97 – Art of Composition in Photography ဓါတ်ပုံ
ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၉၇)
“ ဓါတ်ပုံ တစ်ပုံ ဖွဲ့စည်း ခြင်း ဆိုင်ရာ အနုပညာ “
(Art of Composition in Photography)
စကားဦး
Composition နှင့်ပတ်သက် လို့ ကျွန်တော်
အတော် အသင့် ရေးခဲ့ ပြီးဖြစ်ပါတယ်။ အမှန်တော့ Composition
အကြောင်း ရေး ထပ် ရေး ဘို့ ရန် စိတ်ကူး မရှိပါ။ အကြောင်းအရာ တစ်ခု ကို သိလို၍ ရှာ ဖွေ ရင်း
Siddharthan Raman ရဲ့ Art of the Composition in Photography ဆောင်းပါး ကို အမှတ်မထင်
တွေ့ လိုက် မိ လို့ ရေးဘို့ စိတ်ကူး ရလာတာပါ။
Siddharthan Raman က ဓါတ်ပုံ တစ်ပုံ ဖွဲ့ စည်း ခြင်း ဖြစ်တဲ့ Composition ဆိုင်ရာ
အနု ပညာ ကို စာ နဲ့ ရှေရှေ ဝေးဝေး ဖွဲ့နွဲ့ ကာ ရေးထားခြင်း မဟုတ်ဘဲ လိုရင်းကိုသာ
ရေး ကာ -
“ ကဲ…ဆိုလိုတာ ကို ဒီ ပုံ တွေမှာကြည့် “ လို့ ဆိုတဲ့ သဘော အတိုင်း ပုံ တွေနဲ့
လက်တွေ့ ပြ ကာ ရှင်းလင်း တဲ့ ဆောင်းပါးဖြစ်ပါတယ်။
ပုံတစ်ပုံ နဲ့ နမူ နာပြ ခြင်း ဟာ
စာအလုံးပေါင်း ထောင်ချီ ရေးပြတာထက် ပို ၍
ထိရောက် ပါတယ်။ ဒီ မှတ်စုမှာ ပြထားတဲ့ နမူနာ ပုံတွေ အား လုံးအနက် Negative/Positive Space ကိုရှင်းပြ တဲ့ ပုံ မှ အပ အားလုံးသော ပုံတွေ ဟာ Siddharthan Raman ရဲ့ Art of the Composition in Photography ဆောင်းပါး ထဲ က ပုံတွေပါ။
ထို့ ကြောင့် Siddharthan Raman ရဲ့ Art of the Composition in Photography
ဆောင်းပါး ကို ကိုယ်လည်း လေ့ လာရင်း ကနေ ကိုယ် တိုင် နားလည် အောင် လုပ်ပြီး ထိုကဲ့ သို့ နားလည် တာ ကို ချရေး တာပါ။ ဘာသာပြန် ခြင်း သက်သက် မဟုတ် လို့ ဆိုရပါမယ်။
Art of Composition.
11-
Point
of View
ဓါတ်ပုံ တစ်ပုံ
ကို မရိုက်ခင် ရိုက်ကွင်းရိုက် ကွက် ကို ဓါတ်ပုံ လို သဘောထား ကြည့်သင့်ပါတယ်။
ဒီလို ကြည့် ခြင်း ဖြင့် ဘာ ကို Frame ထဲ ထည့် ရမယ်၊ ဘာကို ချန်ရမယ် ဆိုတာ မြင်လာပါမယ်။
Subject တစ်ခု
ကိုရိုက်ရာ မှာ Angle တစ်ခု ကနေ ဘေး ဘယ်-ညာ နည်းနည်းစီလော က် ဘဲ နေရာ ပြောင်း
ရိုက်နေတာထက် Subject ရဲ့ အနေ အထား အလိုက် အခြေအနေပေါ် မူတည်ပြီး Angle ကို ပြောင်း
ရိုက်ခြင်း က ပို ထိရောက် တဲ့ အာရုံ စူး စိုက် မှု ရစေပါတယ်။
ဆိုလို တာက
သမားရိုးကျ Eyes-level အနေအထားမျိုး ကနေ အမြင် ပို ဆန်း စေ မဲ့ အမြင့် ပိုင်း ( Altitude) သို့ မဟုတ်
အောက်ပိုင်း ( Deep below ) လို Angle မျိုး များကနေ ရိုက်ကြည့် သင့်ပါတယ်။
2 – Simplicity
Frame
တစ်ခုအတွင်း မှာ ရှိတဲ့ပုံကို ဖွဲ့ စည်းရာ
မှာ ရိုးရိုး လေးဖွဲ့ စည်း ပါ။ Simple is Beaut လို့ အဆိုရှိပါတယ် ။ ဒီလို
ရိုးရိုးလေး ဖွဲ့ စည်း ခြင်းက ကြည့် သူအာရုံ ထွေပြား မှု မဖြစ်စေဘဲ လိုရာ ကို တန်း
ရောက် နိုင်စေပါတယ်။ ရိုး နိုင်သမျှ ရိုးရိုး ဖွဲ့ စည်း ခြင်း ကို Minimalist approach လို့
ဆိုရပါမယ်။
ဒါ မျိုး အတွက် Subject ကို
နှိုင်းနှိုင် ချိန် ချိန် ရွေးချယ် ပြီး Simple
Background နဲ့ Subject ကြွ လာ အောင် ဖွဲ့စည်းကာ ကြည့်သူရဲ့ အာရုံ ကို ဆွဲ ယူ တဲ့
နည်း ဖြစ် ပါတယ်။
3 3 - Geometrical Shapes
ကြည့်သူ ရဲ့ မျက်လုံး ကို ဖမ်း စား နိုင်တဲ့ Patterns, Symmetries, Geometries, Lines
& Curves စသည် များကို ကြည့်ပါ။ အဆိုပါ အရာ များ ရဲ့ အနေ အထား အလိုက် ပုံ ကို
ဖွဲ့ စည်းပါ။
အဆိုပါ ထူးခြားတဲ့အရာ များကကြည့်သူ
ကို လွယ် ကူ စွာ အာရုံ စိုက်လာစေနိုင်ကာ နား
လည်ခံစား စေပါ လိမ့်  မယ်။
4- Balancing the Picture
Frame အတွင်း ရှိသော ပုံ များ ကို အနေ အတား မျှနေ
အောင် ချိန် ပေးရပါမယ်။ သို့ မှသာ ဟာလာ ဟင်းလင်း နေရာ နည်း နေပါ လိမ့်မယ်။
Frame အတွင်း
အရေး မကြီးသော Less important Subject နဲ့ Main subject တို့ ရဲ့ အရေးပါမှု (
Weight ) ကို သေခြာစွာ ချိန် ညှိ ပေးရပါမယ်။ ဒီလို ချိန် ညှိရာ မှာ mixing lights, shadows, physical
elements, characters, contrasting colors စသည် တို့ ဟာ အလွန် အရေးကြီးပါတယ်။ Frame အတွင်း အာရုံ စူးစိုက်စေမည့် Focal Point ကို
ပြောင်း ပေး ခြင်း ဖြင့် အောင်မြင် သော Balancing result ရလာစေနိုင် ပါမယ်။
အောက်ပါ
Balancing များကို ကြည့် ပါရန် -
5- Abstract Objects Inside
Monuments ကဲ့ သို့ အဆောက် အဦ
ကြီးများ ၊ သမိုင်းဝင် နေရာ များ တွင် ရိုက် သည့် အခါ Main Subject ကို ပံ့ပိုး ပေးမည့် Natural
object သို့မဟုတ် စိတ်ကူး ဖြင့် တွေးယူ ရမည့် Abstract objects များကို ထည့် ရိုက်
ခြင်း ဖြင့် ပုံ သည် ပို ထင်ရှား လာကာ ပုံ
ကို Drama effect ပေးလာ နိုင်ပါလိမ့် မယ်။
6- Cropping
မရိုက်
ခင်က မည် သို့ ရိုက်မည် ကို ပြင်ဆင်ကာ ရိုက် ၊ ပြီးလျှင်ပါ လာတဲ့ မလိုတာ တွေ ကို
ဖြတ်တောက် ရပါမယ်။ မည် သည့် ပုံ မျှ အားလုံး ပြည့်စုံ စွာ ထွက်လာတယ် မရှိလှပါ။
မလိုတာ ကို ဖြတ်တောက် ကာ လိုတဲ့ အရာ ကို ပို ပေါ်လွင် လာအောင် လုပ်ခြင်း ဖြင့် ပုံ
ပို အားကောင်း လာစေပါတယ် ။
7- Depth
Foreground
ကို Strong Subject များ ဖြင့် ဖြည့် ကာ ကြည့်သူ
၏ စိတ် က ပုံ ကို အလွှာ လိုက် ( Layer by layer ) ခွဲ ကြည့်
စေခြင်း ဖြင့် Background ဆီ သို့
ရောက်အောင် ဆွဲ ဆော င် သွားပါ။ Natural
Light သည် ဤ ကဲ့ သို့ လုပ်ရာ တွင် အရေး အပါ ဆုံး ဖြစ်ပါတယ်။
8 - Rules
ပုံ
ကို ဖွဲ့စည့် ရာ တွင် Rule of thirds,
Golden section, Golden triangles, Spiral, Golden mean စသည့် ဥပဒေသ များ အရ နေရာ
ချခြင်းဟာ Center of Interest ရစေရေးအတွက် အတော် ထိရောက် တဲ့ နည်းပါ။ ရိုက်နေစဉ်
သတိ မထားမိေ စကာ မူ ပုံ ထွက် လာတဲ့အခါ Cropping ဖြင့် နေပြန်ရာ ချ နိုင်ပါတယ်။ အတွေ့
အကြုံ များလာရင် ရိုက်ရာ တွင် အလိုလို ပုံ ၀င် လာပါ လိမ့် မယ်။
9 - Negative Space
ဤ နေရာ
တွင် Negative Spae နဲ့ Positive Space ကို အနည်းငယ် ရှင်းလိုပါတယ်။ ယေဘူယျ အားဖြင့် အဓိက Main Subject ရဲ့ ပတ်ဝန်းကျင် အား ရံ
ထားတဲ့ ဧရိယာ ကို Negative Space လို့ ခေါ် ကြပါတယ်။
ဥပမာ အား
ဖြင့် အောက်ပါပုံ ကိုကြည့် ပါ -
အထက်ပါ ပုံ
ကို ပန်းအိုး ( Vase ) လို့ ကြည့် ရင် အဖြူ ရောင် ဧရိယာ ဟာ Positive Space ဖြစ်ပြီး
အနက်ရောင်က Negative Space ဖြစ်ပါမယ် ။
အကယ် လို့ လူမျက် နှာ လို့ ကြည့်ရင် တော့ အနက်ရောင် ဟာ Positive Space ဖြစ်ပြီး အဖြူရောင် ဟာ Negative Space ဖြစ်သွားပါမယ်။
အကယ် လို့ လူမျက် နှာ လို့ ကြည့်ရင် တော့ အနက်ရောင် ဟာ Positive Space ဖြစ်ပြီး အဖြူရောင် ဟာ Negative Space ဖြစ်သွားပါမယ်။
အဓိက Main Subject
ကို ရံ ထားတဲ့ နေရာ လွတ် Negative Space ကို ထိရောက်စွာ အသုံး ချရပါမယ်။ ဒီနည်းဟာ Art
Photography မှာ ကျယ်ပြန့် စွာ သုံးတဲ့ နည်း ဖြစ်ပါတယ်။ ကြည့် သူရဲ့ အာရုံ ကို ရံ ထားတဲ့ အပြင်ဧရိယာ ကနေ Main
Subject ဆီ သို့ ဆွဲ ခေါ် သွားစေတဲ့ နည်း
ဖြစ်ပါတယ်။ အောက် ပါပုံ များ ရဲ့ Negative Space တွေ ရဲ့ အားပြု မှု ကို ကြည့်ပါ ရန် -
10- Breaking the rules
ပထမ Composition
Rules ( ဥပဒေသ) များကို လေ့ လာပါ၊ နောက်တစ်ဆင့် ဒီ ဥပဒေသတွေ ကို ဘယ်လို ချိုးဖေါက် ရမယ် ဆိုတာ ကို လေ့လာပါ။ လို အပ် ရင် လိုအပ် သလို ဒီ ဥပဒေသ တွေ
ကို ချိုးဖေါက် ခြင်း အောက်တွင်ပြ ထားသကဲ့ သို့ ဖြင့်
ထူးခြား တဲ့ ပုံတွေ ဖြစ်ပေါ် လာပါလိမ့်မယ်။
ကဲ မိဆ်ဆွေ
တို့... ကြိုးစား ကြည့် ကြပါ။
----------------------------------
No comments:
Post a Comment