Thursday, 10 January 2013

Camera Angle


(32)  Camera Angle                                        ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၃၂)

 

ရှုဒေါင့် အမျိုးမျိုး မှ နေ၍ ရိုက်ကူးခြင်း

Camera Angle

By Soe Hlaing

 

စကားဦး။

Camera Shooting Angle နှင့်ပတ်သက်၍ ကျွန်တော်၏ အချို့သော မှတ်စု များတွင် တစ်စွန်းတစ်စ ရေးသားခဲ့ဘူး ပါသည်။ သို့ရာတွင် ဤ အရေးကြီးသည့် အကြောင်း အရာ တစ်ခု သီးခြားရေးသားရန် ကျန်နေသေး သည်ကို သတိမပြုမိခဲ့ပါ။ ဓါတ်ပုံ နှင့်ပတ်သက်၍ စုဆောင်းထားသည့် မှတ်တမ်း မှတ်ရာများ ၏ စာပုံ အောက် တွင် နစ်နေခဲ့ပါသည်။ ဓါတ်ပုံ ရိုက်ရာတွင် အရေးကြီးသည့် အချက် တစ်ရပ်ကို လစ်ဟာ စေခဲ့ပါသည်။

 

သို့သော် မိတ်ဆွေ လူငယ် တစ်ဦး ဖြစ်သူ  တောင်ကိုရီးယားမှ Ko Kaung Latt Aung  က ၄င်း၏ ပုံ တစ်ပုံတွင် -

  အန်ဂယ် ကောင်း တခုကို ရ ဖို့ အတွက် ဒူး ဘဲ ထောက်ရ ရ ကုန်းကုန်းကွကွ နဲ့ ပဲ ရိုက် ရ ရ … လှဲ ချလိုက်ဘို့လည်း အကျွန်နုပ် ဘယ်တုန်းကမှ ၀န်မလေး ခဲ့ပါ…. ပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက်ခဲ့ပါ၊ ဒီ စကားမှန်ပါက Web Cam နဲ့ ရိုက်တောင် ပုံကောင်း ထွက်ပါစေသား …. ခွိ ခွိ .. “ 

လို့ ရေးထားသည်ကို ဖတ်လိုက်ရပါသည်။ သူကတော့ နောက်သည့် ပုံစံ ကလေး ဖြင့်  ရေးခဲ့စေကာမူ အဆိုပါစကားသည် အလွန်မှန်သည့် စကားဖြစ်ပါသည်။ ကျွန်တော် လစ်ဟင်း နေသည့် အပိုင်းကို ပြန် ကြည့်ရန် စေ့ ဆော် လိုက် သကဲ့သို့ ဖြစ်စေပါသည်။ သို့ နှင့် ဤ မှတ်စုလေး ရေး ဖြစ်လိုက်ပါသည်။

 

What’s my Angle?

ဓါတ်ပုံ ရိုက်ရာတွင် မည်ကဲ့ သို့သော Angle က ရိုက်သည် ဆိုသည့် My Angle ဆိုသော စကားရပ်ကို ဆောင်းပါးတစ်ခုတွင် “  ရိုးရိုးလေး ပြောရ ရင်..ဘယ်နေရာ ကနေပြီး ဓါတ်ပုံ ရိုက်သလဲဆိုတဲ့ နေရာ နဲ့  Subject တို့ ရဲ့  အနေအထားပါဘဲ ။ “   လို့ အဓိပ္မါယ် ဖွင့် ထားသည်ကို တွေ့ ခဲ့ ရပါသည်။ များသော အားဖြင့် ဓါတ်ပုံ အပျော်တန်း ရိုက်သူ  လူသစ် များ အနေနှင့်  မတ်တပ် ရပ် ကာ Subject အား မျက်နှာ မူ၍  ခလုပ် နှိပ် လိုက်သည်က များကြပါသည်။

 

နေရာပြောင်း၍ ကြည့်ပါ။

နေရာပြောင်းကြည့် ခြင်းကို အနီးဆုံး ဥပမာ ပေးရပါလျှင်  ကွန်ပြူတာ စာပွဲတွင် ထိုင်ကာ ကြည့်ရိုးကြည့်စဉ် ပုံစံဖြင့် ကွန်ပြူတာကို ကြည့်နေရာကနေ မတ်တပ် ရပ်ကာကြည့်လိုက်ပါ။ မြင်ကွင်းသည် မြင်နေကြ မြင်ကွင်း မဟုတ်တော့ဘဲ တစ်မျိုး ထူးခြားလာပါ လိမ့်မည်။ ယင်းနောက် ထိုင်နေသည့် ကုလားထိုင် ပေါ်တွင် မတ်တပ် ရပ်ကာ အပေါ်စီးမှကြည့်ပါ။ ထိုအခါ စာပွဲ ပေါ်ရှိ ကော်ဖီ ခွက် ၊  ဘောလ်ပင် ၊ မှတ်စု စာအုပ် စသည်တို့ပါ  ပါလာကာ ပို၍ ထူးသည့် မြင်ကွင်း တစ်ရပ်ကို မြင် လာရပေမည်။ 

ထို့နောက် ပြန်ထိုင်ကာ စားပွဲနှင့် မျဉ်းတပြေးတည်း (Level) မှပြန်ကြည့်ပါ။ ယင်းနောက် အောက် သို့ နည်းနည်း လျှော ထိုင် ကာ ပြန်ကြည့် ပါ။ နေရာ အမျိုး မျိုးမှ နေ၍  မတူညီ မြင်ကွင်း အမျိုး မျိုး ကို မြင်ရပေလိမ့်မည်။ ဆိုလိုသည်မှာ အရာ ၀ထ္ထု တစ်ခု ထဲကိုပင် နေရာ အမျိုးမျိုး မှ နေ၍  ကြည့် ခြင်း ဖြင့်  ထူးခြားသစ်လွင်သည့် မြင်ကွင်း အမျိုးမျိုး အဖြစ် မြင်လာမည် ဖြစ်ပါသည်။

အဆိုပါ ဥပမာကို ဓတ်ပုံ ရိုက်ရာတွင် အသုံးပြုပါက ပုံမှန် ငြီးငွေ့ဘွယ်ရာ မြင်ကွင်း မှနေ၍ ဖေါက်ထွက် သွားနိုင် ပါလိမ့်မည်။








အထက်ပါ နမူနာ ပုံကို အိန္ဒိယ ရှိ Taj Mahal တွင် အောက် မှ ပင့် ကာ ရိုက်ကူး ထားသည့် ပုံ ဖြစ်ပါသည်။ လမ်း ပေါ်တွင် လူကို ပက်လက် လှန်ကာ ရိုက်ကူး ခဲ့ ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ပုံကို နမူနာထားကာ စိတ်ကူးကွန့်မြူး ၍ အလားတူ အခြားသော စိတ်ကူး သစ်များ ပွား များနိုင်ပါလိမ့် မည်။

 
Taj Mahal ကဲ့သို့ ကမ္ဘာ လှည့် ခရီးသည် များပြားလှသည့် နေရာ၏ လမ်းပေါ်တွင် ပက်လက် လှန်နေရာမှ စိတ်ကြိုက် Subject တွေ့ သည် အချိန်တွင် ကင်မရာ ခလုပ် နှိပ် လိုက် ခြင်း ဖြစ်ပါသည်။





အထက်ပါ ပုံမှာ မူ Taj Mahal  ပုံ နှင့် ဆန့် ကျင်ဘက်အဖြစ် အထက် စီးမှ  ရိုက် ထားခြင်း ဖြစ်ပါသည်။ ရိုက် ရိုးရိုက်စဉ်မှ ခွဲ ထွက်ကာ  အမြင် ဆန်း စေရန် ဤ ကဲ့ သို့ ရိုက်ရခြင်း ဖြစ်ပါသည်။

 



 

အထက်ပါ ခလေးပုံ မှာ မူ ရိုက်ရိုး ရိုက်စဉ် ပုံစံ အတွင်း မှာပင် ရှိသည်ဟု ဆိုနိုင်ပါ သည်။ သို့သော် ခလေး ငယ်  လေးဘက်ထောက် နေသည့် အချိန် တွင် သူ၏ မျက်စေ့ Level အတိုင်း ဖြစ်စေရန် ၀မ်းလျှားထိုးမှောက်ကာ ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။ ဤ နည်းသည် ခလေးငယ်များကို ရိုက်ရာတွင် အကောင်းဆုံး နည်း ဖြစ်ပါသည်။

 ထူးခြားသည့်မြင်ကွင်း ဖန်တည်းရေး အတွက် လုပ်ဆောင်သင့်သည့် နည်းလမ်း အသွယ်သွယ် ကို အောက်ပါအတိုင်း အကြံ ပြု ထားပါသည်။
 
၁။     Lower Perspective ရစေရန် ထိုင်ချလိုက်ပါ။ 
 ထိုင်ချလိုက်ခြင်းဖြင့် အမြင်ဆန်းသည့် မြင်ကွင်း ရလာ ပါ လိမ့် မည်။ လူ ၊ သစ်ပင် စသည်တို့သည် မိမိကို မိုးနေ သည့် အနေအထားမျိုး ဖြစ်လာ ပါလိမ့် မည်။ ဤသို့ဖြင့် Overbearing Feeling ဖြစ်သည့် အထက်မှ လွမ်းမိုးနေသည့် ထူးခြားသော ခံစားမှု မျိုး ရှိသည့် ပုံ မျိုး ရနိုင်ပါသည်။
 
 

 

၂။   အမြင့် သို့ တက်ပါ။

အထူးသဖြင့် ရှုခင်းများရိုက်ရာတွင် ရင်သပ်ရှုမောဘွယ်ရာ မြင်ကွင်းများဖြစ်သည့်  Panorama View နှင့် Rolling Landscape View များ ရနိုင်စေရန် အနီးရှိ တောင်ကုန်းသို့ မဟုတ် မျှော်စင်များပေါ်မှ တက်၍ ရိုက်ရန်လိုပါသည်။ လူများ ကိုလည်း အထက် စီး မှ ရိုက် မိုး၍ ရိုက်ခြင်း ဖြင့် ထူးခြားသည့် မြင်ကွင်း ရ နိုင်ပါသည်။



 
 
 
 

 
 
 

၃။    ပင်လယ်ပြင် ဘက်သို့ ထွက်ပါ။

အများစု သည် ကမ်းခြေ ပေါ်မှ နေ၍ပင်လယ် ရေပြင်ကိုသာ ရိုက်လေ့ ရှိကြပါသည်။ ထူးခြားသည့် မြင်ကွင်းရ စေရန် ပင်လယ် ဘက်သို့ သွားပါ။ ရေစပ်မှ နေ၍ ကမ်းခြေ ကို အခြားသူများ ရိုက်လေ့ ရိုက်ထရှိ သည့် ရိုက်ချက်၏ ပြောင်းပြန်အဖြစ် ပြန်ရိုက်ပါ။ ဖြစ်နိုင် ပါက လှေ စီး ကာ ရေပြင် သို့ ထွက်ပြီး ရေပြင်ထဲ မှကမ်းခြေကို ပြန် ရိုက်ပါ။

 
 


ကမ်းခြေ မှနေ၍ှရေပြင်သို့ သမားရိုးကျ ရိုက်ထားသည့် ပုံ။






ရေစပ်မှနေ၍ ကမ်းခြေကို ပြန် ရိုက် ထားသည့် ပုံ ဖြစ်ပါသည်။



၎။    ရေအောက် တွင် ရိုက်ပါ။

ဤသည်မှာ လည်း ထူးခြားသည့် ရိုက်ကွက် ဖြစ်ပါသည်။ ရေငုတ် ၀တ်စုံ ၀တ်ကာ ရေငုတ်၍ ရိုက်ရမည် ဟု မဆိုလိုပါ။ ရေအောက် ရိုက်နိုင်သည့် ရေလုံ ကင်မရာ ဖြင့် ရေ ကူးကန် သို့မဟုတ် ကမ်းခြေ ရေတိမ်ပိုင်း စသည်တို့ ၌ ရေအောက် တွင် ရိုက် သည့် နည်း ဖြစ်ပါသည်။










၅။    လှေကား ငယ် တစ်ခု ဆောင်ထားပါ။

လှေကားငယ် သို့မဟုတ် ခေါက်၍ သယ်ဆောင်ရလွယ်သည် ခုံ စသည် တို့သည် အထူး သဖြင့် လူများ လှသည့် လူ အုပ်အတွင်း မှ ရိုက်ရသည့် အခြေအနေ မျိုးတွင် အလွန် အသုံးဝင်ပါသည်။ လူအုပ်အတွင်း၌ အများ၏ ဦးခေါင်းများကို ကျော်ဖြတ်ကာ ရိုက်ကူးရန် လိုပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း လူအုပ်အတွင်း ညှပ်ကာ ပိတ်မိနေပြီး ဓါတ်ပုံ ရိုက်၍ မရသည့် အခြေအနေမျိုး နှင့် ကြုံခဲ့ဘူးပါသည်။ အချို့ ၀ါရင့်ဓါတ်ပုံဆရာများမှာမူ လှေကားငယ် အလေးများအပေါ်မှ နေ၍ အားလုံးကို ကျော်ဖြတ်ကာ ရိုက်နေကြသည်ကို မြင်ခဲ့ ဘူးပါသည်။ လှေကားဖြင့် အထက်စီးမှ ရိုက်သည့်အတွက် သာမန်ထက် ထူးသည့် Angle လည်းရ နိုင်ပါသည်။








၆။    ကင်မရာကို အထက်သို့မြှင့်၍ ကိုင်ကာ ရိုက်ပါ။

 ဤ နည်းသည်လည်း လှေကား  နှင့် ရိုက်သည့် နည်းကဲ့သို့ ပင် အတော် အသင့်သော အထက်စီးမှ ရိုက်နိုင်သည့် နည်း ဖြစ်ပါသည်။ မည်သည့်အထောက် အကူမှ မရှိသည့် အချိန်တွင် ကင်မရာကို လက်ဖြင့် မြှောက် ကာ ရိုက်ရခြင်း ဖြစ်ပါသည်။




 
 
 

၇။    မြင်ကွင်း ကျယ်ကျယ် ရိုက်ပါ။

 ရှုခင်းများရိုက်ရာတွင် မြင်ကွင်းကိုသာမန် ရိုက်နေကျ ၄x၆ ပုံ အချိုး ထက် မြင်ကွင်း ပို၍ ကျယ်သည့် Panorama ပုံ မျိုး ရိုက်သင့်ပါသည်။ ကင်မရာ တွင် Panorama Mode ပါရှိပါက Panorama  Mode ကို Set လုပ်ပြီး ရိုက်ပါ။ သို့ မဟုတ်ပါက ရိုက် ပြီး မှပုံ များကို Panprama အဖြစ် ပြန် ပေါင်း နိုင်ပါသည်။







၈။     လူကို လှဲ ချ လိုက်ပြီး ရိုက်ပါ။
အနည်းငယ် ရယ်စရာကောင်းသည့် ရိုက်နည်းဖြစ်ပါသည်။ သို့သော် အလွန် အံ့ဘွယ်ရာ ကောင်းသည့် ရလဒ်ကို ရနိုင်သည့် နည်းဖြစ်ပါသည်။ ခက်သလောက် တန်ဘိုး လည်းရှိ သည့် နည်းဖြစ်ပါသည်။ ဤနည်းတွင် Aperture ကို ကျဉ်းကျဉ်း ထားကာ Depth of Field ကို အများဆုံး ရအောင် ယူ ရပါမည်။ ပက်လက် လှန်ကာ Subject ၏ ခြေဖ၀ါးကို ရိုက်လျှင် ၄င်း၏ မျက်နှာပါ ပြတ် နေမည့် DOF ယူရပါမည်။ Use your stomach not your head ဆိုသည့် ဗိုက် ကိုမြေပြင် ပေါ်တွင် မှောက်ကာ ရိုက်သည့် နည်းလည်း ဖြစ်ပါသည်။ အခြေ အနေပေါ် မူ တည် ကာ ပက်လက် လှန် ၍ လည်း ရိုက်နိုင်ပါသည်။









၉။    ရောင် ပြန် (Reflection ) ကိုသုံးပါ။

 ရှုခင်းများရိုက်ရာတွင် ရိုက်ရိုး ရိုက်စဉ်ထက် ရေပြင်ပေါ်တွင် ထင်နေသည့် ရောင်ပြန်ပုံကို ရိုက်ခြင်းဖြင့် အမြင်ပို၍ဆန်းစေပါသည်။ ရေအိုင် ရေကွက် ငယ်များ အတွင် ထင်နေသည့် လူ သို့ မဟုတ် သတ္တ၀ါ များ၏ ရောင်ပြန် အရိပ်၊ မှန် သို့ မဟုတ် သတ္တု ပြောင် တို့ မှ အရောင်ပြန်နေသည့် အဆောက်အအုံအသစ်  တို့ တွင် ပေါ်နေသည့် ရောင်ပြန်အရိပ်များ သည် ထူးခြားသောမြင်ကွင်းကို  ဖြစ်စေပါသည်။  ရေပေါ်တွင် လေတိုက်သဖြင့် လှုပ်နေ သည့် ရေ ဂယက်ပေါ်တွင် ပေါ်နေသည့် အရိပ် သည် ပို၍ ထူးခြားပါသည်။










၁၀။    Subject ၏အောက်မှ ပင့် ရိုက်ခြင်း။

ကင်မရာကို မြေပြင်သို့ နှိမ့်ချကာ  အထက်သို့ ပင့်၍ ကောင်းကင်ပြင်ကို မျက်နှာပြု ပြီး ရိုက်သည့် နည်းဖြစ်ပါသည်။ ဤ နည်းဖြင့် ပန်းများကို ရိုက်ပါက ပန်းသည် ကင်မရာ Lens ပေါ်တွင် မိုးနေပြီး အပြောကျယ်လှသည့် နောက်ခံ ကောင်းကင်ပြင် ကြီးကို နောက်ခံ အဖြစ်ရနိုင်သည့် ထူးခြားသောမြင်ကွင်း ရစေနိုင်သည့် နည်းဖြစ် ပါသည်။

 



 


 
 

၁၁။   ဒူးထောက် သည့်အနေအထား။

ဒူးတစ်ဘက်ကို ထောက်ပြီး ကင်မရာကို အထက်သို့ အနည်းငယ် မြှင့်ပြီးရိုက် ကြည့်ပါ။ ပုံ မှန်အနေအထားထက် ထူးခြားသည့်ပုံ ရနိုင်ပါလိမ့်မည်။ နောက်ခံသည် မလိုလား အပ်သည့် နောက်ခံများမပါဘဲ  အနှောက်အယှက်ကင်းသည့် ကောင်းကင်ပြင်သာ ရှိနေစေသည့် နည်း ဖြစ်ပါသည်။

 
 
 


 
အထက်ပါ ဆိုင်ကယ် စီးသည့် ပုံကိုမူ ပက်လက် လှန် အနေအထားဖြင့် ရိုက် ထားခြင်း ဖြစ်ပါသည်။

 

၁၂။    အထက်စီးမှ ရိုက်ခြင်း။

အထက် စီးမှ မိုး၍ ရိုက်ခြင်း သည်လည်း နောက် ခံ အနှောက် အယှက် ကင်းစေပြီး  အမြင် ဆန်းသည် မြင်ကွင်း ရနိုင်ပါသည်။




 


 
 
 

၁၃။   ကင်မရာကို စောင်း၍ ရိုက်ခြင်း။

 ဤ နည်းကို အချို့ သော ပညာရှင် များ က နှစ်သက်မှု မရှိသည့် အတွက် ၀ိဝါဒ ကွဲ နေသော ရိုက် နည်း ဖြစ်ပါသည်။ သို့ ရာတွင် အချို့ သော ပညာ ရှင်များကမူ Angle ပို ကျယ်ကျယ် ရနိုင်သည့် ရိုက်ချက် ဟု ဆိုပါသည်။ မည်သို့ ပင် ဆိုစေကာ မူ ဆန်း ကျယ် သည့် မြင်ကွင်း တစ်မျိုး ရနိုင်ပါသည်။





 
 

 
Camera Angle မျိုးစုံ ဖြင့် ရိုက်ထားသည့် နမူနာ ပုံများ။

 

 



 

 


 

 




 


 
 
 


 


 
 


S












ဤ ကဲ့သို့ Angle မျိုးစုံ ဖြင့် ရိုက် ခြင်း ဖြင့် ကမ္ဘာ ကြီးကို ကြည့် ရိုးကြည့်စဉ်မှ မဟုတ်ဘဲ ဒေါင့်မျိုးစုံ မှ ပို၍ လှပစွာ  ကြည့် မြင် နိုင်စေမည့် နည်း လမ်း များဖြစ် သည် ဟု ဆိုရပါမည်။

 

-----------------------------------------



Monday, 7 January 2013

Focusing Part (III)







(31)  Focusing Part (III)                                       ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၃၁)

 

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။)

 

 

အကောင်းဆုံး Focus ဖြစ် ရန်လာစေရန် ဆောင်ရွက်ရန်
နည်းလမ်းများ

 

စကားဦး။

ကင်မရာ Focusing နှင့်ပတ်သက်၍ မှတ်စု နှစ်ခု ကို Fousing ( I ) နှင့် ( II ) အဖြစ် ရေးခဲ့ပါသည်။ အဆိုပါ Focusing များ မှာ အခြေအနေပေါ်လိုက်ကာ ဆောင်ရွက် ရမည့် Focusing နည်းလမ်း များ ဖြစ်ကြပါသည်။ ယခု ရေးသားမည့် အကြောင်းအရာမှာ ကင်မရာ က ပေးသည့် Focusing Function များကို မည်ကဲ့ သို့ အထိရောက် ဆုံး ဖြစ်စေရန် သုံး သင့် သည့် နည်း လမ်း များ ဖြစ်ပါသည်။

 

စုဆောင်းထားသည် များကို လှန်လှောရင်း Focusing နှင့်ပတ်သက်၍ ယခင်ရေးသား ခဲ့သည့် အကြောင်းအရာ များ နှင့်မတူသော မူကွဲ ဆောင်းပါး တစ်ပုဒ်ကို တွေ့ လိုက်ရ ပါသည်။ သို့ နှင့်  ဓါတ်ပုံဝါ သနာ ရှင် မိတ်ဆွေများ လေ့လာ ဖတ်ရှု လိုက ဖတ်ရှု နိုင် ကြစေရန် ရေးသား ထားလျှင် ကောင်းမည်ဟု စိတ်ကူး ပေါ် လာပါသည်။ သို့ နှင့်  အထက်ဖေါ်ပြပါ ဆောင်းပါးကို အခြေပြု၍ အခြားအခြားသော ဤ ဘာသာရပ် နှင့် ပတ်သက်၍ ကောင်းနိုးရာရာ ရှိသည် ဟု ယူဆသည့် ဆောင်ပါးများကိုပါ စုပေါင်း၍ ဆီလျှော် သကဲ့သို့ ဘာသာပြန်ကာ ဤမှတ်စု အဖြစ် ရေးသား လိုက် ခြင်း ဖြစ်ပါသည်။

 

Focusing နှင့် ကြည်လင်ပြတ်သားမှု။

 
ဓါတ်ပုံ ရိုက်ရာတွင် လက်ကိုင်ထားရမည့် ပထဦးဆုံးသော ဥပဒေသ တစ်ခု မှာ ပုံ ကြည်လင် ပြတ်သားရမည် ဆိုသည့်အချက်ပင် ဖြစ်ပါသည်။ ဤကဲ့သို့ ပြတ်သားသည့် ပုံ ရလာ စေရန် အတွက် ကင်မရာက ပေးထားသည့် Focusing Function များအား အထိ ရောက်ဆုံး ဖြစ်စေရန် မည်ကဲ့ သို့ အသုံးပြုသင့်သည် နှင့် ပတ်သက်၍ Focusing Fuction များ နှင့် ရိုက် ကွက် အနေ အထား အလိုက် မူရင်း ဆောင်းပါး ရှင်များ အကြံပြု ထားသည် များကို အောက် ပါအတိုင်း ပြန်လည် မျှ ဝေ လိုက်ပါသည်။

 

Manual Focus

အချို့သော ကင် မရာများ ဖြစ်သည့် Leica M9, Leica M9-P, Leica Monochrome စသည့် ကင်မရာ အချို့မှ လွဲ၍ လက်ရှိခေတ်ပေါ် Digital ကင်မရာ များသည် Auto Focus ကင်မရာများ ဖြစ်ကြပါသည်။ Auto Focus သည် အသုံးဝင်လှ သည် မှန် သော်လည်း Manual Focus က ပို၍ အသုံးတည့် သည့် နေရာများ လည်းရှိပါသည်။ ဤ အကြောင်း အသေးစိတ်ကို Note on Focusing (I) တွင် ဖေါ်ပြ ခဲ့ပြီး ဖြစ်ပါ သည်။ ယခု မှတ်စုတွင်မူ အခြေပြု ရေးသားသည့် ဆောင်းပါး၌ ပါရှိ သော Macro နှင့်ပတ်သက် သည့် အကြာင်း တစ်ခု ထည်းကိုပင် ဖေါ်ပြပါမည်။

 

Macro ရိုက်ရာတွင် Auto Focus ဖြင့် ရိုက်ပါက  Shutter Rerelease Button ကို နှိပ် လိုက် တိုင်း Auto Focus Lens သည် Focus Point ကို မမိ သောကြောင့် ရှေ့ တိုး နောက် ဆုတ် လုပ်နေသည် နှင့် အချိန်ကုန်နေသည် ကို ကြုံ ဘူးကြ ပါ လိမ့် မည်။ ဤကဲ့ သို့ အနေအထားတွင် Manual Focus ကို သုံးသင့်ပါသည်။ DSLR  ကင်မရာများ၌ ကင်မရာ ကိုယ်ထယ် တွင်ရော Lens တွင်ပါ Auto မှ နေ၍ Manual သို့ ပြောင်းရန် ခလုပ်များရှိပါ သည်။ အချို့သော  Lens များတွင် Auto ရော Manul ပါ တစ်ချိန်တည်း လုပ်နိုင်သည့် A/M ခလုပ် ပါရှိပါသည်။ အဆိုပါ Lens များမှာ တစ်ချိန်ထည်း တွင် Auto ရော Manual ပါ တစ်ခုခြင်း ပြောင်း ရန်မလိုဘဲ Focus လုပ် နိုင်ပါသည်။




Macro နမူ ပုံ တစ်ပုံ ကိုပြသထားခြင်း ဖြစ်ပါသည်။


 





Life View ပါသည့် ကင်မရာ များ တွင်မူ ပုံကြီးချဲ့ ကာ ကြည့်နိုင်သည့်အတွက် လိုအပ်သည့် နေရာကို အသေအခြာ ကြည့်ကာ အတိအကျပြတ်သားမှု ရ အောင် Focus လုပ်နိုင် ပါသည်။

 

Single Shot Autofocus.













လိုအပ်သည့် နေရာ တစ်နေရာကိုသာ အမိအရ Focus လုပ်ကာ Lock လုပ်ပြီးမှ လိုအပ် သကဲ့သို့ ရိုက်ကွက်ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသည့် ( Recompose ) နည်း ဖြစ်ပါသည်။  အချို့သော ကင်မရာ များကိုမူ  Shutter Release Button ကို တစ်ဝက် နှိပ်ထားခြင်းဖြင့် Focus Lock ဖြစ်သွားကာ ထိုကဲ့ သို့ လုပ်ထားပြီး မှ လိုအပ် သကဲ့သို့ ပြန်လည် ရွှေ့ ၍ Recompose  လုပ်ကာ ရိုက် သည့် နည်း ဖြစ်ပါသည်။



အထက်ပါ ပုံတွင် ပထမ မျက်နှာကို Focus Lock လုပ်ပြီးမှ လိုသလို  ပြန်ရွှေ့ ကာ Recompose လုပ်ထားသည်ကို ပြထားခြင်း ဖြစ်ပါသည်။ မျက်နှာကို Focus လုပ်ထားသည့် အတိုင်း ရိုက်လိုက်မည် ဆိုပါက အောက်ပိုင်း မပါ ဖြစ်နေပါမည်။ မျက်နှာလည်း ကြည်လင် ပြတ်သားရလေအောင် အောက်ပိုင်းလည်း ပါရလေအောင် ဤကဲ့ သို့ ရိုက်ရခြင်း ဖြစ်ပါ သည်။
 
အောက်ပိုင်းပါ ပါလာစေရန်ဤကဲ့ သို့ Focus Point ရွှေ့ လိုက် သော်လည်း ယခင်က မျက်နှာတွင် Focus Lock လုပ် ထားသည့်အတွက် Subject ၏ မျက်နှာ၏ ပြတ်သားမှု သည် မှု သည် ပြတ်သားမြဲ ပြတ်သားလျှက် ရှိနေပါမည်။
 
အချို့ သော ကင်မာများ တွင် AE-L/ AF-L ခလုပ် ပါရှိရာ အဆိုပါ ခလုပ်ကိုပါ တွဲ၍ နှိပ် ထားခြင်း ဖြင့် Focus ရော Exposure ပါ Lock ဖြစ်သွားပါသည်။ ဤ နည်း မှာ လှုပ်ရှားမှု မရှိသည့် Statistic Subject များ ပန်းထိုး ထားသည့် ပန်းအိုး ကဲ့သို့  “ Still to become Life “ ဖြစ်လာစေ ရန် ရိုက်ကူး သည့်  သက် ငြိမ် Still Life များ နှင့် Landscape ရှု ခင်း များ ရိုက်ရာ တွင် အသုံးဝင်သည်။
 
 
Continuous Autofocus.
 




 Shuter Release Button ကို တစ်ဝက် နှိပ်ထား၍ သော်လည်းကောင်း သို့ မဟုတ်  AF/L ကို နှိပ်ထား သရွေ့ သော်လည်းကောင်းထားနိုင်ပါသည်။ ဤ Focusing နည်းသည် လှုပ်ရှား နေသည့် Subject များ ဥပမာ  အထက်ပါ ပုံ ကဲ့သို့ စက်ဘီးစီး နေ သည့် Subject ၊ ပျံနေသည့် ငှက် စသည့် ရွှေ့လျှားနေသည့် Subject များ၏ နောက် သို့ လိုက်ကာ Continuous Focusing  လုပ်မညဖြစ်ပါသည်။ ကင်မရာ သည် Subject ရွေ့ လျှားနေသည့် Focus Distance ကိုလိုက် ကာ အလိုအလျှောက် ချိန်ပေး လိမ့် မည်။ ဤ နည်းဖြင့် ရွှေ့ လျှား နေသည့် Subject သည် ပြတ်သား နေကာ နောက် ခံ ၀ါး နေပါမည်။ Panning သဘော မျိုး ပင် ဖြစ်ပါသည်။

ခေတ်မှီ ကင်မရာများ ဖြစ်ကြသည့် Canon EOS 7 D နှင့် Nikon D 7000 ကဲ့သို့ ကင်မရာ များတွင် Autofocus Point များအနက် မည်သည့် AF Point ကို ရွှေ့လျှားနေသည့် Subject ၏နောက်သို့ Track လုပ်စေလိုသည်ကို ရွေးချယ် နိုင်သည့်  Continuous Focusing Mode ပါရှိပါသည်။ အထူးသဖြင့် လှုပ်ရှားနေသည့် အားကစားပွဲ များ ရိုက်ရာတွင် Continuous Focusing  Mode Setting ကို ရွေးထားသင့်ပါသည်။

 

Automatic Focus Point Selection.





ဓါတ်ပုံ ရိုက်ရာတွင် ကင်မရာ အား Autofocus Point ကို ရွေးခိုင်း ခြင်းက အလွယ် ဆုံးနည်း လမ်း ဖြစ်ပါသည်။ အတော်များများ လည်း ကြိမ်းသေ ပေါက် ပြတ်သားမှု ရရှိနိုင် ပါသည်။ သို့ ရာတွင် တစ်ခါ တစ်ရံ ကင်မရာသည် လိုအပ် သည့် Subject ၏ နေရာကို Focus မလုပ်ဘဲ ကင်မရာနှင့် အနီးဆုံးနေရာကို ဖမ်းကာ Focus လုပ်လိုက်သည်များ လည်း ရှိပါသည်။ အဆိုပါ နေရာ သည် မိမိ လိုအပ်သည့် နေရာ နှင့် မဝေးလွန်းပါ က ပြတ်သားမှု သဲကွဲ ခြင်းကို View Finder  ထဲ တွင် သဲ ကွဲ စွာ မြင်နိုင်မည် မဟုတ်ပါ။ ပုံ ကို Computer တွင် ကြည့်သည့် အချိန်တွင် မှ လိုအပ်သည့် နေရာ တွင် ပြတ်သားမှုလျှော့ နေသည်ကို တွေ့ ရပါမည်။ ထို့ ကြောင့် AF Point ကို မိမိ ကိုယ် တိုင် Manual ရွေးချယ် ခြင်း က အကောင်းဆုံး ဖြစ်ပါသည်။
 
Manual AF Point Selection




အထက်ပါ ပုံတွင် ရှေ့ Foreground ရှိ သစ်ရွက် နှစ်ရွက် ကို Manual Focus ယူထားပါသည်။ ကင်မရာ ကိုသာ Focus လုပ်ခိုင်း လိုက်ပါက ပုံ အလယ် ကို Focus လုပ်မည်ဖြစ်ရာ သစ်ရွက် နှစ်ရွက် ၀ါးနေ လိမ့် မည် ဖြစ်သည်။
AF Point ကို မိမိ ကိုယ် တိုင် ရွေးချယ် ခြင်းသည် ကင်မရာ Focusing ကို စိတ်ကြိုက် ထိမ်းချုပ် နိုင်သည့် နည်း စနစ် ဖြစ်သည်။ Landscape, Still Life, Portrait စသည်များ ရိုက်ရာတွင် လိုသည့် နေရာ ကို အတိအကျ Focus ရအောင် လုပ်နိုင်သည့် နည်း ဖြစ်သည်။ ယျေဘူယ နည်းလမ်း မှာ Shutter Release Button ကို တစ်ဝက် နှိပ်ထား၍ Subject ပေါ်တွင် Focuse လုပ်ကာ အသေအခြာ Focus မိပြီ ဆိုသည့် အချိန်တွင်မှ Shutter Release Button ကို အပြည့် နှိပ်ရန် ဖြစ်သည်။ အချို့သော ကင်မရာ များတွင် Navigation Control Setting ပါသဖြင့် AF Point ကို Shutter Release Button တစ်ဝက် နှိပ်ကာ ချိန်ရန်မလိုဘဲ တိုက်ရိုက် Setting လုပ်နိုင်သည်ဟု သိရပါသည်။.
 
 
 
Face Detection AF.



 
အချို့သော Compact ကင်မရာ နှင့် DSLR ကင်မရာ များတွင် မျက်နှာ ကို Focus လုပ်သည့် Face Detection Function ပါသည့်အတွက်  အဆိုပါ AF Point ကြောင့် မျက် နှာ ပြတ်သား မှု ရရန် ပူ ရန်မလိုတော့ပါ။ Face Detection ကို View Finder တွင် များသော အားဖြင့် လေးထောက်ကွက် ဖြင့် ပြထားသည်ကို မြင်နိုင်ပါသည်။ Shutter Release Button ကို တစ်ဝက် နှိပ် လျှင် Face Detection Function ၀င်လာသည်။ View Finder တွင် အကွက် ကလေးက မျက် နှာ ကို ကွက်ကာ Focus လုပ်ထားသည်ကို ပြနေသည်။

 
အချို့ သော ကင်မရာ များတွင် Smile Shutter ပါ သည့်အတွက် ပြုံး မှသာလျှင် ခလုပ် နှိပ်၍ ရပါသည်။ အချို့ သော ကင်မရာ များ တွင် သီးသန့် မျက်နှာ ကိုမှတ်သည့် Recognise Particular Faces Function ပါသဖြင့် လူအုပ် အတွင်း မှ ကိုယ့်သားသမီး မျက် နှာ ကို ဦးစားပေး ရိုက်လို လျှင် အဆိုပါ မျက်နှာကိုသာ Focus လုပ်သဖြင့် အများ အကြား မှ မိမိ သားသမီး ကိုရွေး ရိုက်ရာတွင် များစွာ အသုံး ၀င် သည့် နည်းဖြစ်ပါသည်။

 

Focus and Recompose Technique


 
များသော အားဖြင့် Digital ကင်မရာများ တွင် မိမိ လိုအပ်သော နေရာကို စိတ်ကြိုက် ရွေးချယ် Focus လုပ်နိုင်သည့် Autofocus (AF Point ) ပေးထား စေကာမူ ရိုက် ကွက် တစ်ခု လုံးကို ခြုံ ကြည့် လိုက်လျှင် အခါအားလုံးတိုင်း တွင် မိမိ စိတ်တိုင်းကျ နေရာ သို့ အဆိုပါ AF Point မရောက် သည့် အခါ များလည်း ရှိပါသည်။ အဆိုပါ အခြေအနေမျိုးတွင် လိုအပ်သည့် Subject ကို  Focus လုပ်ပြီးမှ ရိုက်ကွက် ကို ပြန်ဖွဲ့စည်း သည့် Focus and Recompose နည်းကို သုံးရမည်သာ ဖြစ်ပါသည်။

ဥပမာ အားဖြင့် ပုံ တစ်ပုံ ကို ရိုက် ရာ ၌ Main Subject ကို AF Point အဖြစ် ယူထားသည်။ သို့ ရာတွင် ပုံ၏ဖွဲ့စည်း ရာတွင် လိုအပ်သည့် အခြား သော Subject တစ်ခုသည် ရိုက်ကွက်၏ ပြင်ပသို့  ရောက်နေခြင်းမျိုး ရှိနိုင်ပါသည်။ အဆိုပါ အခြေအနေတွက်  Central AF Point ကို Shutter Release Button တစ်ဝက် နှိပ်ကာ Lock လုပ်ပြီးမှ အခြား လိုအပ်သည့် Subject ကိုရိုက်ကွက် ထဲ ပါအောင် ကင်မရာ ကို ရွှေ့ ကာ ပြန် လည် ဖွဲ့ စည်းရပါမည်။ အဆိုပါ ရိုက် နည်း တွင် ကင်မရာ ကို AF Mode တွင် ထားရပါမည်။


အထက်ပါ ပုံတွင်  ပုံမှန် အတိုင်း ပုံ၏ အလယ် ကိုသာ ချိန်ကာ Focus လုပ်ပါလျှင် ပုံ အဓိက ပြ လိုသည့် မျက်နှာစာ Foreground ရှိ သစ်ရွက် (၄) ရွက် ၏ ပြတ်သား မှု လျှော့သွားမည် ဖြစ်သည်။ သို့သော် သစ်ရွက် ကို AF Point Lock လုပ်ကာ Recompose လုပ်ထားသဖြင့် သစ်ရွက် များ ပြတ်သားနေခြင်း ဖြစ်သည်။

 

Back-Button Focusing



 
အချို့ သော ကင်မရာ များတွင် Shutter Release Button ကို တစ်ဝက် နှိပ်ထား ကာ Lock လုပ်ထားရန် မလိုဘဲ အထက်ပုံပါအတိုင်း ကင်မရာ နောက် ရှိ AF ခလုပ် ကို နှိပ် ခြင်းအားဖြင့် Lock လုပ်၍ရသည်။ ယင်းကို Back Button Focus Technique  ဟု ခေါ်ကြသည်။ အဆိုပါ နည်း အရ ရွှေ့ လျှားနေသည့် Subject ပေါ်သို့ Focus လိုက်ချိန် နိုင်သည့် နည်း ဖြစ်သည်။ ဤ သို့ ဖြင့် ခလုပ် တစ်ဝက် နှိပ်ထားခြင်းဖြင့် မတော်တဆ အရှိန်လွန်ကာ ခလုပ် အပြည့် နှိပ် လိုက်မိသည့် ဘေး မှ ဝေး စေနိုင်သည်။
 
ဤ နည်းသည် Subject ကို ပြတ်သားစွာ Focus လုပ်ထားလိုက် သည့် အတွက် အလင်းရောင် ၊ ပတ် ၀န်းကျင် ၊ ဖွဲ့စည်း မှု စသည့် အခြအနေ များစိတ်တိုင်းကျမှ သာ ခလုပ် နှိပ် သည့် နည်း ဖြစ်သည်။


 
သို့ရာ တွင် ဖြစ်တတ်သည်မှာ အားကစားပွဲ တစ်ခုတွင် မိမိ က တစ်စုံ တစ်ရာ ကို AF Point ဖြင့်  Set လုပ်ထားသည့် နေရာ သို့ အခြားသော အားကစား သမားတစ်ဦး ၀င်လာသည့် အဖြစ်မျိုး နှင့် ကြုံ ရတတ်သည်။ အဆိုပါ အခြေ အနေမျိုးတွင်  AF Button ပေါ်မှ လက်ကို လွှတ်၍ AF Function ကို Off လုပ်ကာ  Shutter Release Button ကို အပြည့် နှိပ် ကာ ရိုက် လိုက်နိုင်ပါသည်။

Back Button Focus Technique သည် လေပြေ တွင် လှုပ် ရမ်းနေသည့် သစ်ပင်များ နှင့် ပန်းများကို ရိုက်ရာတွင် လည်း အသုံးဝင်ပါသည်။

 

Hyperfocal Ddistance Focusing







အထက်ပါ Lens တွင် ပြထားသည့် Lens Depth of Field Scale ပေါ်ရှိ Infinity အမှတ်သည် ရိုက်ကွက်အတွင်းရှိ အရာ အားလုံး ပြတ်သားသည့် Hyperfocal Distance ကို ပြသည့် အမှတ်အသား ဖြစ်သည်။ Lens Depth of Field Scale ပေါ်ရှိ Infinity အမှတ်အသား ကို အထက်ပါ ပြထားသည့် နေရာ တွင် ထားပါက ပုံထဲ ရှိအရာ အားလုံး ပြတ်သားမည် ဖြစ်ပါသည်။ အဆိုပါ နည်း၏ သုံးရိုး သုံးစဉ် မှာ Subject ကို Focus လုပ်ပြီးလျှင် Lens Depth of Field Scale ကို ကြည့်ခြင်း ဖြင့် အနီးဆုံး လက်ခံ နိုင်လောက်သည့် ပြတ်သားမှု  (Acceptable Sharp Point ) သည် မည်သည့် နေရာလောက် တွင် ရှိသည်ကို စစ်ဆေး နိုင်သည့် နည်း ဖြစ်သည်။ Focus Point ၏ အရှေ့မှ စ၍ ကြည့်ပါက  Depth of Field စတင် ပေါ်လာသည့် Point ကို Hyperfocal Point ဟု ခေါ်သည်။
 
Hyperfocal Point ကို တွေ့ သည်နှင့် Lens သည် အဆိုပါ Point ကို ပြန်လည် Focus လုပ်မည်ဖြစ်သော ကြောင့်  Subject သည် ပြတ်သား နေမည်ဖြစ်ကာ  Depth of Field သည်လည်း ကျယ် လာမည် ဖြစ်သည်။




နောက်ပိုင်း ပေါ်သည့် Zoom Lens များသည် အထက်ဖေါ်ပြပါ Depth of Field Scale မပါ တော့သည့်အတွက် အထက်တွက် ဖေါ်ပြထားသည့် ရှေးရိုး နည်း ကို သုံး ၍ မဖြစ်နိုင်ပါ။ ဗဟုသုတ အလို့ ငှာ ဖေါ် ပြခြင်း သာ ဖြစ်ပါသည်။

 
အခြား နည်းလမ်း တစ်ခု မှာ Point of Focus နောက်ရှိ Depth of Field သည် Point of Focus ၏ ရှေ့ဧရိယာ ၏ အကြမ်း အားဖြင့် နှစ်ဆ ရှိစေသည့် နည်းကိုလည်း သုံးနိုင် ပါသည်။ မြင်ကွင်း၏ သုံးပုံ တစ်ပုံ ကို ဖြတ်ကာ Focus လုပ်သည့် နည်း ဖြစ်ပါသည်။


သို့ ရာတွင် ခေတ်မှီ အဆင့်မြင့် လက်ကိုင် ဖုန်းများတွင် DOF Master ကဲ့ သို့ Program များ ပါသည့်အတွက် အဆိုပါ Program ဖြင့်  Hyperfocal Distance ကို ကြည့်ရှု နိုင် ပေသည်။ Hyperfocal Distance ကို ရှု ခင်း ( Landscape ) များ ရိုက်ရာ တွင် အသုံးများပါသည်။

 

Focus  Stacking


 
Focus ကို အဆင့်ဆင့်  ထပ်ကာ ထပ်ကာ ရိုက်သည့် နည်း ဖြင့် ရိုက်ထား ကာ ပုံများကို ပြန် ပေါင်းထား သည့် ပုံ ဖြစ်သည်။

အဆိုပါနည်းသည် Focal Distance မတူသည့် Subject များကို အားလုံး ဖြတ်သား စွာရလိုပါလျှင် သုံးသည့် နည်း ဖြစ်သည်။ ပုံ မှန် အားဖြင့်ဆိုပါက ကင်မရာ နှင့် အနီးဆုံ Subject သာလျှင် ပြတ်သားလိမ့် မည်။ Foreground ရှိပုံ မှ စ၍ Background ရှိ ပုံ အထိ အမျိုးမျိုးသော အကွာ အဝေးများတွင် ရှိနေသည့် Subject များ အားလုံး ပြတ် သားစွာ ရ စေရန် ဆောင်ရွက် ရမည့် နည်းလမ်း ဖြစ် ပါသည်။ အထက်ပါ ပုံရှိ Focal Distance အကွာ အဝေး မတူသည့် ပုံ ကို ပုံမှန် သဘော မျိုး ရိုက်ပါက ရှေ့ ဆုံးရှိပန်းသာလျှင် ပြတ် သားမည် ဖြစ်ပြီး နောက်ရှိ အကွာအဝေး မတူသည့် ပန်းများ သည် တစ် စ စ ပြတ်သားမှု လျှော့ သွား မည်သာ ဖြစ်သည်။

ဤ နည်း ကို Macro Photography တွင် အသုံး များသည်။ နည်းလမ်း မှာ ကင်မရာ ကို ခိုင် ခန့် သည့် Tripod တွင် တင်ထားရပါမည်။ အနီးဆုံး ရှိ Subject ကို ပထမ Focus လုပ်ပြီး ရိုက်ပါ။ ကင်မရာ  အနေအထား နှင့် Angle ကို လုံးဝ မရွှေ့ မပြောင်းဘဲ ၄င်း Subject ၏ နောက် ရှိ ဒုတိယ Subject ကို Focus လုပ်ကာ ဒုတိယ ပုံ ကို ထပ်ရိုက်ပါ။ ယင်းနောက် တတိယ Subject ကို လည်း ထပ်မံ Focus လုပ်ကာ တတိယ အကြိမ် ထပ်ရိုက်ပါ။ လိုအပ် သလို ဤနည်း အတိုင်း ဆင့်ကာ ဆင့်ကာ ရိုက်ပါ။ ပြီးလျှင် ပုံ အားလုံးကို Post Production တွင် Photoshop ကဲ့ သို့ Software ဖြင့် ပြန် ပေါင်း ပေးပါ။ ဤသို့ ဖြင့် Focal Distance မတူသည့် Subject များ အားလုံး ပြတ်သားသည့် ပုံ ရ နိုင်ပါသည်။

Free download လုပ်၍ရသည့် Combine ZM ကဲ့သို့ software များ Photo Merger ကဲ့သို့ Software များဖြင့် လည်း ပေါင်းစပ် နိုင်ပါသည်။

----------------------------------------------------------------