Tuesday 12 September 2017

Portrait Cropping




95 – Portrait Cropping                                                ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၉၅)


“ Portrait ပုံ များကို ဖြတ်တောက် သည့် နည်း “
( Portrait Cropping Technique )


စကားဦး

ကျွန်တော် လူ ပုံ များကို ဖြတ်တောက် ( Crop ) ရာ တွင် အမြင့်တန်း ဓါတ်ပုံပညာ  ရှင်များ   မည်ကဲ့  သို့ ဖြတ်တောက် ကြသည်ကို သိလို ၍ ရှာဖွေ ဖတ်ရှု ရာ  ကျွန်တော့် အတွက် ဆူလွယ်  နပ်လွယ်   လေ့ လာနိုင်သည့်  Ben Lucas ၏ Portrait Cropping Techniques ကို တွေ့ လိုက် ရ ပါ သည်။


Ben Lucas သည် အမေရိကန် ပြည်ထောင်စု Seattle မှ နံမည် ကြီး  Commercial, Portrait, Wedding Photographer တစ်ဦး ဖြစ်ပါသည်။


အမှန်တော့ လူ ပုံ Portrait ကို ကျွန်တော် ရိုက်လေ့ ရိုက်ထ မရှိ သောကြောင့် ရိုက် ပုံ ရိုက်နည်းရော ဖြတ်တောက် သည့် နည်းပါ မသိသဖြင့် ရှာဖွေ ဖတ်ရှ ခြင်း ဖြစ်ပါသည်။

Portrait Photography ဟု ဆိုရာ တွင် လူ ပုံရိုက်ခြင်း  ကိုသာ Portrait Photography ဟု အများစု လက်ခံ ထားသူ ကြပါသည်။ အချို့သော အဘိဓါန်တွေ ကလည်း ဤ သို့ ပင် ဆိုပါသည်။

 သို့ ရာ တွင် ကျွန်တော် လေ့ လာ မိသရွေ့ လူ ပုံ သာမက တိရိစ္ဆာန် များဖြစ်သော ခွေး ၊ ငှက် စသည် တို့ ၏ ပုံ များ တော တောင်ရေမြေသဘာဝ ပုံ များရိုက်ခြင်း ကို လည်း Portrait Photography ဟုခေါ်သည် ဟု လေ့ လာ မိပါသည်။

ကျွန်တော် လေ့ လာမိသလောက်သော Portrait Photography  ပုံ များကို အောက်တွင် နမူနာ ဖေါ်ပြ ထားပါသည်။


အမျိုးမျိုး သော Portrait Photography ပုံများ။



Human Portraits




Animal Portraits


Bird Portrait




Dog Portrait







Nature Portrait


Mountain Portrait





Tree Portrait by David Kimball





Human Portrait များကို Cropping လုပ်ခြင်း။



ဤ အပိုင်း ကို မူ Ben Lucas ၏ Portrait Cropping Techniques ကို မြန်မာမှု ဖြင့် ဘာသာ ပြန်ခြင်း ဖြစ်ပါသည်။ Human Portrait များကို ဖြတ်တောက် ခြင်း အကြောင်းသာ ဖြစ်ပါသည်။ မှတ်စုပါ  " ကျွန်တော် " ဟု ဆို ခြင်း မှာ Ben Lucas  ကို ကိုယ်စားပြုပါသည်။




Cropping Composition.


ဓါတ် ပုံ တစ်ပုံ ကို ဖြတ်တောက် ( Cropping ) လုပ် ခြင်း မှာ လူ မျက် လုံး  ကို ပုံ အလယ် တည့်တည့် တွင် ထားလိုက် ရုံ မျှလောက် နဲ့  မလုံလောက်ပါ။


ဖြတ်တောက် လိုက်သောပုံ သည် ကြည့်သူ အားဆွဲဆောင် လာနိုင်သည့်    အနေအထားမျိုး ရှိအောင် ဖြတ်တောက် နိုင်ရပါမယ်။




ပေါင် အလယ် နေရာ က နေဖြတ် ပါ ၊ ဒူး နေရာ က မဖြတ်ပါနဲ့။





 အထက်ပါ လူ ပုံ ကို  အဆစ် ( Joint )  နေရာ များ ဖြစ်သော လက်ကောက်ဝတ်၊ တစ်ထောင်ဆစ်၊ ခြေမျက်စေ့ ( ခြေကျဉ်းဝတ်)  ၊ ဒူး ၊ ပုခုံး  စသည့် ( Ankle, knee, wrist, elbow, or shoulder )  နေရာ များက မဖြတ် လိုက်ပါနဲ့ ၊ အဆိုပါ နေရာ များ  က ဖြတ်တောက် ( Crop ) လိုက် မည် ဆိုပါက ကြည့် သူအ နေ နဲ့ ပုံသည် ခြေပြတ် လက်ပြတ် ကြီး ဖြစ်နေသလို (amputating the person at that spot ) ထင် သွား နိုင် ပါတယ်။


ထို နေရာ များ တွင် ဖြတ်တောက် မည့် အစား Shin, thigh, torso, or middle of the arm နေရာ များ တွင်ဖြတ်တောက် သင့်ပါတယ်။ အောက် တွင် ဖြတ်တောက် ထားသည့် နမူ နာ ပုံ ကို ကြည့် ပါရန်။


ပေါင် ၏ အလယ် တွင် ဖြတ်တောက် ထားပါတယ်။







မျက် နှာ မူ ရာ နေရာ တွင် Space  ချန် ပေးထားပါ။





အထက် ပါ ပုံ ကို Crop လုပ်မည်ဆိုပါက အထက်ပါ Subject  ကြည့်နေသည့် မျက်နှာ မူ ရာ  နေရာ တွင် နေရာလွတ် ကို ပို ချန် ထားပေးရပါမယ်။ Breathing room ပေး တယ် လို့ ဆိုပါတယ်။ ဤ သို့ ဖြင့် ကြည့် သူအနေနဲ့ ကြည့် ရတာ သက်တောင့်  သက် သာ ရှိစေ နိုင်ပါတယ်။


အောက် ပါ ပုံ အထက်-အောက် နှစ်ပုံ တွဲအနက် အထက် ပုံ တွင် ပြ ထားသကဲ့ သို့ မျက်  နှာ မူ ရာ နေ ရာ ကျပ် နေအောင် ဖြတ်တောက် ခြင်း  ကို ရှောင် ရပါမယ်။


အောက် ပုံ ကဲ့ သို့ မျက်  နှာ မူ ရာ နေရာ ကို Breathing room ပေးထားရပါမယ်။






သို့ သော် ပြောင်းပြန် သဘောအရ ကြည့် သူကို ကြပ်တည်း စွာ ခံစား စေလိုပါက အထက်က ပုံ လို Breathing room မပေးဘဲ မျက်နှာ မူနေရာ ကို ကျဉ်းကျ ပ် စွာ  ဖြတ် ပါ။




Subject ၏ မျက် လုံး ဆီ ကို ဆွဲခေါ်သွားပါ။







ဤသည် မှာ Rule of Thirds အတိုင်း မျက် လုံး ကိုနေရာ ချ ထား ရန် ဆိုလိုတာပါ။


Rule of Thirds သည် ရှုခင်းများ တင်သာမက Human Portrait တွင် ပါ အသုံးဝင်  ပါတယ်။ Subject ရဲ့ မျက်လုံးကို ကြည့် သူ အာရုံ စူး စိုက် စေမည့် နေရာ မှာ နေရာ ချ ထားရပါမယ်။ အေယက်ပါ နမူနာ ပုံ ကို ကြည့် ပါ။










မိမိ ပြ လိုသည့် နေရာ သို့ ကြည့်သူ မျက် လုံးကို ခေါ် သွားပါ။






မပြ လိုတာ ဖြတ် တောက် ပစ်၊ ပြ လို တာကို ချန်…မည်သည့် ဓါတ်ပုံ မဆို ဒီ သဘော အတိုင်းပါဘဲ...


လူ တို့ ၏ သဘာဝ မှာ ပထမ ဦးဆုံး Subject ရဲ့  မျက် နှာ ကို ကြည့်ပါတယ် ၊ နောက်..ဖတ် စရာ များ ရှိရင် ဖတ်ပါတယ်..သည့် နောက်…အရောင် တောက် ပ တဲ့ နေရာ ကို ကြည့် ပါတယ် ၊ အရောင် Contrast များတဲ့ နေရာ ကို ကြည့်ပါတယ် ။ ဒါဟာ လူ တွေ ရဲ့ biologically programmed ပါ။


ဒါကြောင့် ဖြတ်တောက် ရင် မိမိ ပြ လို တဲ့   နေရာ က နေ ကြည့် သူ  မျက်လုံးကို ဆွဲထု တ် သွားမဲ့ အနှောက် အယှက် ( Distraction ) တွေ ကို ဖယ် ထုတ် ပစ်ရပါမယ်။

အထက် က ပုံ ရဲ့ Distraction တွေ ကို ကြည့်ရင် Subject နောက် က ပုလင်း လေး ဟာ ရှုပ်နေစေပါတယ်။ နောက်ပေါ် လာတာ က subject ရဲ့ လက် အနေအထား ပါ ၊ နောက်... ညာ ဘက် က တောက်ပတဲ့ Reflection ၊ ဘယ် ဘက် က လွတ်နေတဲ့ Empty space  စတာတွေပါ။ ဒါတွေ ဟာ ကြည့်သူ ကို မျက် စေ့ နောက် စေတဲ့ Distraction တွေပါ။


ဒီ Distraction တွေ ကို ဖြတ်တောက် လိုက်ပြီး ကြည့်သူ အာရုံ ရောက်စေမဲ့  မျက် နှာ၊ လက် ၊ Window Frame တို့ ဘဲ ချန် ထားပါမယ်။ အောက် ပုံ တွင် စက် ၀ိုင်း နဲ့ ၀ိုင်းပြ ထား တွေ ကိုဘဲ ချန် ပါမယ်။


လက် ဆိုရာ မှာ လည်း ထင်ရှားတဲ့ အပိုင်းလေး ကို သာ ချန် ထားပါတယ်။  ပြ ရန် မလို အပ် ဘဲ အာရုံ များစေမဲ့ ဘယ်လက် အများစု ပိုင်း ကို ဖြတ် ထုတ် လိုက်ပါတယ်။









ဆံ စ နေရာ ကို ချန် ထားပါ။








ဆံစ လိုင်း ( Hair Line ) ပြောင် နေအောင် ဖြတ် တောက် လိုက်ပါ က ဆံပင် မရှိဘူးလား ၊ ကတုန်း နဲ့ လား လို့ထင် နိုင်စရာ ရှိပါတယ်။  


ဆံ ပင်ရှိတယ် ဆို တာ ကို  သိသာ  အောင် ပြရန် လိုပါတယ်။


ဆံ စ လိုင်း ကို ဖြတ်တောက် လိုက်ပါက နဖူး နေရာ ဟာ ဧရိယာ သတ် မှတ် ချက် မရှိတော့ ဘဲ ဘယ် နေရာ အထိ နဖူးက ကျယ် နေသလဲ ဆို တဲ့ အတွေး ၀င် လာ နိုင်စေပါတယ်။  အဆိုး ဆုံး က ဆံ ပင် မရှိ ဘူး ဆိုတဲ့  အမြင်ရောက် လာစေတဲ့ အတွေးရောက်လာစေတဲ့  ဖြတ်တောက် ခြင်းပါ။

အတယ့် ကို Very Tight Crop လုပ် မယ် ဆိုရင် တော့ မျက်ခုံး အပေါ် နေရာ လောက် ကနေသာ ဖြတ် လိုက်ပါ။ မျက် ခုံး နေရာ ဟာ New Hair Line အဖြစ်ရောက်လာပါ  လိမ့် မယ်။ ကြည့် သူရဲ့ ညာ အစွန် ဆုံးပုံ ကို ကြည့်ပါ။









Rules for 8x10" ကို သုံးပါ။







DSLR ရဲ့ ပုံ အချိုး ဟာ 8X12 Aspect Ratio ဖြစ်ပါတယ်။ Client များက  8X10” လို ခြင် တယ် ဆိုရင် ပြသနာပါ။ ဒီတော့ အချို့ရနေရာ တွေ ကို ဖြတ် တောက်ပစ် ရပါ  လိမ့် မယ်။

အထက်ပါ ပုံ ကို ကျွန်တော် Tight Cropping လုပ်ရာ မှာ မလိုတဲ့ Distraction ဆွေ ကို ဖြတ် ထုတ်ပါမယ်။








အထက် မှာ ပြ ထားသကဲ့ သို့ မူလ ပုံ ရဲ့ ခေါင်း အထက် က နေရာ ( Head room ) များနေတာ ဖြတ် ထုတ်လိုက် ပြီး နည်းနည်း ဘဲ ချ န် ပေးပါမယ်။ လက် နေရာ မှာလည်း သင့် သလောက်ဘဲ ချန် ပေးပါမယ်။ ကျန်တာ ကို  ဖြတ်ထုတ်  ပြီး   8X10” လုပ် လိုက်ပါ မယ်။  လက်နေရာ ကိုလုံးဝ  မချန် ထားပါက လက်ပြတ် ကြီး လို့ ထင်စရာ  ဖြစ်နိုင်ပါတယ်။ ထင်ရှားတဲ့ ညာ လက် ကို ချန် ထားပါတယ်။ ဘယ်လက်ကို ကျန်ရုံလေးသာ ချန် ထားပါတယ်။  Distraction မရှိရုံ ဖြတ် ကာ ညာ လက် ကို ချန် ထားပေးတာ ကိုတွေ့ နိုင်ပါတယ်။


---------------------------------

2 comments:

  1. မျှဝေပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

    ReplyDelete
  2. ကျေးဇူးပါခင်ဗျာ ဒီဘလော့လေးကနေ အားလုံးနီးနီး သင်ယူဘိုက်ရပါတယ်။ သင်တန်းတစ်ခုကို တက်လိုက်ရသလိုပါပဲ။ အရမ်းကိုကျေးဇူးတင်ပါတယ် ခင်ဗျာ

    ReplyDelete