Wednesday, 19 December 2012

Upstanding Noise


(30)  Upstanding Noise                                                        ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၃၀ )

 

 

ဓါတ်ပုံ မှာ Noise ဘာကြောင့် ပေါ်လာရသနည်း

 

By Soe Hlaing




စကားဦး

ဓါတ် ပုံ တစ်ပုံ ၏ပထမ အရေး အကြီးဆုံး သော အချက် တစ်ရပ် မှာ ကြည် လင် ပြတ်သားမှုပင် ဖြစ်ပါသည်။ ကြည်လင် ပြတ်သား မှု ကို လျှော့ ကျစေသည့် အချက် များ စွာ ရှိပါသည်။ ယင်း တို့ တွင် Noise သည် လည်း အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါသည်။

 

သာမန် အား ဖြင့် ISO နံပါတ် မြင့်မြင့် တင်ရိုက်လျှင် Noise ထသည်။ DSLR ကင်မရာ နှင့် Compact ကင်မရာ နှင့် နှိုင်းယှဉ်လျှင် ယေဘူယျအားဖြင့် Comapct ကင်မရာ နှင့် ရိုက်သည် က Noise ပို၍ ထသည် ဟု ယေဘူယျ အားဖြင့် အများစု နားလည် ကြပါသည်။



 သို့ ရာတွင် ဤ ကဲ့သို့ ဖြစ်ပေါ်လာရသည့် အကြောင်း၏ အခြေ ခံ အချက်များကို ၀ါ ရင့် သဘာရင် များ မဟုတ်မူ ဘဲ ကျွန်တော် ကဲ့ သို့ ဓါတ်ပုံ ပညာ စတင် လေ့လာ ကာစ ပဂ္ဂိုလ်အချို့ သဘောပေါက် ကောင်းမှ သဘော ပေါက် ပါလိမ့်မည်။ ကျွန်တော် သည်လည်း ဘာမှ မသိခဲ့ပါ။
 
 
ထို့ကြောင့် Noise ဖြစ်ပေါ် လာရ သည့် အကြောင်း တစ်စွန်း တစ်စ နှင့် ဆောင်ရန် ရှောင်ရန် များကို သိလို၍ ရှာဖွေ ဖတ်ရှု ခဲ့ပါသည်။  ယင်းနောက်  မိမိ ကဲ့ သို့ စူးစမ်း လိုသူများ ရှိပါကလည်း တစ်စွန်း တစ်စ သိနိုင်ကြစေရန် အတွက်  Noise နှင့် ပတ်သက် ၍ စုဆောင်းထားသည့် ဆောင်းပါးများမှ ကောင်း နိုး ရာ ရာ ရှိမည် ဟု ယူဆ သည့် အချက် အလက်များကို ပေါင်းစု ကာ ဆီလျှော် သကဲ့ သို့ ဘာသာ ပြန် ၍ ရေးသား ထားခြင်း ဖြစ်ပါသည်။
 
 
ဤ မှတ်စု ဖြင့် ကျွန်တော် ကဲ့ သို့ Noise နှင့်ပတ်သက် ၍ မျက်စေ့ လည် လမ်း ပျောက် နေသူများ အတွက် လမ်းစဖေါ် ကာ အကြမ်းဖျဉ်း သဘော တစ်ထောင့် တစ်နေရာ မှ ဖြည့် စည်း နိုင်စေရန် ရည်ရွယ် ကာ ရေးသား ရ ခြင်း ဖြစ် ကြောင်း ကနဦး ဖေါ်ပြ အပ်ပါသည်။



Noise.


 
Noise များ ပြည့် နေသည့် ပုံ။
 





ထို့ကြောင့် Noise နှင့် ပတ်သက်၍ အောက်ပါ ခေါင်းစဉ် များ အလိုက် ဖေါ်ပြပါမည်-

-      ISO နံပါတ် မြင့် လာလျှင် ဘာ ကြောင့် Noise ပိုထ လာရသနည်း။
-      Digital Camera အငယ် များသည် ဘာ ကြောင့် Noise ပိုထ လာရသနည်း။
-      Exposure ကို ကြာကြာ ဖွင့်ထားလျှင် ဘာကြောင့် Noise ပိုထ လာရ သနည်း။
-      Noise ကို လျှော့ အောင် မည်ကဲ့ သို့  လုပ်ကြ မည်နည်း။
 
အထက်ပါ အချက် များကို သဘောပေါက်စေရန် ကင်မရာတွင် ပုံရိပ် ဖမ်းပေးသည် Sensor အကြောင်း ကို အကြမ်း ပြန်လည် ရှင်း လင်းပါမည်။


 
Noise ကင်းကာ ပြတ်သားနေသည့် ပုံ။
 


Sensor အကြောင်း တစ်စေ့ တစ်စောင်း။

 
ယခင်တင်ထား ခဲ့ပြီး သည့် မှတ်စုများတွင် Sensor နှင့် ပတ်သက်၍ အတော် အသင့် ရေးသား ခဲ့ပြီးဖြစ်ပါသည်။ အထူးသဖြင့် မှတ်စု အမှတ်  (၂၆ ) ဖြစ်သည့်  ISO ၊ Nois နှင့် Sensorတို့၏ ဆက်သွယ်နေမှု “ ဆိုင်ရာ မှတ်စုတွင် တွင်လည်း ဖေါ်ပြထားပြီး ဖြစ်ပါသည်။ သို့ ရာတွင်  Sensor သည် ရှေ့တွင်ရေးသားမည့် Noise နှင့် ဆက် နွယ် နေသည့်အတွက် အချုပ် ထပ်မံ ဖေါ်ပြပါမည်။
 
ကင်မရာ၏ Exposure ဖွင့် ထားသည့် အချိန် အတွင်း အလင်း (Photon)  သည် Sensor ပေါ်ရှိ Photosite ပေါ် သို့ကျလာသည်။ Photosite ပေါ်ရှိ Light  Sensitivity ဖြစ်သော Photodiode နှင့် ဓါတ်ပြုသည်။ ထို့ နောက် Photoelectric Effect ကြောင့်  Photosite ပေါ်တွင် Electric Charge ပေါ်လာသည်။ Exposure ဖွင့်ထားသမျှ အချိန် ကာလအတွင်း Photosite တိုင်းသည် အဆိုပါ Electric Charge များကို ဖတ်သည် ယင်းနောက် Amplified လုပ်သည် ပြီးလျှင် Digitized လုပ်သည်  ယင်းနောက်တွင် Storage Medium တွင် သိမ်းထားလိုက်သည်။ ဤသည်မှာ Light အဆင့် မှ Digital ဖြစ်လာသည့် ဖြစ်စဉ်ကို ရိုးရှင်းစွာ အကျဉ်း ဖေါ်ပြ ခြင်း ဖြစ်ပါသည်။
 
 
ပြဿနာ တစ်ခု မှာ အဆိုပါ ဖြစ်စဉ် အတွင်း Sensor ပေါ်သို့ အလင်း ရောင်ကျ ရောက်ရာတွင် Electric Charge များက အပူ စွမ်း အင် ကို ထုတ်လွှတ်သည်သာမ က Sensor ပေါ်သို့ Cosmic Ray နှင့် Radioactivity များ ကျရောက်ခြင်း၊ အနီး အနား Photosite မှ လျှံ ကျလာသည့် Electricity Leakage များကြောင့် မလိုလား အပ်သည့် လျှပ်စစ် လှိုင်း “ Unwanted Signal “   Noise များပေါ် လာရသည်။
 
 
Electric Charge များက အပူ စွမ်းအင်ကို ထုတ် လိုက်ရာတွင် Sensor ရှိ Electron မျာသည် တည်ဆဲ နေရာများမှ လွတ်ထွက် လာသည်။ ဤ ဖြစ်စဉ် သည် “ True “ Photoelectron များကို ညစ်နွမ်းစေသည်။ အဆိုပါ Thermal Electron များသည် Tharmal or Dark Noise ဟုခေါ်သည့် Noise များကို ဖြစ်ပေါ်စေသည်။ ဤ ကဲ့ သို့ Noise မျိုးမှာ DSLR ကင်မရာများတွင် ဖြစ်ပွားမှု ပိုများသည်။ နွေ ရာသီတွင် ရိုက်သည့် ပုံ များမှာ ဆောင်းရာသီ ရိုက်အတွင်း ရိုက်သည့် ပုံများ ထက် Noise ပိုများလေ့ ရှိသည်။
 
ထို့ အပြင် Analogue မှ Digital သို့ ပြောင်းသည့် ဖြစ်စဉ်တွင် Electric Charge များကို Amplify လုပ်ခြင်း ၊ A/D Converter ဖြင့် ပြောင်းခြင်း များတွင် လည်း Noise ပေါ်လာပြန်သည်။
 
၎င်းအပြင် Photon သည် Sensor ပေါ်ရှိ Photosite  အားလုံး ကို ထိမှန်အောင် ရိုက်ခတ်သည်မဟုတ်ဘဲ အချို့ သော Photosite များကို လွတ်သွားသည်များ လည်း ရှိသည်။ မဆိုပါ နေရာ များသည်လည်း Noise ပေါ်လာပြန်သည်။
 
အခြား နည်းတစ်ရပ်မှာ Exposure ဖွင့်ထားသည့် အချိန်အတွင်း Lens မှ ၀င်လာသည့် Photon များက  Sensor ကို ထိတွေ့ရာမှ ပေါ် ထွက်လာသည့် Generated Electrons များကို ကျင်း ( Potential Well ) များအတွင်း ဖြည့်ထည့် ပေးသည့် အချိန် တွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်ဖြစ်သည်။  အဆိုပါ ကျင်း သည် Electron မည်ရွေ့မည်မျှ ဆန့်အောင်ဖြည့်နိုင်သည် ဆိုသည်ကို Full-Well Capacity ဟု ခေါ်သည်။ Generated Electrons များသည် Exposure ဖွင့် ထားသည့် အချိန်အတွင်း ကျင်း များ အတွင်း ပြည့်သွားပါက ဘေးသို့ လျှံကျကာ အနီးရှိ အခြားသော ကျင်းများ အတွင်းသို့ ၀င်ကုန် တော့သည်။
 
ယင်းကို Blooming ဖြစ်သည်ဟုဆိုသည်။ ယင်းကို ဒေါင်လိုက်အချွန် ကလေးများ နှင့် တောက်ပသော ကျယ် ပုံ ကလေးများ အဖြစ် တွေ့ရမည် ဖြစ်သည်။ ကင်မရာ များတွင် အဆိုပါ ဖြစ်ရပ် ကို တားဆီး ရန်Anti-Blooming များ တပ်ဆင်ထားလေ့ ရှိကြ သည်။ ထိရောက် မှု ရှိသည် ကိုလည်း တွေ့ ရသည်။
 
 
အထက်ပါအကြောင်း များ အားလုံးသည် Noise  တစ်နည်း မဟုတ် တစ်နည်း ဖြင့် Noise ပေါ်လာရသည့် အကြောင်း များဖြစ်ကြပါသည်။


 
 
ISO မြင့်လာလျှင် Noise လည်း မြင့်လာသည်။

 
အထက်ပါ ဖေါ်ပြချက်များ အရ ဆိုပါက Noise ဖြစ်ပေါ် မှု မှာ ပုံ မှန် ( Constant) သဘော ဆောင်နေသည်။ ဤသို့ ဆိုပါက ISO တင်လိုက် လျှင် မည်သည့် အတွက် Noise ပို ထ လာရသနည်း ဆိုသည့် အမေး ပေါ်လာပါသည်။ အလင်းကို ဖမ်းရာတွင် Sensitivity ကိုပြောင်းလိုလျှင် မည်ကဲ့သို့ လုပ်ကြမည်နည်း။ ကြိမ်းသေ သည်က Sensor ကို ပြောင်း၍မရ။ ကင်မရာ ထုတ်လုပ်စဉ်က ပင် ပုံသေ လုပ်ထား သည့် အရာ ဖြစ်သည်။  Secsor အရွယ်အစား နှင့် အမျိုး အစားပြောင်း မှ သာ လျှင် Light Sensitivity ကို ပြောင်းနိုင်မည် ဖြစ်သည်။ ဤကဲ့ သို့ အနေအထားတွင် ကင်မရာ တစ်ခု ရှိ Sensor တစ်ခု၏ Light sensitivity ပြောင်းရန်မှာ ISO ပြောင်း ရန်သာ ရှိသည်။
ISO ပြောင်းခြင်း ဖြင့် အချက် နှစ်ချက်  ဖြစ်ပေါ် လာသည်။
၁။   ISO ပြောင်း ပေးခြင်းဖြင့် Exposure  Metering ကို လည်း ပြောင်း ပေးလိုက် သည်။ ISO တင်လိုက်ခြင်း၊ ဥပမာ - ISO နံပါတ် ကို မြှင့် ပေးလိုက် ခြင်းဖြင့် Sensor အလင်းဖမ်းရန် ဖွင့်ထားရသည့်  (Exposure Time ) အချိန် ကိုလျှော့ ပေးလိုက် သည်။
၂။   ယင်း အချက် က  Sensor နှင့် Analog to Digital ( A/D ) Converter အကြား ရှိ Light Signal Amplifier ကို ရှိနေသည့် အနေအထားမှ ပို၍ ကျဉ်းသည့် Exposure သို့ အလျှော်အစားအတိုးအဆုတ် ( Compansate ) လုပ်စေလိုက်ခြင်းဖြစ်သည်။
 
 
 
ISO အမျိုးမျိုး တွင် တွေ့ ရသည့် ပုံ အမျိုးမျိုး။
 
 
 
Sensor အတွင်း၌ Electrical Charge များကို Amplified လုပ်ရာ တွင် Amplifier သည် Phptosites ကို Light က ထိတွေ့ သည်နှင့် အခြားသော အရာ များ ထိတွေ့ သည်ကို ခွဲခြား နိုင်ခြင်း မရှိ။ သို့ နှင့် Sensor အား ထိတွေ့ ရိုက်ခတ်လာသည့် အရာအား လုံးကို ခွဲခြားခြင်း မရှိဘဲ Amplified လုပ်လိုက်သည်။ သို့ နှင့် လိုအပ် သည့် Photon Signal များ ကြီးလာသကဲ့သို့  အကြမ်းဖျဉ်းအားဖြင့် Constant သဘော လိုရှိနေသော မလိုလား အပ်သည့် Signal ( Noise ) များလည်း ကြီးလာ သည်။

 
အောက် ဖေါ်ပြပါ ပုံသည် Unwanted Signal များအား Amplified လုပ်လိုက်ခြင်း ကြောင့် ကြီးလာသည့် ပုံ ကို ပြထားခြင်း ဖြစ်သည်။
 

 
အထက်ပါ ပုံ တွင် Photosite ထဲရှိ  လိုအပ်သည့်  Light  (Photon)  Signal ( Green ) နှင့် မလိုလားအပ်သည့် Signal(Red) Noise များကို ဥပမာ ပြထားခြင်းသာ ဖြစ်ပါသည်။ အလယ်ပုံ တွင် လိုအပ်သည့် Photon Signal ( Green ) သည် ဘယ်အစွန်ပုံ ထက်လျှော့ သွားရခြင်းမှာ ISO မြင့် သွားကြောင့် Exposure လျှော့ သွားကာ Photon Signal ( Green ) အ၀င်သည်လည်း နည်း သွားခြင်း ကြောင့် ဖြစ်သည်။  Noise ပမာဏ မှာ မူ ဘယ် အစွန်ပုံ ၏ ပမာဏ အတိုင်းသာ ရှိနေသည်။ သို့ ရာတွင် Amplified လုပ်ရာတွင်Noise ပမဏ ပါ ကြီး သွားသည်ကို တွေ့ နိုင်ပါသည်။
 
Sensor အသေးများတွင် Noise ပို၍ များသည်။

 
Sensor သေးသည့် အရွယ်အစားများ၏ Photosite သည်လည်း သေးသည်။   Light Sensitivity လည်း နည်းသည်။ ထို့ကြောင့် ထိတွေ့ တုန့်ပြန် သည့် Signal လည်း နည်းသည့် အတွက် လိုအပ် သည့် ပုံမှန် ISO အနေအထား ရောက် အောင်  Amplify လုပ်ရာတွင် Sensor ကြီးသော ကင်မရာများ ထက် ပို၍ လုပ်ရသည်။ အထက်ပါပုံ တွင် နမူနာ ပြထားသည့် အတိုင်း Higher Amplify သည် Noise ကို ပို၍ ဖြစ်ပေါ် လာစေသည်။ Noise ဖြစ်ပေါ်သည်မှာ အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်ပေါ် စေကာမူ အဓိက အားဖြင့် Amplifier နှင့် A/D Converter တို့ ၏ functions များကြောင့် ဖြစ်သည်။ ထို့ ကြောင့် Noise သည် Sensor တစ်ခုတွင် Constant ကိန်းသေ တစ်ခု သဖွယ် ဖြစ်သည် ဟု ဆို ခဲ့ ခြင်း ဖြစ်ပါသည်။
 
Exposure အချိန် ပိုကြာ လေ Noise ပိုများလေ ဖြစ်သည်။

 
Exposure ပိုကြာသည့် ပုံနှင့် Exposure မြန်သည့် ပုံ နှစ်ပုံသည် ISO တူနေ စေကာမူ Exposure ပိုကြာသည့် ပုံ သည် မြန် သည့် ပုံ ထက် Noise ပိုထ သည်ကို တွေ့ နှိင်သည်။ ဤသည်မှာ လည်း အမျိုးမျိုးသော Signal နှင့် Noise များ ကြောင့် ဖြစ်သည်။ Sensor ကို ထိရိုက် သည့် Light သည် မည် မျှ ကြာမြင့်စွာ ထိစေကာမူ Noise သည် Exposure Time နှင့် တိုက်ရိုက် ပတ်သက်မှု မရှိ။ သို့ ရာတွင် အလင်းဖွင့် ထားသည် နှင့်အမျှ ဖြစ်ပေါ်လာသည့် အပူ နှင့် ပြင်ပမှ မလိုလား အပ်သည့် Signal များ ကြောင့် လည်း Noise ပေါ်လာသည်။ Exposure တစ်စက္ကန့် ဖွင့်ထားသည့် ပုံ နှင့် နှစ် စက္ကန့်  ဖွင့်ထားသည့် ပုံ နှစ်ပုံ ကို ယှဉ်ကြည့် လျှင် နှစ်စက္ကန့် ဖွင့် ထားသည့် ပုံ ၏ Noise သည် တစ်စက္ကန့်  ပုံထက် နှစ်ဆ ပိုနေမည် ကို တွေ့နိုင်သည်။ အကြောင်း မှာ Exposure ဖွင့် ထားသည့် အချိန် အတွင်း ထွက်  ပေါ်လာသည့် အပူ နှင့် မလိုလားအပ် သည့် Signal များကြောင့် ဖြစ်သည်။
 
Noise ကို ဘယ်လို ရှောင်လွှဲ မလဲ။

 
Noise ကို တတ်နိုင်သမျှ လျှော့ စေရန် High Native Sensitivity ဟုခေါ်ကြသည့် Sensor ကြီးသော DSLR ကင်မရာများကို သုံးသင့်သည်။ အဆိုပါ Sensor များ၏ Amplification မှာ နည်းသည်။
ကင်မရာတွင် Noise Reduction ရှိလျှင် သုံးပါ။ အဆိုပါ စနစ်တွင် ကင်မရာသည် ပထမ တွင် ကနဦး ရည်ရွယ်ထားသည့် Exposure ကို ယူမည်။ ယင်းနောက် အဆိုပါ Exposure Length အတိုင်း Shutter ကိုပိတ်ကာ ယူမည်။ ဒုတိယ ပုံမှာ Current Sensor ၏ Current Temperature ၌  ရှိနေသည့် Noise သာ ရှိနေပေမည်။   ဒုတိယ ပုံ၏ Data များမှာ ပထမ ပုံ၏ Data များကို ထုတ်နှုတ်ယူထားသည့် Data များသာ ဖြစ်သည်။ ထို့ကြောင့် Noise  များစွာ လျှော့ သွားသည်။ ဤ ကဲ့သို့ Noise Reduction နည်းစနစ်ကို  Dark Frame Subtraction ဟုခေါ်ကြသည်။ ကင်မရာ အများစု တွင် Long Exposure အတွက် ထည့် သွင်းထားသည့် Noise Reduction နည်းစနစ် တစ်ခု ဖြစ်သည်။


သာမန် အားဖြင့် Noise ကို သတိထား ရှောင်ရှားရမည့် အချက်များမှာ-
-      တစ်နေရာထဲတွင် ဆက်တိုက် Noise များထနေပါက Lens သိုမဟုတ်  Sensor ပေါ်တွင် အမှုန်အမွှား များတင်နေ နိုင်သည်။ စစ်ဆေးကြည့်ပါ။ သန့် ရှင်းရန်လိုပါက သန့် ရှင်းရေး လုပ်ပါ။
-      Digital Zoom ကို သုံးလျှင် Noise ထတတ်သည်။ Zoom ကိုလည်း တတ်နိုင် အမျှ အဆုံး မသုံးသင့်ပါ။
-      ပုံကို High Compression Setting မဟုတ်သည့် စနစ် ဖြင့် Save လုပ်ခြင်းဖြင့် Noise ပေါ် နိုင်သည်။
 
အဆိုပါ နည်း ဖြင့် စိတ်တိုင်းကျ မရ ပါ က Software များသုံးကာ Noise ကိုလျှော့ ချရပါမည်။ မည် သို့ သော ဓါတ်ပုံ သမား မှ ထိုထက် ပို၍ ဆောင်ရွက် နိုင်ခြေ မရှိတော့ပါ။


Noise  ရှိနေသည့် ပုံများ ။


 
 

 


 




 
 
 

 
Noise  ရှိနေသည့် ပုံများ နှင့် Noise လျှော့ချ ထားသည့် ပုံ များ ယှဉ်တွဲ ပြထားခြင်း။

 
 


 


 
 
 
 
Theory သဘောအရ မူ Sensor ထုတ်လုပ်သူများ အနေနှင့် အနည်း အကျဉ်း ဆောင်ရွက် နိုင်ခြေ ရှိပါသည်။ ယင်း မှာ Sensor ၏ အပူချိန်ကို လျှော့ချ ခြင်း ဖြင့် Thermal Noise ကိုလျှော့ချခြင်း ဖြစ်သည်။ သို့ ရာတွင် ဤ နည်းမှာ ကင်မရာများ တွင် သုံး ၍ မဖြစ်နိုင်ဘဲ Telescopes များတွင်တပ်ဆင် ထားသည့် Sensor များတွင် သာ သုံးနိုင်သည်။ သို့ ရာတွင် ကင်မရာ ထုတ်လုပ်သူများအနေနှင့် Sensor ၏အပူ ရှိန် မြင့် တက်လာခြင်းကို တတ်နိုင်သမျှ ထိန်း သည့် နည်း စနစ် ကိုတိုးတက် ထုတ်လုပ် လာခြင်း ဖြင့်  ဖြင့် Thermal Noise လျှော့ ချ နိုင် ပေမည်။
အခြားတစ်နည်း မှာ Sensor ၏ Native Sensitivity ကို ကြီးလာစေခြင်း ဖြစ်သည်။ သို့ နှင့် Photosite  သည်လည်း ကြီးလာမည် ဖြစ်ပြီး၊ တစ်နည်းအားဖြင့် Quantum  Efficiency ကို မြှင့် လိုက်ခြင်း လည်း ဖြစ်သည်။ သို့ ရာတွင် လက်ရှိ သုံးနေသည့် Quantum  Efficiency သည် ၇၀% အထိ မြင့်နေပြီ ဖြစ်ရာ ၁၀၀% အထိ မြှင့် ရန် မလွယ်လှခြေ။ ထိုတက် မြင့် လာပါက Photosite သည် ကြီး မလာဘဲ ကြုံ့ သွားရန် သာ ရှိတော့သည်။
 
 

နိဂုံး။

 

အထက် ပါ အကြာင်း အရာ များ မှာ ဆောင်းပါးပေါင်းစုံ မှ Noise ဆိုင်ရာ အကြောင်း များကို နည်းနည်း ခြင်းစီ ကောက်နှုတ် ကာ ဘာသာပြန် ထားခြင်း ဖြစ်ပါသည်။ Electronic Physic ပညာရှင် တစ်ဦး အဖြစ် ပြုစု ထားခြင်း မဟုတ်ပါ သဖြင့် Noise ဆိုင်ရာ ကျွမ်း ကျင်သည့် ပညာရှင် များ အနေဖြင့် လို တိုး ပို လျှော့  သဘော မျိုး ဖြင့် ဖတ်ရှု ပေးကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။
 
 

 
---------------------------------------



Saturday, 15 December 2012

Bird Photography


(29)  Bird Photography                                 ဓါတ်ပုံပညာ ဆိုင်ရာ မှတ်စုများ (၂၉)

 

 

 ငှက်  မုဆိုး

Bird Photography

 

By Soe Hlaing

 





ငှက်ကို ကင်မရာဖြင့်ပစ်သည့် မုဆိုးများ အကြောင်း ဖြစ်ပါသည်။ ဓါတ်ပုံ ရိုက်ရာတွင် ရိုက်ကွင်းကို စိတ်ကြိုက်ဆင်ကာ ရိုက်ကူးနိုင်သည့် ပုံစံမျိုး ရှိသကဲ့သို့ အခြေအနေ ကို မိမိက အတော် အသင့် မျှသာ ဖန် တည်းနိုင်ပြီး ပေး လာသည့် အခြေအနေ ပေါ် မှာသာ အများဆုံး မှီတည် ရိုက်ကူး ရသည့် ပုံစံ မျိုးလည်း ရှိပါသည်။ အဆိုပါ ဒုတိယ အမျိုး အစားမှာ ခက်ရာ ခက်ဆစ် စိတ်ရှည် လက်ရှည် ရိုက် ကူးရသည့် တောတွင်း တိရိစ္ဆာန် များ ရိုက်ကူးခြင်း ( Wild Life Photography ) ပင် ဖြစ်ပါသည်။


တောတွင်း တိရိစ္ဆာန် များ ရိုက်ကူးခြင်း ( Wild Life Photography )  ဟု ဆိုလျှင် တောတွင်းရှိ သား ရဲ တိရိစ္ဆာန် များပါ ပါလာကာ များစွာ ကျယ်ဝန်း ပြီး အလွန်လည်း ခက်ခဲ သည့် ရိုက်နည်း ဖြစ်ပါသည်။ တောတွင်း တိရိစ္ဆာန် များ ရိုက်ကူးခြင်း ( Wild Life Photography )  မဆိုထားနှင့် လူ နှင့် အနေနီးသည့် ငှက်များကို သဘာဝ အတိုင်း ရိုက်ကူး ရသည်ပင်လျှင် အတော် ခက်ခဲ ကြောင်း ဖေါ်ပြလို ပါသည်။

 

ကျွန်တော် တောင်ဖတ် မြောက် ဖတ် လိုက် ဖတ်နေသည့် အထဲ တွင် -

  သေသေ ခြာခြာ လေ့လာ ပြင် ဆင်ခြင်း မရှိဘဲ သဘာဝ ငှက်ပုံ ကောင်း လေးများ လည်း ရတတ်ကြောင်း၊ သို့ သော်  ကံ ကောင်း ထောက်မ၍ ရခြင်း သာ ဖြစ်ကြောင်း။ အမှန် တကယ် လေ့လာ ပြင်ဆင် ပြီး ရိုက်ကူး သူ များကဲ့ သို့ ပုံ ကောင်းများ အမြဲ တစေ မရ နိုင် “ 
ဟူ၍ ဖြစ်ပါသည်။ ဖတ်မိကာစက အမှု မဲ့ အမှတ်မဲ့ သာ နေခဲ့ မိပါသည်။
 
Olive Back Sun Bird.
 
ကျွန်တော် Olive Back Sun Bird သေးသေး လေး ၏ ပုံ ကောင်း လေး အချို့ ကို ကံ အားလျှော် စွာ ရခဲ့ ဘူးပါသည်။ အကောင် အလွန်သေး၍ မြန်လည်း အလွန်မြန်ပါသည်။  ၀င်း အတွင်းရှိ ပန်းများကို ရိုက်နေစဉ် အဆိုပါ Sun Bird အုပ်စု တစ်စု ၀င်လာကာ ပန်းပင်များ အတွင်း ပျံသန်းနေကြ သည်။ ၄င်းတို့ ထဲ မှ တစ်ကောင်သည် အလင်းရောင် ကောင်းစွာ ကျနေသည့် ကင်မရာရှေ့ က ပန်းပင် ပေါ် လာနားရာ ဘာမျှ များမျာားစားစား မကြိုးစားလိုက်ရဘဲ ပုံကောင်း ရလိုက်ပါသည်။ နောင်တစ်ကြိမ်များ ပြန်လာ  နိုး နှင့် စောင့် သော်လည်း နှစ်ပေါက် သည့်တိုင် မလာတော့ပေ။ ထိုစဉ် မှသာ အတွေ့ အကြုံ များသည့် ပညာ ရှင်များ ရေးသား ထားသည်မှာ မှန်လိုက်လေ ဟု ဆိုမိပါသည်။
 
Collared King Fisher
 
အထက်ပါ Collared King Fisher ပုံမှာ လည်း ရေကူးကန် အနီးရှိ မိုးကာ တဲ၏ အမိုး အစွန်းတွင် လာနေစဉ် ကင်မရာ ရှိနေခိုက် နှင့် လည်း ကြုံ နေ၍ ရိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နောင် လည်း ထပ်၍ မတွေ့ တော့ပါ။
 
ဤ ရိုက်နည်းစနစ် ဖြစ်သည့် Bird Photography ကို နားလည် ကျွမ်းကျင် သူများ အနေ နှင့်မူ အဆိုပါ ငှက်များ၏ သဘာဝ အရ သွားလာ နေထိုင် စားသောက် တတ်သည့် နေရာ အချိန် တို့ တွင် စနစ် တစ်ကျ စောင့်ကာ ရိုက်သည် ကို ဥယာဉ်များ အတွင်း တွေ့ ဘူးပါသည်။ အဆိုပါ ပုဂ္ဂိုလ် များ အနေ နှင့် မူ ပုံ ကောင်းပေါင်း များစွာ ရ နိုင်မည် မှာ သေခြာ ပါသည်။
 
ငှက် သွားခြောင်းခြင်း။
ငှက် သွားခြောင်း သည်ဟု သာ ဆိုရ သည် စင်စစ်မှာ Filter စမ်း ရန်သွား ခြင်း သာ ဖြစ်ပါသည်။ မတော် တဆ ကံကောင်း သောကြောင့် လင်းယုန် ငှက် နှင့် ကြုံ ခြင်း ဖြစ်ပါသည်။ တစ်နေ့ တွင် ကျွန်တော် အိမ် အနီးရှိ Little Guilin Lake ဘက်သို့ လေလော လတ်လတ် မှာ ထားရာမှ ရောက်လာသည့် CPL Filter တစ်ခု စမ်း ရိုက်ရာထွက် ခဲ့ပါသည်။ အဆိုပါ ရေကန် သည် ကျောက်တောင်များ ဘေးတွင် ရှိပြီး သစ်ပင်များ  တော တောင် ကောင်း ကင် ရေပြင် နှင့် အတော် လှ သည့် နေရာ ဖြစ်ပါသည်။
Little Guilin Lake
 

ထိုစဉ် ဓါတ်ပုံ သမား ငါး ဦး ခြောက်ဦးခန့် ကင်မရာ အိပ်များ Tripod ကြီး များ ထမ်း ကာ ပြန်သွား သည် ကိုတွေ့ လိုက်ပါသည်။ ဤနေရာသည် မကြာ ခန ရုပ်ရှင် ရုပ်သေ ဓါတ်ပုံ ရိုက်သူ များတွေ လာလေ့ ရှိသဖြင့် သာမန်ကိစ္စအဖြစ်သာ ခပ်ပေါ့ပေါ့ သဘော ထားလိုက် ပါသည်။
 
ငှက် လာခြောင်း သည့် ဓါတ်ပုံ ဆရာ ။
 
ထိုစဉ် ကင်မရာ အိတ် ကြီး ကြီး နှင့် လူ တစ်ဦး ရောက်လာကာ…
“ ဒီကို လင်းယုန်  (Eagle ) လာရိုက်တဲ့ ဓါတ်ပုံ သမားတွေ တွေ့ လိုက် သလားဗျာ “   လို့  ကျွန်တော့် ကို မေးပါသည်။
“ ဓါတ်ပုံ သမားတွေ ပြန်သွား တာတော့ တွေ့ လိုက်တယ် ဗျ ။ ဘာ လာရိုက် တာလည်း တော့ မသိဘူး။ “
“ Eagle လာရိုက်တဲ့ ကျွန်တော်တို့  အဖွဲ့တွေပါ။ ကျွန် တော် က နောက် ကျနေ လို့ပါ။ “
“ ကျွန်တော် ဒီနားမှာ နေတာဘဲ။ ဒီကိုလည်း နေ့တိုင်း လောက် နီးပါး ရောက်နေ တာဘဲ။ Eagle တစ်ခါ မှ မမြင် ပါဘူး ဗျာ။ 
  ဒီနေရာ က Eagle လာပြီး ငါး ဖမ်းတဲ့နေရာ ဗျ။ ဟို ကျောက် တောက် ထိပ်က သစ် ခြောက် ပင် ကို လာ နားတတ် တယ်။ အဲ ဒီက နေ ရေကန် ထဲ က ငါး ကို ဆင်း ဖမ်း လေ့ ရှိတယ်။”
သူ ပြသည့် နေရာသည် ကျွန်တော် တို့ စကားပြော သည့် နေရာ မှ အနည်း ဆုံး ကိုက် တစ်ထောင် ထက်မနည်း ဝေးသည့် တောင် ထိပ် ပေါ် ကျောက် အငူ အစွန်း ပေါ်ရှိ သစ် ခြောက် ပင် ဖြစ်သည်။
ထို အချိန်ကျ မှ ပင် လွန်ခဲ့သော နှစ်လ ခန့် က ဧရာမ ကင်မရာ အိတ်ကြီးများ နှင့် ဓါတ်ပုံ ဆရာနှစ်ဦး၊ တစ်ဦးက Teleconver များ တပ်ထားသည့် Nikon 600mm , f-4 Lens ကျန်တစ်ဦးက Canon 400mm, f-2.8  Lens စသည့် ဧရာမ Lens ကြီးများအား  ဧရာမ Tripod ကြီးများတွင် တပ် ကာ ငှက် လာ ခြောင်း ကြသည်ကို ပြန် သတိပြုမိ တော့သည်။ ထိုစဉ် ကိုယ်ကလည်းဓါတ်ပုံ ၀ါ သနာ ပါသဖြင့် ၀င်စပ် စုရာမှ သူတို့ ငှက်လာ ခြောင်း သည်ကို သိလိုက်ရပြီး ၄င်းတို့ ရိုက် ထား သော လက်ဖျားခါ ရလောက်အောင် ကောင်းလှသည့် Eagle ပုံ များကို ၄င်းတို့ ပါလာသည့် Tablet ဖြင့် ကြည့် ခွင့်ရခဲ့ပါသည်။
 
Eagle နားလေ့ ရှိသည်ဆိုသော ကျောက် တောင် ထိပ်။ ပုံတွင် ကျောက်တောင် ထိပ်ရှိ သစ်ခြောက် ပင်ကို အစက် အလေးမျှသာ မြင်နိုင်ပါသည်။
 
တိုက်တိုက် ဆိုင်ဆိုင် သူပြောသည့် အချိန် မှာပင် လင်းယုန် ငှက် တစ်ကောင် ပျံ လာပါပြီး သူပြောသည့် အပင် ခြောက် မှာ ပင် လာ၍နား ပါသည်။ သတိ မမူ ဂူ မမြင် ဆိုသကဲ့ သို့ ပင်။  ကျွန်တော် သည်နေရာကို အကြိမ် ပေါင်း မရေ မတွင် နိုင်အောင် ရောက်သော် လည်း လင်းယုန် ငှက် ကို ယခင်က တစ်ကြိမ် မျှ မမြင်ဘူးခဲ့ပါ။
ဤ အချက်သည်  Bird Photography အတွက် အသေအခြာ စနစ်တကျ လေ့လာ ထားသူ နှင့် လေ့ လာ မထားသူ တို့  ၏ အဓိက ကွာ ခြားချက် ဖြစ်ပါသည်။
ကျွန်တော်က 18-200mm Lens ပါသွားသဖြင့် 200mm အပြည့် ဖြင့် ရိုက်လိုက် ပါသည်။ ကွန်တော် Bird Photography  နားလည် ပုံ မပေါ်သည် ကို သူက ရိပ်စားမိသည်။
“ ခင်ဗျား ဒီလို ရိုက် လို့ သေးသေးလေး ဘဲ ရမှာ ပေါ့။ “
“ ဒါဖြင့် ဘယ်လို ရိုက် ရမှာ လဲ ဗျ။ “
“ လင်းယုန်ဆိုတာ မျက်စေ့ အလွန်လျှင်တယ်။ အဲဒီ အမြင့် ကြီးပေါ်က နေ အောက်ရေကန် ထဲ က ငါး ကိုမြင်ရတယ်။ သူ ငါးတွေ့ တာ နဲ့  တဟုန်ထိုး ဆင်း လာလိမ့် မယ်။ အဲ ဒီ လို အရှိန် နဲ့ ဆင်းတဲ့ ပုံ နဲ့  ငါး ကိုသုတ် တဲ့ အချိန် ရယ် ပြန် တက်တဲ့ အချိန်ရယ်ကို အမိ ရိုက်ရမှာ။ “
Eagle နားနေရာ မှ ပျံတက်ရန် တာစူနေစဉ်။

 
  အရှိန် အဟုန် နှင့် ပျံ အဆင်း။


ငါးကို သုတ်ပြီး ပြန်အတက်။


အထက်ပါ ပုံများမှာ ဖေါ်ပြခဲ့သည့် ကြီးသုံးကြီး - Camera Bag ကြီးကြီး ၊ Lens ကြီးကြီး၊ Tripod ကြီးကြီး - နှင့် ဆရာ များပြခဲ့သောပုံ များ နှင့် အနီးစပ်ဆုံး နမူနာ များ ဖြစ်ပါသည်။
 
၎င်းပြောသော အသက်ဝင်သည့် ပုံများ မရ စေကာမူ မှတ်တမ်း လောက် ရရ ဆိုကာ လင်းယုန်ကို 200mm ဖြင့် ရိုက် ရာတွင် Subject က ဝေးလွန်းသည့်အတွက် သူ ပြော သည့် အတိုင်းပင် ပုံသေးသး လေးပင် ထင်သည်။ သို့ နှင့် သွားလေရာ အစဉ် ဆောင်သွား လေ့ ရှိသည့် 80-400mm နှင့် ထပ် ရိုက်ပြန် သည်။ 400mm ဆိုစေကာမူ Nikon DX ( APS-C ) တွင် တပ် ကာ ရိုက်သဖြင့် Crop-Factor အရ 600mm လောက် ဖြစ်နေသည်။ စိတ်ထဲ တွင် ပုံ အတော် ကြီးကြီး ရလိမ့်မည်ဟု ထင်သော် လည်း ထင် သလောက် ပုံ ကြီးကြီးမရပါ။
 
သစ်ချောက် ပင်တွင် နား နေသည့် Eagle ကို 200mm ဖြင့် ရိုက်ထားသည့် ပုံ။
 
သစ်ချောက် ပင်တွင် နား နေသည့် Eagle ကို 400mm ဖြင့် ရိုက်ထားသည့် ပုံ။
 

ဤနေရာတွင် Bird Photography နှင့် ပတ်သက်၍ “ တတ်စွမ်းသမျှ အနား ကပ် နိုင်အောင် ကြိုးစားပါ။ Fram ပြည့်အောင် ကြိုးစား ရိုက်ပါ  “ ဆိုသည့် ဖတ်မှတ် လေ့ လာထားချက်  က  ခေါင်းထဲ တွင် ပေါ်လာသည်။
 
အထက် တွင် ရေးထားသည့် "  အနား သို့  ကပ်နိုင်သမျှ ကပ် ပါ "  ဆိုသည်မှာ နား  နေသည့် ငှက် အနား သို့  ရ နိုင်သမျှ ကပ် ရန် ကြိုး စားပါဟု ဆိုလိုပါသည်။
 
လက်တွေ့  တွင် မူ တောတွင်း သတ္တ၀ါ အရိုင်း မဆိုထား နှင့် လိပ်ပြာ ကဲ့ သို့  အကောင် အနား သို့ ပင် အနား ကပ် ရိုက် ရန်မလွယ်လှ။ Wild Life ကို အုပ်စု နှင့် ရိုက်လျှင် မိမိ က ထင်သလို Subject အနား သို့  ကပ်ရန် ကြိုးစား ခြင်း ကို အခြားသူ များက လုံးဝ မကြိုက်။ အကြောင်း မှာ အဆိုပါ သတ္တ၀ါ သည် လူ ၏ခြေသံ ကြား ခြင်း၊ အနံ့ ရခြင်း၊ လူကို မြင်ခြင်း တို့ ကြောင့် ထွက်ပြေး သွားလျှင် အခွင့် အရေး လက်လွတ် သွားမည် စိုး၍ ဖြစ်သည်။
 
 
 
 
ထိုအချိန်တွင် အဆို ပါ ပုဂ္ဂိုလ် အား ၄င်း၏ ရိုက်ပုံ ရိုက်နည်း ကိုမေးရာ -
“ ကျွန်တော်လည်း ၀ါသနာ ရှင်ပါဗျာ။ ကျွန်တော် ကတော့ အလွန်မြန် တဲ့ Action ဖြစ်လို့ Shutter Priority ထားပါတယ်။ 1/2000 Secs လောက်ထားပါတယ်။ ကျွန်တော်တို့ ကင်မရာ နဲ့ Lens က သိတ်မလိုက် နိုင်လို့  ISO ကို 400 အထက် လောက်တင် လိုက်ရပါတယ်။ Continuous Focusing နဲ့ Frame များများ ရိုက်ပါတယ် ။ ကျွန်တော် တို့ ကင်မရာက တစ်စက္ကန့် ကို 11-Frame ရိုက်ပါတယ်။  Bird Photography က ငါးမျှား သလိုဘဲ ဗျ ။ အဲဒီလို ဘယ် အချိန် ဆင်းလာမလဲ ဆိုပြီး ရင်တမမ နဲ့ စောင့်ရတာနဲ့ သူ့ ရဲ့  Graceful Action ကို ရိုက်ရတာကိုက အလွန်ပျော် စရာ ကောင်းတယ် ဗျ။ “
ထိုအချိန်အထိ ကိုရွှေ လင်းယုန်က နားနေသည့် သစ် ကိုင်းပေါ်မှ တုတ်တုတ် မှ မလှုပ်။
“ လင်းယုန် ဘယ်တော့ လောက် ဆင်း လာ တတ် သလဲ ဗျ။ “  ကျွန် တော့ ရဲ့ အမေး။
  ဒါကတော့ ကျွန်တော် လည်း မပြော တတ် ဘူး။ တစ်ခါ ကတော့ ကျွန်တော် အတော် ကံကောင်း တယ်ဗျ။ စောင့်နေတာ နာရီ ၀က်လောက်မှာ တင် လင်းယုန် ကဆင်းလာတယ်။ တစ်ခါ တစ်ရန် မှာ တော့ နှစ်နာရီလောက် စောင့် တာတောင် ဆင်း မလာဘူးဗျ။ “  ဒါက သူ ရဲ့  အဖြေ။
ကျွန်တော် လည်း မစောင့် နိုင် ၍ ပြန်လာခဲ့ ပြီး Bird Photography အကြောင်း ပြန် လှန် လှော ဖတ်ကြည့် မိ ပါလေသည်။
သည်တွင် Bird Photography ရိုက် ရာတွင် အောက်ပါ အဓိက အချက် (၃) ချက် ကိုတွေ့ လိုက် ရပါသည်။
၁။     အစီအစဉ်။ ( Planning )
၂။     ကျွမ်းကျင် မှု။ ( Skill)
၃။     ပစ္စည်းပစ္စယ။ ( Equipment )
 
Planning
မည် သို့သော ငှက် သည် မည် သည့် နေရာသို့ လာတတ်သည်ကို သိထားရန် ကြိုတင် လေ့လာ ထားရပါမည်။ ငှက် အပါအ၀င် တိရိစ္ဆာန် အားလုံးသည် လာမြဲ သွားမြဲ အကျင့်  ရှိပါသည်။ ပုံ မှန် လာ တတ် သွား တတ်သည့် အနေအထားကို သိမှ သာလျှင် ကြိတင် စောင့်ကာ ရိုက်နိုင်ပါသည်။ အထက်ပါ လင်းယုန် ကိုလာ စောင့် သူများသည် လင်းယုန် ငှက် အဆိုပါ နေရာ သို့ မည်သို့ သော အချိန်တွင် လာလေ့ ရှိသည် ကို လေ့လာ ကာ အဆိုပါ အချိန် ကို လာစောင့် ကြခြင်း ဖြစ်သည်။
အထက်ပါ လင်းယုံ ကို စောင့် ရသည်မှာ ကန် နဘေးက ကျောက်ခင်း လမ်း ပေါ် မှ ဖြစ် သဖြင့် ထူးထူးခြားခြား ပြင် ဆင်ရန်မလိုသော် လည်း ရွှံ့ ညွှံ များ ရှိသည့်  Wet Land နှင့် တောကြီးများထဲတွင် ရိုက်ကူးရာတွင်မူ သက်ဆိုင်ရာ နေရာနှင့် လိုက်လျှော ညီထွေ ရှိသည့် အ၀တ်အစား နှင့် ဘိနပ်များလိုပါမည်။ ဖြုတ် ၊ ခြင် စသည် အကောင်များ ကိုက်ခြင်း မှ ကာကွယ်ရန် Spray ၊ စစ်ရောင် မိုးကာစိမ်း၊ ခေါက် ထိုင်ခုံ အသေး  စသည်တို့ လိုပါမည်။
ကင်မရာ နှင့်ပတ်သက် ၍မူ ကင်မရာ ဘက်ထရီ ၊ Fill-in Flash အတွက် Battery အပိုများကိုပါ အားသွင်း ထားရန် လိုပါမည်။  Long Tele photo Lens များလိုပါမည်။
 
၂။     Skill.
ငှက် များ အား 600mm ကဲ့သို့ Long Tele ဖြင့် ဆွဲကာ ရိုက် သကဲ့သို့  ထိုမျှ Focal Length ရှည် ရှည် ဖြင့် မရိုက် နိုင် ပါက အနားသို့ တတ်နိုင် ကပ်ကာ ရိုက် နိုင်ရေး အတွက် ကြိုး စားသင့်ပါသည်။ အခြေအနေ ကြည့် ပြီး ကပ် ရန်ကြိုးစားပါ။ ထင်တိုင်းတော့ ကပ် ၍ မရပါ။ ပုံ ကောင်း ရရန် အတွက် ရိုက် စဉ် ထည်းက Subject အား Frame ထဲတွင် Composition ကို တစ်ခါထည်းချကာ ရိုက်ပါ။ Colour, Texture, Line စသည်တို့ ကို အကောင်းဆုးံ ရအောင် ကြိုးစားပါ။ အလင်းရောင် လုံလောက်စွာ ရ အောင် စောင့် နိုင်သမျှ စောင့်ပါ။
အလင်းရောင်နည်းသောကြောင့် Flash ဖြင့် ဖြည့် ရိုက်ရန် လိုပါက မိမိ ရိုက်လိုသော အဝေး ရှိ ငှက်အထိ အလင်းရောင် ရောက်နိုင်သည့်  Telephoto extender  ကို သုံးပါ။ အချို့ သော ငှက်များသည် အလင်း ထဲသို့ မထွက် ဘဲ ခြုံ အတွင်း ၌ သာ ခိုနေလေ့ ရှိသည့် ငှက်များ လည်း ရှိ ရာ အဆိုပါ ငှက်မျိုးကို ရိုက်မည် ဆိုပါက Flash ဖြင့် သင့်တင့်သည့် အလင်း ဖြည့် ပေး ရန် လိုသည်။
ပုံ ၀ါးမသွား စေရန် အတွက် Shutter speed အမြန် နှုန်းဖြင့် ရိုက်ရမည် ဖြစ်သဖြင့် ISO တင်ရိုက်ရန် ၀န် မလေးပါ နှင့်။ ရိုက်သည့် ကင်မရာ လှုပ် ရှားမှု မရှိ စေရန် ခိုင်ခန့်သည့် Tripod သုံး ရန် လိုပါသည်။ ငှက်က လည်ူ လှုပ် ၊ ကင်မရာ ကလည်း လှုပ် နိုင်သည့် လှုပ် နှစ် လှုပ် အနက် မိမိ ထိန်း ချုပ် နိုင်သည် ကင် မရာ အလှုပ်ကို ငြိမ် အောင် လုပ်ရပါမည်။

အလွန်မြန်သည့် ငှက် ပျံ နေသည်ကို ရိုက် ပါက Focus မိနေစေကာမူ Shutter Speed ကို လုံလောက် သည့် အမြန် သို့  မတင် ထားပါက Motion Blur မျိုး ဖြစ်သွားတတ်သည်။
 
တတ်နိုင် သမျှ Frame အပြည့် ရ အောင် ပုံ ကြီးကြီး ရိုက်ပါ။ အနီး သို့ တတ် နိုင်သမျှ ကပ်၍ ရိုက် နိုင်ရန် ကြိုးစား ရန်လိုပါသည်။
 
နံနက် ခင်း နှင့် ညနေခင်း များတွင်သာ ရိုက်သင့်သည်။ အလင်း ရောင် harsh များသည့် နေခင်းပိုင်းတွင် မရိုက်သင့်ပါ။ တတ်နိုင်သမျှ ပုံ များများရိုက်ပါ။ တစ်ချက် ထည်း နှင့် ပုံကောင်း နိုင်ရန် ခဲယဉ်းသည်။
 
ငှက် ငြိမ်သက်စွာ နားနေသည့် ပုံ ထက် ပုံ စံ အမျိုမျိုးနှင့် လှုပ်ရှားနေသည့် အသက်ဝင် သည့် ပုံများရအောင် ကြိုးစားပါ။ စိတ်ရှည်ရှည် ထားကာ လိုသည့် အနေအထား ရရန် စောင့်ပါ။
 
Equipment
၃။     အဝေးက ငှက် ကို လှမ်း ရိုက် ရသည့်အတွက် Tele Lens များလိုပါသည်။ အနည်းဆုံး 80-200mm လောက် ဆိုလျှင် မဝေးလှသည့် ငှက်ကို လှမ်း ရိုက် နိုင်ပါသည်။ 300mm, 400mm, 500mm, 600mm တို့ ဆိုလျှင် ပို၍ ကောင်းပါသည်။ Focal Length ရှည် လေ ပုံ ကြိးကြိး ရ နိုင်ကာ နောက်ခံ အနှောက် အယှက် ကင်းကာ ၀ါး နေပေလိမ့် မည်။  
 
 
ငှက် ရိုက်သည့် Lens များ။
 
သက်ဆိုင်ရာ ကင်မရာ အလိုက် ထုတ်လုပ်သည့် Original Lens များသည် ဈေးအလွန်ကြီး ပါသည်။ ထို့ ကြောင့် အတော်များများ သော ၀ါသနာ အရ ရိုက်ကြသည့် Bird Photographer များသည် Sigma, Tamron  စသည့် Third Party Lens များကို သုံးကြပါသည်။ 80-200mm, f-2.8 ကဲ့သို့ သော lens များကို 1.4x, 2X စသည့် Tele Converter များ ခံ ၍ လည်း သုံး နိုင်ပါသည်။
 
ငှက် ရိုက်နေသူ တစ်ဦး။
 
 
ငှက် ရိုက်နေသူ တစ်ဦး။
 
နားနေသည့် ငှက် ကို ရိုက်ရာတွင်  အကယ်၍ 300mm, 400mm, 500mm, 600mm ကဲ့သို့ Long Tele များ မရှိလျှင်  အနီးသို့ ကပ်နိုင် သမျှ ကပ်၍ ရိုက်နိုင်ရန် ကြိုးစား ရမည် ဖြစ်ပါ သည်။ သို့ ရာ တွင် အထက်တွင် ဖေါ်ပြထားသည့် အချက် များကို တော့ သတိပြု ရန် လိုပါမည်။
 
" ကင်မရာ နောက်မှ လူသာအဓိပါ " ဟု ဆိုသည်ကို ရန်ဖန် ရန်ခါ ကြားရလေ့ ရှိပါ လိမ့်မည်။ အခြားသော ရိုက် နည်း များတွင်  ဟုတ်ကောင်း ဟုတ်ပေလိမ့်မည်။ ဤ ရိုက် နည်း မှာ မူ လူ တစ်ဦးထည်း တော် နေ ကောင်းနေရုံ မျှ နှင့် ထိပ်တန်း ပုံကောင်း မရ နိုင်ပါ။အနု ပညာသဘောနှင့် အမြင်သဘော ၊ Composition ၊ သက်ဆိုင်ရာ ပစ္စည်း ကိုင်တွယ်ရာ တွင် ကျွမ်း ကျင်မှု စသည် တို့ မှာ လူပေါ် မူတည် သော်လည်း။ ဤကဲ့သို့ အဝေး သို့ လှမ်း ရိုက်ရသည့် ကိစ္စ များတွင်မူ ၄င်း နှင့် သက်ဆိုင်ရာ သည့် ပစ္စည်း အထောက်အပံ့ မပါဘဲ မည်သို့ မျှ ပုံ ကောင်း ရနိုင်မည် မဟုတ်ပါ။ လူမည်မျှ တော် နေစေကာမူ AF 80-400mm, f-4.5-5.6 Tele-Zoom Lens ကထုတ်ပေးသည့် ပုံသည် 400mm, f-2.8 G ED VR Prime Lens ကထုတ်ပေးသည် ပုံ ကို မည်သို့ မျှ မယှဉ် နိုင်ပါ။

အလွန်မြန်စွာ ပျံနေသည့် ငှက်များကို ရိုက်ရာ တွင်မူ အထောက် အကူ ပစ္စည်း ကဏ္ဍ က ရှေ့တန်း သို့  ပို ရောက်လာပါသည်။ ဤ သည်မှာ Bird Photography ၏ အခြားသော ရိုက်နည်း များ နှင့် အတူ သည့် အချက် ပင် ဖြစ်ပါသည်။
 
----------------------------------