Monday, 25 September 2017

Breaking the Rules




96 – Breaking the Rules                                           ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၉၆)


“ ဥပဒေသ များထဲ က ဖေါက်ထွက် ရိုက်ကူး ခြင်း “
( Breaking the Rules )



စကားဦး


ဓါတ်ပုံ တစ်ပုံ ကို ရိုက်ကူးရာ တွ င် မိမိ အဓိကပြ လိုသော အရာ ကို  ကြည့် သူ  အာရုံ  စူး စိုက်  လာစေရေး အတွက် ဖွဲ့စည်း သည့် Composition ဆိုင်ရာ ဥပဒေသ ( Rules ) များစွာ ရှိပါ တယ်။

အဆိုပါ ဥပဒေသ ( Rules ) များ၏ အဓိက ဦးတည် ချက် သည် ယေဘူယျ  အားဖြင့် မိမိ ပြလိုသော Subject အကြောင်းအရာ  ကိုကြည့် သူ ၏ အာရုံ စူးစိုက် လာစေရေး အတွက် နေရာချ ပေးရေး သည့် နည်း ဖြစ်ပါတယ်။

ထို အခါ မေးရန် မေးခွန်း တစ်ခုမေး ရန် ရှိလာပါ တယ် -

“ ဒီ ဥပဒေသ ( Rules ) တွေ အထဲ မှာ ဘဲ အစဉ် အချုပ် နှောင်ခံ နေရ တော့ မှာ လား ၊ ဥပဒေသ ( Rules ) ထဲ က နေ ဖေါက် ထွက် လိုက်ရင် ပုံ ပျက် လေရော လား…………ကြည့် သူ အာရုံ ကို ဆွဲခေါ် နိုင်မဲ့ အခြားနည်း တွေ ကော မရှိ တော့ ဘူးလား …..”  ဆိုတဲ့ မေးခွန်းပါဘဲ။






အနုပညာ ဖန်တည်း မှု ကို ဥပဒေသ ( Rules ) တွေ နဲ့ အသေ ချုပ် ထားလို့ မရပါ။  အမှန်တော့  ဥပဒေသ ( Rules ) တွေ က လမ်းညွှန် မျှသာ ဖြစ်ပါတယ်။


ဒါကြောင့် ဒီ ဥပဒေသ ( Rules ) တွေ ထဲ က ဖေါက်ထွက် တဲ့ နည်း လေး တွေ ကို ရှာဖွေ လေ့လာ ခဲ့ရာ National Geographic, Photographer Jim Zuckerman, နဲ့ Jason Theaker တို့ ရဲ့ Breaking the Composition Rules ဆိုင်ရာ ဆောင်းပါး များ အ၀င် အခြားသော ဆောင်းပါးအချို့ ကိုတွေ့ လိုက်ရပါတယ်။

သို့နှင့် အဆိုပါ ဆောင်းပါး များ အနက်တူညီ သည့် အချက် များကို ပေါင်းစည်း၍ လည်း  ကောင်း ၊ မတူ သည့် အချက် များကို သီးခြား  ဖြည့် စွ က် ၍  လည်းကောင်း     ပေါင်းခြုံ ကာ ဆီလျှော်  သလို ဘာသာ ပြန် လိုက် ခြင်း ဖြစ်ပါတ ယ်။

Breaking the Rules များကို လေ့ လာရင်း အချုပ် သဘော သိ လိုက်ရတာက  တော့ ဓါတ်ပုံ ဆိုင်ရာ ဆောင်းပါး များစွာ ရေး ခဲ့ တဲ့ Photographer Jim Zuckerman ရဲ့ စကားလေး ပါ။

Jim Zuckerman က -

“ Composition Rules တွေဆိုတာ က အခြေခံ လမ်း ညွန် သဘော လောက်ပါဘဲ ။ ဓါတ်ပုံတစ်ပုံ ဖွဲ့ စည်း မှု နဲ့ ပတ်သက် တဲ့ ဘယ် ဥပဒေ သ ကို မှ  ကျောက်သားပေါ် မှာ ထွင်းထု ထားပြီး မဖြစ်မနေ လိုက်နာ ရမယ် လို့ မဆိုထားပါ ဘူး။  အချို့ နေရာ  တွေ မှာ အဲဒီ ဥပဒေ သ အတိုင်း ဘယ် လို မှ လိုက်နာ လို့ မရ ဘဲ ချိုး ဖေါက်လိုက်မှ  သာပုံ ကောင်း ဖြစ်သွား တဲ့ အခြေ အနေ တွေ အများကြီးပါ။

အဓိက အချက် ကတော့ ကြည့်သူအနေနဲ့ လှပ ကြည့် ကောင်း တဲ့ ပုံ ဖြစ်ေ  န ဘို့ပါဘဲ “

လို့ ဆို ထားပါတယ်။



1 – Rule of Thirds ကို ချိုးဖေါက် ခြင်း။

Rule of Thirds  သည် ပုံတစ်ပုံ ကို နေရာ ချ  သော Composition တွင် အတော်  ထိရောက် အခြေခံ ကျ သော ဥပဒေ သ တစ်ခု ဖြစ်ပါတယ်။ Rule of Thirds ကို လေ့လာ ပါ။ ပြီး လျှင် ချိုးဖေါက် ဘို့ လိုလာပါက  ချိုးဖေါက် ရပါမယ်။

Golden Ration Rule သည်လည်း ပုံစံ သာ လျှင် ခရုပတ် ပုံ စံ နှင့် အဆန်း မြင် နေရစေကာ မူ စင်စစ် အားဖြင့် Rule of Thirds ၏ Center of Interest points များ နှင့် မည်သို့ မျှ ကွာလှသည် မဟုတ်ပါ။



Frame တစ်ခု အတွင်း Fibonacci spiral (၁) ခု။


Frame တစ်ခု အတွင်း Fibonacci spiral (၄) ခု။
( Red Lines မှာ Rule of Thirds လိုင်း ဖြစ်ပါတယ်။)






အထက်ပါ ပုံ များ မှာ Rule of Thirds နှင့် ခရုပတ် Golden Ratio Rule တို့၏ Center of Interest နေရာ များကို ပြ သော ပုံ များ ဖြစ်ပါ တယ်။ 


အောက်ပါ နှင်းဆီ ပုံ မှာ မူ Frame တစ်ခု အတွင်း Fibonacci spiral (၁) ခု ၏ Center of Interest တစ်နေရာထည်း  တွင် Subject ကိုနေရာ ချ ထား သည့် ပုံ ဖြစ်ပါတယ်။






အောက်ပါပုံ မှာ Rule of Thirds နှင့် Golden Ratio Rule တို့ ကို ပုံ တစ်ပုံ ပေါ်တွက် ရေးဆွဲ ပြ ထားခြင်း ဖြစ်ပါတယ်။




Golden Ratio Rule ရဲ့ Center of Interest တစ်နေရာ ထည်းကို Fibonacci Spiral ခရုတ် တတစ်ခု ထည်း နှင့်  ကြည့်ပါ က ထူးဆန်း နေသလိုထင် ရပေမဲ့ Frame တစ်ခု လုံးကို လေး နေရာ ခွဲ လိုက်ပါက အထက်တွင် ပြ ထားသလို Rule of Thirds နဲ့ မကွာလှသည် ကို တွေ့ ရပါမယ်။

အဆိုပါ သမားရိုးကျ ဥပဒေ သများသည်  အဓိက ပြ လိုသည့် အရာ ကို အာရုံ စိုက် လာစေရန် အတွက် နေရာချ ဖွဲ့ စည်း မှု ကို ပြ ထား ခြင်း ဖြစ်ပါတယ်။


သို့ သော် ဒီနည်း တွေ ရဲ့ ကန့်သတ် ထားတဲ့ ဘောင် ထဲ မှာ ဘဲ အချုပ် အနှောင် ခံ နေရတော့ မှာ လား။ လူတွေ ရဲ့ အာရုံ စူး စိုက် လာစေဘို့ ဒီ အချုပ် အနှောင် တွေ ထဲက ရုံး ထွက် လို့ မရ နိုင်ဘူးလားဆိုတဲ့ အမေး ရှိလာနိုင်ပါ တယ်။

ဒီဥပဒေသ တွေ အသေ လိုက်နာ ဘို့ ကျောက်တုံးပေါ် မှာ ထု ဆစ်ကာ  အခိုင်အမာ ထား တဲ့ အရာ တွေ မဟုတ်ပါ။ " ဒီလို လုပ်ရင် ဒီလို တော့ ဖြစ်လာမှာ ဘဲ " ဆိုတဲ့ လမ်း ညွှန် မျှ သာ  ဖြစ်ပါတယ်။

ဒီ အချုပ် အနှောင်တွေ ထဲ က နေ ရုန်း ကန်ဖေါက် ထွက် ပြီး ပုံ ကို နေရာချ နိုင် တဲ့ အခြေ အနေ တွေ ၊ ဒီလို လုပ် လိုက်ခြင်း ဖြင့်  ပုံ တွေ ပို အားကောင်းတဲ့ Impact ရှိလာတဲ့ နည်း တွေ ရှိပါတယ်။ သို့ သော် လမ်း ရိုး အတိုင်း မှာ ဘဲ လွင့်မြော နေကြတဲ့ အတွက် လမ်း သစ်  ကို အသိ နည်း နေကြပါတယ်။  အခြေ အနေ ပေါ် မူတည် လို့ အသုံး ပြု ရမဲ့ အနေအထားမျိုး မှာ သုံး နိုင်ကြစေရန် မျှဝေ ခြင်း ဖြစ်ပါတယ်





Frame အလယ်တွင် နေရာချပါ။

ပုံ အား  ကောင်းသည့် ( Powerful Image ) ၊ အထူးသဖြင့်  အားကောင်းသည့် အချိုး ညီ နှင့် Subject ကို အထောက်အပံ့ ကောင်းစွာ ပံ့ ပိုး သော အရာ  ( Symmetry and a strong point of reference ) များ ရှိနေပါက  မိမိ ပြ လိုသော Subject ကို Frame ၏ အလယ် တွင် နေရာ ချ ထားလိုက် နိုင်ပါတယ်။ 










အထက် တွင် ပြ ထား သော ပုံ ကဲ့ သို့ တစ်မျှော် တစ်ခေါ် မျက် စေ့ တစ်ဆုံး ကြည့် မဆုံးသည့် လမ်းမ ကြီးမျိုး သည် Rule of Thirds နဲ့ နေရာ ချ လို့ အဆင်မပြေ ဘဲ Frame အလယ် တည့် တည့် ထွင် နေရာ ချ မှ သာ Impact ပို များသော ပုံ ဖြစ်လာပါမယ်။


ထို့ အတူပင် symmetry အချိုးညီ ရှိနေသည့် Chairs, Line of Plates, Glasses and Cutlery စသည်တို့ ကို လည်းကောင်း Escalators, Steps, Piers and Tunnels တို့ကို လည်ကောင်း Frame အလယ် မှာ နေရာ ချ ရင် ပို Impact ရှိသော ပုံ များ  ဖြစ်လာပါတယ်။

လူပုံ ( Human Portrait )  များကိုလည်း Rule of Thirds အတိုင်း မျက်လုံးနေရာ ချ စေကာ မူ အောက်ပါ ပုံ ကဲ့ သို့ မျက်  နှာ ကို Frame အလယ် မှာ ထားခြင်း ဖြင့်လည်း ကြည့် ရသည်မှာ ပို၍ သက်တောင့် သက် သာ ရှိပါသည်။






Frame အလယ် တွင် နေရာ ချ ထားသည့် ပုံ နမူနာများ။























အထက်ပါ ပုံ များသည် ပြ လိုသည့် အရာ ကို Rule of Thirds ၏ အာရုံ စိုက်ရာ မျဉ်း ဆုံ နေရာ များ တွင် မဟုတ်ဘဲ Frame အလယ် တည့် တည့် တွက် နေရာ ချ ထားသည့် ပုံ များ ဖြစ်ကြပါတယ်။




အထက် ပါ Trampoline ခုံ နေသည့် ခလေး ပုံမှာ Frame ၏ အလယ် တွင် ရှိနေပြီး ဘေး မှာ ရှိနေတဲ့ ခလေး တွေ က  ၀ိုင်းကြည့် နေ ကြပြီး ပုံ ကို အား ဖြည့် ပေးနေကြပါတယ်။ Rule of Thirds, Golden Ratio တို့ ကို ချိုးဖေါက် ထားတဲ့ ပုံ ဖြစ်ပါတယ်။

အထက် တွင် ဖေါ်ပြ ခဲ့သည့် အတိုင်းပင် ( Symmetry and a strong point of reference ) များ ကောင်းသည့် ပုံ များကို Rule of Thirds ကို ချိုးဖောက်ကာ Frame အလယ် မှာ နေရာ ချ ခြင်း  က Impact ပိုရ စေပါတယ်။


၂ -   ကင်မရာ ကို စောင်းရိုက် ခြင်း။




အထက်ပါ ပုံ  ဟာ ကင်မရာ ကို ရေပြင် ညီ အတိုင်း ထားကာ  ရိုက်ခြင်း နှင့် ရေပြင် ညီ အတိုင်း ရှိစေရန် Grid Line များ နှင့်ပင် ချိန် ညှိကာ ရိုက်ရ သည့် ယေဘူယ အယူအဆ ကို ချိုးဖေါက် ကာ စောင်းရိုက် ထားခြင်း ဖြစ်ပါတယ်။

ဤ သို့ ဖြင့် Dynamic Twist ဖြစ်လာကာ စိတ်ဝင် စားဘွယ်ရာ ဖြစ်လာစေပါတယ်။


၃ - Motion  Blur မျိုး ရိုက်ခြင်း။




Photo must be sharp - ဓါတ်ပုံ ၏ ပထမ အရေး အကြီးဆုံး အချက် သည် ပြတ်သား ရမည် - ဆိုသော ဥပဒေသ ကို ချိုးဖေါက် ကာ Motion Blur အဖြစ် မျိုး ဖန် တည်း ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
Shutter speed အနှေးဖြင့် Motion Blur ရအောင် ရိုက် ထားပါတယ်။ အချို့သောေ နရာ အနည်းငယ် မျှ လေး ကိုသာ ပြတ်သား အောင် ရိုက်ထားပါတယ်။
ဤ သို့ ဖြင့် လှပသည့် Abstract image တစ်ခု ရလာစေနိုင်ပါတယ်။


၎ - နေ့ လည် ခေါင်တွင် ရိုက် ခြင်း။




ဓါတ်ပုံ ရိုက်ကြရာ တွင် နံ နက် ခင်း ၊ နေစောင်း ချိန် ညနေ ခင်း များ တွင်သာ ရိုက် ကြလေ့ ရှိပါတယ်။ နေရောက် ပြော့ပြော့ နဲ့ လှပ တဲ့ Colour Tone နဲ့ Long Shadow တွေ ရ ဘို့ အတွက်ပါ။ နေ့ လည် ခေါင် ( Middlr of the day )  တွင် မရိုက် ကြသည်မှာ Unwritten Rule တစ်ခု လို ဖြစ်နေပါတယ်။

သို့ သော် နေ့လည်ခေါင် ( Middle of the Day ) တွင်ရိုက်ကြည့် ပါ။  အထက် ပါပုံ ကို နေ့လည် ခေါင် မှာ ရိုက်ထာတဲ့ပုံ ဖြစ်ပါတယ်။ ဒီလို ရိုက် ခြင်း ဖြင့်  အထက်က ပုံ လို    Harsh midday light ဟာ မိမိပြ  လိုတဲ့ Subject ရဲ့ Mood နဲ့  မြင်လေ့ မြ င်ထ မရှိ လှ တဲ့  အရိပ် ( Shadow ) များတို့ကြောင့် ပုံ ကို ထူး ခြား တဲ့ အာရုံ စူ စိုက် မှု ရစေ နိုင်ပါတယ်။



၅ -  Active Space Rule ကို ပြောင်းပြန် ရိုက်ခြင်း။




Active Scape Rule အရ ဆိုလျှင် Frame အတွင်းရှိ Subject များ ၏ မျက် နှာ မူရာ နေရာ တွင် နေရာ များများ ချန် ပေးသည်မှာ လည်း  ယေဘူယျ လက်ခံ ထားကြတဲ့ ဥပဒေ သ တစ်ခု လို ဖြစ်ပါ တယ်။




သို့ရာ တွင် Subject က Frame အတွင်းသို့ ၀င် လာသည့် ပုံ  မဟုတ်ဘဲ ဥပဒေ သ ကိုချိုးဖေါက်ကာ Frame အပြင် ကို ထွက်သွားသည့် ပုံ မျိုး ရိုက်ကြည့်ပါ။





ဤ သို့ ဖြ င့် အဆိုပါ  လှုပ်ရှား သက်ဝင် မှု Sense of movement က  ကြည့် သူ အား  နောက် မှာ ကျန် ရစ် ခဲ့ တဲ့ အကြောင်း အရာ တစ် ခု  ကိုပဟေဠိ အဖြစ် ပေးပါ လိမ့် မယ်။ ဘယ် က လာ ကြပါ လိမ့် ဘယ်ကို များ  သွားကြမှာ ပါ  လိမ့် ဆိုတဲ့  အတွေး မျိုး ပါ။


၆ - Out of Focus ဖြင့် ရိုက် ခြင်း။




ဓါတ်ပုံ ရိုက် လျှင် Focus ပြတ်သား ရမည် မှာ အဓိက အချက်ပါ။ တစ်ခါ တစ်ရံ အဆိုပါ ဥပဒေ ကို ချိုးဖေါက်ကာ Focus မပြတ် အောင် ရိုက်တာ မျိုး လည်း ရှိပါတယ်။
အထက်ပါ ပုံ မှာ နောက် က အမျိုးသ မီး ကို Focus ဖြတ် ၍ပြတ်သားစေကာ ရှေ့ က အမျိုး သမီး ကို Out of Focus လုပ်ထားပါတယ်။
Manual Focus, shallow Depth of Field ( DOF ပါးပါး )  တို့ ဖြင့် ရိုက်ထားပါတယ်။ Single Focus Point ဖြင့် လည်း ရိုက် နိုင်ပါတယ်။ ဤ သို့ ဖြင့် Foreground – Background တို့ ကို စိတ် ကြိုက် ရွေးကာ ရိုက်နိုင်ပါတယ်။
မိမိ  ပြ လိုတဲ့ Subject ကိုသာ Focus ပြတ်သား စေ ကာ အထူးပြု ပြ တဲ့ နည်း ပါ။


၇ - ရိုက် နေစဉ် Zoom ဆွဲ လိုက်ခြင်း။




အရာ ၀တ္ထု တစ်ခု ကို ရိုက်နေစဉ် Zoom ဆွဲ လိုက်ခြင်း ဖြင့် အထက်ပါ ပုံ လို Motion နဲ့ Dimension တို့ ကို ဖန် တည်း နိုင်ပါတယ်။
ဒီလိုရိုက် ဘို့ Shutter speed ကို နှေး နှေး ထားရ မှာ ဖြစ်တဲ့ အတွက် Tripod နဲ့ ရိုက် သင့်ပါတယ်။ မိမိ ဆွဲ မဲ့ Zoom range နဲ့လိုက်လျှော ညီထွေ တဲ့ Shutter speed ဖြစ်ဘို့ လိုပါမယ်။ ရိုက်စဉ် Zoom ဆွဲ ရာ မှာညက်ညော ဘို့ နဲ့ ဆွဲတဲ့ အရှိန် တသမတ် ထည်း ရှိဘို့ လိုပါတယ်။
အလင်းရောင် လုံလောက် ပါက  ဒီ ပုံ မျိုး  ဟာ လည်း အဆန်း တကျယ် ဖြစ်လေ့  ရှိတဲ့ ပုံလေး မျိုး ပါ။



၈ - Negative Space ရံ ကာ ရိုက်ခြင်း။


Negative Space ကို အနုပညာ သဘော အရ အဓိပ္ပါယ် ဖွင့် ပါ က Subject အား ရံ ထားသော နေရာ လွတ် များ လို့ ဆိုပေမဲ့ ဓါတ်ပုံ တွင် မူ Subject ပတ်ဝန်းကျင် ရှိ empty space လို့ ဆိုလေ့ ရှိပါတယ်။အောက် မှာ ပြ ထားတဲ့ ပုံ လို  Wasted space  ဖြစ်တဲ့ အလဟသ နေရာ များကို တတ် နိုင် သမျှ ထားလေ့ မရှိပါဘူး ။



ဟာလာ ဟင်းလင်း ဖြစ်နေတယ် လို့ လည်း ဆို နိုင်ပါတယ်။   ဒီ နေရာ တွေ ကို ထိရောက် အောင် အသုံးချ နိုင်ပါတယ်။

အဆိုပါ ဟင်းလင်းပြင်  တွေ ဟာ သူ တို့ အထဲ မှာ ဘာ မှ ထပ် ဖြည့် ပေးစရာ မလိုဘဲ ပုံ ကို အား ဖြစ်စေတဲ့ အခြေ အနေ မျိုး တွေ ရှိပါတယ်။











အထက် က ပုံမျိုးတွေ မှာ  ရှိနေတဲ့ Negative space  တွေဟာ  tranquil and dreamy mood ဖြစ်စေဘို့ အား ဖြည့် ပေးထားကို တွေ့ နိုင်ပါတယ်။
ဒါဟာ Negative Space ( Wasted space ) တွေများများ  မရှိရဘူး လို့ ဆိုတဲ့ မူ ကို ချိုးဖေါက် လိုက်တာပါဘဲ။

၉ - ပုံ ကို နှစ်ပိုင်း ခွဲ လိုက်ခြင်း။

အောက် တွင် နမူနာ  ပြထားသည့် ပုံ ကဲ့ သို့ ကုန်းမြေ နဲ့ ကောင်းကင် သို့  မဟုတ် ရေပြင်နဲ့ ကောင်းကင် စသည်တို့ ကိုရေပြင်ညီ မျဉ်းဖြင့် အညီ အမျှ  ထားသ ည့် ပုံ မျိုး  မဖြစ်စေရ ဆိုသည့်   ကျယ်ကျယ် ပြန့်ပြန့် လက်ခံ ထားကြတဲ့  ဥပဒေသ ကဲ့ သို့ အယူအဆ ရှိပါတယ်။

ဆိုလို သည်မှာ ကောင်းကင် က ဘာမှ ဆွဲဆောင် ဘွယ်ရာ မရှိရင် ကောင်းကင် ဧရိ ယာ ကို လျှော့ လိုက် ၊ မြေပြင် သို့ မဟုတ် ရေပြင် ဧရိယာ က ဘာမှ လှပ ထူးခြား မှု မရှိဘဲ ကောင်းကင် က တိမ်တိုက်တွေ နဲ့ လှနေရင် မြေပြင်  သို့ မဟုတ် ရေပြင် ဧရိယာ ကို လျှော့ ချလိုက် ဆိုတဲ့ အယူအဆ ပါ။




အထက်ပါ ပုံ ကဲ့ သို့ ကောင်းကင် က ဘာ မှ ထူးခြားစွာ မရှိတဲ့ ပုံ မျိုး ဆိုပါက ရိုက်စဉ် ထည်းက ကောင်းကင် ဧရိယာ ကို လျှော့ ထား  သို့ မဟုတ် ရိုက်ပြီးသား  ဖြစ်နေပါ အောက် တွင် ပြ ထားသကဲ့ သို့  ကောင်း ကင် ဧရိယာ ကို ဖြတ်ထုတ်ပစ် ၊ ဒါ ကို ဆိုလိုတာပါ။




သို့သော်အောက် ပါ ပုံများကဲ့ သို့ ကြည့်သူ ကို ဆွဲဆောင် နိုင်လောက်သည့် အရောင် ၊ အရာဝတ္ထု စသည် တို့ ရှိနေပါ မူ  အထက် က ပြော ခဲ့ တဲ့ အယူ အဆ ကို ဖေါက် ဖျက်ကာ Frame တွင် အထက် အောက် အညီအမျှ သာ ခွဲ လိုက်  ရန် ဖြစ်ပါတယ်။










အချုပ် စကား။

အထက် က ဆို ထားသည်များ ကြောင့် ဓါတ်ပုံ ဖွဲ့စည်းမှု ဆိုင်ရာ ဥပဒေသ ( Composition Rules)  အားလုံးကို ချိုးဖေါက် ရမယ် ဟု လည်း  ဆိုလိုခြင်း မဟုတ်ပါ။

မြန်မာ စကားရှိပါတယ် “ ၀ိနည်း တတ် တော့ ကြက်သတ် လို့ ရတယ် “ ဆိုတာပါ။

ကိုယ် က ဥပဒေသ များကို သိထားဘို့ လိုပါမယ်။ ဒီလို သိထားမှ ဒီ ထက် ဘယ် လို ကောင်းအောင် ဖန်တည်း မယ် ဆိုတာ ကို ကြံဆ နိုင်ပါမယ်။ အခြားလမ်း  တွေ ကို မြင် လာနိုင်ပါမယ် ။မှန်း သမ်း ပြီး လုပ်ကြည့် တာ မျိုး မဖြစ် စေ  ဘဲ ဘက်စုံ တွက်ဆပြီး ဖန်တည်း ရန်ဖြစ်ကြောင်း  ဆိုလို ခြင်း ဖြစ်ပါတယ်။

------------------------------------------------

Tuesday, 12 September 2017

Portrait Cropping




95 – Portrait Cropping                                                ဓါတ်ပုံ ပညာ ရပ် ဆိုင်ရာ မှတ်စု ( ၉၅)


“ Portrait ပုံ များကို ဖြတ်တောက် သည့် နည်း “
( Portrait Cropping Technique )


စကားဦး

ကျွန်တော် လူ ပုံ များကို ဖြတ်တောက် ( Crop ) ရာ တွင် အမြင့်တန်း ဓါတ်ပုံပညာ  ရှင်များ   မည်ကဲ့  သို့ ဖြတ်တောက် ကြသည်ကို သိလို ၍ ရှာဖွေ ဖတ်ရှု ရာ  ကျွန်တော့် အတွက် ဆူလွယ်  နပ်လွယ်   လေ့ လာနိုင်သည့်  Ben Lucas ၏ Portrait Cropping Techniques ကို တွေ့ လိုက် ရ ပါ သည်။


Ben Lucas သည် အမေရိကန် ပြည်ထောင်စု Seattle မှ နံမည် ကြီး  Commercial, Portrait, Wedding Photographer တစ်ဦး ဖြစ်ပါသည်။


အမှန်တော့ လူ ပုံ Portrait ကို ကျွန်တော် ရိုက်လေ့ ရိုက်ထ မရှိ သောကြောင့် ရိုက် ပုံ ရိုက်နည်းရော ဖြတ်တောက် သည့် နည်းပါ မသိသဖြင့် ရှာဖွေ ဖတ်ရှ ခြင်း ဖြစ်ပါသည်။

Portrait Photography ဟု ဆိုရာ တွင် လူ ပုံရိုက်ခြင်း  ကိုသာ Portrait Photography ဟု အများစု လက်ခံ ထားသူ ကြပါသည်။ အချို့သော အဘိဓါန်တွေ ကလည်း ဤ သို့ ပင် ဆိုပါသည်။

 သို့ ရာ တွင် ကျွန်တော် လေ့ လာ မိသရွေ့ လူ ပုံ သာမက တိရိစ္ဆာန် များဖြစ်သော ခွေး ၊ ငှက် စသည် တို့ ၏ ပုံ များ တော တောင်ရေမြေသဘာဝ ပုံ များရိုက်ခြင်း ကို လည်း Portrait Photography ဟုခေါ်သည် ဟု လေ့ လာ မိပါသည်။

ကျွန်တော် လေ့ လာမိသလောက်သော Portrait Photography  ပုံ များကို အောက်တွင် နမူနာ ဖေါ်ပြ ထားပါသည်။


အမျိုးမျိုး သော Portrait Photography ပုံများ။



Human Portraits




Animal Portraits


Bird Portrait




Dog Portrait







Nature Portrait


Mountain Portrait





Tree Portrait by David Kimball





Human Portrait များကို Cropping လုပ်ခြင်း။



ဤ အပိုင်း ကို မူ Ben Lucas ၏ Portrait Cropping Techniques ကို မြန်မာမှု ဖြင့် ဘာသာ ပြန်ခြင်း ဖြစ်ပါသည်။ Human Portrait များကို ဖြတ်တောက် ခြင်း အကြောင်းသာ ဖြစ်ပါသည်။ မှတ်စုပါ  " ကျွန်တော် " ဟု ဆို ခြင်း မှာ Ben Lucas  ကို ကိုယ်စားပြုပါသည်။




Cropping Composition.


ဓါတ် ပုံ တစ်ပုံ ကို ဖြတ်တောက် ( Cropping ) လုပ် ခြင်း မှာ လူ မျက် လုံး  ကို ပုံ အလယ် တည့်တည့် တွင် ထားလိုက် ရုံ မျှလောက် နဲ့  မလုံလောက်ပါ။


ဖြတ်တောက် လိုက်သောပုံ သည် ကြည့်သူ အားဆွဲဆောင် လာနိုင်သည့်    အနေအထားမျိုး ရှိအောင် ဖြတ်တောက် နိုင်ရပါမယ်။




ပေါင် အလယ် နေရာ က နေဖြတ် ပါ ၊ ဒူး နေရာ က မဖြတ်ပါနဲ့။





 အထက်ပါ လူ ပုံ ကို  အဆစ် ( Joint )  နေရာ များ ဖြစ်သော လက်ကောက်ဝတ်၊ တစ်ထောင်ဆစ်၊ ခြေမျက်စေ့ ( ခြေကျဉ်းဝတ်)  ၊ ဒူး ၊ ပုခုံး  စသည့် ( Ankle, knee, wrist, elbow, or shoulder )  နေရာ များက မဖြတ် လိုက်ပါနဲ့ ၊ အဆိုပါ နေရာ များ  က ဖြတ်တောက် ( Crop ) လိုက် မည် ဆိုပါက ကြည့် သူအ နေ နဲ့ ပုံသည် ခြေပြတ် လက်ပြတ် ကြီး ဖြစ်နေသလို (amputating the person at that spot ) ထင် သွား နိုင် ပါတယ်။


ထို နေရာ များ တွင် ဖြတ်တောက် မည့် အစား Shin, thigh, torso, or middle of the arm နေရာ များ တွင်ဖြတ်တောက် သင့်ပါတယ်။ အောက် တွင် ဖြတ်တောက် ထားသည့် နမူ နာ ပုံ ကို ကြည့် ပါရန်။


ပေါင် ၏ အလယ် တွင် ဖြတ်တောက် ထားပါတယ်။







မျက် နှာ မူ ရာ နေရာ တွင် Space  ချန် ပေးထားပါ။





အထက် ပါ ပုံ ကို Crop လုပ်မည်ဆိုပါက အထက်ပါ Subject  ကြည့်နေသည့် မျက်နှာ မူ ရာ  နေရာ တွင် နေရာလွတ် ကို ပို ချန် ထားပေးရပါမယ်။ Breathing room ပေး တယ် လို့ ဆိုပါတယ်။ ဤ သို့ ဖြင့် ကြည့် သူအနေနဲ့ ကြည့် ရတာ သက်တောင့်  သက် သာ ရှိစေ နိုင်ပါတယ်။


အောက် ပါ ပုံ အထက်-အောက် နှစ်ပုံ တွဲအနက် အထက် ပုံ တွင် ပြ ထားသကဲ့ သို့ မျက်  နှာ မူ ရာ နေ ရာ ကျပ် နေအောင် ဖြတ်တောက် ခြင်း  ကို ရှောင် ရပါမယ်။


အောက် ပုံ ကဲ့ သို့ မျက်  နှာ မူ ရာ နေရာ ကို Breathing room ပေးထားရပါမယ်။






သို့ သော် ပြောင်းပြန် သဘောအရ ကြည့် သူကို ကြပ်တည်း စွာ ခံစား စေလိုပါက အထက်က ပုံ လို Breathing room မပေးဘဲ မျက်နှာ မူနေရာ ကို ကျဉ်းကျ ပ် စွာ  ဖြတ် ပါ။




Subject ၏ မျက် လုံး ဆီ ကို ဆွဲခေါ်သွားပါ။







ဤသည် မှာ Rule of Thirds အတိုင်း မျက် လုံး ကိုနေရာ ချ ထား ရန် ဆိုလိုတာပါ။


Rule of Thirds သည် ရှုခင်းများ တင်သာမက Human Portrait တွင် ပါ အသုံးဝင်  ပါတယ်။ Subject ရဲ့ မျက်လုံးကို ကြည့် သူ အာရုံ စူး စိုက် စေမည့် နေရာ မှာ နေရာ ချ ထားရပါမယ်။ အေယက်ပါ နမူနာ ပုံ ကို ကြည့် ပါ။










မိမိ ပြ လိုသည့် နေရာ သို့ ကြည့်သူ မျက် လုံးကို ခေါ် သွားပါ။






မပြ လိုတာ ဖြတ် တောက် ပစ်၊ ပြ လို တာကို ချန်…မည်သည့် ဓါတ်ပုံ မဆို ဒီ သဘော အတိုင်းပါဘဲ...


လူ တို့ ၏ သဘာဝ မှာ ပထမ ဦးဆုံး Subject ရဲ့  မျက် နှာ ကို ကြည့်ပါတယ် ၊ နောက်..ဖတ် စရာ များ ရှိရင် ဖတ်ပါတယ်..သည့် နောက်…အရောင် တောက် ပ တဲ့ နေရာ ကို ကြည့် ပါတယ် ၊ အရောင် Contrast များတဲ့ နေရာ ကို ကြည့်ပါတယ် ။ ဒါဟာ လူ တွေ ရဲ့ biologically programmed ပါ။


ဒါကြောင့် ဖြတ်တောက် ရင် မိမိ ပြ လို တဲ့   နေရာ က နေ ကြည့် သူ  မျက်လုံးကို ဆွဲထု တ် သွားမဲ့ အနှောက် အယှက် ( Distraction ) တွေ ကို ဖယ် ထုတ် ပစ်ရပါမယ်။

အထက် က ပုံ ရဲ့ Distraction တွေ ကို ကြည့်ရင် Subject နောက် က ပုလင်း လေး ဟာ ရှုပ်နေစေပါတယ်။ နောက်ပေါ် လာတာ က subject ရဲ့ လက် အနေအထား ပါ ၊ နောက်... ညာ ဘက် က တောက်ပတဲ့ Reflection ၊ ဘယ် ဘက် က လွတ်နေတဲ့ Empty space  စတာတွေပါ။ ဒါတွေ ဟာ ကြည့်သူ ကို မျက် စေ့ နောက် စေတဲ့ Distraction တွေပါ။


ဒီ Distraction တွေ ကို ဖြတ်တောက် လိုက်ပြီး ကြည့်သူ အာရုံ ရောက်စေမဲ့  မျက် နှာ၊ လက် ၊ Window Frame တို့ ဘဲ ချန် ထားပါမယ်။ အောက် ပုံ တွင် စက် ၀ိုင်း နဲ့ ၀ိုင်းပြ ထား တွေ ကိုဘဲ ချန် ပါမယ်။


လက် ဆိုရာ မှာ လည်း ထင်ရှားတဲ့ အပိုင်းလေး ကို သာ ချန် ထားပါတယ်။  ပြ ရန် မလို အပ် ဘဲ အာရုံ များစေမဲ့ ဘယ်လက် အများစု ပိုင်း ကို ဖြတ် ထုတ် လိုက်ပါတယ်။









ဆံ စ နေရာ ကို ချန် ထားပါ။








ဆံစ လိုင်း ( Hair Line ) ပြောင် နေအောင် ဖြတ် တောက် လိုက်ပါ က ဆံပင် မရှိဘူးလား ၊ ကတုန်း နဲ့ လား လို့ထင် နိုင်စရာ ရှိပါတယ်။  


ဆံ ပင်ရှိတယ် ဆို တာ ကို  သိသာ  အောင် ပြရန် လိုပါတယ်။


ဆံ စ လိုင်း ကို ဖြတ်တောက် လိုက်ပါက နဖူး နေရာ ဟာ ဧရိယာ သတ် မှတ် ချက် မရှိတော့ ဘဲ ဘယ် နေရာ အထိ နဖူးက ကျယ် နေသလဲ ဆို တဲ့ အတွေး ၀င် လာ နိုင်စေပါတယ်။  အဆိုး ဆုံး က ဆံ ပင် မရှိ ဘူး ဆိုတဲ့  အမြင်ရောက် လာစေတဲ့ အတွေးရောက်လာစေတဲ့  ဖြတ်တောက် ခြင်းပါ။

အတယ့် ကို Very Tight Crop လုပ် မယ် ဆိုရင် တော့ မျက်ခုံး အပေါ် နေရာ လောက် ကနေသာ ဖြတ် လိုက်ပါ။ မျက် ခုံး နေရာ ဟာ New Hair Line အဖြစ်ရောက်လာပါ  လိမ့် မယ်။ ကြည့် သူရဲ့ ညာ အစွန် ဆုံးပုံ ကို ကြည့်ပါ။









Rules for 8x10" ကို သုံးပါ။







DSLR ရဲ့ ပုံ အချိုး ဟာ 8X12 Aspect Ratio ဖြစ်ပါတယ်။ Client များက  8X10” လို ခြင် တယ် ဆိုရင် ပြသနာပါ။ ဒီတော့ အချို့ရနေရာ တွေ ကို ဖြတ် တောက်ပစ် ရပါ  လိမ့် မယ်။

အထက်ပါ ပုံ ကို ကျွန်တော် Tight Cropping လုပ်ရာ မှာ မလိုတဲ့ Distraction ဆွေ ကို ဖြတ် ထုတ်ပါမယ်။








အထက် မှာ ပြ ထားသကဲ့ သို့ မူလ ပုံ ရဲ့ ခေါင်း အထက် က နေရာ ( Head room ) များနေတာ ဖြတ် ထုတ်လိုက် ပြီး နည်းနည်း ဘဲ ချ န် ပေးပါမယ်။ လက် နေရာ မှာလည်း သင့် သလောက်ဘဲ ချန် ပေးပါမယ်။ ကျန်တာ ကို  ဖြတ်ထုတ်  ပြီး   8X10” လုပ် လိုက်ပါ မယ်။  လက်နေရာ ကိုလုံးဝ  မချန် ထားပါက လက်ပြတ် ကြီး လို့ ထင်စရာ  ဖြစ်နိုင်ပါတယ်။ ထင်ရှားတဲ့ ညာ လက် ကို ချန် ထားပါတယ်။ ဘယ်လက်ကို ကျန်ရုံလေးသာ ချန် ထားပါတယ်။  Distraction မရှိရုံ ဖြတ် ကာ ညာ လက် ကို ချန် ထားပေးတာ ကိုတွေ့ နိုင်ပါတယ်။


---------------------------------