Wednesday, 3 September 2014

Megapixel Myth




(76) – Megapixel Myth                                 ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၆)



Pixels သို့မဟုတ် ပုံပြင်ထဲက ယုံ တမ်း စကားတစ်ခု

( The Megapixel Myth )


စကားဦး

ကင်မရာ သစ် တစ်လုံး ကိုဈေး ကွက် ၌ ကြော်ညာ ရာ တွင် Pixels မည်ရွေ့  မည်မျှ ရှိသည်ကို ရှေ့တန်း တင်ကာကြော်ညာလေ့ ရှိပါသည်။ လူ အများ အာ ရုံ အစိုက်ဆုံး အချက် ဖြစ်သည့် Pixels များလေ  ပုံထွက် ပြတ်သားလေ  ဆိုသည့် အချက်ကို ရှေ့ တန်း တင်ကာ ကြော်ညာ ကြပါသည်။ နောက်ပိုင်းကာလ များတွင် Sensor ဇီး စေ့ လောက် အရွယ် သာ  ရှိသည့် ကင်မရာ များပင် Pixel များစွာ ဖေါ်ပြ ကြော်ညာလာ ကြပါသည်။


ထိပ်တန်း စာရင်းဝင် ကင်မရာ များသည် ကင်မရာ ၏ Sensor  အရွယ် အစား ၊ Sensor တည်ဆောက်ထားသည့် Technology ၊ ကင်မရာ Processor အား မောင်း နှင် မည့် အင်ဂျင် ၊ ကင်မရာ အား အသုံးပြုမည့် အနေအထား စသည် တို့ အပေါ် မူတည်ကာ Pixel မည်၍ မည်မျှထည့် ထားရမည်ကို စနစ် တကျ တွက်ချက်ကာ  ထုတ်လုပ်ထားခြင်း ဖြစ်ပါ သည်။ ပုံ ကောင်းတစ်ပုံ ထွက်လာစေရန် Pixels တစ်ခု ထည်း ကို သာ မဟုတ် ရှေ့တွင် ဖေါ်ပြ ခဲ့ သည့် အချက် အားလုံး နှင့် ချိတ် ဆက် ထားခြင်း ဖြစ်ပါသည်။

ဥပမာ အားဖြင့် Nikon Full Frame Camera များကို ကြည့်ပါက D 800, D 800E, D 810 တို့ သည် 36. 3 MP ဖြစ်ကာ Pro Line ၀င် D 3, D3S, တို့ သည် 12.1 MP, သာ ရှိသည်။ Nikon top of the line များ ဖြစ်ကြသည့် D4 သည် 16.2 MP, နောက်ဆုံးပေါ် Nikon Flagship ဖြစ်သည့် D4S သည်လည်း 16.2 MP သာ ရှိသည်ကို သတိပြု ရန် လိုပါမည်။


ထို့ ကြောင့် ပုံ တစ်ပုံ ကြည်လင်ပြတ်သား ပုံထွက် ကောင်းရေး အတွက် Pixels အနေနှင့် မည် သည့် အတိုင်း အတာ အထိ ဖေါ် ဆောင် နိုင်သည်။ အချုပ် အား ဖြင့် Pixel များရုံ မျှ နှင့်  ပုံ ထွက် ကောင်း မှာ လား ဟူသော အချက် ကို သိလိုသဖြင့် ရှာဖွေ ဖတ်ရှု ရင်း နံမည်ကြီး ဓါတ်ပုံ ဆောင်းပါးရှင် Ken Rock Well ၏ “ The Megapixel Myth  ဆောင်းပါးကို ဖတ်မိ လိုက်ပါသည်။

Ken Rock Well သည် အမေရိကန် နိုင်ငံ မှ ဖြစ်ပါသည်။ ကင်မရာ နှင့် ဓါတ်ပုံ ဆိုင်ရာ ဝေဘန် သုံးသပ် ရေး များကို ရေးသားရာ တွင် အလွန် နံ မည်ကြီး သည့် ကမ္ဘာ ကျော် ပု ဂ္ဂိုလ် တစ် ဦးလည်း ဖြစ်ပါ သည်။

၎င်း၏ “ The Megapixel Myth  ဆောင်းပါး မှာ ဆောင်းပါး ရှင် ၏ အာဘော်မျှသာ ဖြစ်ပါသည်။ သို့ ဖြစ်စေကာမူ ဗဟုသု တ ရနိုင်ဘွယ်ရာ များ စွာ ပါသဖြင့် ဆီလျှော် အောင် မြန်မာဘာသာ သို့ ဘာသာ ပြန် ကာ ပြန် လည် မျှဝေ လိုက် ခြင်း ဖြစ်ပါသည်။


အောက် တွင် ဖေါ် ပြရာ ၌ “  ကျွန်တော် “  ဟု သုံးစွဲ ခြင်း များပါဝင် လာပါက အဆိုပါ ကျွန်တော် ဆိုသည်မှာ Ken Rock Well ကို ရည်ညွှန်းကြောင်း ဖေါ်ပြ အပ်ပါသည်။






A photograph of sub-pixel display elements.

Introduction
 ၁၉၉၁ ခု နှစ်လောက် တွင် ကျွန်တော် တို့ အများသုံး ဓါတ်ပုံ အရွယ် 4x6" (10x15cm) prints, even VGA (640 x 480 or 0.3MP) မှာ အတော် လုံလောက် သည့် အရွယ် ပင် ဖြစ်ပါသည်။ ထိုစဉ်က ဘာပြဿ နာမှလည်း မရှိခဲ့ ပါ။
သို့ သော် ၁၉၉၉ နှစ်လောက်တွင် 1.2 Mega Pixels, 2 Mega Pixels စသည်ဖြင့် ကင်မရာ များ ပေါ် လာသည်နှင့်အမျှ ပုံ ကြီးကြီး ချဲ့  သည့် ကိစ္စ တွေ လည်း ပေါ် လာပါသည်။ ယနေ့  ဆိုလျှင် ဈေး အပေါ ဆုံး ကင်မရာ သည်ပင် 5 or 6 MP ရှိနေကြပေပြီ။ ကောင်းပြီ  အဆိုပါ ကင်မရာ များသည် လိုသည့် Picture Size အထိ ပုံ ကြီးချဲ့ ၍ ရပြီ လော -  ဟု မေးလျှင် အဖြေက ရှင်းပါသည်။ ပုံ ကို သုံးပေ ( 1 m ) အရွယ် ချဲ့ လျှင် နောက်ဆုတ် ကြည့်ပါ ၊ Billboard Size ချဲ့  လျှင် ပေ ၁၀၀ လောက် နောက်ဆုတ်ကာ ကြည့်ပါ။ 6 MP သည် ဤမျှ လောက် အကြည့်ခံ အောင် ဆောင်ရွက် ပေးပါလိမ့် မည်။
ပုံ တစ်ပုံ၏ ကြည်လင် ပြတ်သား မှု ( Sharpness and Clarity ) သည် Pixels အရေ အတွက်ထက် ဓါတ်ပုံ ရိုက်သူ၏ မိမိ လုပ်ဆောင်ချက် နှင့်ပတ်သက်၍ နားလည် တတ်ကျွမ်း မှု ( Skill ) ပေါ် တွင် ပို၍ တည်နေပါသည်။ အကိုင် အတွက် အချိန် အဆ မသေသပ် လျှင် မည်မျှ Pixels များပါစေ ပုံ သည် Motion Blur ကဲ့သို့  သော အဖြစ် ကြောင့် ပြတ်သားမှု လျှော့ သွားပါ လိမ့် မည်။
Pixel အနည်း အများ ကြောင့် အသေးစိတ် ပေါ်လွင် မှု အနည်း အများ ကွာခြား မှု မရှိ မဟုတ် ၊ ရှိပါသည်။ သို့ ရာ တွင် ဥပမာ အားဖြင့် 3 MP ကင်မရာ နှင့် 6 MP ကင်မရာ တို့ ၏ ပုံ ထွက်များ၏ ပြန်သား မှု ကို ယှဉ်ကြည့် လျှင် အတော် ကြည့်မှ သာ လျှင် မြင် နိုင်ပါသည်။ ကျွန်တော် စမ်း သပ်ကြည့်ရာ တွင် 12 x 18" (30x50cm) အရွယ် လောက် ချဲ့ ကြည့် မှ သာ လျှင် ကွာခြား မှု ကို အတန် ငယ်သာ မြင်ရပါသည်။
New York Times သတင်းဌာန မှ David Pogue ကမူ သူ့ အနေနဲ့  ဘာမှ ကွာခြား တာမမြင်ရ၊ နှစ်ခု စလုံး အတူတူ ပင်ဖြစ် သည်ဟု ဆိုပါသည်။ Joe Holmes ၏ Manhattan's  Jen Bekman Gallery တွင် တစ်ပုံ ကို $ 650/- ဖြင့် ရောင်းချ ခဲ့သည့် limited-edition American Museum of Natural History Series 13 x 19" prints ပုံ များသည် 6 MP သာ ရှိသော Nikon D 70 ဖြင့် ရိုက် ထားသည့် ပုံ များသာ ဖြစ်သည်။


စကားချပ
( အောက်၌ ဖေါ်ပြမည့် အကြောင်းအရာ များ တွင် Sharpness နှင့် Resolution ဆိုသည့် စကားရပ် နှစ်ခု ပါ လာ ပါမည်။ ထို့ ကြောင့် အဆိုပါ အချက် နှစ်ခု ကို ကြို ရှင်း ထားလိုပါသည်။ အကြမ်း ပြောရပါလျှင် နှစ်ခု စလုံးသည် ကြည့်လင် ပြတ်သား မှု နှင့် ဆိုင်ပါသည်။ သို့  သော် မတူကြပါ။
  Resolution သည် ကင်မရာ တွင် တပ် ထားသည့် Lens အနေ မှ ၀င်လာ သော Light Signal ကို ကင်မရာ Sensor စွမ်းဆောင်နိုင်သည့် Pixels အနေနှင့် Image Height and Width အတွင်း Horizontal Data Line Pair မည်မျှ ဖေါ်ဆောင် ပေးနိုင် သနည်း ဆိုသည်  ကို ဆိုလို ပါသည်။ Total No. of Pixels နှင့် သက်ဆိုင်မှု မရှိပါ။
Sharpness မှာ မူ ကင်မရာ တွင် တပ်ဆင်ထားသော Lens, Image Processing, Anti-aliasing Filter and other Technologies စသည့် အချက် များ အားလုံး က Sensor အား အခြေအနေ အမျိုးမျိုး သော Sharpness ဖြစ်လာစေအောင် ပုံ ဖေါ် ခိုင်း ရာ မှ ပေါ် ထွက် လာခြင်း ဖြစ်သည်။  Pixel များတိုင်း Sharpness ရှိလာ မည်ဟု Pixel ဆိုသည့် အချက် တစ်ချက် ထည်း အပေါ် တွင် သာ မှီတည် တွက် ဆ၍မရပါ။
ထို့ ကြောင့် ကင်မရာ တစ်လုံး Lens တစ်ခု ထည်း နှင့် ရိုက်စေကာ မူ အခြေ အနေ ကွာ ခြားမှု ပေါ် တည်ကာ ပုံ တစ်ပုံ နှင့် တစ်ပုံ ၏ Sharpness သည်လည်း ကွာခြား ပါသည်။ ထို့ ကြောင့် အစဉ် ကြားရလေ့ ရှိသည့် “ ငါ့ ကင်မရာ က မင်း  ကင်မရာ ထက် Megapixel ပို များတယ် “  ဆိုသည့် ဂုဏ်ယူ  ငြင်း ခုံနေမှု သည် အတော် ရူး မိုက်မှု ပင် ဖြစ်ပေ တော့သည်။
Ref : - “ PhotoFocus “  Stottbourbe - Education and inspiration for visual storyteller.
သို့ ဖြစ်ပါ၍ Resolution နှင့် Sharpness တို့  ကို မြန်မာဘာသာ မပြန်ဘဲ မူရင်း အတိုင်း ပင် သုံး သွားပါမည်။  ဘာသာ ပြန်ကာ မှ ပို ရှုပ် သွား နိုင် သည့် အတွက် ကြောင့် ဖြစ်ပါသည်။ )
Sharpness သည် Image quality နှင့် များစွာ မဆိုင် သကဲ့ သို့  Resolution သည်လည်း Sharpness နှင့် များစွာ သက် ဆိုင် ခြင်း မရှိလှပါ။
ပုံ တစ်ပုံ ၏ အရောင် နှင့် အသွေး အရောင် ချယ်သမှု ( Colour and Tone ) က များစွာ ပို၍ အဓိကကျ ပါသည်။
Pixels

ပုံ တစ်ပုံ ဖြစ်လာစေရန် Little Dot ကလေးများက စုစည်း ကာ ပုံဖေါ် ပေးရသည်။ Pixel ဆိုသည်မှာ အဆိုပါ Picture Element လေး များကို ခေါ်ခြင်း ဖြစ်သည်။ အဆိုပါ Element လေးများ စု စည်း လိုက် ခြင်း ဖြင့် ရုပ်ပုံ တစ်ပုံ ဖြစ်လာသည်။
ယင်း တို့ သည် Sensor ပေါ်တွင် အလျှား လိုက် နှင့် ဒေါင်လိုက် စီ နေကြသည်။ ဥပမာ အား ဖြင့် 3 MP ကင်မရာတစ်လုံး တွင် 2,048 (horizontal) အလျှား လိုက် x 1,536 (vertical) ဒေါင်လိုက် pixels, ( အလျှား လိုက် X ဒေါင် လိုက် ) =  3,145,728 pixels။ ထို့ ကြောင့် အဆိုပါ Pixel Count ကို မူတည်၍ 3 Mega Pixels ကင်မရာ ဟု ခေါ် ခြင်း ဖြစ်သည်။ ဥပမာ 5 MP နှင့် 8 MP ကဲ့သို့ တော် ရုံတန်ရုံ Pixel Count ကွာခြားမှု မျိုး တွင် ပုံထွက် ကွာ ခြားမှု  ကိုသိသာစွာ မြင် နိုင်ရန် ခက်သည်။
Cavity Array
အထက်ပါ ပုံ မှာ Pixel ဖန်တည်း ပေးသည့် Photosite များကို Sensor ပေါ်တွင် အလျှားလိုက် နှင့် ဒေါင်လိုက် စီထားသည့် နမူနာပုံ ဖြစ်သည်။
 Resolution (Linear Resolution)
Image Resolution
Image Resolution သည် Image အတွင်း အလျှားလိုက် ( Horizontally ) သို့ မဟုတ် ဒေါင်လိုက် (Vertically ) အဖြောင့် လိုင်း အတိုင်း ဖြန့် ကျက် သိမ်းဆည်း ထား သည့် Pixels အရေအတွက် ဖြစ်သည်။ ယနေ့ Digital Camera များ အနက် 3 MP ကင်မရာ ၏ အလျှား လိုက် ( Horizontal )  ဖြန့် ကျက် ထားသည့် Pixel ပမာဏ မှာ 2048 Pixels ဖြစ်ပြီး 14 MP ကင်မရာ အလျှား လိုက် ( Horizontal )  ဖြန့် ကျက် ထားသည့် Pixel ပမာဏ မှာ 4500 Pixels ဖြစ်သည်။ ပုံ သည် ဘေး တိုက် အရှည် ဖြစ်သောကြောင့် ဒေါင်လိုက်( Vertical ) ရှိနေသည့် Pixels အရေ အတွက် မှာ အလျှား လိုက် ( Horizontal )  ထက် နည်းနေခြင်း ဖြစ်သည်။
 Pixel Count, expressed as Megapixels
Pixels Count ကို Megapixels ဖြင့် ဖေါ်ပြသည်။  ယင်း မှာ Image Area ရှိ Horizontal Pixels  ကို Vertical Pixels ဖြင့် မြှောက်ထားသည့် ရလာဒ် ဖြစ်သည်။ မြှောက်လာဒ် မှာ Square footage ဖြစ်နေသည့်အတွက် ဂဏန်း ပမာဏ မှာ များနေသည်။ စင်စစ် အားဖြင့် Pixels Count ကို နှစ်ဆ တိုး လိုက်မှ Real Linear Resolution သည် 40%သာ တိုးလာသည်။ 5MP မှ နေ၍ 8 MP မျှ လောက် တိုး လာသည့် ပမာဏ သည် မသိသာလောက် သည့် ပမာဏ မျှသည် ဖြစ် သည်။
Screen Resolution
ပုံ တစ်ပုံ ကို ရိုက်ပြီးပါက ကင်မရာ Screen ဖြင့် ကြည့်ရုံ မျှ မက နောက်ဆုံး အဆင့်တွင် Computer Screen ပေါ် တွင် ကြည့်ရပြန်သည်။  အတော် များများ သော   Computer Screen များသည်   1,024 x 768 pixels မျှ ရှိကြသည်။ ၁၀ လက်မ Screen ဆိုပါက 1,024 / 10 = 102.4 DPI  ဖြစ်လာပေလိမ့် မည်။ Screen ကြီးလာ ပါက Pixel များလာမည်။ 22” CRT သည် 1,600 x 1,200 pixels ရှိ ပြီး Viewing Area သည် 16 X 12 “ ဖြစ်သည်။ ပုံကို မြင် ရသည့် အနေအထားမှာ Computer Screen အရည် အသွေး နှင့် လည်း ဆိုင်ပြန်သည်။
Print Resolution
များသော ဖြင့် printer အများစု ၏ Print အရည်အသွေးသည် 200 - 300 pixels per inch (PPI or DPI, dots per inch) ဖြစ်သည်။ ဥပမာ အားဖြင့် မည်သို့  ထိပ်တန်း ပုံ ကို မဆို အဆိုပါ Printer ဖြင့် Print ထုတ်ပါက  ထို ထက် ပို မကောင်း နိုင်။ Inkjet Printer’s Nozzel Size သည် အကြမ်း အားဖြင့် 2880 DPI သာ ရှိသည်။ ပုံကို မြင် ရသည့် အနေအထားမှာ Printer အရည် အသွေး ပေါ်လည်း တည် နေပြန်သည်။
ထို့ကြောင့် ပုံ တစ်ပုံ ကြည်လင် ပြတ်သား မှု ဆိုသည် မှာ Pixels တစ်ခု ထည်း ပေါ် တင်သာမက ဓါတ်ပုံ ရိုက်သူ၏ ကျွမ်းကျင်မှု ၊ Lens, Processing Engine, Anti-aliasing Filter တို့ အပါအ၀င် အထက်တွင် ဖေါ်ပြထားသည့် အချက်များ အားလုံး အပေါ် တွင် လည်း တည်နေသည်။
                                      
The Myth (ယုံတမ်း စကား)
ကင်မရာ ထုတ်လုပ်သူများသည် ( Customer ) ၀ယ်သူ များ အား သွေးဆောင် ရန် အတွက် ဒဏ္ဌာရီ ဆန်ဆန် ယုံတမ်း စကားများ ဖြင့် Pixel ကို ရှေ့တန်း တင် ကာ ကြော် ညာ  လာကြသည်။ ကင်မရာ ထုတ်လုပ် သူများက Linear Resolution အနည်းငယ် လေး တိုး လိုက် ရုံ မျှ ဖြင့် Pixels များစွာ ရှိလာ ပြီး ကင်မရာ ပုံ တွက် အလွန် ကောင်းသွားသည် ဆိုသည့် သဘော မျိုး ဖြင့် ကြော်ညာ ကြသည်။
အမှန်မှာ Linear Resolution ကို အလျှားလိုက် တွင် ဖြစ်စေ သို့ မဟုတ် ဒေါင်လိုက် တွင် ဖြစ်စေ မမြင်သာ နိုင်လောက်သည့် Resolution 40% မျှ တိုး ရန် အတွက်  (Square footage ) Pixels Count ကို နှစ်ဆ မျှ တိုးရန်လိုသည်။ Pixels တော်ရုံ တိုး လိုက်ခြင်း အတွက် ပုံ ထွက် သည် ပို၍ သိသာ စွာ ပြတ်သား လာမည် မဟုတ်ပေ။ သို့ သော် ကင်မရာ ထုတ်လုပ်သူများက မပြော ပလောက်သည့် နည်း ပညာ ဆိုင်ရာ တိုးမြှင့် မှု လေး တစ်ခုမျှကို လုပ်ကာ အရည် အသွေး တအား ကောင်း သွားပြီ ဟု ကြွား လုံးထုတ်ကာ ကြောညာ ကြသည်။
ယင်းနောက် လက်ရှိ သုံးနေသည့် ကင်မရာ များ မှာ သုံး မဖြစ်တော့ လွှင့် ပစ်ရတော့ မည် ကဲ့ သို့ ဖြစ်အောင် ကြော်ညာ ကြသည်။ စင်စစ် အားဖြင့် တစ်နှစ် ပြီး တစ်နှစ် တိုးတက် ထုတ်လုပ်လာကြသည့် ကင်မရာ များ၏ အရည် အသွေးသည်  တစ်ခု နှင့် တစ်ခု သည် များစွာ ထူးခြားမှု မရှိလှ ဘဲ မသိမသာ မျှ သာ တိုးတက် မှု ရှိသည် ကို  သေခြာ စွာ စစ်ကြည့် လျှင် တွေ့ နိုင်သည်။
ကောင်းပြီ အကယ် ၍ ကင်မရာ ထုတ်လုပ် သူများ အနေနှင့် Linear Resolution ကို Film Size ကဲ့သို့  နှစ်ဆ မျှ တိုးတက် ထုပ် လုပ် နိုင်ပြီ ဆိုလျှင် မူ ထူးခြားသည့် တိုးတက် မှု ဟု ဆိုနိုင် မည် ဖြစ်သည်။ ဆိုလိုသည်မှာ  (Quadrupling the Pixels ) လက်ရှိ ထိပ်ပိုင်း ရှိ Pixels ကို လေး ဆတိုး ကာ ထုတ်လုပ် ရ မည်ကို ဆိုလိုသည်။ ထိုအခါ တွင် ယင်း Pixels ပမာဏ ကို ထိန်းကြောင်း မောင်း နှင် ရမည့် အဆင့်ဆင့် သော တိုးတက် သည့် နည်းပညာ ပံ့ ပိုး မှု များလည်း လိုလာ ပေလိမ့် မည်။ Pixel ပမာဏ ကို သာမန် နှစ်ဆ မျှ တိုးရုံ မျှ နှင့် မူ မည်သို့ မှ သိသာစွာ ထူးခြားလာမည် မဟုတ်။
အခြား သိထားရမည့် တစ်ရပ်မှာ Signal and Noise တို့ ဖြစ်သည်။ အလွယ် ဆုံးပြောရလျှင် Sensor သေးသေး ပေါ်တွင် Pixels များ နေသဖြင့် Pixel Size ကလည်း သေးလာရာ Pixel ၏ ခြေခံ ဖြစ်သော Photosite သေး လာသည် နှင့် အမျှ ၀င်လာသည့် Light Signal ဖြတ်သန်း မှု သည် လျှောလျှော လျှူ လျှူ မဖြစ်ဘဲ နှောင့်နှေး အဟန့် အတားဖြစ် စေလာသည်။


ဥပမာ ပေးရသော် ရေ ကာတာကြီး တစ်ခု မှ ရေ ကို ရေထုတ် ပြွန် သေးသေး လေးများ နှင့် ထုတ် နေသကဲ့ သို့  ဖြစ်ပေသည်။ Sensor Size ကြီးကြီး နှင့်Photosite ကြီးကြီး များ မှာမူ ရေ ကာတာကြီး တစ်ခု မှ ရေ အား ရေထုတ် ပြွန် ကြီးကြီး များ နှင့် ရေ ကို အရှိန် အဟုန် နှင့် လွှတ် ထုတ် လိုက် သည်နှင့် တူသည်။ 


ထို့ အတူပင် Light Signal သည် Photosite  သေးသေး လေး များ အတွင်း မှ ခက်ရာ ခက်ဆစ်  ဖြတ်သန်း ရသည့်အတွက် အညစ်အကြေး ဟု ဆိုသည့် Noise များ တင်ကျန် ရစ်ခဲ့ သည်။ Noise အဖြစ်များသည်။ Light Signal သည် ရေပြွန် ကြီးများ နှင့်တူသည့်  Photosite ကြီး များ အတွင်း သို့ မူ အခက်အခဲ အနှောက် အယှက် မရှိဖြတ် သန်း နိုင်သည်။ ထို့ ကြောင့် အညစ် အကြေး များ အားလုံး လွယ် ကူစွာ မြောပါ သွားသည်။ အညစ်အကြေး နှင့် တူသည့် Noise များလည်း မြော ပါသွားသဖြင့် Noise အဖြစ်နည်း သည်။ Pixel နည်း သည့် Sensor Size ကြီး များရှိ Photosite များသည် ကြီးသည်။ ထို့ကြောင့် Light Signal ဖြတ်သန်းရ သွက်လက်သည်။ သို့ နှင့် Noise လည်း နည်းသည်။
ယခု မူ  ယမန် နှစ်က 10MP ထည့် ထားသည့် Sensor သေးသေး လေး အတွင်း ယခုနှစ်တွင် 16 MP ထည့်ကာ Pixel များသည် ဆို၍ ကြော်ညာ ပြန်သည်။ ဤ သို့ ဖြင့် ပုံ ထွက် မည် သို့ မျှ ပို ကောင်း လာနိုင်ဘွယ်ရာ မရှိ။
သို့ သော် Pixel အစွဲ သည် လူ တိုင်း တွင် ရှိနေကြဆဲ ဖြစ်သည်။ လူ တွေက ကင်မရာ ဆိုင်ရာ နည်းပညာ တွင် ကိန်း တစ်လုံး တိုး လာရုံ မျှ ဖြင့် တစ်ခုခု တော့ ပိုကောင်းလာ မှာ ဘဲ ဟု ယုံကြည့်နေကြ ဆဲ ဖြစ်သည်။
Pixel နည်း သော ကင်မရာ များ အနေနှင့် Pixels များသည့် ကင်မရာ များ ထက် များစွာ သာလွန်သည့် ပုံကောင်း များ စွာထုတ် ပေး နေသည်ကို တွေ့ နိုင်ပါသည်။ Pixel ပမာဏ ကို ရှေ့ တန်း တင်ကာ ကြော်ညာ ခြင်း မှာ ဒဏ္ဌာရီ ဆန်သည့် ယုံတန်း စကား ဆိုသည်ကို မမေ့ သင့်ပါ။
Honest Results for Comparison
အောက် ပါ ပုံ များကို ကျွန်တော် Pixel အတော် နိမ့် သည့် 3 MP ကင်မရာ ဖြင့် ရိုက်ထား ခြင်း ဖြစ်သည်။ ပုံ - (၁) တွင် အနီရောင် လေးထောင့် ချယ်ထားသည့် နေရာ ကို Crop လုပ်ပါသည်။ Pixel များစွာ ဆုံး ရှုံး သွားပြီးနောက် Crop လုပ်ထား သော  ပုံ - (၂) ရလာသည်။ ပုံ များ ၏ အခြေအနေ မဆိုးလှ။ ကျွန်တော် ဆိုလိုသည်မှာ ဤ အဆင့်မျှသေ ပုံ ကို ထိုမျှလောက်သော 3 MP ကင်မရာ ဖြင့် ရိုက်ကာ Crop လုပ် နိုင်သည်ကို ဆိုလိုခြင်း ဖြစ်သည်။
ပုံ - (၁)
3 MP uncropped
ပုံ - (၂)
Cropped as per red rectangle
အောက်ပါ ပုံ - (၃) မှာ မူရင်း ပုံ နှင့် Crop လုပ်ထားသည့် ပုံ နှစ်ပုံ ကို ယှဉ် ပြထားသည့် ပုံ ဖြစ်သည်။
ပုံ - (၃)
3 MP uncropped                              Cropped as per red rectangle
ကင်မရာ ထုတ်လုပ် ရောင်ချသူများ အနေနှင့် 4 MP နှင့်  6MP ကဲ့ သို့ Pixel Count  50% ကွာ သည့် ပုံ အမျိုး မျိုး (၄) ပုံ ခန့် ကို ပြ လိမ့်မည်။ အထက်တွင် ဖေါ် ပြ ခဲ့သည့် အတိုင်း Pixel Count သည် Square ဖြစ်သောကြာင့် အမှန် Pixel Size or Pitch ကွာခြား မှု မှာ 25% သာ ဖြစ်သည်။  ထို့ကြောင့် ပစ္စည်း ရောင်းချသူများ အနေနှင့် သူတို့ ၏ ပစ္စည်း များကို ဈေးကွက် တွင် ကြော်ညာ ရာ ၌ သုံးစွဲ သူ များကို အရူး မလုပ်ဘဲ ရိုးသား မှန်ကန်စွာ ကြော်ညာ ရန် အတွက် စည်းမျဉ်း ဥပဒေ ( Rules ) ထုတ်ရန် လိုနေပြီဟု ထင်သည်။
Print Sizes
ပုံ တစ်ပုံ ၏ ကြည်လင် ပြတ်သားမှု ( Clarity ) သည် ကင်မရာ Pixel အရေ အတွက် ထက် သင် မည်ကဲ့ သို့ ရိုက် သနည်း ဆိုသည့် အပေါ် တွင် ပို၍ တည်နေ သည် -  Image clarity is more dependent on how you shot the photo than on the number of megapixels. “ ဟု ဆိုရမည် ဖြစ်သည်။
3 MP ကင်မရာ ဖြင့် သေခြာ စွာ Focus ပြတ် အောင် ရိုက်ထားသည့် ပုံသည် Focus အတန် အသင့် လွဲ နေသော 12 MP ကင်မရာ ပုံ ထက် များစွာ သာ သည်။
ယနေ့ ခေတ် မည်သို့ သော Digital Camera မဆို သေခြာ စွာ ရိုက်ထားပါက ထိုပုံ ကို နံရံကပ်  ပုံကြီး မဟုတ် မူဘဲ သာမန် သုံး မည် သို့ သော အရွယ် မဆို Print လုပ်နိုင်သည်။ ပြတ်သားစွာ မြင် နိုင် သည်။ 6MP ကင်မရာ ဖြင့် ရိုက်သည် ပုံ ကို 30” ( 75CM) အရွယ် အထိ ကြည်လင်ပြတ်သားစွာ ချဲ့  နိုင်သည်။  သာမန် အား ဖြင့် “  သင့် အနေ နှင့် အနေနဲ့  ဤ မျှ သော အရွယ်ရှိ သော ပုံ အရွယ် အစားကို ဘယ် နှစ်ကြိမ် ထုတ်ဘူး သလဲ “  ဟု မေးကြည့်ပါရစေ။
ပုံ မှန် အား ဖြင့် 300 DPI သည် အလွန် ပြတ်သားသည့် ပုံ ဖြစ်ပါသည်။ အောက်ပါ  အတိုင်း တွက်ချက် ကြည့် နိုင်ပါသည် : -
·        Long print dimension in inches = 4 x (square root of megapixels)
·        Long print dimension in centimeters = 10 x (square root of megapixels)
·        For example, the square root of four (megapixels) is two.
·        4 x (two) is eight.
·        Thus the biggest print you can make without losing sharpness as seen through a magnifier from a 4MP camera is 6 x 8" (15x20cm).
·        From a sixteen MP camera likewise you could go to 12 x 16" (30x45cm), and still look at the print through a magnifier.
အထက်ပါ တွက် နည်း အရ 4MP ကင်မရာ မှ  ပုံ ကို ပြတ်သားမှု မလျှော့ကျ စေဘဲ အကြီးဆုံး ချဲု့ နိုင်သည့် အရွယ် မှာ 6 x 8" (15x20cm) ဖြစ်ပြီး 16 MP ကင်မရာ ဖြင့် မူ ပြတ်သားမှု မလျှော့ကျ စေဘဲ 12 x 16" (30x45cm) အထိ ချဲ့ နိုင်သည်။ Resolution မှာ မူ ကြည့် သူ နှင့် ပုံ တို့ ၏ အကွာ အဝေး ပေါ် တွင် တည်သည်။


Conclusion
Picture Size ကြီးလာ သည် နှင့်အမျှ Resolution ပိုကောင်း ရန် လိုသည် မှာ မှန်ပါ သည်။ သို့ရာတွင် ပုံ တစ်ပုံ မည် မျှ လောက်ကောင်း သည် ဆိုသည့် အချက် အတွက် Sharpness မှာ အတော် အသင့် သာ အကြုံးဝင်သည်။ ပုံ တစ်ပုံ အတွက် Technically ပို၍ အရေး ကြီးသည် မှာ အရောင်မှန်ကန် ရေး နှင့် အမှန် တကယ် ပြတ် သား မှု ဟုတ် မဟုတ် ကို စိစစ် ရန် ဖြစ်သည်။
အချို့ သော Digital ကင်မရာ များသည် Monitr Screen တွင် ပို၍ ပြတ် သား သယောင် ဖြစ်အောင် “ very artificial halos and Sloppy sharpening around   ထည့် ထားပေးခြင်း အား ဖြင့် ပြင် ဆင်ထားကြသည်။ စင်စစ် အားဖြင့်  ပုံ၏ အမှန် တကယ် ပြတ်သား မှု မဟုတ် သည် ကို သတိပြု ရမည် ဖြစ်သည်။
ဓါတ်ပုံ ကို သာမန် ကြည့် သူများ အနေနှင့် ခပ်လှမ်းလှမ်း မှသာ ကြည့် ကြခြင်း ဖြစ်သည်။ ပုံ ကြီးလေ ဝေး ဝေး မှ ကြည့်လေ ဖြစ်သည်။ တော်ရုံ မည် သူမျှ အနီးကပ် ကာ ပြူးပြဲ ကြည့်ကြသည် မဟုတ်။ 6 MP ကင်မရာ လောက်ဆိုလျှင်ပင် အတော် ကောင်းသည့်  20 x 30” ပုံ ရ နိုင် သည်။
ဓါတ်ပုံ ကို ကြည့် သည်မှာ Art အနုပညာ ကို သာ ခံ စားခြင်း ဖြစ်သည်။ ကျွန်တော့် အနေနှင်မူ ပုံ အကြီးကြီးချဲ့ ဘို့ လိုလျှင် 4 x 5” Film ကင်မရာ နှင့် ရိုက် သည်ကို ပို ၍ ကြိုက်သည်။ Portrait ရိုက် ရန် အတွက် မူ ပြတ်သားမှု ထက် ညက် ညော သည့် ကင်မရာ Smoothing of Digital Camera ကို ပို ကြိုက်သည်။
ကျွန် တော် သည် Colour Image ကဲ့သို့ Sharpness များစွာ မလို လှသော Black and White 12 x 18” ပုံ များကို 3 to 6 MP ကင်မရာ များနှင့်သာ ရိုက်သည်။ များစွာ ကောင်း မွန် သည့် ပုံ များ ဖြစ်ကြသည်။
အချုပ်အားဖြင့် ဓါတ်ပုံ တစ်ပုံ တွင် ကြည့်လင် ပြတ်သားမှု ရှိရန်မှာ လည်း လိုအပ် ချက် တစ်ရပ်ဖြစ်သည်။ သို့ သော် ၊ ယင်း အချက် ကို Pixel များရုံ မျှ နှင့် ဖေါ်ဆောင် ၍ မရ သည်ကို သတိပြု ရန် လိုသည်။
The Megapixel Myth  ဆောင်းပါး ရှင် KenRockWell.
( အထက်ပါ ဘာသာပြန် မှတ်စု၏ အစ Introduction အပိုင်းမှ နောက်ဆုံး Conclusion  အပိုင်း အထိ သည် ဆောင်းပါးရှင် KenRockWell ၏ အာဘော် ဖြစ်ပါသည်။ )
 __________________________________




Wednesday, 27 August 2014

Zoom vs Crop




(75) – Zoom vs Crop                                   ဓါတ်ပုံ ပညာရပ် ဆိုင်ရာ မှတ်စု (၇၅)

 

 

ပုံ တစ်ပုံ အား  Zoom နှင့်ဆွဲ ရိုက်ခြင်း နှင့် Crop လုပ်ခြင်း တို့ ကွာ ခြားချက်။

( Difference between Zoom and Crop )

 

စကားဦး

တစ်နေ့  ကျွန်တော် တို့   ငှက် ဓါတ် ပုံ သမားများ  400mm, f2.8, 600mm , f-4 စသည့် ပြောင်းကြီး များ နှင့် ငှက် ရိုက်နေစဉ်  ကျွန်တော် တို့  ရိုက် နေကြ အဖွဲ့  မှ မဟုတ်သည့် ဓါတ်ပုံ သမား တစ်ဦးရောက်လာပါသည်။
 
 
သူ က Focal length အရှည် ပြောင်း ကြီးများကို ကြည့် ကာ -


  ခင်ဗျားတို့  ဒီလောက်ကြီးတဲ့ Lens တွေ မလိုပါဘူးဗျာ။ ကျွန်တော့် ကင်မရာ က Megapixels အများကြီး ဆိုတော့ Crop လုပ် လိုက်ရင် ခင်ဗျားတို့  Zoom ဆွဲ တဲ့ ပုံ လောက် ထွက်တာ ပါဘဲ “  ဟု ပြောပါသည်။
 
ဝါ ရင့် ဓါတ်ပုံ သမားများသည်  အဆိုပါ ပုဂ္ဂိုလ် ပြော ခြင်းသည် ဥဿုံ မမှန် နိုင် သည်ကို သိသော်လည်း ယဉ်ကျေးမှု သဘောအရ  ပြုံးရုံ သာ ပြုံး နေကြပြီး ဘာမှ ပြန် မပြော လိုက်ကြပါ။ အဖွဲ့ ထဲ မှမဟုတ် ဘဲ လူ စိမ်း ဖြစ်နေသောကြောင့် လည်း ဖြစ်ပါသည်။
 
 



 
 
 
 

Bird Photographers and their Big Guns.

 

 
 
ကျွန်တော် အနေနှင့်မူ Zoom  နှင့် Crop တို့ တူ တော့ မတူ နိုင်၊ ကွဲ တော့ ကွဲ လိမ့်မည် ဟု ထင်သည်။ သို့ သော် ဘာကွဲ လွဲ သည် ဘယ်နေရာ မှာမတူ သည်ကို တိတိကျကျ မသိ ဖြစ်နေသည်။ သို့ သော် ဆက်မလေ့လာဖြစ် ခဲ့ပါ။
 
ထို့နောက် Face Book ၏ D7100 Group တွင် DX ကို Crop လုပ်သည့်  1.3 X  Crop Option  နှင့်ပတ်သက်၍  ဆွေးနွေး ကြသည့် အချိန် တွင် လည်း အချို့ သော နောက်နိုင်ငံ သား အဖွဲ့ ၀င်အချို့  က    Crop လုပ်လျှင်လည်း  ပုံ ကြီးကြီး ထွက်တာ ဘဲ “  ဆိုတဲ့ သဘောမျိုး ဆွေး နွေး ခဲ့ကြပါသည်။ ကျွန်တော် က လုံးဝ အမှန် ချဉ်း မဟုတ် ဆိုသည့်  အချက်ကို ပုံများ နှင့် ပြ ကာ  ပြန်လှန် ဆွေးနွေး ခဲ့ပါသည်။ သို့ သော် သိသမျှ မှတ် သမျှ လေးနှင့် သာ ဖြစ်ပါသည်။
 
သို့ နှင့် ကျွန်တော် သည် အသေးစိတ် သိနိုင် ရန် အတွက် Zoom vs Crop ဆိုင်ရာ ဆောင်းပါး များကို ရှာဖွေ ဖတ်ရှု ခြင်းနှင့် ကိုယ် တိုင်လည်း Focal Length အလိုက် ရိုက် ခြင်း ၊ Crop လုပ်ခြင်း များ လုပ်ကာ Zoom နှင့် Crop တို့  မည်မျှ ကွာ သနည်း  မည်သို့ ကွာ သနည်း ဆိုသည်တို့ ကို စမ်း သပ် လေ့လာ ခဲ့ပါသည်။ ယင်းနောက် ကျွန်တော် သိထားသည်ကို အစဉ် အလာ အတိုင်း ပြန် လည် မျှဝေ သည့် အနေနှင့် ဤ မှတ်စု ကို ရေး ခြင်း ဖြစ်ပါသည်။
 
ယခု မှတ်စုသည် ဖတ်ရှု ခဲ့သော ဆောင်းပါး များ နှင့် ကျွန်တော် စမ်းကြည့် သည်များကို ရော မွှေ ကာ  ပြန် လည် မျှ ဝေခြင်း သာ ဖြစ်ပါသည်။ အပို အလို များ ရှိနိုင် မည် ဖြစ်ကြောင်း ကြိုတင် ဖေါ် ပြ အပ် ပါသည်။
 
Zooming
DSLR ဖြစ်စေ Compact ကင်မရာ ဖြစ်စေ မည်သို့  သော ကင်မရာ ဖြစ်စေ Zoom ဖြင့် ရိုက်ခြင်းသည် ဓါတ်ပုံ ကို ရိုက်ကွင်း ထဲ တွင် မြင်ကွင်း ( Perspective ) ကို လိုအပ် သလို ပြောင်း ခြင်း ဖြစ်သည်။ ဤကဲ့ သို့ ပြောင်းရာ တွင် Focal Length အမျိုးမျိုး ပြောင်း၍သော် လည်းကောင်း ၊ လူ  နှင့်  Subjective  တို့ ၏ အနီးအဝေး အား လူကို ရှေ့ တိုး နောက် ဆုပ် လုပ် ကာ ပြောင်းခြင့်  ဖြင့် သော် လည်းကောင်း ဆောင်ရွက် သည့် နည်း ဖြစ်သည်။
 
Cropping
Crop လုပ် သည်မှာ မူ ရိုက်ပြီးသည့် ပုံ ကို လိုအပ် သည့် အနေအထား ရရှိစေရန် သို့ မဟုတ် လိုအပ်သည့် အရွယ်ပမာဏ  အထိ ကြီးလာ စေရန် ကွန်ပြူတာ တွင် ဖြတ်တောက် ကာ Perspective  ကို ရနိုင်သမျှ ပြောင်း  ခြင်း ဖြစ်သည်။ ထို့ကြောင့် ပုံ တွင် Pixels လျှော့ သွားသည်။
 
အဓိကအချက် မှာ  Crop လုပ်ခြင်းသည် Perspective  ကို ရနိုင်သမျှ ပြောင်း  သည် ဟု ဆိုစေကာမူ Zoom ဖြင့် ရိုက်ကူးသကဲ့ သို့ Perspective ကို ပြောင်း နိုင် မှု မရှိခြင်းပင် ဖြစ်သည်။ ဤ ကဲ့ Zoom Lens ဖြင့် ရိုက်ကူး သောကြောင့် Perspective ပြောင်း သွားခြင်း နှင့်ပတ်သက် ၍ အောက် တွင် နမူ နာ ပုံ ကို ကြည့် လျှင် သဲ ကွဲ စွာ မြင်နိုင်ပါသည်။
 
 
 
 အထက်ပါ ပုံ မှာ ကားတစ်စင်းအား ကား၏ အရွယ် အစားကို အနီးစပ် ဆုံး တစ်ညီထည်း ရစေရန် အတွက် Zoom Focal length အမျိုးမျိုး ဖြင့် ကင်မရာ နှင့် ကားတို့ ၏ အကွာအဝေး ကို  ချိန်ဆ ကာ ရိုက်ထားခြင်း ဖြစ်ပါသည်။
 
Focal Length ကို လိုက်ကာ Perspective ပြောင်းသွား သည်ကို ထင်ရှားစွာ မြင်နိုင် ပါသည်။ Crop လုပ် ခြင်း ဖြင့် Subject ဖြစ်သည့်  ကား ကို ကြီးလာစေ လို လျှင် ကြီး လာစေနိုင်မည် ဖြစ် သော်လည်း Zoom ဖြင့် ရိုက်ထားသည့် အထက် ပါ Perspective အမျိုး မျိုး ကို မူ ဖန်တည်း နိုင်ခြင်း ရှိမည် မဟုတ် ပါ။
 
အောက်ပါပုံ မှာ ယင်း ကား ကိုပင်  Focal Length 200 mm ဖြင့် ရိုက် ခဲ့သည့် နေရာ မှ နေ၍  Focal Length 18 mm ဖြင့် ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ အထက်တွင် ပြထားသည့်  အရွယ်  အထိ ဖြစ်လာစေရန် Crop လုပ်ရန် အတွက် ဖြစ်ပါသည်။
 


 
 
အောက်ပါ ပုံ သည် အဆိုပါ ကားကို အထက်တွင် ပြထားသည့် 200mm ဖြင့် ရိုက်ထားသော ( Subject )အရွယ် ရရှိအောင် Crop လုပ် မည့်နေရာ ကို ပြ သည့် ပုံ ဖြစ်ပါသည်။
 
 

 
 
အောက်ပါ ပုံ မှာ ဤ ကဲ့ သို့ Crop လုပ် လိုက်သည့် အတွက် ထွက် လာသည့် ပုံ ဖြစ်ပါသည်။ Picture Size သည် 357 x 238 pixels ဖြစ်ပါသည်။
 
 
 
 

အောက်ပါပုံ မှာ ယင်းကို Focal length 200mm ဖြင့် ရိုက် ခဲ့ ရာ တွင် ထွက် လာပါ ဖြစ်သည်။  Picture Size သည် 4752 x 3168 pixels ဖြစ်ပါသည်။ Crop လုပ်ထားသည့် ပုံ မှာမူ  Picture size သည် များစွာ ကျဆင်းသွား သည် ကို မြင်နိုင်ပါသည်။

 

 
 

အဓိက ကွာခြား ချက် မှာ Zoom Lens ဖြင့် ရိုက် ခြင်း ဖြင့် Pixel မဆုံး ရှုံး ဘဲ လိုအပ် သည့် ပုံ အရွယ် အစား ရနိုင် ခြင်းပင် ဖြစ်သည်။
 
သို့ ရာ တွင် တော်ရုံ သင့်ရုံ အနေ အထားမျိုး Crop လုပ် ခြင်း မှာမူ ပုံ ကို ဆိုးဝါး စွာ ထိ ခိုက် နိုင် ခြင်းမရှိပါ။ သို့  ရာ တွက် မိမိ အနေနှင့် အဆိုပါ ပုံ ကို မည်သည့် အတိုင်း အတာ အထိ  ပုံကြီး ချဲ့  ကာ သုံးမည်ကို မူတွက်ဆရန် လိုပါမည်။
 
Pixels နှင့်ပတ်သက် ၍ Nikon ကင်မရာ ဖြင့် ဥပမာ ပြ ရပါလျှင် Nikon Full Frame အဆင့် တွင်  D 800, D 800E, D 810 တို့ သည် 36.3 MP ရှိသော Megapixels အမြင့် ဆုံး သော ကင်မရာများ ဖြစ်ကြ ပါသည်။ APS-C ( DX ) အဆင့် တွင် D 7100 သည် 24.1 MP ရှိသော ကင်မရာ ဖြစ်ပါသည်။ DX တန်း ၏ Megapixels အမြင့်ဆုံးတန်း ၀င် ကင်မရာ ဖြစ်ပါသည်။
 
ဤ မှတ်စုသည် Nikon D 7100 Group တွင် ဆွေးနွေးသည့် အဆက် သဘွယ် ဖြစ်သောကြောင့် D 7100 ဖြင့် ရိုက်ထားသည့် ပုံ များဖြင့် ပင်  ဥပမာ ပြပါ မည်။
 
အထက်တွင် ဖေါ် ပြခဲ့သည့် ကား ပုံ မှာမူ ကား ၏ အရွယ် အစား ကို တစ်ညီ ထည်း နီးပါး ရအောင် ရိုက် ကူး ခြင်း ဖြင့် Focal length အလိုက် Perspective ပြောင်း သွားခြင်း ကို ပြ ခြင်း ဖြစ်ပါသည်။
 
အောက် ပါ ပုံ များ မှာ မူ  Zoom ဖြင့် ရိုက်ကူး ခြင်း ၊ Crop လုပ် ခြင်း တို့  ကြောင့် Nikon D 7100 ၏ အမြင့် ဆုံး 24.1 MP မှ နေ၍ ပုံ အရွယ် အစား မည်သို့  ပြောင်း လဲ သွားသည် ကို ပြ ခြင်း ဖြစ်ပါသည်။
 
 


ပုံ-(၁)



DX Format, Focal Length 600mm, Picture Size ( 6000 X 4000 )

 

အထက်ပါ ပုံ(၁) သည် Tamron 150-600,  Focal Length 600mm ဖြင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။ ပုံ အရွယ် အစားမှာ ( 6000 X 4000 ) အရွယ်ဖြစ် ပါသည်။ Lens မှာ FX Format ဖြစ်သည့် အတွက်  Nikon Crop Factor ( 1.5 X ) ဖြစ်သောကြောင့် Equivalent Focal Length ( 600 X 1.5 ) = 900mm ဖြစ်လာပါသည်။
 
 
 
ပုံ - (၂ )
 DX Cropped  1.3, Focal Length 600mm, Picture Size ( 4800 X 3200 )
 
 
အထက်ပါ ပုံ - (၂ ) ကိုမူ Tamron 150-600 ၏ Focal Length 600mm ဖြင့်ပင် D 7100 ၏ 1.3 X Crop of DX Option အရ Fine-L ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။ ဤ ကဲ့ သို့  1.3 X Crop လုပ် ကာ ရိုက်လိုက်သည့်အတွက် Focal Length သည် ( 600 X 1.5 X 1.3 )= 1170 mm နှင့် ညီမျှသော Focal length ဖြစ်လာပါသည်။
 
ပုံ - (၂) သည် ပုံ- (၁) နှင့် တူညီသည့် Focal Length 600mm ဖြင့် ရိုက်သည်ခြင်း တူစေကာမူ  ပို၍ ကြီးလာပါသည်။ သို့သော် အဆိုပါ ( 1.3 X Crop of DX ) ကြောင့် ဖြစ်ပေါ် လာသည့် Focal Length 1170mm သည် အစစ် မဟုတ်ဘဲ မူလ DX Format Size ( 6000 X 4000 ) ကို Crop လုပ် လိုက်သည့် အတွက် ပုံ ကြီး လာခြင်း ဖြစ်သည်။ ထို အတွက် Picture Size သည် DX Format Size ( 6000 X 4000 ) မှ  ( 4800 X 3200 )သို့  ကျ သွားပါသည်။ အကယ် ၍သာ DX Format ကို Focal Length 1170mm ဖြင့်သာ ရိုက် မည် ဆိုပါက အထက်ပါ ပုံ (၂) ၏ Picture size သည် ( 6000 X 4000) ပင် ဖြစ်ပါလိမ့်မည်။
 
ပြန်လည် ဆန်း စစ် ကြည့်ရာ တွင် 1.3 X Crop of DX Option, Focal Length 600mm  ဖြင့် ရိုက်သည့် ပုံ သည်  DX Format, Focal Length 600mm  ဖြင့် ရိုက်ထားသည့် ပုံ - (၁) ကို ကွန်ပြူတာ တွင် ပုံ - ( ၂ ) အရွယ် အစား ဖြစ်လာ စေရန် 1.3 X Crop လုပ် လျှင် လည်း ရရှိလာသည့် ပုံသည် အောက်ပါ ပုံ- (၃) ၏ Picture Size သည် ( 4800 X 3200 ) အရွယ် ခန့် ပင်ဖြစ်ပါသည်။
 
အချုပ် အား ဖြင့် ဆိုရ သော် DX Format ကို 600mm ဖြင့် ရိုက် ထားသည့် ပုံ -(၁) ကို  ကွန်ပြူ တာ ပေါ်တွင် 1.3 X ပြန်လည် ဖြတ်တောက် ကာ Crop လုပ်လျှင် လည်း အောက် ပါ ပုံ -(၃) တွင် ပြထာသည့် သကဲ့သို့ 1.3 X Crop of DX Option နှင့် ရိုက် သည့် ပုံ အရွယ် အတိုင်း ရပါသည်။
 
ပုံ - (၃)
Cropped of DX ( 6000 X 40000) Focal Length 600mm  to Picture Size (4796 X 3198)
သို့ ရာ တွင် အထက် က ဖေါ်ပြ ခဲ့ သည် မှာ DX Format, 600mm ဖြင့် ရိုက်သည့် ပုံ အား  1.3 X Crop of DX Option, ကိုသုံးကာ Focal Length 600mm ဖြင့်ပင် ရိုက်ထားသည့် ပုံ ၏ Subject အရွယ် အတိုင်း ရ စေရန်  (Focal Length အတူတူ ဖြင့် ရိုက် ထားသည့် ပုံ ကို )  Crop လုပ်ခြင်း ဖြစ်ပါသည်။
 
သို့ သော် 600mm ထက် Focal Length တိုသော 200mm, 300mm, 400mm, 500mm စသည့် Focal Length များ ဖြင့် ရိုက်ထားသော ပုံ များကို အထက်ပါ ပုံ - (၂ ) ၏ ( Subject) အရွယ် အစား ရ အောင် Crop လုပ်မည် ဆိုပါလျှင် ပုံ ( Subject) အရွယ်  တော့ တူ ပေ လိမ့် မည်။ သို့သော် Picture Size သည် ရိုက် ကူး သည့် Focal Length အလိုက် ( 4800 X 3200 ) ၏ အောက် သို့ Focal Length တစ်ဆင့် ခြင်း ကျဆင်း သွား ပါလိမ့်မည်။
 
သို့ မဟုတ်  Focal Length အမျိုးမျိုး ( ဥပမာ အားဖြင့်  300mm, 400mm, 500mm, စသည်ဖြင့် ) ဖြင့် ရိုက်သားသည့်  DX ( 6000 X 4000 ) အရွယ် အစား ရှိသည့်ု့ များ ကို 1.3 X Crop of DX Option ၏ Picture Zize အရွယ် အစား ဖြစ်သည့် ( 4800 X 3200 ) ပတ်ဝန်းကျင်သို့  အနီး ဆုံး ( Nearest  Crop ) ရအောင် ဖြတ်တောက် လျှင် Picture Size များအားလုံး တူညီ သလောက်ရှိနေပါ လိမ့် မည်။ သို့ ရာတွင် Focal Length တိုလာသည် နှင့်အမျှ ပုံ (Subject ) အရွယ် သည် သေး သေး သွားပေ လိမ့် မည်။
 
အောက်ပါ ပုံ- (၄) မှာ Focal Length 400mm, DX Format, Picture Size ( 6000 X 4000 )  ဖြင့် ရိုက်ထားသည့် ပုံ ကို Focal Length 600mm, 1.3 X Crop of DX Option  ပုံ Picture Size အထိ ရောက် လာစေရန်  Crop လုပ် လိုက်သည့် ပုံ တို့ ၏ အရွယ် အစား နှစ်ခု ကို နှိုင်း ယှဉ် ထားသည် ပုံ ဖြစ်ပါသည်။ Subject  အရွယ် ပမာဏ ကို  တူလာစေရန် ညှိ ခြင်း မဟုတ်။ Picture Size ကို တူအောင် ညှိ ခြင်းသာ ဖြစ်ပါသည်။ Picture Size ခြင်းတူ သော်လည်း Subject အရွယ် ခြင်း မတူ သည်ကို တွေ့ နိုင်ပါသည်။
 
 
ပုံ - (၄)
 
အောက်ပါ ပုံ- (၅) မှာမူ Focal Length 250 mm, DX Format, ဖြင့် ရိုက်ထားသည့် Picture Size ( 6000 X 4000 ) ပုံ ကို Focal Length 600mm, 1.3 X Crop of DX Option  ပုံ  ( Picture Size ) အရွယ် အစား သို့ ရောက်အောင်  Crop လုပ် လိုက်သည့် ပုံ တို့ ၏ အရွယ် အစား နှစ်ခု ကို နှိုင်း ယှဉ် ထားသည် ပုံ ဖြစ်ပါသည်။  အထက်ပါ ပုံ - (၄) အတွင်းရှိ ညာ ဘက်ရှိ ပုံ ကို မူလ Picture Size ( 6000 X 4000 ) မှ ဘယ်ဘက် ရှိ ပုံ ၏ Picture Size ( 4800 X 3200 ) နှင့် အနီးစပ်ဆုံးတူ ညီစေ ရန်  Crop လုပ်ထားခြင်း ဖြစ်ပါသည်။


ပုံ နှစ်ပုံသည် Picture size ခြင်း တူသော်လည်း Crop လုပ်ထားသော ညာဘက်ရှိ ပုံ ၏ Subject သည် ဘယ် ဘက်ရှိ ပုံ ရှီ Subject ထက် ပိုသေး နေပါသည်။ အကြောင်း မှာ ဘယ် ဘက် ရှိ ပုံ ကို ရိုက်ထားသည့်  Focal Length မှာ 600mm ဖြစ်ကာ ညာ ဘက်ရှိပုံ ၏ Focal Length သည် 400mm သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။   Focal Length ပို ၍တို သွားသော ကြောင့် ဖြစ်ပါသည်။



အောက်ပါ ပုံ-(၅) ကို ကြည့် လျှင် ညာ ဘက်ရှိ ပုံ မှာ Focal Length 250mm ဖြင့် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။ မူလ Picture size ( 6000 X 4000 ) မှ ဘယ် ဘက်ပုံ ရှိ ( 1.3X Crop of DX Option ) 600mm ဖြင့် ရိုက်ထားသည့် ပုံ၏ Picture Size ဖြစ်သည့် ( 4800 X 3200 ) နှင့် အနီးစပ်ဆုံး ရအောင် Crop လုပ် ထားခြင်းဖြစ်သည်။ Subject အရွယ် မှာ အထက်ပါ ပုံ -(၄) ပါ 400mm ဖြင့် ရိုက်ထားသည့် ပုံ ထက် ပင် သေးငယ် နေသည်။ ရိုက်သည့် Focal Length ပိုတို သွားသောကြောင့် ဖြစ်ပါသည်။
 
ပုံ -(၅)




တစ်ဖန် အထက် ပုံ- (၅) ၏ ညာ ဘက် ရှိ  250mm ဖြင့် ရိုက်ထားသည့် ပုံ ကို ဘယ် ဘက်ရှိ  600mm နှင့် ရိုက်ထားသည့် ပုံ၏ ငှက် ( Subject) အတိုင်း အရွယ်တူ ပုံ ကြီး  ဖြစ်လာစေရန် Crop လုပ် လိုက်ပါက 250mm ဖြင့် ရိုက်ထားသည့် ပုံ အရွယ် ပမာဏ သည် မူလ Size ဖြစ်သော Pixel ( 6000 X 4000 ) အရွယ် အစားမှ များစွာ လျှော့ ကျသွားကာ ( 1992 X 1566 ) သို့ ရောက်သွား မည် ဖြစ် ကို အောက်ပါ ပုံ - (၆) တွင် မြင် နိုင်ပါသည်။

 
ပုံ - (၆)
 

MegaPixle များ လှသည့် ကင်မရာ များ တွင် မူ တော်ရုံ တန်ရုံ Crop လုပ်ခြင်း ဖြင့် Pixel အတော် များများကျန် ပါသည်။ ဥပမာ အားဖြင့် D 7100 Sensor Size DX ( 23.5 X 15.6) ၏ Effective Pixels သည် 24.1 MP ဖြစ်ကာ အမြင့် ဆုံး  Image Size ( Pixels) သည် Large ဆိုလျှင် ( 6000 X 4000 ) ဖြစ်ပါသည်။ ယင်းကို 1.3 X Crop of DX Option ဖြင့် Crop လုပ်လိုက်လျှင် 15.4 MP ကျန်ပါသည်။ ပုံကောင်း တစ်ပုံ အတွက် လက်ခံ နိုင်လောက်သည့် Pixels ပမာဏ ဟု ဆိုရပါမည်။
 
D 7100 ထက် Pixels ပိုများ သော 36.3 MP ရှိသည့် D 800, D 810 ကဲ့သို့ ကင်မရာ များအတွက် မူ 1.3 X Crop လုပ်ရာ တွင် D 7100 ထက်  Pixels ပို ကျန် ပါမည်။  ထို့ ကြောင့် လည်း Crop လုပ် လိုက်ရင် ပုံကြီး လာတာ ဘဲ ဟု အ ချို့ က ဆို ခြင်း ဖြစ်ပါသည်။ မှန်သင့် သလောက် လည်း မှန်ပါသည်။ ထို့ ကြောင့်  Micro ရိုက်သူများက ဤ ကဲ့ သို့  Pixels များသော ကင်မရာ များသည် သူ တို့ အတွက် အသုံးတည့် သည်ဟု ဆိုကြ ခြင်း ဖြစ်ပါ သည်။
 
သို့ သော် တန်ဆေး လွန် ဘေး ဆိုသကဲ့သို့ အဆ မတန် သဘော မျိုး Crop လုပ်လျှင်မူ ပုံ အရွယ် ပမာဏ နှင့် အရည် အသွေး ကျသွားပါမည်။  ကင်မရာ ၏ Pixel များ လှစေကာမူ Crop လုပ် ရုံမျှ နှင့် မည်သို့ မှ Focal Length ရှည်သည့် Prime Lens များ ၏ Perspective and Quality အရည် အသွေး အတိုင်း ရ နိုင်မည် မဟုတ် သည်ကို မူ သတိ ပြု ရန် လိုပါမည်။
 
Crop လုပ်ခြင်း ဖြင့် မူလ ပုံ ၏ Pixels လျှော့ သွားသည့် အပြင် ပုံ တွင် ကျန်ရှိ သည့် Pixels များသည် နေရာ ဖြည့် ယူ ရသည့် အတွက် ပို၍ ကြီး လာပါသည်။ သို့အတွက် Sensor ပေါ်ရှိ Photosite များ ၏ အပြင်သို့ အံ ထွက် လာသည့် Light Signal  များ ရော ယှက် မှု ကြောင့် ဖြစ်ပေါ်လာသော  Blooming Effect ပို ဖြစ်လာ ပါသည်။ Blooming Effect  ကို ထိန်းနိုင်စွမ်း ရည် နည်း သည့် ကင်မရာ များတွင် ပုံ၌ Noise အပြင်  Pixel လေးထောင့် ကွက်များ ပါ ပေါ်လာသည့်  Pixelation ဖြစ်ခြင်း များလာ တတ် သည်။  Sensor Size သေးသည့် APS-C Format များတွင် Photosite များ တစ်ခု နှင့် တစ်ခု နီးကပ် နေသည့်အတွက် Pixelation  ပို များသည်။ Full Frame ဖြစ်စေ ကာမူ Pixels များလွန်း လာပါက Sensor ပေါ် တွင် လည်း Photosite ပိုများ လာသည့် အလျှောက် Photosite နည်း သည့် Sensor ထက် Pixelation ပို များ နိုင်သည်။ Pixelation  သည်  Crop လုပ်လျှင် ပို ပေါ်လွင်လာသည်။
 
အချုပ် အားဖြင့် ဆိုရပါလျှင် ပုံကြီး ကြီး ရရန် Zoom ဖြင့် ရိုက်ကူးခြင်းသည် Picture Size လျှော့ မသွားပါ။ မိမိ၏ Lens သည် Focal Length တို ၍ လိုသည့် ပုံ ကြီး မရ နိုင်ပါ လျှင် ရှေ့ သို့  တတ် နိုင်သမျှ တိုး ကာ  ရိုက်သင့်ပါသည်။  ပုံ ကြီး လာစေရန် Crop လုပ်ပါက Picture Size သေး သွား ပါမည်။ ပုံ၏ လိုအပ်သော  Composition နှင့် Subject  Size ကြီး လာစေရန် အတွက် Crop လုပ် ရန် လိုသည့် အချိန် များလည်း ရှိပါသည်။ သို့ သော် မိမိ အဆိုပါ ပုံ ကို မည် သည့် နေရာ တွင် မည် သို့  သုံးမည်ဆို သည့် အပေါ် တွင် တည်ကာ ဆောင်ရွက် သင့် သည် ဟု ယူဆပါသည်။
 
_____________________________