composition Rule တွေ ဘဲ ဆိုစေကာမူ ပထမ ဦးဆုံးပြော ရမည် Composition Rule ကတော့ အားလုံး ကြားဘူး နေတဲ့ Rule of Thirds ပါဘဲ။

များစွာ အကျယ် ရှင်း ရန် လိုမည် မထင်ပါ။အောက်တွင် နမူနာ ပြ ထား ကကဲ့ သို့  ပုံ တစ်ပုံ ကို အထက်နဲ့ အောက် ဘေး ဘယ်-ညာ ကို မျဉ်း နှစ်ကြောင်း စီနဲ့ အညီ အမျှ  ပိုင်း  ထားပြီး  ပေါ်လာတဲ့ အကွက် (၉) ကွက် ရဲ့ ဆုံ ချက် (၄) နေရာ မှာ ကိုယ် ပြ လို တဲ့ Subject ကို နေရာ ချ တဲ့ နည်း ပါ။

အောက် မှာ ပြ ထားသကဲ့ သို့ ပင် ၊ လူ တစ်ယောက် ကို ဓါတ်ပုံ ရိုက်ပါက သူ့ ရဲ့ မျက် လုံးကို ဖြတ် မျဉ်း များဆုံ မှတ် (၄) ခု အနက် ဆုံ မှတ် တစ်နေ ရာ ရာ မှာ နေရာ ချ ထားပေး ဘို့ပါဘဲ။













2.  Framing

 

ဘောင်ခတ် ခြင်း ဆိုတဲ့ Framing က တော့ ကြည့်သူရဲ့ အာရုံ ကို အပြင် ကို ပြန့် မထွက် သွား စေဘဲ လိုတဲ့ နေရာ ကို ပို့ ပေးတဲ့ နည်းပါ။

ဒီလို ဘောင်ခတ် ပေးတဲ့ နည်း ပေါင်း မြောက် များ စွာရှိပါတယ်။

လူ တွေ ဖန်တည်း ထားတဲ့  တံခါးပေါက် ၊ မုဒ်ဦး ၊ တံတား စတဲ့ Frame များ ၊ သဘာ၀ အတိုင်း ရှိနေတဲ့ သစ်ကိုင်း၊ ဂူ ၊ တောင် စတဲ့ သဘာ၀ Frame များ စသည် ဖြင့် များစွာ ရှိပါတယ်။

တစ်ခါ တစ်လေ ကမ္ဘာကျော် ဗြိတိန် အ ပြေးသ မား Mo Farrah and his “mobot” pose လို မျိုး  လူ ရဲ့ လက် က ကိုယ့် ပုံ ကို ပြန် ပြီး Frame လုပ် တဲ့ Frame မျိုး လည်း ရှိပါတယ်။

Mo Farrah ဟာ ၂၀၁၂ အိုလန်ပစ် မီတာ ၁၀၀၀၀ အပြေး ပြိုင် ပွဲ မှာ ပထမ ရစဉ် က လက်ကို ခေါင်းပေါ်တင်ပြီး M ပုံ သဏ္ဍန် လုပ်ခဲ့တဲ့ ပုံ ပါ။

 

ဒီပုံ ကမ္ဘာကျော် သွား ပြီး လူ တွေ လိုက်လုပ်ရာက Mofarrah Mobot Dance ပေါ် လာတဲ့ အထိ ပါဘဲ ။

 


Mo Farrah



Mo Farrah ဒီ လို လုပ် လိုက် ခြင်း ကြောင့် ပုံ ကို ကြည်ရဲ့ မျက် လုံး ဟာ  ပြုံးနေတဲ့ သူ ရဲ့ မျက် နှာကို တန်း ရောက် ထံ တန်းရောက် သွားပါတယ်။

 

အောက်မှာ Frame အမျိုးမျိုး နဲ့ ပုံတွေ ကိုနမူနာ ပြ ထားပါတယ်။

















3.  Repetition

 

ကြိမ်ဖန် တလဲလဲ စီကာစဉ် ကာ ပါဝင် ဖြည့်ဆည်း မှု များဟု ဆိုရ မည့် ပုံစံ များကို  ထည့် သွင်း  ရိုက်ကူးခြင်း ဟု ဆိုရပါမယ်။

ဤသို့ ကြိမ်ဖန် တလဲလဲ စီကာစဉ် ကာ( Repetition ) ပါဝင် မှု များသည် Pattern သ ဘော မျိုး ဖြစ်လာကာ ပုံ ကို ပိုစိတ်ဝင်စား မှု ရှိလာစေပါတယ်။

ဤကဲ့ သို့ Repetition များပါဝင်သည့် ပုံများသည် Leading Line များ ကဲ့ သို့ ကြည့်သူရဲ့ အာရုံ ကို Subject ထံ သို့ ခေါ် ဆောင် သွား ပါလိမ့် မယ်။

ဒါဟာ အရင်ပြော  ခဲ့ တဲ့ တစ်ခု ထက်ပိုသော ဥပဒေ သ တွေ ပေါင်းစပ် ထားတဲ့   သ ဘော ဖြစ်တဲ့ Repetition ဟာ Leading Line ဥပ ဒေ သ ရဲ့ ဆောင် ရွက် ချက်  နဲ့   ပေါင်းစပ် လိုက်  တဲ့  သ ဘော မျိုး ဖြစ် ပါတယ်။

Repetition ဟာ   အ ရောင် ၊ အရာ ဝထ္ထုု တစ်ခု ရဲ့ အစိတ် အပိုင်း များ ၊ အရာ  ဝထ္ထုတစ်ခု လုံး စသည်များ ထပ်ကာ တလဲလဲ ပါဝင်တဲ့ ပုံ စံ မျိုး များ ရှိနိုင်ပါတယ်။

စာ နဲ့ ရေးကာ ရှင်းနေသည်ထက် ပုံ များ ကို ကြည့်  ပါက ပို မြင်သာ ပါမယ်။












 

4.  Leading Lines

 

Leading Lines များဟာ မိမိ ပြ လိုတဲ့ Subject ထံ ခေါ် သွားတဲ့ Composition မျိုး ဖြစ်ပါတယ်။ ပြင်ပ လောကမှာ မမြင် ဘူး ဆိုတာ မရှိလောက်တဲ့ အရာ များပါ။ မြေ ပုံ ပေါ်  မှာ “ You are here “ လို့ မျှား နဲ့ ထောက် ကာ ပြ လိုက် တဲ့ သဘာ မျိုး ပါဘဲ။

Leading Lines များဟာ frame လိုပါဘဲ Cloud, River, Line of Trees စသည် တို့ဟာ သဘာ၀ ပတ်ဝန်း ကျင် မှာ ရှိနေတဲ့ Leading Lines များပါ။

ဒါ့ အပြင်  လမ်း ၊ မီးရထား လမ်း၊ ဆက်စပ် နေတဲ့ အဆောက် အအုံ စသည် တို့ ဟာ လည်း လူ လုပ် ထားတဲ့ Leading Lines တွေ ဖြစ်ပါတယ်။

လူရဲ့ ကိုယ် ခန္ဒာ အစိတ် အပိုင်း များ ဖြစ်တဲ့ လက် ခြေ ထောက် စသည် တို့ ဟာ  လည်း  ဖန်တည်း ထားတဲ့ Leading Lines များ အဖြစ် သုံးနိုင်ပါတယ်။

Leading Line များဟာ အ ဖြောင့် ဖြစ်နေစရာ မလိုပါ။ တောရွာ လမ်းကြောင်း ကွေးကွေး က လေး များ၊ ကွေ့ကောက် ကာ စီးနေတဲ့ ချောင်း က လေး များဟာ လည်း Leading Lines များ ဖြစ်ကြပါတယ်။

 

အောက်ပါ နမူ နာ ပုံ များကို ကြည့် ပါက ပို ရှင်း ပါလိမ့် မယ်။























 Leading Line နဲ့ ပတ်သက်လို့  အကြမ်း အားဖြင့် နှစ်မျိုး ခွဲ ပြ လိုပါတယ်။

၁  -   ပထမ တစ်မျိုး  က ကိုယ် ပြ လိုတဲ့ Subject  ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား တဲ့ ပုံ မျိုး  နဲ့၊

၂  -   ဒုတိယ တစ်မျိုးက ပုံ ရဲ့ Foreground က နေပြီး Background အထိ ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား  တဲ့ ပုံ မျိုး  တွေ တွေု ရတတ် ပါတယ်။

 

စာနဲ့ ရေး ရှင်းပြ တာ ထက် ပုံ နဲ့ ပြ တာ က ပိုမြင်သာပါတယ်။

၁ - အောက် ပါ နမူ နာ ပုံ တွေ က တော့  မိမိ ပြ လို တဲ့ Subject ဆီသို့ ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား တဲ့ ပုံ မျိုး တွေ ဖြစ်ပါတယ်။









































 

အချို့ ပုံ တွေ မှာ Leading Line ဆွဲ ခေါ် သွား တဲ့ လမ်း ကြောင်း တွေ ကို မြင် သာ အောင် မျှားနဲ့ ဆွဲ ပြ ထားပါတယ်။


၂ -  အောက် ပါ နမူ နာ ပုံ တွေ က တော့ ပုံ တစ်ပုံ ရဲ့  Foreground က နေပြီး နောက်ဆုံး Background အထိ ဆီကို ကြည့် သူရဲ့ အာရုဏ် ကို Leading Line နဲ့ မျှား ခေါ် သွား  တဲ့ ပုံ မျိုး  တွေ ဖြစ်ပါတယ်။

 









































ပုံ အထက် ပါ ပုံများအပါ အဝင် နမူ ပုံ အားလုံးမှာ နမူ နာသဘော သာ ပြ ထားခြင်း ဖြစ် ပါတယ်။ အနပညာ ဆို ထဲ့ ခံ စားမှု  ဆိုတာ  စည်း တွေ ဘောင် တွေ ဥပဒေသ တွေ နဲ့ ချဉ် နှောင် ထားလို့  ရ တဲ့ အရာ မျိုး မဟုတ်ပါ။ ခံစားကာ  စိတ်ကူး ရှိသ လောက် ကွန့် မြူး ပွား များ နိုင် ပါတယ်။



5.  Negative Space

 

အခု ပြော မှာ က တော့ ပုံ အတွင်း  ဗလာ ကျင်းထားသည့် နေရာ ကို ပုံ ရဲ့ Impact ဖြစ်လာအောင် တမင် ချန် ထားတဲ့ နေရာ လွတ် အ ကြောင်း ဖြစ်ပါတယ်။

သာမန် အားဖြင့် တော့  Negative Space ကို အလဟသ နေရာ ဖြန်းတီးတဲ့  နေရာ ( Waste space ) လို့ ခေါ် ကြ ပြီး Frame ချောင် နေတယ် ဆိုပြီး ဒီနေရာ ကို တစ်ခုခု နဲ့ ဖြည့် လေ့ ရှိ ကြပါတယ်။

ဆိုလိုတာက အချို့ က အခု လိုလွှတ်ပေး ထားတဲ့ နေရာ လွတ်ကို အတိုင်းအဆ မရှိခံ စားမှု အတွက် မျှော ကာ လွှတ်ပေး  ထားပြီး ခံစားစေတယ်လို့ ဆိုပေမဲ့ အချို့ ကြ တော့ အလ ဟသ ဖြစ်နေသော  ချောင်နေတဲ့ နေရာ လွတ်ကြီး Waste Space လို့ ဆို ကြပါမယ်။  

အနပညာ ဆို ထဲ့ ခံ စားမှု  ဆိုတာ  စည်း တွေ ဘောင် တွေ ဥပဒေသ တွေ နဲ့ အသေ ချဉ် နှောင် ထားလို့  ရ တဲ့ အရာ မျိုး မဟုတ်ပါ။ အချို့ ပုံ တွေ ပြိုင်ပွဲ ဝင်ကြရာမှာ ပြည်တွင်းမှာ ဆု မရ ကြပေမဲ့ ပြည်ပမှာ ဆု ရကြတာတွေ ၊ ဒီ ပြိုင်ပွဲ မှာ ဆုမရ ပေမဲ့ ဟိုပြိုင်ပွဲ မှာ ဆု ရတာ တွေ ရှိ ကြ ပါတယ်။ ဘယ် ဒိုင် မှန် တယ် ဘယ် ဒိုင် မှားတယ် ပြော လို့ မရပါ။ သူ့ တို့ ရဲ့စည်းမျဉ်း ၊ သူတို့ ရဲ့ အကြိုက် ၊ ခံစားချက် တို့ နဲ့ သူ တို့ ဆုံး ဖြတ်ကြ ခြင်းသာ ဖြစ်ပါတယ်။

ဒီအတွက် ကြောင့် ပုံ တစ်ပုံ ကို အုပ်စု ( Quarter)  တစ်စု က ကောင်းတယ် ၊ ကြိုက်တယ် ဆိုစေကာ မူ အခြားသော အုပ် စု ကြိုက်ကောင်း မှာ ကြိုက် လိမ့် မည် လို့ ဆို ရိုး ရှိတာ ဖြစ်ပါတယ်။

အချို့သော Composition အရ အကွက်ချ စီစဉ် ထားတဲ့ Negative Space တွေ ဟာ မ တော် တဆ လွတ် နေ တဲ့ နေ ရာ တွေ မဟုတ်ဘဲ Subject ရဲ့ Breathing Room  ရ စေရန် တမင် ချန်ထား ပေး တဲ့ နေရာ များ ဖြစ်ပါတယ်။

Frame ထဲ မှာ အရာဝထ္ထု နည်းနည်း သာ ထည့်သွင်းဖေါ် ပြတဲ့ ဒီ နည်း ဟာ Subject ထံ အာရုံ စု ပြုံ ကျရောက်စေတဲ့ နည်း တစ်ခု ဖြစ်ပါတယ်။ 

" .....Negative space often adds interest as it can place a stronger emphasis on the subject, and can evoke emotions effectively."

ဒါကြောင့်လည်း Positive effective of the Negative Photography ဆိုတဲ့ ဆိုရိုး စကား ရှိလာတာပါ။ 

ဒါ့ အပြင် အ တွေး နဲ့ ခံ စား မှု ကို ဆန့် ထုတ် ပစ် လိုက်တယ် လို့ ဆိုပါတယ်။

အနပညာ ဆိုသည်မှာ ခံ စား မှု နဲ့ တိုင်းတာ တဲ့ အရာ ပါ။

ဒီ Negative  Space အတွက် ခံ စားမှု တစ်ခု ခု ပေးနိုင် ရင် ဒီ နေရာ လွတ် တွေဟာ အနုပညာ မြောက် တယ် လို့ ဆို ရပါမယ်။ 

အောက်မှာ ပြ ထားတဲ့ နမူနာ ပုံ တွေပေးတဲ့ Negative Space ရဲ့ ရဿ ၊ တစ်နည်း အားဖြင့် Waste Space  လို့ ယေဘူယျ ဆိုကြ တဲ့ နေရာ တွေ က ပေးတဲ့ ရဿ ကို ခံစား ကြည့်ပါရန်။

 

 




















 

6.  Color

 

အ ရောင် နဲ့ ပတ်သက် ရင်  ဘယ် အ ရောင်နဲ့ ဘယ် အ ရောင် ဟာ အပြန် အလှန် အကျိုးပြု တဲ့ မိတ်ဖက်ဖြစ်သလား ၊ ဆန့် ကျင်ဖက် ဖြစ်သလား ဆိုတာ သိရန် လိုပါ တယ်။

ဒီလို သိမှ Composition မှာ Color ရဲ့ ဆွဲ ဆောင် မှု ကို ထိရောက် စွာ သုံး နိုင်ပါမယ်။ ဒါကြောင့် Color Theory ကို သိထားဘို့ လိုပါတယ်။ ဒါမှသာ ကြည့် တဲ့ အခါ မှာ မျက်စေ့ အေး တယ် လို့ ဆိုရမဲ့ သက်တောင့် သက်သာ အ ရောင်စပ် ရပါမယ်။

အောက်မှာ ပြ ထားတဲ့ Color Chart က ထောက် အကူ အတော် ပြု ပါလိမ့်မယ်။




အထက်ပါ Color  Wheel ရှိ ဆန့်ကျင် ရာ ဘက်ရှိ အ ရောင် များဟာ  အ ရောင် တစ်ခု နဲ့ တစ်ခု အ ထောက် အကူပြု တဲ့ Complementary Color များ ဖြစ်ကြပါတယ်။

Color Theory ဟာ အ တော် ကျယ်ပြန့် တဲ့ ဘာသာရပ် ဖြစ်ပါတယ်။

 ဒီထက် ပို ၍ သိလိုပါက အခုတွဲပေးလိုက်တဲ့ Country Road Blog မှာ ရေးထားတဲ့ “ Theory of Color “ မှာ မြန်မာ လို လေ့ လာနိုင်ပါတယ်။

 http://shlaing.blogspot.sg/2017/03/92-theory-of-colours-theory-of-colour.html

 

 


7.  Balancing Elements




ပုံ တစ်ခု အ တွင်း ရှိ အရာ ဝထ္ထု များဟာ အချိုးညီ မျှတ နေရန် လိုပါတယ်။

ဥပမာ အားဖြင့် ပုံ တစ်ပုံ ရဲ့ Foreground မှာ Strong Subject ရှိနေပါက Balancing  ဖြစ်နေ စေရန် သူ ရဲ့ နောက်မှာ လည်း Small Subject တစ်ခု တစ်လေ ရှိနေ ရပါမယ်။ Rule of Thirds  အချိုး အတိုင်း ထည့် ထားရန် လိုပါမယ်။

ဒီ လို Balance အ တွက် အရာဝထ္ထု တွေ ဖြည့်လိုက် ပြန် ရင် လည်း Rule of Negative space ကို ဆန့် ကျင်ရာ ရောက် ပြန်ပါတယ်။

ဘယ်လို ထားရင် အ ကောင်းဆုံး သော ခံစားမှု ကို ပေး နိုင် မလဲ  ဆိုတာ ဓါတ်ပုံ ရိုက်သူ ကိုယ် တိုင် ခံစား ဆုံးဖြတ်   ကာ ဆောင် ရွက် ရပါ မယ်။

 

Balancing ဟာ လည်း အတော် ကျယ်ပြန့် တဲ့ ဘာသာရပ်ပါ.

အကြမ်း ပြော ရပါက -

 

Balance  ကို မူကွဲ တွေအဖြစ်  အောက်ပါအတိုင်း ထပ် ခွဲ ထားပါတယ်။

1.   Tonal balance

2.   Colour balance

3.   Size balance

4.   Texture balance

5.   Space balance

6.   Abstract balance

 

 



အထက်ပါပုံ ကို ကြည့်ပါက အိပ်နေတဲ့ စုံ တွဲ ကို နောက်ခံ ဆိပ်ခံ ဘောတံ တား Pier က Balance လုပ်ထားပါတယ်။

ဒီ Pier ပါ နေခြင်း အားဖြင့် လည်း ဒီနေရာ ဟာ UK က Brighton Beach ဆို တာကို သိစေနိုင်တဲ့ Story လေး တစ်ခု ဖြစ်လာပါတယ်။




အကယ် လို့ အထက် က ပုံအတိုင်းသာ ဆိပ်ခံ ဘောတံ တား Pier မပါ ဘူး ဆိုရင် ဘယ်နေရာ မှာ ရိုက်တယ် ဆိုတဲ့ Story ရှိမှာ  မဟုတ် တော့ပါ။


Balancing အမျိုးမျိုးသော နမူ နာ ပုံ များ -


Four-Element Balancing .


Asymmetrical Balancing.



























7.  Differential (selective) Focus

 

မိမိ ထင်ရှား စွာ  ပြ လို တဲ့ အရာ ကို ရွေး ကာ Focus ဖမ်းပြီးပြ တာ မျိုးကို Differential Focus (Selective Focus ) လို့ ခေါ်ပါတယ်။

ဒီ လို လုပ်ခြင်း အားဖြင့် မိမိ ပြ လိုတဲ့ Main Subject ကိုပြတ်သား စွာ မြင် နိုင်ပြီး ကျန် အရာ တွေ ဝါးနေ စေပါလိမ့် မယ်။ 

 ကျန် တဲ့ အရာ တွေက Main subject အ ပေါ် ကျရောက် မဲ့ အာရုံ ကို ဆွဲ ထုတ် မသွား နိုင် အောင် လုပ်တဲ့ နည်းပါ။

အောက်ပါ ပုံ တွေ င် ခွေး ကို Select လုပ်ကာ Focus ဖြတ် ထားလိုက် သဖြင့် နောက် က လူ တွေ ဝါး နေတာ တွေ့ရပါမယ်။ အထူးသဖြင့် Portrait ရိုက် ရာ မှာ သုံးတဲ့ နည်းဖြစ်ပါတယ်။ 

 ဒါဟာ ခွေး  ကို ဘဲ အဓိက Main Subject အဖြစ် ပြ လိုက်တာပါ။






Selective Focus နမူ နာ ပုံ များ -















9.  Symmetry

 

ဓါတ်ပုံ တွင် အချိုး ကျ နေခြင်း ဆိုတဲ့ Symmetry ဟာ အ တော် ကောင်း တဲ့ Composition တစ်ခု ဖြစ်ပါတယ်။ တစ်ခါ တစ်ရံ လည်း Symmetry ကို ချိုးဖေါက် ထားတဲ့ အချိုး မကျ တဲ့ အ နေအထားက ကြည့် ကောင်းတာ မျိုး လည်း ရှိ ပြန် ပါတယ်။

Symmetry ဟာ  Rule of Thirds ကို ချိုး ဖောက် ရာ မှာ အ ကောင်းဆုံး နည်း တစ် ခု ဖြစ်ပါတယ်။

အကြမ်း သ ဘော ပြော ရပါက Symmetry မှာ လည်း သုံ မျိုး ရှိပါတယ် -

 

    1 -   Vertical symmetry

လမ်း တို့ အ ဆောက် အအုံ စသည် တို့ ဟာ Vertical Symmetry များ ဖြစ်ကြပါတယ်။ အောက်ပါ ပုံ ကို ကြည့်ရင် လမ်း ရဲ့ အလယ် က မျဉ်း ဟာ ပုံ ကို နှစ် ခြမ်း ခွဲ ထားတာ တွေ့ နိုင်ပါမယ်။

လမ်းရဲ့ ဘေး တစ်ဘက် တစ် ချက် စီ   မှာ မတူ ညီ နိုင်တာ တွေ ရှိ နေနိုင်စေကာမူ Vertical Symmetry ရဲ့ ဥပမာ ကောင်းတစ် ခု ဖြစ်ပါတယ်။

 




2- Horizontal Symmetry.

 

အောက်ပါ ပုံ ကဲ့ သို့ ရေ ပေါ် မှာ ရောင်ပြန် အရိပ် ကျေ နေတာ ဟာ Horizontal Symmetry ရဲ့ ဥပမာ ကောင်းတစ်ခုပါ။ Horizontal Symmetry  ဟာ Rule of Thirds နဲ့ တွဲ လို့ အလွန် ကောင်းတဲ့ Composition မျိုးပါ။

 အဓိက ပြ လိုတဲ့  Main point of Interest ကို Rule of Thirds ရဲ့ မျဉ်း ဆုံ မှတ် တစ် မှာ ထားပြီး သူ့ ရဲ့ Reflection အရိပ် ကို အခြား တစ်နေရာ မှာ အထက် နဲ့ အောက် Symmetric အဖြစ် ထားတဲ့ နည်းပါ။

 

 



အောက် က ပုံ ကတော့  သဘာ၀ အ လျှောက် Horizontal Symmetry  နဲ့ Rule of Thirds တို့ ပေါင်း စပ် ထားတဲ့ Composition မျိုး ဖြစ်ပါတယ်။





3- Radial Symmetry.

ဗဟို ချက်မ နေရာ က နေ ဖြာထွက် လာတဲ့ ပုံ ရိပ် များ ဖြစ်ကြတဲ့ Bicycle ရဲ့ Spokes များ၊ ဒေစီ ပန်း ရဲ့ ပွင့်ဖတ်များ ၊ ရေ လှိုင်း ဂယက် စသည် တို့ ဟာ Radial Symmetry များ ဖြစ်ကြပါတယ်။

 

Radial Symmetry နမူ နာ ပုံ များ -












 အခြားသော Symmetry တစ်ခု က တော့ Dynamic Symmetry လို့ ဆိုပါတယ်။

ရှေး ဂရိ ခေတ် ထည်းက သုံးခဲ့တဲ့ နည်း လို့ သိရပါတယ်-

 မူရင်း ဆောင်းပါး တွေတော့ မပါ ပါ။ ဖြည့် စွက် ထားခြင်း ဖြစ် ပါတယ်။

မူရင်း မှာ Symmetry ဆိုတာ လောက်ဘဲ ဖေါ်ပြပါတယ်။

Symmetry မျိုးကွဲ များ ကို သိသာ နိုင်ရန်အ တွက် Symmetry မူကွဲ များ အ ကြောင်း  ကို ပြန် ရှာ ကာ  ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။

Dynamic Symmetry means a specific form of composition—a way of building a picture or other object in good proportion so that it is pleasing to the eye. Dynamic Symmetry is the method by which the Greeks built their temples and their gods.

Dynamic Symmetry means a composition of spaces or areas, one in harmony or sequence with another.

 လို့ အကြမ်း ဖြဉ်း ရေးထားတာ တွေ့ ရပါတယ်။









10.  Patterns

 

Pattern သည် ပုံ ( Shape ) တစ်ခု ၊ လိုင်း တစ်ခု ကို ထပ် ခါ တလဲလဲ ဖွဲ့ စည်း ထားတဲ့ ပုံမျိုး လို့ ဆိုနိုင်ပါတယ်။

 ဒီလို အရာ တွေ ဟာ မျက် လုံးကို ဆွဲ ဆောင် နိုင်တဲ့ အရာ တွေ ပါ။ ဒီ Pattern တွေ ဟာ ပုံ ထဲ မှာ ရှိတဲ့ Subject နဲ့ သဟဇာတ ( Harmony ) ဖြစ်တဲ့ အခါ အံ့ သြ ဘွယ်ရာ Composition ဖြစ်လာ တာကို တွေ့ ရပါတယ်။\

Pattern Composition မှာ အ ရေးကြီး တာက Frame ကို အပြည့် ဖြည့် ထားရ မှာ ဖြစ်ပါတယ်။

 

Pattern နမူနာ ပုံများ -























11.  Depth (Layers)

ပုံတစ်ပုံ ရဲ့ထူးခြား တဲ့  အလွှာ လိုက် ( Layer ) ရှိနေ သော အ နေ အထားလို့ ဆိုရပါမယ်။ သင် အင်္ကျီ ကိုအလွှာ လိုက် ဝတ် ထားတဲ့ ပုံ စံ မျိုးပါ။

Photography ဆိုတာ  Two Dimensional အ နေ အထား ပါ။ ဒီလို Layer တွေ ကြောင့်  Depth ဖြစ်လာ တဲ့ အခါ မှာ  Three Dimensional ဖြစ်လာပါတယ်။

Foreground, Middle ground,  Back Ground စသည်ဖြင့် အလွှာ တွေ ဖြစ်လာပါတယ်။ ဒီ အလွှာ တွေ က ကြည့် သူရဲ     ရဲ့ အာရုံ ကို  တစ်လွှာ စီအလိုက် ရုံကို ဆွဲ သွားပါ လိမ့် မယ်။

 

 











12.  Depth of Field

 

ပုံ တစ်ပုံ ရဲ့ ပြတ်သား မှု ဧရိယာ ကိုဘယ်လောက် ထား မလဲ ဆိုတဲ့ အ ကြောင်း ဖြစ်ပါတယ်။

Portrait ရိုက်သလို ကိုယ် ပြလိုတဲ့ Subject ကိုသာ ပြတ်သားစေပြီး ကျန် တာ အားလုံးကို ဝါး နေ  စေမဲ့ Shallow Death of Field နဲ့ ရိုက်  ကြ လေ့ ရှိပါတယ်။

ဒီနည်း ဟာ Subject ရဲ့ Background Distraction ကို ဖယ်ရှား လိုက်တဲ့ နည်းဖြစ်ပါတယ်။

ဒါမှ မဟုတ် Hyper-focal distance နဲ့ ရှုမျှော် ခင်း ကို ရိုက်သလို Foreground မှ နောက်ဆုံး Background အထိ - အစ အဆုံး ပြလို တဲ့ အ တွက် အားလုံး ပြတ်သား နေ တဲ့ Deep depth of Field နဲ့ ရိုက် ပြ မှာ လား ၊ ဘယ် လို ပြ မလဲ ဆိုတာ လည်း အ ရေးကြီးတဲ့ Composition တစ်ခု ပါ။ 

အောက်  မှာ  ပြ ထားတဲ့ ပုံ တွေ မှာ  Depth of Field ကို Subject အ ပေါ် Center of Interest ရ ဘို့ ဘယ် လို ကစား ထားတယ် ဆိုတာ တွေ့ နိုင်ပါတယ်-



လူ ပုံကို သာ Depth of Field  ပေးထား ပြီး နောက်ခံ Background ကို ထင်ထင် ရှားရှား မပြလို တဲ့ အ တွက် ဝါး ထား တဲ့ Shallow Depth of Field ဖြစ်ပါတယ်။





Depth of Field ရဲ့ အထူအပါးဟာ -  

1-      Lens ရဲ့ Focal Length အတို အရှည် ၊

2-      Camera Aperture အကျဉ်း အကျယ်၊

3-      Subject နှင့် ကင်မရာ တို့ ရဲ့ အက ွာ အ ဝေး၊ (Focusing Distance,)

4-      ကင်မရာ Sensor ၏ အရွယ် အစား (Size of Sensor, )

       စတဲ့ အချက် တွေ အပေါ် မူတည်နေပါတယ်။

အထက် က ပုံက Focal Length, Aperture and Distance to Subject တို့ ရဲ့ DOF အပေါ် အကျိုး သက်ရောက် မှု ကို ပြ ထားတဲ့ ပုံဖြစ်ပါ။ 


 


အထက် က ပုံ က တော့ Aperture အကျဉ်း အကျယ် တစ်ခု ထည်း ရဲ့ DOF အပေါ်သက်ရောက်မှု တစ်ခုထည်းကို နမူနာ ပြ ထားတဲ့ ပုံ ဖြစ်ပါတယ်။


Different Type of Depth of Fields.

 


  Shallow Depth of Field, ( Hyper-focal distance )











Deep Depth of Field.










13.  Viewpoint

 

ပုံ ကို ဘယ် လိုနေရာ က  ပြ မလဲ ဆိုတဲ့ Angle ကိုဆိုလိုတာပါဘဲ။ ဒီ ရိုက်နည်း  က လည်း အ တော် လေး ထိရောက်တဲ့ နည်းပါ။

သာမန် ရိုက်ရိုး ရိုက်စဉ် ရိုက်နေတဲ့ အ နေအထားက နေ အ ပေါ်စီး ၊ အောက်စီး ၊ အလယ် နေရာ က ဖြတ် ရိုက် တဲ့ နည်း ( Low Angle, High Angle, Over Shoulder)  စသည် များအပြင် သာမန်အားဖြင့်  ကမ်းခြေ က  ရေ ထဲ ကို ရိုက်နေရာ မှ  ရေထဲ က နေ ကုန်းပေါ် ကို ပြန်ရိုက်တဲ့ နည်း စသည် ဖြင့်   မြင် ကွင်း ကို   ပြောင်း ပေး လိုက် ခြင်း ဖြင့် အမြင် ဆန်း ကာ Subject ဟာ ထူးခြားတဲ့ ပုံ ဖြစ်လာစေပါတယ်။ 

 

အောက်  မှာ  ပြ ထား တဲ့ Angle  အမျိုးမျိုး က နေ ရိုက် ထားတဲ့ ပုံ များ ကို ကြည့် ပါရန်။










Over the Shoulder.







အောက် က နမူနာ ပုံတွေ ကတော့ သာမန် ရိုက် ရိုးရိုက်စဉ် ကမ်းခြေ ကနေ ရေထဲ ကို ရိုက် တာ မျိုး မဟုတ်ဘဲ အမြင် ဆန်း စေရန် ရေထဲ ကနေ ကုန်းပေါ် ကို လှမ်း ရိုက် ထားတဲ့ ပုံ တွေ ဖြစ်ပါတယ်။

Pictures - Shooting from the Water for reference. 

















14.  Triangles & Diagonals

 

တြိဂံ  နဲ့ ဒေါင့်ဖြတ် မျဉ်း တွေ ဟာ ပုံ ရဲ့ Dynamic Tension ကိုပေးပါတယ်။ ပုံ ကို ဆွဲ ဆောင် မှု ပိုရှိစေပါတယ်။

အ ကြောင်း က တော့ ကျွန်တော် တို့ တစ် တွေဟာ ရေပြင် ညီ ( Horizontal Line ) နဲ့ ဒေါင်လိုက် ( Vertical Line ) တွေ ကို သာ အ တွေ့ များနေ ကြလို့ပါဘဲ။

 ဒီ လို ပြော လိုက် လို့ Triangles & Diagonals တွေ ကို လိုက် ရှာပြီး ရိုက် ရမယ် လို့ မဆိုလိုပါ။ သဘာ၀ မှာ ဒါ တွေ ရှိပါတယ်။ အောက်မှာ ပြ ထားတဲ့လှေကား ထစ်မှာ မိန်းကလေး  ထိုင်နေတဲ့  ပုံ ကိုကြည့်ပါက သဘာ၀ Triangle ကို တွေ့ နိုင်ပါတယ်။

 မိသား စု ပုံ ကို Triangle အ နေအထား နဲ့ စီစဉ် ကာ ရိုက် နိုင်သလို Model တစ်ဦးရဲ့ လက် ကို သူ့ တင်ပါး ပေါ် ထောက် ခိုင်း လိုက်ရင် လည်း Triangle ဖြစ်လာတာပါဘဲ။ တစ်ခါ တစ်ရံ မှာ Leading Lines တွေ ဟာ လည်း Triangles & Diagonals တွေ အဖြစ်ရှိနေတာ တွေ့ နိုင်ပါတယ်။

 
















15.  Fill the Frame

 

အကယ် လို့ Subject ရဲ့ နောက်ခံ Background ဟာ ဘယ်လို မှ မလွှဲ သာ မ ရှောင်သာ အ နှောက် အယှက် တွေ များနေတဲ့ အ နေအထားမျိုး ရှိနေရင်  ပုံ ကို Frame အ တွင်း   ဖြည့် နိုင် သ လောက် ဖြည့် လိုက်ပါ။

 Pattern များကို ရိုက်ရင် လည်း Frame အပြည့် ဖြည့် ရိုက် ပါ။

 

 

















16.  Simplicity

 

Subject တစ်ခု ထည်းကို မည် သို့ သော အ နှောက် အယှက် ( Distraction ) မှ မရှိစေဘဲ ရိုးရိုး လေး ရိုက် ခြင်း ဟာ လည်း ကြည့် သူရဲ့ မျက်စေ့ Subject အပေါ် ကို တန်း ကာ  ရောက်စေတဲ့ ရိုက် နည်း ပါဘဲ။

ဓါတ်ပုံ မှာ " Simple is Beauty "  ရိုးရိုး လေး ဟာ လှ ပါတယ် ဆိုတဲ့ စကားရှိပါတယ်။ Minimalism Photography သဘော မျိုး ပါဘဲ။ 

ဒီလို ရိုးရိုးလေး  ပြ ဘို့ အ တွက် Subject ကို Zoom ဆွဲ ကာ အနီး ကပ် ( Close up ) အဖြစ် ရိုက် တာမျိုး လည်း ရှိပါတယ်

 

















17.  Left to Right Rule

 

ပုံ တစ်ပုံ အတွင်း ရှိ သက်ရှိ သက်မဲ့ များ ပုံ ကို ပုံ ရဲ့ လက်ဝဲ ဘက်မှ နေ လက်ယာ ဘက် သို့ ရွေ့ လျှား  နေ စေ သည့် Photography composition rule ဖြစ်ပါတယ်။

ဥပမာ အားဖြင့် မော်တော် ဆိုင်ကယ် ဘက်ဝဲ ဘက်မှ လက်ယာ ဘက် သို့ မောင်း  နှင် နေသည့်ပုံ၊  လူ ဘက်ဝဲ ဘက်မှ လက်ယာဘက် သို့ လမ်း လျှောက်  နေ သည့် ပုံ ၊ ငှက် ဘက်ဝဲ ဘက်မှ လက်ယာ ဘက် သို့ ပျံ နေသည့် ပုံ  မျိုး ကို ဆိုလိုပါတယ်။

ဒီ Composition Rule ဟာ Rule of Space နဲ့ လည်း ဆက် နွယ် နေပါတယ်။












18.  Rule of Space

 

အချို့ သော အ ခြေ အ နေမျိး အ တွက်  တည်ငြိမ် နေတဲ့ Subject ၊  ရွေ့ လျှားနေတဲ့ Subject တို့  ရဲ့ ရှေ့မှာ နေရာ ကွက်လပ်  ( Room of Breath ) ချန် ထားပေးရပါမယ်။   ကျပ် မ  နေ စေရပါဘူး။

ဤ နည်း ဖြင့် ကြည့်သူရဲ့ မျက်စေ့ ဟာ ပုံထည်းက subject ရွေ့လျှား နေတဲ့ ၊ သွား နေတဲ့ ဦး တည် ချက် အတိုင်း လိုက် သွား ပါလိမ့် မယ်။

ဒီ Rule of Space ဥပဒေသ ဟာ အရင်ပြော ခဲ့ တဲ့ Negative Space Rule နဲ့ ချိတ်  ဆက်နေပါတယ်။

ဒါ ဟာ အရင် က ပြော ခဲ့ တဲ့ ချို့သောနေရာ တွေ မှာ Composition Rule တစ်ခု နဲ့ တစ်ခု ဟာ ထပ်နေတဲ့ Overlap ဖြစ်နေတယ် ဆိုတဲ့ သာဓက ပါဘဲ။

အကယ် ရွေ့ သာ Room of Breath နေရာ ရှေ့ မှာ မရှိဘဲ နေရာ လွတ်ကို နောက် မှာ ထားခဲ့ရင် ကြည့် ရသည်မှာ သက်တောင့် သက်သာ ရှိမှာ မဟုတ်ပါ။














19.  Rule of Odds

 

မ - ၈ဏန်း ဥပဒေသ က တော့ ပုံ တစ်ပုံအ တွင်း မှာ အရာဝထ္ထု  (၂) နှစ်ခု ၊ (၄) လေးခု ၊ (၆)  ခြောက်ခု စတဲ့ စုံ ဂဏန်း ထားတာထက်   (မ)  ဂဏန်း ဖြစ်တဲ့ (၃) သုံးခု ၊ (၅) ငါးခု၊ (၇) ခုနှစ်ခု စတဲ့ ( မ ) ဂဏန်း အရေ အတွက် ထားခြင်း က ပို၍ အာရုံ ကို ဆွဲ ဆောင် မှု ရှိတယ် ဆိုတဲ့ ဥပဒေသ ဖြစ်ပါတယ် ။

 




 အထက်က ပုံ နှစ်ပုံ ကို ကြည့် ပါက ဘယ်ဘက် က ပုံ (A) ဟာ ငြိမ် နေတဲ့ ( Static ) သဘော မျိုး တွေ့ ရပြီး ညာ ဘက်က ( မ) ဂဏန်း ပုံ (B) က တော့  အသက်ဝင်တဲ့ ( Dynamic ) သ ဘော ရှိနေတာ ကို တွေ့ရ မှာ ဖြစ် ပါတယ်။








ပုံ အ တွင်း မှာ သက်ရှိ သက်မဲ့ များ ရဲ့ (မ) ဂဏန်း အရေ အ တွက် ဟာ အလွန် အစွမ်း ထက်တဲ့ Composition ပါ။ ဒီ ဥပဒေသ ဟာ Rule of Symmetry နဲ့ ဆန့် ကျင် သလို တော့ ဖြစ်နေပါတယ်။

 

Rule of Odd sample Pictures.



















အချုပ် စကား။


“ No Rules are inscribed on the Stone “ ဘယ်ဉပဒေ သ ကို မှ ပုံသေ ယူ ရန် မလိုပါ ဆိုတဲ့ ဆိုရိုးစကား Photography မှာ ရှိပါတယ်။

Photography Composition Rules တွေ ကို ကောင်း စွာ နားလည် သဘော ပေါက် လာပြီ  ဆိုရင်တော့ လိုအပ်လျှင် လိုအပ် သလို ဥပဒေသတွေကို ချိုးဖေါက် ပြီး မိမိလိုသလို အနုပညာ ကိုဖန်တည်း ကွန့်မြူး နိုင်ပါတယ်။

ဒါ ပေမဲ့တစ်ခု သတိထားရမှာ က Photography Composition Rule တစ်ခု ကို ချိုးဖေါက် တော့ မယ် ဆိုရင် မည်သည့် အတွက် ချိုးဖေါက် ရတာ လဲ  ဆို တဲ့ အ ကြောင်း ရှိရပါမယ်။ ဘယ်လို ဆန်းသစ် ကွန့်မြူးမယ် ဆိုတဲ့ စိတ်ကူး လည်း ရှိရပါမယ်။

ဒီလို မဟုတ် ဘဲ ဥပဒေသ တွေ ကို အ ကြောင်း မဲ့ ချိုးဖေက် လို့ က တော့  ပုံ ဟာ အ တော်ကြည့် လို့ အဆင်မပြေ  ပုံ ဖြစ် သွား နိုင် တဲ့ အခြေ ဖြစ်သွားနိုင် တာ ကို သတိ ပြု ရပါမယ်။


-----------------------------------



Friday, 29 September 2023

 


 

100 – Study of Aperture Nos.                                     ဓါတ်ပုံ ဆိုင်ရာ မှတ်စု အမှတ်( ၁၀၀)

 

 

Camera Lens Aperture ကိန်းစဉ် တန်း ကို လေ့ လာ ခြင်း “

 

 

စကားဦး

 

ကျွန်တော် အနေနဲ့ ကင်မရာ Aperture တွင်ဖေါ် ပြ ထား တဲ့ ကိန်းစဉ် တန်း ရှိ ကိန်း များ၏ အကြီး အသေး  ဆိုတာ ပုံ ရိပ် ပြတ်သား မှု ဧရိယာ အထူ အပါး ကို ပေးရာ မှာ ပါတဲ့ အဓိက အချက် တစ်ခု ဖြစ်တဲ့ ကိန်း စဉ် ဖြစ်တယ် ဆိုတဲ့ အဆင့် တွင် ရပ် ထား တာ ကြာ ပါပြီ။

 



Aperture ကိန်းစဉ်တန်း။ 






Different Depth of Field Aperture f/1.4 and f/16


ဒါပေမဲ့ အောက် မှာ အောက် မှာ ပြ ထားတဲ့  Aperture ကိန်းစဉ် တန်း  ဟာ ….

1,  1.4,  2,  2.8,  4,  5.6,  8,  11,  16, 22,  32,  45,  64  

ဘာကြောင့် ဒီလို တွေး ရ ခက်တဲ့ ကိန်းစဉ်တန်း ဖြစ် ပေါ် လာ ရတယ် ဆိုတာ ကို စိတ်ဝင် စား လာလို့  လက်လှမ်းမှီ  ရာ   နားလည် နိုင်သ လောက် စာပေ တွေ ကို ရှာဖွေ ဖတ်ရှု လေ့လာခဲ့ ပါတယ်။

မှတ်ထားသ လောက် ကို မျှဝေ လိုက်ရမေမဲ့ - အခု ဒီမှတ် စုရေး စဉ် အထိလည်း  အားလုံးကို ထည်းထည်း ဝင် ဝင် မသိသေးပါ။ သို့ ရာ တွင် ဒီလို လေ့ လာရာ ကနေ သိတန် သလောက် သိလာ ရ တာလေး တွေ ကို ပြန် လည်မျှဝေရခြင်း  ဖြစ်ပါတယ်။။

 

Aperture ကိန်းစဉ် တန်း။

 

ယျေဘူယျ အား ဖြင့် Aperture full stop ကိန်းစဉ် တန်း တစ် ခု မှာ အောက် ပါအတိုင်း ဖြစ်ပါတယ်။

 1 - 1.4 – 2 - 2.8 – 4 - 5.6 – 8 – 11 – 16 – 22 – 32 – 45 - 64  - 128

ဤ ကဲ့ သို့ ကိန်းစဉ် တန်း ဖြစ် ပေါ် လာမှု ကို လေ့ လာ ရာ အောက်ပါအတိုင်း တွေ့ ရှိရပါတယ်။

 

 

Sensor ပေါ် အလင်း ကျရောက်သည့် ပမာဏ ။

 

ဥပမာ အားဖြင့် Aperture ကိန်းစဉ် တန်း ရှိ f – 1.4 မှ f – 2.8 သို့ ပြောင်းလဲ သွား လျှင် ကိန်း ပမာဏ နှစ် ဆ တိုး သွား ပါတယ် ။ သို့သော်  Camera Sensor ပေါ် အလင်း ( Photon ) ကျရောက် တဲ့ ပမာဏ လည်း  (၄) ဆ ကွာ တယ် လို့ သိရပါတယ်။

 အကြောင်း ကတော့ Lens Aperture pupil ပွင့် လာတဲ့ Area ဟာ f – 2.8 ထက် စာ လျှင် f – 1.4 မှာ ပွင့် လာ တဲ့ Lens aperture pupil  Area ဟာ (၄) ဆ ကျယ် လာ လို့ပါဘဲ။

 

 

Lens Pupil.



Eye Pupil.



Lens Pupil ဟာ အကြမ်း အားဖြင့် ပြော ရလျှင် စက်ဝိုင်း အတိအကျ မဟုတ်စေကာမူ စက်ဝိုင်း လို သဘော ပါဘဲ။

စက်ဝိုင်း ( Circle ) တစ်ခု ရဲ့ ဧရိယာ တွက် တဲ့ ပုံသေနည်း ( Formula ) ဟာ -

 

Area of Circle                     A =  π r2      ဖြစ်ပါတယ်။

 

                   π   ဟာ ကိန်းသေ ( Constant ) = 3.142 ဖြစ်ပါတယ်။

 

                                         A = Area of circle

                                          r = radius ( အခြင်းဝက် )

  

ဥပမာ အားဖြင့် 70 mm Focal Length နဲ့  f – 1.4 , f – 2.8 တို့ ရဲ့ Sensor ပေါ် ရောက် တဲ့  အလင်း ပမာဏ ကို အောက် ပါအတိုင်း တွက် ကြည့် နိုင်ပါတယ် -

 Lens Pupil ကို f – 1.4 မှ f – 2.8 သို့ ကျဉ်း လိုက် ခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့  Lens Pupil ရဲ့ အခြင်း ( Diameter ) ကို အောက် ပါ Formula နဲ့ တွက် ပါမယ် -

 

                            Area of Circle   Area =  π r2 

                             Lens Diameter  = D

                              Radius              = D/2  = r

                                     π       = 3.142

 

 







 (r2  =   ( D/2 )2 =  Dx2/4  )


Example

        

          Lens Focal Length     f   = 70 mm

         F Stop              S1   = 1.4,           Area    =   A1

         F Stop               S    = 2.8,         Area     =  A2

 

 

Diameter ( D) of the Lens Pupil  =  f/s

 

        ( Area of A1 )

D1  =  f/s =  70/1.4   =  50 mm 

 

F – 1.4 မှာ Lens Pupil ပွင့်လာမဲ့ အခြင်း အကျယ် ( Diameter ) ဟာ 50 mm ဖြစ်ပါတယ်။

 

Radius ( အချင်းဝက် ) = D/2 ( အချင်း ရဲ့ တစ်ဝက် )    

r 1 (Radius ) = 50/2 = 25 mm ,

r21   =  (D/2 )2 = ( 25 )2  = 625

r21   =  (D/2 )2=  ( 25 )2 = ( Square  - 25 x25 ) = 625

                           A1 =  π r2     =  3.142 x 625  = 1963.75 

 

Area of A1  =  1964

 

                   ( Area of A2 -)


D2  =  f/s       =  70/2.8 = 25 mm 

r2 ( Radius) =  25/2         = 12.5 mm  

r2 2 ( 12.5 )2  = ( 12.5 x 12.5) = 156.25

A2 =  π r2 = 3.142 x ( 156.25) = 490.9375

 

                           Area of A2   =   491

 

                           A1/ A2  =  1964/491 =  4

 

ဒီ တွက် ချက် မှု ဟာ  Aperture  f – 1.4 နဲ့ ဖွင့် ထားတဲ့ Lens Pupil ရဲ့  ဧရိယာ ( A1 )  ဟာ f – 2.8 နဲ့ ဖွင့် ထားတဲ့ Lens Pupil ရဲ့  ဧရိယာ ( A2)  ထက် (၄) ဆ ပို ကျယ် တာ ကို တွက်ချက် ပြသ ခြင်း ဖြစ် ပါတယ်။

 

 

Aperture full stop တစ်ခု မှ တစ်ခု သို့ ပြောင်း ခြင်း။

 

Full f- stop တစ် ခု မှ တစ်ခု ပြောင်း လဲ ရာ တွင်မူ ( 2   )   Sequence ( ထပ်ညွှန်းကိန်း ) အရ ပြောင်း လဲ တာ တွေ့ ရပါတယ်။

 ( the sequence of the powers of the square root of  2   ,

 and  geometrically in powers of the square root of two –  (2 )1,2,3,4,5…..)

 

(2 ) ရဲ့ ကိန်းသေတန် ဘိုး ဟာ = 1.414214 ဖြစ်ပါတယ်။

ဒါကြောင့် 22 ( Square )  = 1.999396   ဖြစ်ပါတယ်။

 

22     =  ( 1.414 ) 2 ( Square)  =   ( 1.414 x 1.414 )  = 1.985256  = (Nearest = 2  )

 

အထက် မှာ ပြော ခဲ့ တဲ့  Sequence of the powers of the square root of  2 -  အရ   2       ကို အထပ် ( Power ) တစ်ခု ခြင်း ဆက်၍ တိုး လိုက် ခြင်း ဖြင့် အောက်ပါ Aperture ကိန်းစဉ် တန်း ရလာပါတယ်။

 

                  

2       = 1.414

22     = 1.999 = 2

23     = 2.827 = 2.8

24    = 3.997 = 4

25   = 5.652 = 5.6

26   = 7.992 = 8

                  27   = 11.30 = 11

28   = 15.98 = 16

29   = 22.59 = 22

210   = 31.942 = 32

and so on……………

 

 

 

 

 

Nearest

√21

=

1.414

1.414

 

√22

 

=

1.999

2

√23

 

=

2.827

2.8

√24

 

=

3.997

4

√25

 

=

5.652

5.6

√26

 

=

7.992

8

√27

 

=

11.313

11

√28

 

=

15.98

16

√29

 

=

22.62

22

√210

 

=

31.942

32

 

 

And so on……………..

 

·       ပုံမှန် အားဖြင့် ဒဿမ ကိန်း များကို ဖြတ် ယူ ရာ မှာ Nearest အဖြစ် ( 0.5 ) နဲ့ အထက် ကိန်း များမှ စ၍ အစ ကိန်း ကို ကိန်းတစ်လုံး တိုးယူပါတယ် ။ ဉပမာ ( 7.992 = 8 ) 7.99 ကို 8 အဖြစ် တစ်ခု တိုး ယူပါတယ်။ သို့သော် 5.652 နဲ့ 22.62 ကိန်းများကိုမူ ကိန်း တစ်ခု တိုး မယူ ထား ဘဲ ( 5.6 ) နဲ့  ( 22) အဖြစ်သာ ယူထားသည် ကို တွေ့ ရပါတယ်။

 

ဒီနေရာ မှာ Aperture ကိန်း တစ်ခု ကနေ တစ်ခု ပြောင်း ရာ မှာ  ဘာကြောင့် ( 2    )   Sequence ( ထပ်ညွှန်းကိန်း ) အရ ပြောင်း ရလဲ ဆိုတဲ့ အမေး ရှိလာ ပါမယ်။

 Mathematical  Physics  သဘော အရ အသေးစိတ် ရှင်း ရ  အတော် ခက် ပါ တယ်။  ကျွန်တော် တက္ကသိုလ် တုန်းက ရူပဗေဒ အထူးပြု  သင်ယူ ခဲ့စေကာမူ  ဘဝင် ကျ တဲ့ အဆင့် အထိ ထိုတွက် နည်း  တဲ့ ယနေ့ တိုင် တိတိ ကျကျ  ရှာ လို့ မတွေ့ သေးပါ။

 သို့ရာ တွင် Aperture ကို  တစ်ဖြည်းဖြည်း ချဲ့ လိုက်  တဲ့ အတွက် Lens Pupil  ကျယ် လာတာနဲ့ အမျှ Sensor ပေါ် ကျ လာလာတဲ့ အလင်းထိတဲ့ ဧရိယာ ဟာ  Linear ကိန်းစဉ် ကဲ့ သို့ တစ်သမတ်တည်းသော အဖြောင့် ကိန်းစဉ် အတိုင်း  အတိုး အလျှော့ ဖြစ်မလာ ဘဲ (2 ) to the Power ( 1,2,3,4,5…..)  ကိန်းစဉ် အတိုင်း ကျယ် လာ  တဲ့ အတွက် ကြောင့်  2    Power ထပ်ကိန်း  အရ တွက် ခြင်း ဖြစ်တယ် လို့  အချို့ သော ဆောင်းပါး တွေ မှာ  လေ့ လာ တွေ့ ရှိရပါတယ်။

 

 

Lens တစ်ခု ရဲ့ အချင်း ( Diameter )။




Lens တစ်ခု ရဲ့ အချင်း ( Diameter = D ) ကို အောက် မှာ ပြ ထားတဲ့ ပုံသေနည်း ( Formula ) အတိုင်း တွက်ပါတယ် -

 ဥပမာ အား ဖြင့်  Nikon 50 mm, f – 1.4 Prime Lens Pupil အကျယ် ဆုံး အချင်း ( Diameter ) ဟာ  D = 50mm/1.4 = 35.7mm ဖြစ်ပါတယ်။

  သို့ ရာ တွင် Lens ကို တည်ဆောက်ရာ မှာ တော့  Lens Glass elements တွေသာ မက  အခြားသောပစ္စည်း များပါ ပေါင်းစပ် ထည့် သွင်းဖွဲ့စည်းတည်ဆောက်ရ  သဖြင့် သုံးစွဲ သည့် အဆင့် မှာ အဆို ပါ Lens ရဲ့ Diameter ဟာ 65.5 mm အထိ ရှိလာပါတယ်။

 အကယ် လို့  500 mm Lens တစ်ခု ရဲ့ အနိမ့် ဆုံး f - Stop နံပါတ် ကိန်း ဟာ ( 1 ) သာ ဖြစ်ခဲ့ပါရင် အဆိုပါ Lens Pupil အကျယ် ဆုံး ဖွင့် နိုင်တဲ့ အချင်း ( Diameter ) ဟာ ( 500/1 ) = 500 mm ( 19.685-inch ) သို့ မဟုတ် 1.65 ft လောက်  ရှိမည် ဖြစ်ပြီး ဖြစ်ပြီး တည်ဆောက် မှု နောက်ဆုံးအဆင့် မှာ ထို ထက် များစွာ ပို ကြီး လာပါလိမ့်မယ်။ သယ်ဆောင် ရာ မှာ လက်တွေ့ ကျ မည် မဟုတ် တော့ ပါ။

 ဒါကြောင့် Lens တည်ဆောက် ရာ မှာ f- Stop အငယ် ဆုံး ကိန်း နံပါတ် ကို ( 1)  လောက် အထိ ထားရန် အခက်အခဲ ရှိခြင်း ဖြစ် တယ် လို့ သိရပါတယ်။

 ထို့ အတူပင် 600 mm Lens ရဲ့ အနိမ့် ဆုံး f - Stop နံပါတ် ကိန်း ဟာ ( 4 ) ဖြစ် လျှင် အဆိုပါ Lens Pupil အကျယ် ဆုံး ဖွင့် နိုင်တဲ့ အချင်း ( Diameter ) ဟာ  ( D = 600/4 = 150mm. ) ဖြစ်  ပါမယ်။  အပြီးသတ် တည်ဆောက် မှု အပြီးတွင်တော့  Lens  Diameter ဟာ 165mm  ဖြစ် လာ ပါတယ်။

 အကယ် လို့ 600 mm Lens ရဲ့ အနိမ့် ဆုံး f - Stop နံပါတ် ကိန်း ကို (1 ) ထား မယ် ဆိုပါ ရင် - Lens Pupil အကျယ် ဆုံး ဖွင့် နိုင်တဲ့ အချင်း ( Diameter ) ဟာ  ( D = 600/1 =  600 mm. = 23.622- inch  )  Lens Pupil အကျယ် သည် ပင် 1.97-ft   နှစ်ပေ နီးပါး ရှိပြီး တည်ဆောက် မှုုအပြီးအစီးတွင် နှစ်ပေ ခွဲ လောက်ပင် ရှိ လာ  မည် ဖြစ်တဲ့ အတွက် 600 mm ကဲ့ ကို Lens မျိုး ရဲ့ အနိမ့် ဆုံး f – Stop ကိန်းကို (1) ကဲ့ သို့ ကိန်း များစွားငယ် တဲ့ ကိန်း  မထားခြင်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း  600 mm Lens များရဲ့ အကျယ် ဆုံး ဖွင့် နိုင်တဲ့ Aperture ဟာ f – 4 လောက် သာ ထားခြင်း ဖြစ်ပါတယ်။

 

 

အချုပ် စကား။

 

ဤ ကိန်းစဉ်တန်း ကိုဘဝင်ကျ တဲ့ အထိ သိနိုင်ရန် များစွာသော  ဆောင်းများ များ ကို ဖတ်ကာ ကိုယ် တိုင် လည်း တတ်နိုင်သမျှ တွက် ချက် ကြည့် ပါတယ်။ ယခု လေ့ လာ တာ က Full Stop အတွက် သာ ဖြစ်ပါတယ်။ Half stop ကဲ့ သို့ သော Stop များလည်း ရှိပါသေးတယ်။

 ကြုံ ကြိုက် သဖြင့် ဘာကြောင့် Stop လို့ ခေါ် သလဲ ဆိုတာ နဲ့ ပတ်သက် လို့ ပြော လိုပါတယ်။

 အချို့ က Lens ထဲ ကိုဝင်လာတဲ့ အလင်း ပမာဏအား  ဤရွေ့ ဤ မျှ မှာတင်  ရပ် လိုက် တော့ လို့ ဆို တဲ့ သဘော အရ Stop လို့ ခေါ် တယ် လို့ ဆိုပါ တယ်။ အတော် များများမှာ  ဒီလို ဆိုတာ တွေ့ ရပါတယ်။

 သို့ ရာ မှာ တစ်ခု သော ဆောင်းပါးမှာ တော့ ရှေး တုန်း က Lens တွေ မှာ Aperture ring ကို ရွှေ့ ရာ မှာ တစ် နေရာ မှ နောက် တစ်ရာ ရောက် ရင် ချပ် ကနဲ အ သံမည် ကာ ရပ် သွားလို့ Stop လို့ ခေါ် တယ် လို့ ဆိုတာ ကိုလည်း တွေ့ ဘူးပါ တယ်။ ဘယ် ဆာင်း ပါး လည်း ဆိုတာ တော့ ပြန် ရှာ မရ တော့ပါ။

 တွက်ချက် နည်း တွေ မြောက် များစွာရှိ ပါတယ်။  အချို့  သော ဆောင်း ပါး တွေ မှာ တွက် နည်း တွေ မှား နေတာ ကို လည်း တွေ့ ရပါတယ်။ ကျွန်တော် အတွက် တော့ ဒီ တစ်ခု ထည်း နဲ့ ပင် လျှင် အတော် ခြာ လယ် ရိုက်နေ ခဲ့ရပါတယ်။

 အခု မှတ်စု က တော့ လေ့ လာ ရာ မှာ မိမိ နားလည် သလောက် ကလေး ကို မှတ်တမ်း  အဖြစ် ရှိနေစေရန် နဲ့ စိတ်ဝင် စားသူများ ရှိပါကလည်း လေ့ လာနိုင်ကြေ စရန်  မျှဝေဖြင့် ဖြစ်ပါတယ်။

 ဤ မှတ်စု မှာ လို အပ်ချက် များ ရှိနိုင် ပါတယ်။ အကယ် လို့ Photon Physics ကဲ့သို့ သင်္ချာ ပညာ ရှင် များ ဖတ်ရှု ရာ တွင်လစ်ဟာ ချက်များ မှားယွင်း ချက် များရှိပါ က  ခွင့် လွတ်ကာ ဖြည့် စွက် ပေးကြပါရန် မေတ္တာ ရပ်ခံ ပန် ကြားအပ် ပါတယ် ခင်ဗျား။

 

----------------------------------