Wednesday 7 August 2013

Camera Setting (Part-II)




48- Camera Setting (Part-II)                                ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၄၈)

 

 

 

ကင်မရာ တစ်လုံး၏ Setting များ အကြောင်း တစ်စေ့ တစ်စောင်း

(A Brief note on Camera Settings)

Part (II)

( Aperture, Shutter Speed and Depth of Field )

 

 

စကားဦး

ဓါတ်ပုံ တစ်ပုံ ရိုက် ရာတွင် လက်တွေ့ အသုံးချရ မည့် အခြခံ Camera Setting များ နှင့် ပတ်သက် သည့် မှတ်စု အပိုင်း (၁) တွင် Focusing နှင့်ပတ် သက်၍ ရေး ခဲ့ပြီး ဖြစ်ပါသည်။

 

ယခု အပိုင်း(၂) တွင် Aperture အကြောင်းကို အခြေခံကာ  ၄င်း နှင့် ဆက်နွယ် နေသည့် အပိုင်း များကို ရေး ပါမည်။ Aperture နှင့်ပတ်သက်၍ ရေးရာ တွင် Aperture တစ်ခု ထည်း အကြောင်း ရေး ၍ မရ ဘဲ ၄င်း နှင့် တိုက်ရိုက် ဆက်နွယ်နေသည့် အလင်းဝင်ရန် Lens ကို ဖွင့် ထားပေးရသည့် အချိန်ကာလ  ဖြစ်သော Shutter Speed နှင့် ပုံ တစ်ခု ၏ ကြည်လင်ပြတ်သားမှု ဧရိယာဖြစ်သော Depth of Field အကြောင်း များ အားလုံးကို စုပေါင်း ရေးရမည် ဖြစ်ပါသည်။

 

အဆိုပါ သုံး ခု သည် တစ်ခု နှင့် တစ်ခု တိုက်ရိုက် ဆက်နွယ်လျှက် ရှိသည့် အတွက် တစ်ခု ထည်း ခွဲ ရေး ၍ မရ သောကြောင့် ဖြစ်ပါသည်။ အဓိက ရည်ရွယ်ရင်းမှာ ဓါတ်ပုံ နှင့်ပတ်သက်၍ စတင်လေ့လာ လျှက်ရှိသူများ အား တစ်ထောင့် တစ်နေရာ မှ အထောက် အပံ့ ဖြစ်စေရန် အတွက် ဖြစ်ပါ သည်။

 

Aperture

Aperture ဆိုသည်ကို အရိုးရှင်းဆုံး ပြောရပါလျှင်  The size of the opening in the lens when a picture is taken.’ ဓါတ်ပုံ ရိုက်သည့် အချိန်တွင် Lens ပွင့်နေသည့် အကျယ်၏ အတိုင်းအတာပမာဏ ကို ဆိုလို ခြင်း ဖြစ်ပါ သည်။

 

Lens ကျယ်ကျယ် ပွင့် ပါက အလင်း များများ ၀င်၍ ကျဉ်းကျဉ်း သာ ပွင့်ပါမူ အလင်း နည်းနည်း သာ ၀င်ပေမည်။
 

 
 
 

အထက်ပါ ပုံ (၁) တွင် Lens ပွင့် နေသည့် အတိုင်းအတာ သည် ပုံ (၂) နှင့် နှိုင်းယှဉ်လျှင် များစွာ ကျယ်နေသည့်ကို တွေ့ ရပါမည်။ ထို Aperture သည် ကျယ် သော Aperture ဖြစ်၍  ပုံ (၂) မှာ မူ ပုံ (၁) နှင့် နှိုင်း ယှဉ် ပါမူ ကျဉ်း သော Apertur ဖြစ်ပါသည်။

 

Aperture ကို f-Stop ဖြင့် တိုင်းထွာ ပါသည်။ ဥပမာ အားဖြင့် f-2, f-2.8, f-4, f-5.6, f-8, f-22 စသည်ဖြင့် တိုင်း ထွာ ပါသည်။ f/No, သေးလျှင် Aperture ကျယ် ၍ f/No. ကြီးလျှင် Aperture ကျဉ်းပါသည်။ f/2 ဆိုလျှင် အတော်ကျယ်သော Aperture ဖြစ်ပြီး f/22 သည် အတော် ကျဉ်းသည့် Aperture ဖြစ်ပါသည်။

 

Apertureအမှတ် အသား ၏ ကိန်းစဉ်များ။


 

အထက်ပါ Nikon 35mm 2D Lens ၏ Aperture အမှတ် အသား ကိန်းစဉ် များကို ကြည့်ပါက f-2, f-2.8, f-4, f-5.6, f-8, f-11, f-16, f-22 စသည်ဖြင့် တွေ့ ရမည် ဖြစ်သည်။ ဤ ကဲ့ သို့ ကိန်းစဉ် ဖြစ် ပေါ် ရ ခြင်း မှာ (The powers of the square root of 2) တွက် နည်း ကြောင့် ဖြစ်သည်။

 

ယင်းတွက် နည်း မှာ Square Root 2 ( https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFHlN9d14_pbZSmzmVoKqrUvUv0U31kIx7c_q_l78zehXIGr8lzEjHR1nN0vzchoLQr4ZHGttu5xjnbNzuNE55uwa8UQzq1aoiaur2p-ZpWelBpgb67D0pmjvtUbuFxddRS9SL9Lf0BBQ/s1600/Square+Root+of+2.png)  ၏ ထပ် ညွှန်းကိန်း ( Power) ကို တစ်ဆင့် စီ တိုး ၍ တွက်ချက်ထားခြင်း ဖြစ်သည်။ ပို၍ ရှင်းလင်းစေရန် အောက်တွင် နမူနာ အဖြစ် တွက်ပြ ပါမည်။

 

Powers of Square root of 2 (\sqrt{2} )

 


 

 
\sqrt{2} = 1.414
 
To the Power
(ထပ်ညွှန်းကိန်း)
 
Calculation
(မြှောက်ခြင်း)
 
Result
( ရသည့် ကိန်း)
 
Nerest
(အနီးဆုံးယူခြင်း)
f-No.
 
\sqrt{2}
1
1.414
= 1.414
f-1.4
\sqrt{2}
2
1.414 x 1.414
(1.414 ကို -၂- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 1.999
f-2
\sqrt{2}
3
1.414 x1.414x1.414
(1.414 ကို -၃- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 2.827
f-2.8
\sqrt{2}
4
(1.414 ကို -၄- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 3.997
f-4
\sqrt{2}
5
(1.414 ကို -၅- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 5.652
f-5.6
\sqrt{2}
6
(1.414 ကို -၆- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 7.992
f-8
\sqrt{2}
7
(1.414 ကို -၇- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 11.30
f-11
\sqrt{2}
(1.414 ကို -၈- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 15.98
f-16
\sqrt{2}
9
(1.414 ကို -၉- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 22.59
f-22
\sqrt{2}
10
(1.414 ကို -၁၀- ကြိမ် ဆက် တိုက် မြှောက်ခြင်း)
= 31.942
f-32

 



 

 

အထက်ပါ တွက်ချက် နည်းတွင် အဖြေ၏ ဒဿမ ကိန်းတွင် 0.59 အထိ ( Nearest)  အနီးဆုံး ကိန်း တစ်လုံးကို ( ကိန်းပြည့် အဖြစ် ) တိုး၍ မယူ ဘဲ 0.59 ကျော်မှ သာ Nearest  အဖြစ် ကိန်း တစ်လုံး ကိုတိုးယူ သည်ကို တွေ့ နိုင်ပါသည်။

 

ဥပမာ 22.59 ကို အနီးဆုံးကိန်း (Nearest) ကိန်း ပြည့် အဖြစ် တိုး မယူဘဲ  ကိန်းပြည့် 22 အဖြစ် လျှော့ ယူ ကာ 3.997 ၏ Nearest ကိန်း ကိုမူ ကိန်းပြည့် အဖြစ် 4 သို့ တိုး ယူ ထားပါသည်။

 

Shutter Speed

Shutter Speed သည် ကင်မရာ Sensor ပေါ်ကို အလင်း ကျရောက်သည့် အချိန် အနည်း အများအလိုက် အလင်း အဖွင့် အပိတ် လုပ် ပေးသည့် Shutter  အား ဖွင့် ထားပေးသည့် အချိန် ဖြစ်ပါသည်။

ယေဘူယျ အားဖြင့် Aperture ကျဉ်း လျှင် Lens မှဝင်လာသည့် အလင်းသည် နည်းသည့် အတွက်  ပုံ တစ်ပုံ ကောင်းစွာ ပေါ်လာစေရန် Sensor ပေါ်သို့ အလင်း ကျသည့် အချိန် ပိုကြာကြာ ယူရပါမည်။ တစ်နည်း အား ဖြင့် Shutter ကို အချိန် ကြာကြာ ဖွင့် ထားပေးရန် လိုပါသည်။ Slow Shutter Speed ဟု ဆိုရပါမည်။

 

ထို့ အတူ ပင် Aperture ကျယ် လျှင် အလင်း အ၀င်များသည့် အတွက် ပုံ တစ်ပုံ ကောင်းစွာ ပေါ်လာစေရန် Sensor ပေါ်သို့ အလင်း ကျသည့် အချိန် တိုတို သာ ယူရန်လိုပါမည်။ တစ်နည်း အား ဖြင့် Shutter  ကို အချိန် တိုတိုသာ ဖွင့် ထားပေးရန် လိုပါမည်။ Fast Shutter Speed ဟု ဆိုရပါမည်။

 

သည်။  Shutter Speed ကို အပိုင်းကိန်း ဖြင့်ပြပါသည်။ ဥပမာ အားဖြင့် အောက် ဖေါ်ပြ ပါ ဇယား ၏ Shutter Speed အောက် Collum  ရှိ 1/40 ဆိုသည် မှာ တစက္ကန့် ၏ အပုံ ၄၀ ပုံ တစ်ပုံ ကို ဆိုလိုပါသည်။ သာမန် အားဖြင့် “  One Thousand and One “ ဆို သည့် စာတန်းကို မှန်မှန် ရွတ်ဆို သည့် အချိန် သည် တစက္ကန့် ဖြစ်ပါသည်။

 

အလွန်မြန်မြန် လှုပ်ရှားနေသည့် Subject ကို ပြတ်သားနေအောင် ရိုက်  လိုပါက Shutter Speed ကို တတ်နိုင်သမျှ မြန်မြန် နှင့် ရိုက်ရန် လိုပါသည်။ ဤနေရာ တွင် Aperture နှင့် လည်း ဆက်နွယ် လျှက်ရှိနေသည် မှာ  လျှင်မြန် စွာ လှုပ် ရှားနေသည့် ပုံ ကို Aperture  ကျယ်ကျယ် နှင့် ရိုက်ပါက  အလင်း အ၀င်များသဖြင့် Shutter ကို အချိန် တိုတို သာ ဖွင့်ထား ရန် လိုပါသည်။  Fast Shutter Speed ဖြင့် ရိုက်ရလွယ် သည့် Setting ဟု ဆိုရပါမည်။

 

ဥပမာ အားဖြင့် လျှင်မြန်စွာ ပျံနေသည့် ငှက် တစ်ကောင်ကို ပြတ်သား သည့် ပုံ ရ အောင် Freeze လုပ်ရန် အတွက် Aperture ကျယ်သည့် f-2.8 ကို Set လုပ်ထားပါက မြန်သည့်Shutter Speed ဖြစ်သော  1/ 1250 Sec  ဖြင့် လွယ်ကူ စွာ ရိုက်နိုင် ပါလိမ့် မည်။ သို့ရာတွင် အဆိုပါ ငှက်ကိုပင် ကျဉ်းသည့် Aperture ဖြစ်သည့်  f-6 နှင့်ရိုက် မည်ဆိုပါက f-2.8 မှအလင်းအ၀င်သည်ထက် အလင်း ပမာဏ နည်း ပါမည်။ ထိုအခါ လုံလောက်သည့် အလင်းရောင်ရ ရန်တွက် Shutter ကို အထက်က ရိုက် သည့် အချိန်ဖြစ် သော တစ်စက္ကန့် ၏ အပုံ ၁၂၅၀ ပုံ တစ်ပုံ (1/1250 Sec) ဖွင့် ပေးရုံ ဖြင့်  မလုံလောက်တော့ပါ။  ထိုထက် အချိန် ပိုကြာကြာ ဖွင့်ထားပေးရန် လိုလာ သည့် အတွက်  1/1250 ထက် ပို၍ နှေးသည့် တစ်စက္ကန့် ၏ အပုံ ၁၀၀၀ ပုံ တစ်ပုံ (1/1000 Sec) ဖြင့် ရိုက်ရပါလိမ့် မည်။ Fast Shutter Speed ဖြင့် ရိုက်ရန် အနည်းငယ် ခက်ခဲလာ သည့် Setting ဟု ဆိုရပါမည်။ ရိုးရှင်းသော ဆက်နွယ် မှု သာ ဖြစ်ပါသည်။

 

အောက်ပါ ပုံများကို မြန်ဆန်သည့် လှုပ်ရှားမှု များကို ပြတ် သားနေစေရန်အတွက် Fast Shutter Speed 1/1125 ဖြင့် ရိုက်ထားခြင်း ဖြစ်ပါသည်။
 
 

 



အလင်းရောင် နည်း သည့် အချိန်များတွင် မူ Sensor တွင် ပုံပေါ် စေရန် အလင်းရောင် လုံလောက် စွာ ၀င် နိုင်စေရန် အတွက် Shutter Speed ကြာကြာ ထားကာ ရိုက် ရပါမည်။ လိုအပ်လျှင် ၁ စက္ကန့်၊  ၅ စက္ကန့် ၊ ၁၀ စက္ကန့်  နှင့် အချို့သောပုံ များ အတွက် မိနစ်  နှင့် ချီကာ  Shutter ကို ဖွင့် ထားပေးရန် လိုပါသည်။ အချို့သော အခြေ အနေ များတွင် Shutter Speed ကို စက္ကန့်  သာ မက မိနစ် နှင့်ချီကာ ဖွင့်ထားရသည် များလည်း ရှိပါသည်။

 

အောက်ပါ ပုံများကို အလင်းရောင် နည်းသည့် အချိန် တွင် Slow Shutter Speed 10- Second  ဖြင့် ရိုက်ထားခြင်း ဖြစ်ပါ သည်။









Aperture နှင့်  Shutter Speed တို့ သည် သင်္ချာ ဘာသာရပ်အရ ဆိုရပါမူ ပြောင်း ပြန် အချိုး ကျသည်ဟု ဆိုရပါ မည်။ Aperture ကို ကျယ်ပေး လိုက်လျှင် အလင်း ၀င်သည့် ပမာဏ များလာသည့် အတွက် အလင်းဝင်သည့် အချိန် အတိုင်းအတာ Shutter Speed အချိန် တိုတို သာ ပေးရန်လိုပါမည်။ ထို့ အတူပင် Aperture ကို ကျဉ်း ပေး လိုက်ပါလျှင် အလင်းဝင် သည် ပမာဏ နည်းသွားသည့် အတွက် လုံလောက် သော အလင်းပမာဏ ရရှိစေရန် အတွက် အလင်းဝင်သည့် အချိန် အတိုင်း အတာ Shutter Speed ကို ကြာကြာ ဖွင့် ပေးရန်လိုပါသည်။

 

Aperture နှင့် Shutter Speed တို့ ဆက်သွယ် နေမှု

 

 အောက်ပါ ဇယား သည် အဆိုပါ Setting အတွဲ တွင် ISO အမှတ် 100, 200, 400 တွင် ထားရမည့် Aperture နှင့် Shutter Speed အတွဲများကို သာမန်ေ န့ ခင်း အလင်းရောင်ရှိသော အခြေအနေတွင် ယေဘေူယျ သဘော ဖေါ်ပြထား သည့် အတွဲများ  ဖြစ်ပါ သည်။

 

ISO
Aperture
Shutter speed
ISO 100
f-22
1/40
Aperture is Narrow and Shutter Speed is Slow
f-16
1/125
f-11
1/250
f-8
1/500
f-5.6
1/1000
f-4.0
1/2000
f-2.8
1/4000
f-2
1/7000
f-1.4
1/14000
Aperture is Wider and Shutter speed is Faster
ISO 200
f-22
1/125
f-16
1/250
f-11
1/500
f-8
1/1000
f-5.6
1/2000
f-4.0
1/4000
f-2.8
1/8000
f-2
1/14000
f-1.4
1/22000
ISO 400
f-22
1/250
f-16
1/500
*
f-11
1/1000
*
f-8
1/2000
*
f-5.6
1/4000
*
f-4.0
1/8000
*
f-2.8
1/14000
f-2
1/22000
f-1.4
1/34000

Source Jim Pickrell’s Table

အထက်ပါ ဇယား ကိုကြည့်ပါ က အလွန်ကျယ်သည့် Aperture များ မှ လွဲ၍ ကျန် Aperture များသည်  One Stop ပြောင်း ကာ ကျယ် လာသည် နှင့် အမျှ  Shutter Speed အပိုင်းကိန်းများ၏ အောက်ခြေကိန်းဖြစ်သည့် ပိုင်းခြေသည်လည်း နှစ်ဆ တိုးလာသည် ကိုတွေ့ ရမည် ဖြစ်သည်။ (*) ပြ ထားသည့် ဇယား များကို ကြည့် လျှင် သိနိုင်ပါသည်။ အားလုံး မဟုတ်ပါ။ အချို့ မှာ နှစ်ဆ အတိအကျ မဟုတ်ဘဲ နှင့် နှစ်ဆ နှင့် အနီးစပ် ဆုံးသာ ဖြစ်ပါသည်။ အကြမ်း ဖျဉ်း သဘော ပြထား ခြင်းသာ ဖြစ်ပါသည်။

 

Aperture အကျဉ်း နှင့် အကျယ် တို့ ကြောင့် ဖြစ်ပေါ်လာသည့် Depth of Field.

အောက်ပါ ပုံ ကို Aperture ကျဉ်းကျဉ်း f- 22 ဖြင့် ရိုက် ထားခြင်း ဖြစ်ပါသည်။ ရှေ့ ပိုင်းရှိ ပန်း အဖူးများ ပြတ်သားနေသည့် အပြင် နောက်ပိုင်းရှိ အရွက် နှင့် ခြံ တိုင် များပါ ကောင်းစွာ ပေါ်နေသည် ကို မြင်နိုင် ပါသည်။ Deep Depth of Field ဖြစ်ပါသည်။
 

Aperture f-22

 
 
 
 

အောက်ပါ ပုံ ကို Aperture ကျယ်ကျယ် f-2.8  ဖြင့် ရိုက် ထားခြင်း ဖြစ်ပါသည်။ ရှေ့ ပိုင်းရှိ ပန်း အဖူးများ သာ ပြတ်သားနေ ပြီး  နောက်ပိုင်းရှိ အရွက် နှင့် ခြံ တိုင် အားလုံး သည် Shallow Depth of Field ဖြစ် နေကာ ၀ါးနေသည်ကို တွေ့ နိုင်ပါသည်။

 

Aperture f-2.8
 

ထို့ ကြောင့် Aperture  နှင့် ဆက်နွယ် နေသည့် Depth of Field ( DOF) ကို ရှင်းလင်း ရန် လို လာပြန်ပါသည်။
 
 
Depth of Field (DOF)
 ဓါတ်ပုံတစ်ပုံ၏ ပုံရိပ်သည် နေရာအားလုံး၌ ကြည်လင်ပြတ်သားမှု ရှိခြင်မှရှိပေမည်။ ရိုက်ကူးသည့် Lens ၊ ၄င်း၏ Apertureအကျဉ်း အကျယ်၊ Lens ၏ Focal Length၊ Subject နှင့် ကင်မရာ အကွာ အဝေး စသည် တို့ အပေါ် မူတည်ကာ ပြတ် သားမှု ဧရိယာ နှင့် မှုန်ဝါး မှု ဧရိယာ အနည်း အများ ကွာ ခြား နိုင်ပါသည်။
 
ဆိုလိုသည်မှာ ပုံအရှေ့ နေရာအချို့သည် အနည်းငယ် ၀ါး နေမည် ။ သည့် နောက် အဆိုပါ နောက်ပိုင်းတွင် ပုံ ရိပ်သည် ပြတ်သား နေမည်။ ထို့နောက် ၄င်း၏ နောက် ပိုင်း ဧရိယာများ တစ်ဖြည်း ဖြည်း မှုန် ၀ါး မှု သည် နည်းရာ မှ မတစ်စ တစ်စ ပို၍ မှုန်ဝါး လာကာ ပုံ၏ နောက် ဆုံးနေရာတွင် မူ လုံးဝ မှုန်ဝါးသွားမည် စသည့် အနေ အထားမျိုး ရှိနိုင်ပါသည်။ ပုံ တစ်ခုလုံးကို ခြုံ၍ ကြည့်ပါလျှင် ပုံရိပ် ကြည်လင်ပြတ်သားသည့် ဧရိယာတစ်နေရာ ရှိပါသည် ။ ထိုဧရိယာကို Depth of Field (DOF ) ဟု ခေါ်သည်။
 
ထိုနေရာကို အတိအကျ စာ စကားဖြင့် ဆိုရပါသော် ပုံ ရိပ်၏ မှုန်ဝါးနေသည့် ရှေ့ ပိုင်း နှင့် နောက်ပိုင်း နေရာ များ အကြား လက်ခံ နိုင်လောက်သော ကြည်လင်ပြတ် သား သည့် ဧရိယာ ကို Depth of Field ဟု ခေါ် သည် “ ဟု ခေါ်သည်။
 
အကြောင်းမှာ Lens သည် တစ်ချိန်တွင် တစ်နေရာကိုသာ တိကျသော Focus လုပ်ပေး သဖြင့် Focus ဖြတ်ထားသည့် ကြည်လင်သော ပုံရိပ်နေရာမှနေ၍ ရှေ့ဧရိယာသည် လည်းကောင်း နောက် ဧရိယာသည် လည်းကောင်း တဖြည်းဖြည်း ၀ါးသွားရခြင်းဖြစ် သည်။ အောက်ပါပုံ ကိုကြည့် လျှင် ပိုရှင်း ပါလိမ့် မည်။
 
 
 
 
 
 
 
 

 
အထက်ပါ ပုံများ ကိုကြည့်ပါက Depth of Field အတွင်းရှိ ပုံများ မှာ ပြတ် သား ပြီး ယင်း၏ ရှေ့ နှင့် နောက် ရှိ ဧရိယာများမှာ တစ်စ တစ်စ ပို၍ မှုန်ဝါး လာသည်ကို တွေ့ နိုင်သည်။
 
 
ကျဉ်းသည့် Aperture  ကြောင့် ထွက်ပေါ်လာသည့် Deep Focus Depth of Field.
 
Aperture ကျဉ်းကျဉ်း ဖြင့် ရိုက်ပါက Depth of Field ရှည် လာကာ ပုံ ၏ရှေ့ မှ နောက် အထိ အားလုံး ပြတ်သား ပါသည်။ အောက် ပါပုံကို ကြည့်ပါက ရှေ့ ရော နောက်ပါ နေရာအားလုံးသည် Focus မိ ကာ ပြတ်သားနေသည် ကို တွေ့ရမည် ဖြစ်ပါသည်။ ယင်းကို Deep Focus Depth of Field ဟု ခေါ်ပါသည်။ ရှု ခင်း များကို ဤ ကဲ့ သို့ Depth of Field မျိုး ဖြင့် ရိုက် လေ့ ရှိသည်။
 



ရှုခင်း ပုံ တစ်ပုံ ရိုက်ရာတွင် ပြတ်သားသည့် ဧရိယာ ကျယ်ပြန့် သော Depth of Field ရှိ သည် ကို တွေ့ နိင်သည်။
 
1/320s @ f/11, 18mm.
 
1/400s @ f/16, 35mm
 
အထက်ပါပုံများ ကို ကြည့်ပါက Between Heaven and Earth နေရာအားလုံးသည် Focus မိ ကာ ပြတ်သားနေသည့်ကို တွေ့ရမည် ဖြစ်ပါသည်။
 
 
 
 
ကျယ်သည့် Aperture ကြောင့် ထွက်ပေါ်လာသည့်  Shallow Depth of Field
 
Aperture ကို ကျယ်ကျယ် ဖွင့် ထားကာ  ရိုက်ပါက ပြတ်သားသည့် နေရာမှာ သေးငယ် ပြီး ၄င်း၏ ရှေ့ နှင့် နောက် ဧရိယာ များ ၏ မှုန် ၀ါး နေသည့် ဧရိယာ က ပိုများနေပါသည်။ ယင်း ပုံမျိုး ၏ Depth of Field ကို Shallow Depth of Field ဟု ခေါ်ကြသည်။ အဆိုပါ ပုံ များ မှာ Main Subject ကို သာ အဓိက အသားပေး ပြသလိုပြီး ကျန်နေရာ များကို အာရုံ ထဲ မရောက် စေရန် လုပ်လို လျှင် အဆိုပါ Depth of Fieldမျိုးကို သုံးကြပါသည်။ Portrait ကဲ့ သို့ ပုံမျိုး ကို လည်း ဤ ကဲ့သို့ ရိုက်လေ့ ရှိသည်။





 

အပေါ်ပုံသည် Shallow Depth of Field ရ စေရန် အတွက် Subject ကို ကင်မရာ အနီးသို့ ကပ် ထားကာ Wide Aperture ဖြင့် ရိုက်ခြင်း ကိုပြ သည့် Diagram ဖြစ်ပါသည်။
 
 
 
အထက်ပါ ပုံ ကိုကြည့်လျှင် ရှေ့ နှင့် နောက် ၀ါး နေကာ အလယ် တွင် ပြတ်သားနေသည်ကို တွေ့ နိုင်ပါသည်။
 
 

 အထက်ပါ ပုံ မှာမူ Focus ယူ ထားသည့် ပုံ ရှေ့ ပိုင်း ရှိ သေနပ် ပြောင်း ထိပ် သာ လျှင် ပြတ်သားနေပြီး နောက်ပိုင်း အားလုံး ၀ါးနေပါသည်။
 
 
 

 အထက်ပါ ပုံ များ အားလုံးသည် Aperture ကျယ် ကျယ် နှင့် ရိုက် ထားသည့် Shallow Depth of Field ပုံ များ ဖြစ်ကြပါသည်။ အကယ်၍ သာ Aperture ကျဉ်းကျဉ်း ဖြစ်သည့် f/16 ခန့် ဖြင့်  ရိုက်ပါမူ ရှေ့ ရော နောက်ပါ  ပြတ်သား လာပါ လိမ့် မည်။
 
DOF နှင့် Lens ၏ Focal Length အတို၊ အရှည် ဆက်နွယ်မှု။
 
Aperture နှင့် Depth of Field ဆက်သွယ် နေသကဲ့သို့  Depth of Field နှင့် Focal Length တို့ သည်လည်း ဆက်နွယ် လျှက် ရှိပြန်ပါသည်။ ယင်းကို မူ အတို ချုပ် မျှသာ ရှင်းပါမည်။
 
ဥပမာ အားဖြင့် Lens ၏ Focal Length ကို 50mm တွင် အခြေခံ Focal Lengthအဖြစ် ထားပါက 100mm, 150mm, 200mm စသည်ဖြင့် Focal Length ရှည်လာခြင်း၊ သို့ မဟုတ် 35mm, 16mm, 10mm စသည်ဖြင့် တိုသွားခြင်း မျိုး ရှိလာပါသည်။ ယင်းအပေါ် လိုက်၍ Depth of Field ဧရိယာ လည်း ပြောင်းလဲပါ သည်။
 
အောက်ပါ Diagram သည် Focal Length 35mm နှင့် 100mm တို့ ကြောင့် ဖြစ် ပေါ်လာသည့် Depth of Field အထူ အပါး များကို ပြထားသည့် Disgram ဖြစ်ပါသည်။

 


 
 
 
 

 
အထက်ပါ နှစ်ပုံ တွင် မျဉ်း နှစ်ကြောင်း အကြားရှိ ဧရိယာသည် ပြတ်သား သည့် Depth of Field ဧရိယာ ဖြစ်သည်။ အထက် Diagram ပုံ ၏ Focal Length မှာ35mm ဖြစ်ပါသည်။ အဆိုပါ Focal Length အတိုဖြင့် ရိုက်ထားသည့် ပုံ၏ Depth of Field မှာ ထူပါသည်။ ပို၍ ရှည် ပါသည်။
 
အောက် Diagram ပုံ မှာ100mm ဖြင့် ရိုက်သည့် ပုံ၏ Depth of Field  ဖြစ်ပါသည်။ Focal Length ရှည်သည့် 100mm ဖြင့် ရိုက်သည့် ပုံ၏ Depth of Fieldမှာ ပါး ပါသည်။
 
ကင်မရာ နှင့် Subject တို့ ၏ အနီး အဝေး ကြောင့် ဖြစ်ပေါ်လာသည့် DOF။
30mm @ f/2, taken from Focal Distance 40cm
 
 
85mm @ f/2, taken from Focal Distance 110cm
အထက်ပါ ပုံ နှစ်ပုံ အနက်  အထက် ပုံမှာ Focal distance  40cm ဖြင့် ရိုက်ထားရာ Depth of Field ကျယ် ပါသည်။  အောက်ပုံ ကိုမူ Focal distance  110cm ဖြင့် ရိုက် ထားရာ Depth of Field  ပါး ပါသည်။  DOF သည် ကင်မရာ နှင့် Subject,  Sensor Size စသည်တို့ နှင့်လည်း ဆက်နွယ်နေပါသည်။ သို့ သော် လက်ရှိခေါင်းစဉ် တွင် ဖေါ်ပြရန်မလိုဟု ယူ ဆသဖြင့် မရှင်းတော့ပါ။ DOF အကျယ် ကို shlaing.blogspot.com ရှိ Note No 23 –Depth of Field တွင် ဖတ်ရှု နိုင်ပါသည်။

အထက်ပါ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဖြစ်ပေါ် လာသည့် ဖြစ်စဉ် များ ကို သိ လာပါလျှင်  ကင်မရာတွင် မည်သို့ Setting လုပ်ရမည်ကို သဘော ပေါက် လာမည်ဟု ယုံကြည်ပါသည်။
ကင်မရာ Setting တွင် အရေးပါလှသည့် Metering ကို Part (III) အပိုင်း (၃) ဖြင့် ဆက်လက် ဖေါ်ပြ ပါမည်။
 
_______________________________________________
 
 

 

No comments:

Post a Comment