Nuffnang Ads

Monday, 26 August 2013




50 – Full Frame and APS-C                                 ဓါတ်ပုံပညာရပ်ဆိုင်ရာ မှတ်စု (၅၀)

 

 

 

Full Frame, APS-C တို့၏ Sensor နှင့် Lens များ  အခြင်းခြင်း ဆက်သွယ်နေမှု နှင့်

ယင်းတို့၏ အားသာချက် အားနည်းချက် များ။

 

 




စကားဦး


ဤ မှတ်စု ၏ အခြေခံ အကြောင်း အရာ များကို မှတ်စု အမှတ် (၁၆)  ကင်မရာ Sensor များ တွင် အသေးစိတ် ရေး ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ မှတ်စု၌ Full Frame, APS-C Sensor တို့ အကြား ဆက် နွယ် နေသည့် Crop Factor အကြောင်း ကိုရေး ခဲ့ပါသည်။  သို့ ရာတွင် Full Frame နှင့် APS-C  တို့၏ Lens များ Sensor များ အကြား အပြန် အလှန် ဆက်သွယ် နေသည့် အချက် များ ၊ ယင်း တို့ ၏ အားသာ ချက်၊ အားနည်း ချက် များ ကိုရေးရန် ကျန်နေ ခဲ့ ပါသည်။ အလင်း ဆိုင်ရာ ရူပဗေဒ သိပ္မံ ဘာသာရပ် ဖြစ်နေ သဖြင့် ခေါင်း စဉ် တစ်ခု ထည်း အောက်တွင် အားလုံးကို စုပြုံ ကာရေးပြန်လျှင်လည်း ရှုတ်ထွေး သွားနိုင် သဖြင့် ယခု ကဲ့ သို့ ထပ်မံ ပြင်ဆင် ဖြည့် စွက် ရေးသား ရ ခြင်း ဖြစ်ပါသည်။


 

အချို့ သော ရှင်းလင်း ချက် များသည် ၀ါရင့် ပု၈္ဂိုလ်များ အနေနှင့် ကြည့်ပါက အသေးစိတ်လွန်း နေသည့် အဖြစ်မျိုး မြင်နိုင်ပါသည်။ ၀ါရင့် ဓါတ်ပုံ ပညာရှင်များ အတွက် မဟုတ်မူဘဲ ဓါတ်ပုံ ပညာ ကို လေ့လာဆဲ ပုဂ္ဂိုလ်များ အတွက် ရည်ရွယ် ရေးသားရခြင်း ဖြစ်သဖြင့် ဤအချက်ကို ၀ါရင့်ပညာရှင်များ အနေနှင့် သဘောပေါက် နားလည် ပေးပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

 

Camera Sensors

ကင်မရာ Image Sensor သည် အမြင်ပုံရိပ် (Optical Image) ကို Digital Photo ဖြစ်လာစေရန်အတွက် Electronic Signal အဖြစ် ပြောင်းပေးသည့် အရာဖြစ်သည်။

 

ကင်မရာ Sensor တွင် Full Frame Sensor နှင့် Full frame ထက် Sensor size  သေးသည့် APS-C ( Advanced Photo System – C )  ဟူ၍ နှစ်မျိုး ရှိပါသည်။ Nikon တွင် Full Frame ကို FX နှင့် အတိုကောက် သုံး ပြီး APS-C ကို မူ DX ဟု သုံး နှုံး ပါသည်။ ကင်မရာ အလိုက်အခေါ် အဝေါ် များ ကွဲလွဲမှု ရှိပါသည်။ ယခု မှတ်စုတွင် ရှုတ်ထွေး မှု မရှိစေရန် Nikon အတိုကောက် အသုံးအနှုံးကို အဓိကထား ကာ သုံးစွဲသွားပါမည်။

 

 

 

 


Nikon FX Format D3  Sensor.            Nikon DX Format D 300  Sensor.

 
Canon APS-C Sensor                           Canon Full Frame Sensor
 
 

Nikon DX Format Sensor, (24mm x 16 mm)
 
 
Nikon FX Format Sensor, (36mm x 24mm )
 
 
 
Full Frame နှင့် APS-C ကင်မရာ Sensor များ။

အထက် တွင် ရေးခဲ့ သည့် အတိုင်း ကင် မရာ Sensor  တွင် အဓိက အား ဖြင့် Full Frame နှင့် ယင်း ထက် ငယ် သည့် APS-C ဟူ၍ သာ အုပ်စု နှစ်စု ရှိပါသည်။

 

သမိုင်း စဉ် တစ်လျှောက်လုံး တွင် Digital Camera Sensor ၏ အရွယ် အစားကို 35mm Film  ဖြင့် သာ စံထားကာ နှိုင်းယှဉ် တိုင်းတာခဲ့ကြပါသည်။ အဆိုပါ 35mm Film နှင့် အရွယ် တူညီသည့် Sensor Size ကို Full Frame ( Nikon- FX) ဟု ခေါ်ကာ ယင်း ထက်ငယ်သည့် Sensor များကို APS-C (Nikon-DX) ဟု ခေါ်ပါသည်။

Nikon အနေနှင့် APS-C Sensor size ကို DX ဟုခေါ် ရခြင်း မှာ Film ခေတ် က ကင်မရာ အတွင်း မည်သည့် ဖလင် အမျိုး အစား ထည့် ထားသည် ဟု ဆိုသည့်   DX Coding ဆိုသော စကားရပ် မှ ဆင်းသက်လာသည့် အသုံး အနှုံး ဖြစ်နိုင်သည် ဟု သာသိရှိရပါသည်။ အတိအကျ ကိုတော့ မသိရပါ။

အောက် ပါ ပုံ မှာ  Full Frame Sensor မှ အစ APS-C Sensor အ ငယ်များကို နမူနာပြထား သည့် ပုံ ဖြစ်ပါသည်။

 
 
 
 
 
 

အောက်ပါ ပုံ သည် Full Frame (FX) Lens တစ်ခု မှ ၀င်လာသည့် ပုံရပ်ကို FX Sensor နှင် APS-C (DX) Sensor တို့၏  Focal Plain ပေါ်တွင် ဖမ်း ယူ ရာ၌ ကွာခြားချက် ကို ပြသည့် ပုံ ဖြစ်ပါသည်။


 
FX နှင့် DX Lens များ မှ ၀င်လာသည့် ပုံရိပ်များ ကင်မရာ ၏ FX နှင့် DX Sensor များ ပေါ်တွင် ထင်သည့် ဘေး တိုက် အနေအထား ပုံစံ ဖြစ်ပါသည်။

 

 

 




အထက်ပါ ကင်မရာ နှစ်ခုတွင် DX Format Sensor sizs ကို (24 X 16) ဟု အနီးဆုံး ကိန်းပြည့် ဖြင့် ဖေါ်ပြထားခြင်း ဖြစ်သည်။ အတိအကျ မှာ ( 23.7mm X 15.8mm ) ဖြစ်ပါသည်။


 
အောက်ပါ Diagram မှာ FX Lens, DX Lens များမှ ၀င်လာသည့် Image များ FX Sensor နှင့် DX Sensor  အသီးသီး ပေါ် သို့ ကျရောက်သည့် အနေအထား ဖြစ်ပါသည်။


 
 



FX နှင့် DX Lens များ မှ ၀င်လာသည့် ပုံရိပ်များ ကင်မရာ ၏ FX နှင့် DX Sensor ပေါ်တွင် ထင်သည့် ရှေ့ ဘက် မှ မြင်ရမည့် အနေအထား Diagram ဖြစ်ပါသည်။ FX Lens မှ ၀င်လာသည့် Image သည် အပြာ ရောင် အ၀ိုင်း ဖြစ်ပြီး FX Sensor မှာ အပြာ ရောင် လေးထောင့် ကွက် ဖြစ်ပါသည်။


 
DX Lens မှ ၀င်လာသည့် Image  သည် အ၀ါရောင် အ၀ိုင်း ဖြစ်ပြီး DX Sensor မှာ အ၀ါရောင် လေးထောင့် ကွက် ဖြစ်ပါသည်။ သက်ဆိုင်ရာ Format အလိုက် Lens များမှ ၀င်လာသည့် အလင်း များသည် သက်ဆိုင်ရာ Sensor များ၏ နေရာ အားလုံးကို လွှမ်းမိုး ထားနိုင်သည်ကို တွေ့ နိုင်ပါသည်။

 

အထက်ဖေါ်ပြပါ နမူနာပုံစံ  ရှိ အကြီး ဆုံး Sensor ဖြစ်သော 35mm ပေါ်တွင် ထင်သည့် ပုံမှာ အကြီးဆုံး ဖြစ်ပေလိမ့် မည်။ Sensor အသေးပေါ်တွင်ပေါ်လာသည့် ပုံရိပ် အသေးကို Sensor အကြီး ဖြစ်သည့် 35mm Full Size ပေါ်တွင် ထင်လာသည့် ပုံ အရွယ် အစား ဖြစ်လာစေရန်  Crop လုပ်ရခြင်း ၊ တစ်နည်း အားဖြင့် အကြီး ချဲ့ ရခြင်း များကြောင့် Sensor အသေး နှင့် ရိုက်ကူးထားသည် မူလ ပုံ ၏ အရည် အသွေး သည် လျှော့ သွားမည် ဖြစ်သည်။ ပြတ်သား မှု မှာ အနည်း နှင့် အများ ကျဆင်း သွားမည် ဖြစ်သည်။

 

 

Full Frame Lens ဖြင့် ရိုက်ခြင်း။

 

အောက်ပါ ပုံ မှာ Nikon Full Frame ( FX) 24-70mm Lens တစ်ခု ၏ ပုံ ဖြစ်ပါသည်။

 

 
 


အောက်ပါ ပုံ မှာ အဆိုပါ FX lens မှ ၀င်လာသော Image ကို Full Frame Sensor (အနီရောင် လေးထောင့် ကွက်) နှင့် DX Sensor (အပြာ ရောင် လေးထောင့် ကွက်) တို့ ဖြင့် ဖမ်း ယူ ပါက FX နှင့် DX တို့၏   Sensor များ အလိုက် သက်ဆိုင်ရာ Sensor များ ပေါ်တွင် ထင် လာမည့် ပုံ ရိပ် ကို ပြထား သည့် Diagram ဖြစ်ပါသည်။
 

 

Full Frame Lens မှဝင်လာသော ပုံ ကို ကင်မရာ Sensor က ဖမ်း ယူရာတွင် Full Frame Sensor သည် အနီရောင် လေးထောင့် ကွက် အတွင်းရှိ ပုံ ရိပ်ကို ဖမ်း ယူ ပုံဖေါ် ပေး မည်ဖြစ်ပြီး APS-C (DX) ကင်မရာ Sensor သည် အပြာ ရောင် လေးထောင့် ကွက် နေရာ ကိုသာ ဖမ်းကာ ပုံဖေါ် ပေးမည်  ပါသည်။ ထို့ ကြောင့် လူပုံ ၏ ညာ ဘက်ရှိ သစ်ပင် နှင့်  ဘယ်ဘက်ရှိ သစ်ပင်၏ အထက် သစ်ကိုင်း များပါ မည် မဟုတ်တော့ပါ။
 
Full Frame နှင့် APS-C Sensor များ တွင် ပေါ် မည့် ပုံ များ ကို သီးခြားစီ  ခွဲ ထုတ် ထားသည့် အောက်ပါ  ပုံ ကို ကြည့် ပါက ပိုရှင်း ပါ လိမ့် မည်။

 

 
အပေါ်ပုံ သည် Full Frame Sensor တွင် ပေါ် မည့် ပုံဖြစ်ပါသည်။
 
 

အောက်ပါ ပုံ သည် APS-C (DX) Sensor တွင် ပေါ် မည့် ပုံ ဖြစ်ပါသည်။

 

 
 
 
FX Lens မှ ၀င်လာသည့်ပုံရိပ်ကို DX Sensor က ဖမ်းယူ လိုက်သည်မှာ Zoom နှင့် အနီးကပ် ဆွဲ ယူ လိုက်သကဲ့ သို့ ဖြစ်နေသည်ကို တွေ့ ရပါမည်။ အကြောင်းမှာ FX  (24mm-70mm) Lens ၏ အစ Focal Length ဖြစ်သည့်  24mm ဖြင့်ရိုက် လိုက်ပါက FX Sensor ပေါ်တွင်မူ  24mm အတိုင်း အပြောင်း အလဲ မရှိ ပုံရိပ် ထင်ပါမည်။
 
သို့ ရာတွင် DX Sensor ပေါ်တွင်မူ Nikon Crop Factor 1.5 နှင့် မြှောက် လိုက်ထားသည့် Focal Length ( 24mm x 1.5 = 36mm ) ဖြစ်သွားသော ကြာင့် ပုံ သည် မူလ Focal length 24mm ပုံ ဖြစ်ရမည့် အစား Focal length 36mm ပုံ ဖြစ်သွား ကာ  Zoom ဆွဲ လိုက် သကဲ့သို့ ပို၍  နီး သွားခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ DX Sensor ပေါ်ရှိပုံ ကို တစ်ဆခွဲ  ချဲ့ လိုက်မှသာ FX Sensor ပုံ၏ Size သို့ ရောက်မည် ဖြစ် ပါသည်။
 
အကယ်၍ အဆိုပါ Lens ၏ Focal Length အဆုံး ဖြစ်သော 70mm ဖြင့် ရိုက်ပါက DX Sensor ပေါ်တွင် Focal Length ( 70mm x 1.5 = 105 mm ) ဖြစ်သွား ပါလိမ့်မည်။ တစ်နည်းအားဖြင့် ပုံ သည်  70mm ဖြင့် ရိုက်သည့်ပုံ မဟုတ်တော့ ဘဲ 105mm ဖြင့် ရိုက် သကဲ့ သို့ ဖြစ်သွား ကာ ပို၍ အနီးကပ် သွား ပါသည်။ Zoom ဖြင့် ဆွဲ ကာ ရိုက် သလို ဖြစ်သွားပါသည်။ ဤ ကဲ့ သို့ ဆွဲ ချဲ့ လိုက်သည့်အတွက် မူ ရင်း ပုံ ၏ အရည် အသွေးသည့် Full Frame Sensor ပေါ် ရှိပုံ နှင့် နှိုင်း ယှဉ်လျှင် အနည်း နှင့်အများ လျှော့ သွားရခြင်း ဖြစ်ပါသည်။
 

Focal Length Multiplier (FLM)
 
FX  Format နှင့် DX Format ကင်မရာ နှစ်ခု ဖြင့် Lens တစ်ခု ထည်း ၏ Focal Length တစ်ခု ထည်း နှင့် ရိုက်ရာ တွင် DX Sensor ပေါ် တွင် ထင်သည့် ပုံ ရိပ် သည် အထက် နမူနာ ပုံ များ တွင် ပြထားသကဲ့ သို့ Zoom ဖြင့် ဆွဲ ယူ လိုက် သကဲ့ သို့ ဖြစ်လာပါသည်။ Crop Factor က ချဲ့ လိုက်သည့် အတွက် ဖြစ်ပါသည်။ Zoom, Tele Lens များ ဖြင့် Focal Length ရှည် ရှည် ဆွဲ ရိုက်လိုက်ခြင်း ၊ သို့ မဟုတ် Focal Length ပမာဏ ကြီးလာခြင်း ကြောင့် ဖြစ်ပေါ်လာသည့်  ပုံ အတိုင်း ဖြစ်လာပါသည်။
 
အောက်ပါ ပုံ တွင် အစိမ်းရောင် APS-C Format Sensor တွင် ထင်လာသည့် ပုံ ( Image ) နှင့် အနက်ရောင် Full Frame Semsor ပေါ်တွင် ထင်လာသည့် Image တို့  ကို  Size အတူတူ Print ထုတ်လိုက် မည် ဆိုလျှင် အစိမ်းရောင် APS-C Sensor ပေါ် ရှိပုံသည် Focal Length ရှည်ရှည် ဖြင့် Zoom ဆွဲ ထားသကဲ့ သို့ ဖြစ်နေ သည်ကို တွေ့  ရမည် ဖြစ်ပါသည်။
 
 


 

ဤ ကဲ့ သို့  Focal Length ရှည်ရှည် ဖြင့် Zoom ဆွဲ ထားသကဲ့ သို့ ဖြစ် လာခြင်း ကြောင့် ဤ အကျိုး ဆက် ကို Lens’s  Focal Length ကြောင့် ဖြစ်လာသည့် ဖြစ်ရပ် Focal Length Multiplier ဟု လည်း အချို့ က ခေါ်ကြပါသည်။

 

ဤ ကဲ့ သို့ Crop Factor ကို အချို့ က Focal Length Multiplier (FLM)၏ မြှောက်ဖေါ် ကိန်း အဖြစ်ပြောကြသည်မှာ မှန်ကန်ခြင်းမရှိဟု မှတ်သားဘူးပါသည်။ Crop Factor သည် Focal Legth ရှည် လာသည့် အတွက် ဖြစ်ပေါ် လာသည့် နီးကပ် လာခြင်း (Close Up ) မဟုတ်ဘဲ Sensor အကြီး အသေး ကြောင့် ဖြစ်ပေါ် လာသည့် ဖြစ်ရပ် ဖြစ်သောကြာင့် ဟု ဆိုကြပါသည်။ သို့ ရာ တွင် အဆိုပါ Crop Factor နှင့် FLM တို့ ၏ အကျိုး ဆက် မှာ မူ တူ နေသည်ကို တွေ့ နိုင်ပါသည်။

 FLM ကို ဥပမာ ပြရပါလျှင် Full Frame Lens ဖြစ်သည့် Nikon 80-400mm Lens ကို DX Camera တွင် တပ်၍ ရိုက်မည်ဆို ပါက Zoom အစတွင် ရှိ Focal Length သည် 80mm ရှိရမည့် အစား ( 80mm X 1.5 ) = 120mm)ဖြစ်လာပြီး Zoom အဆုံးတွင် 400mm ဖြစ်ရမည့် အစား ( 400mm X 1.5 ) = 600mm ဖြစ်သွား မည်။ Focal Length ကို crop Factor ဖြင့် မြှောက် ခြင်း ဖြစ်သည်။ ဤ တွက်ချက်ခြင်းကို Focal Length Multiplier (FLM) ဟုခေါ်သည်။

 

 

DX Lens ဖြင့် ရိုက်ခြင်း။


Nikor DX 10-24 mm Lens.
 
 



DX Lens ဖြင့် ရိုက်သည့် ပုံ သည် DX Sensor ပေါ် တွင် အောက်တွင် ဖေါ်ပြ ထားသည့် ပုံ အတိုင်း ပုံ မှန်ပေါ်ပါမည်။  DX Lens မှ ၀င်လာသည့် အလင်းသည် DX Sensor ၏နေရာ အားလုံး သို့ ရောက် သည့် အတွက်ကြောင့် ဖြစ်ပါသည်။
 
 


သို့ ရာတွင် DX Lens ကို FX Camera တွင် တပ်ကာ ရိုက်ရာ တွင် မူ ရိုက်သည့် ပုံ သည် အောက် တွင် ပြ ထားသည့် ပုံ အတိုင်း FX Sensor ၏ ဘေးနေရာ များ မဲ နေပါလိမ့် မည်။ အကြောင်း မှာ DX Lens မှ ၀င်လာသည့် အလင်းသည် FX Sensor ၏နေရာ အားလုံး သို့ မရောက် နိုင်သည့် အတွက်ကြောင့် ဖြစ်ပါသည်။
 
 
 



DX Lens မှဝင်လာသည့် Image များ  FX Sensor ပေါ်တွင် ထင် မည့် ပုံ နမူနာ များ။


 အောက်ပါပုံ များ မှာ DX Lens ဖြင့် ရိုက်ထား၍  FX Sensor ပေါ် တွင် ပေါ်နေသည့် ပုံ နမူနာ များဖြစ်ပါသည်။ DX Lens မှ ၀င်လာသည့် အလင်းသည် FX Sensor ၏နေရာ အားလုံး သို့ မရောက် သည့် အတွက်ကြောင့် ဘေး နေရာ များ မည်းနေသည် ကို တွေ့ ရမည် ဖြစ်ပါသည်။


 
 
 

 
 





အောက်ပါပုံ မှာ DX Fisheyes 10.5mm Lens ၏ FX Sensor ပေါ်တွင် ထင်သည့် ပုံ ရိပ် ဖြစ်ပါသည်။
 




ကင်မရာ တွင် အသုံးပြုသည့် Sensor နှစ်မျိုး။


Sensor အမျိုးပေါင်း အတော် များများရှိပါသည်။ အချို့ ကို အောက် တွင် ဖေါ်ပြထား ပါသည်။


- CCD ( Charge-Coupled Device ) Sensor

- COMS (Complementary Metal–Oxide–Semiconductor ) Sensor

- Bayer Sensor

- Foveon X3 Sensor

- 3CCD Sensor

 

သို့ ရာ ၌ကင်မရာ  တွင်သုံးသည့် Sensor များ မှာ အဓိက အားဖြင့် CCD နှင့် CMOS Sensor  နှစ်မျိုးသာ ဖြစ်ပါသည်။

 

CCD ( Charge-Coupled Device ) Sensor.

 


A CCD Sensor
 

CCD Sonsor သည် Analog Device ဖြစ်သည်။ Sensor အပေါ်ရိုက် ခတ်လာသည့် အလင်းရောင် အား ၄င်း၏ Photo Sensor က Electric Charge အဖြစ် လက်ခံ ထားလိုက်သည်။ ယင်းနောက် Electric Charge ကို Voltage အဖြစ်ပြောင်း ပေးသည်။ နောက်ဆုံးတွင် ကင်မရာ အတွင်းရှိ Circuitry က Digital Information အဖြစ် ပြောင်းပေးခြင်း ဖြစ်သည်။ CD Sensor ကို ကင်မရာများအပြင် သိပ္မံ နှင့် နည်း ပညာ ဆိုင်ရာ ဆေးပညာ ရပ်ဆိုင်ရာ တို့ ၏ အဆင့်မြင့် ပုံရိပ်များ လိုအပ် သည့်နေရာများတွင်လည်း သုံးသည်။


 


 
CMOC ( Complementary Metal-Oxide Semiconductor )
 
A CMOS Sensor
 
 
CMOS Sensor သည်လည်း CCD Sensor နည်းတူပင် အလင်း ကို Electronic Signal အဖြစ်သို့ ပြောင်းပေးသည့် အရာများ ဖြစ်ကြသည်။
 
CMOS Sensor ကို Active-Pixel Sensor (APS) ဟုလည်းခေါ် သည်။ ထူးခြားချက်မှာ ၄င်း ၏ Pixel များအတွင်းရှိ Photodetector အားလုံး တွင် ပုံရိပ်ဖေါ် ရာ၌ အရေးကြီးသော Process တစ်ပိုင်း ဖြစ်သည့် Active Amplifier များပါရှိ နေသည့် အတွက် ဖြစ်သည်။ CMOS Sensor သည် ထုတ်လုပ်ရာတွင် CCD Sensor ထက် ထုတ်လုပ်ရေး စရိတ် သက်သာ သည့်အပြင် Pixel well များ အတွင်း မှ လျှံ ကျ လာသည့် Light Signals များကြောင့် ဖြစ်ပေါ် လာ သော Blooming Effect ကို ထိန်း နိုင်ခြင်း ပင် ဖြစ်သည်။ ထို့ကြောင့် Noise ကို CCD Sensor ထက် ထိန်း ထားနိုင်သည် ဟု သိရှိရသည်။
 
CMOS ကို Complementary Symmetry Metal Oxide Semiconductor ( COS-MOS ) ဟုလည်း ခေါ်သည်။ Complimentary Symmetry ဆိုသည့် စကားရပ်မှာ COMS အနေနှင့် Complementary and Symmetrical pair of P-Typeနှင့် N-Type Metal Oxide Semiconductorတစ်စုံကို အသုံးပြု ၍ Light ကို ဖမ်းယူ ကာ Electronic Signal သို့ ပြောင်းပေးခြင်းကို ဆိုလိုသည်။
 
Sensor Size and Crop Factor.
ကင်မရာ ပေါင်း မျာစွာ ရှိသော်လည်း  Nikon ကင်မရာ နှင့် ဥပမာ ပေးရ သော်- Nikon Full Frame Sensor ၏ အလျှား နှင့် အနံ မှာ ( 36mm X 24mm ) ဖြစ်ပြီး Advanced Photo System – C (APS-C) အမျိုး အစားဖြစ်သည့် Nikon DX အမျိုးအစား ကင်မရာ Sensor Size ၏ ယေဘူယျ အလျှား နှင့် အနံ အတိအကျ အတိုင်း အတာ မှာ ( 23.7mm X 15.8mm ) ဖြစ်သည်။
 
 Full Frame သည် 35mm Film ကို နှိုင်းရပ်ထားကာ 35mm Full Frame ဟု ခေါ်စေကာမူ ၄င်း၏ Sensor ၏ အလျှားမှာ 36mm ရှိ ပြီး အနံ မှာ 24mm ရှိပါသည်။ Nikon DX ၏ Sensor ပေါ်တွင် ထင် သည့် ပုံ ရိပ်ကို ( 1.5 x ) နှင့် မြောက်ပါ မှ Nikon Full Frame 35mm Sensor ပေါ်တွင် ထင်သည့် ပုံ ရိပ် အရွယ် ကိုမှီ မည်။ ဆိုလိုသည်မှာ DX Format နှင့် ရိုက်ထားသည့် ပုံ တစ်ပုံ ၏ Size ကို တစ်ဆခွဲ ချဲ့လိုက်ပါမှသာ Full Frame နှင့် ရိုက်သည့် ပုံ အနေအထားသို့ ရောက် မည် ဖြစ်ပါသည်။
 
 အထက်ပါ Crop Factor 1.5 ဆိုသည်မှာ FX ( 36mm x 24 mm) ၏ ထောင့်ဖြတ်မျဉ်း ( Diagonal ) 43.3mm ကို DX Sensor ၏ ထောင်ဖြတ် မျဉ်း   28.4 mm နှင့် စား ခြင်း ဖြင့် ရလာ သည့် ရလာဒ် ( 1.5246) ၏ Nearest ကိန်း ဖြစ်ပါသည်။
 
ထိုကြောင့် ကိန်းသေ ဖြစ်သည့် FX ( 36mm x 24 mm) ၏ ထောင့်ဖြတ်မျဉ်း ( Diagonal ) 43.3mm ကိုကင်မရာ အမျိုး မျိုး တို့၏ အကွဲ ကွဲ အပြားပြားသော APS-C Sensor များ၏ Diagonal များ နှင့် စားပါက ရလာမည် ရလာဒ် ( Crop Factor ) သည်လည်း အမျိုး မျိုး ရှိပါ လိမ့် မည်။
 


 
 
အထက်ပါ Diagram ကိုကြည့်ပါ က Full Frame ( 36mm x 24 mm) သည် ပုံသေ ( ကိန်းသေ ) ဖြစ်ပြီး APS-C Sensor များမှာ အမျိုးမျိုး ကွဲပြားနေသည်ကို တွေ့ နိုင်ပါသည်။ ထို့ ကြောင့် Full Frame ( 36mm x 24 mm) ကိန်းသေ  ကို အမျိုးမျိုး သော APS-C ကိန်းများ ဖြင့်းစားပါက အမျိုးမျိုးသော Crop Factor များရမည် ဖြစ်ပါသည်။ စင်စစ် အားဖြင့် Crop Factor သည် Field of view သို့ မဟုတ်  Angle of view ဟု ဆိုရပါမည်။
 
အောက်တွင် Crop Factor တွက်ချက်ခြင်း နှင့် ကင်မရာ အမျိုး အစား အလိုက် Crop Factor များကို ဖေါ် ပြထားပါသည်။
 
Crop Factor တွက်နည်း

 
အထက်တွင် ဖေါ်ပြပြီးသကဲ့သို့ Crop Factor သည် Full Frame Sensor ၏ ထောင့်ဖြတ်မျဉ်း အား APS-C Sensor ၏ထောင့် ဖြတ်မျဉ်း နှင့် အချိုးချခြင်း (စားခြင်း) မှ ထွက်ပေါ်လာသည့် ကန်းသေ တစ်ခု ဖြစ်သည်။
 #  Full Frame (FX) 35mm Sensor ( 36mm X 24mm) ၊
   FX ၏ ထောင့်ဖြတ် (Diagonal ) = 43.3mm
 #  APS-C DX Sensor ( 23.7mm X 15.8mm )၊
   DX ၏ ထောင့်ဖြတ် ( Diagonal) = 28.4mm
FX’s Diagonal 43.3mm ÷ DX’s Diagonal 28.4mm = 1.5246 Nearest = 1.5။
 
အထက်ပါ တွက်နည်းသည် Full Frame ၏ထောင့် ဖြတ် မျဉ်း ကိုDX ၏ ထောင့်ဖြတ်မျဉ်း နှင့် စား ခြင်း ဖြစ်သည်။ ရလဒ်မှာ (1.5 ) ဖြစ်သည်။  Full Frame နှင့် APS-C  Sensor နှစ်ခု တို့ ၏ အလျှား ကို အလျှားခြင်း ၊ အနံကိုအနံခြင်း စား ပါကလည်း ထိုအဖြေအတိုင်း ပင်ရသည်။ အောက်တွင် တွက်ပြ ပါမည်။
 
 
FX Sensor
ထောင့်ဖြတ်မျဉ်း
 
Calculation
DX Sensor
ထောင့်ဖြတ်မျဉ်း
 
အဖြေ
(Crop Factor)
43.3mm
÷
28.4mm
=1.5246
 
 
 
(Nearest -1.5)
 
 
FX Sensor
၏ အလျှား
 
Calculation
DX Sensor
၏ အလျှား
 
အဖြေ
(Crop Factor)
36mm
÷
23.7mm
=1.5189
 
 
 
(Nearest -1.5)
 
 
FX Sensor
၏ အနံ
 
Calculation
DX Sensor
၏ အနံ
 
အဖြေ
(Crop Factor)
24mm
÷
15.8mm
=1.5189
 
 
 
(Nearest  = 1.5)
 
 
ထို့ ကြောင့် Nikon DX ကင်မရာများ၏ Crop Factor များ မှာ 1.5 သာ ဖြစ်ကြ သည်။
 
Nikon DX Format တွင် Sensor Size ကွာခြားချက်မှာ ဒဿမ ကိန်းမျှသာ ဖြစ်၍ Crop Factor တွက်ချက်ရာတွင် လည်း အဖြေ၏ ကိန်းပြည့်ကို ထိခိုက်ခြင်းမရှိပါ။ သို့ရာတွင် အခြားသော ကင်မရာ များ၏ Sensor များသည် Nikon ကင်မရာ Semsor အရွယ် အစား နှင့်မတူ အဖြင့် Crop Factor များသည် လည်း Nikon  ကင်မရာ များ မတူကြ သကဲ့သို့ ကင်မရာ တစ်ခု နှင့် လည်း တစ်ခု မတူ ကြပါ။
 
ကင်မရာ အမျိုး အစားအလိုက် Crop Factor များ အောက်ပါ အတိုင်း ဖြစ်ပါသည်-
Canon - EOS 1D/1D MK II N Crop Factor = 1.3 x
Nikon - D40…./ D90/ D200/D 2X…. Crop Factor = 1.5 x
Minolta - 7D/ Fuji S3 Pro/ Pentax ist DS/ Crop Factor = 1.5 X
Canon - EOS 300D/ 400D/ 20D/ 30D Crop Factor = 1.6 X
Olympus - E400/E-500/ E-300/ E-1 Crop Factor = 2.0 X
 
Nikon ၏နောက်ဆုံးထုတ် DX Fomat D 7100 ၏ Crop Factor မှာ မူ Nikon ၏ မူလ Nikon Crop Factor (1.5) မဟုတ်တော့ဘဲ (1.3) ဖြစ်လာပါသည်။ Sensor Size ပိုကြီးလာပါသည်။ အလွယ်တကူ ရှိထားသည့် စာရင်းဇယားကို ဖေါ်ပြထား ခြင်းသာ ဖြစ်ပါသည်။ အခြားများစွာသော Model များတွင်လည်း အတန်အသင့် ကွာ ခြားနိုင်ပါသည်။
 
Sensor တစ်ခု ၏ ပုံ ရိပ် ဖေါ် သည့် လုပ်ငန်းစဉ် အကျဉ်း။

 
 ပုံရိပ် တစ်ခု ဖြစ်ပေါ် လာစေရန် ပြင်ပ မှ  အလင်း (Light) သည် Lens ကို ဖြတ်သန်းကာ Digital Camera အတွင်းရှိ Crystal Silicon ဖြင့် ပြုလုပ် ထားသည့် Sensor ပေါ်သို့ ကျ ရောက်သည်။ Sensor ပေါ်တွင် အကွက်လိုက် (Grid) အတိုင်း နေရာချထား သော အလင်းကို ထိတွေ့ တုန့်ပြန် မှု ပြု သည့် ကျင်း ကလေး များဟု ဆိုရမည့် Photosite များ ရှိသည်။ ယင်းသည် ကင်မရာ များ၌ ဖေါ်ပြ လျှက်ရှိသော Pixel ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပုံ ရိပ် ကိုဖေါ်ပေးသည့် Picture Elements များ ဖြစ်ကြသည်။ DSLR ကင်မရာ တစ်ခု ၏ Sensor တွင်Pixel ပေါင်း သန်း ချီ၍ ရှိသည်။
 
CCD သို့ မဟုတ် CMOS မည်သို့ သော Sensor မျိုး တွင် ဖြစ်စေ ယင်းတွင် ရှိသည် Photosite သည် အလင်းကို တုန့်ပြန်သည့် ( Light-Sensitive ) Photodiode များဖြင့် ဖွဲ့ စည်း ထားသည်။ ဤနေရာတွင် အနည်း ငယ် ဖြည့်စွက် ၍ ရှင်းလင်း လိုသည် မှာ၊ အလွယ် အားဖြင့် Photosite သည် အလင်းကို ထိတွေ့ တုန့်ပြန် သည် ဆိုစေကာမူ အတိအကျ ဆိုရပါမူ ၄င်း တွင် ပါရှိသည့် Photodiode ကသာ လျှင် အလင်းကို ထိတွေ့ တုန့်ပြန် ခြင်း ဖြစ်သည်။
 

Sensor သည် အလင်း ရှိ Photon ကို စုတ်ယူပြီး သော် Photoelectric effect အရ Eleectron အဖြစ် ပြန်ထုတ်ပေးသည်။ အဆိုပါ Electron များကို Exposure ဖွင့်ထားသည့် အချိန်ကိုလိုက်၍ ၄င်း၏ ကျင်း (Well) များ အတွင်း Electrical Charge များအဖြစ် သိမ်း ထား ပေးသည်။ အဆိုပါ Electrical Charge ပမာဏသည် Sensor ပေါ် ရိုက်ခတ် သည် Photon ပမာဏ ၏ အချိုး အတိုင်း ပင် ဖြစ်သည်။
 
ယင်းနောက် အဆိုပါ Electrical Charge ကို ပထမ အဆင့် တွင် Analog Voltage အဖြစ် ပြောင်း ပေးသည်။ ထိုမှ တစ်ဆင့် ၄င်းကို Amplified လုပ်ကာ Analog to Digital ( A/D ) Converter ဖြင့် Digital Pixal အဖြစ်ပြောင်းပေးသည်။ ဤ သည်တွင် အလင်းသည် Digital ပုံ ရိပ် ဖြစ်လာသည်။
 
Exposure ဖွင့်ထားသည့် အချိန် အတွင်း Lens မှ ၀င်လာသည့် Photon ကို အထက်တွင် ဖေါ်ပြခဲ့သည့် Sensor ပေါ်တွင် ပေါ် ထွက်လာသည့် Generated Electrons များကို ကျင်း ( Potential Well ) များအတွင်း ဖြည့်ထည့် ပေးသည်။ အဆိုပါ ကျင်း သည် Electron မည်ရွေ့ မည်မျှ ဆန့်အောင် ဖြည့်နိုင်သည် ဆိုသည်ကို Full-Well Capacity ဟု ခေါ်သည်။ Generated Electrons များ သည် Exposure ဖွင့် ထားသည့် အချိန်အတွင်း ကျင်း အတွင်း ပြည့်သွားပါက ဘေးသို့ လျှံကျကာ အနီးရှိ အခြားသော ကျင်းများ အတွင်းသို့ ၀င်ကုန် တော့သည်။ ယင်းကို Blooming ဖြစ်သည်ဟုဆိုသည်။
 
ယင်းကို ဒေါင်လိုက်အချွန် ကလေးများ နှင့် တောက်ပသော ကျယ် ပုံ ကလေးများ အဖြစ် တွေ့ရမည် ဖြစ်သည်။ ကင်မရာ များတွင် အဆိုပါ ဖြစ်ရပ် ကို တားဆီး ရန် Anti-Blooming များ တပ်ဆင်ထားလေ့ ရှိကြသည်။ ထိရောက် မှု ရှိသည် ကိုလည်း တွေ့ ရသည်။
 
Sensor တစ်ခု ၏ Electron ပမာဏ မည်မျှ အထိ စုဆောင်း ထားနိုင်သည် ဆိုသည့် အချက် ကို Sensor’s Dynamic Range ဟု ခေါ်သည်။ ၄င်းသည် ကင်မရာ အနေ နှင့် Faint and Bright ဧရိယာများ အတွင်း အသေးစိတ် ပုံ ရိပ်ကို ဖမ်း ရာတွင် Balck မှ White သို့ Brightness ကူးပြောင်းသည့် Range ပင်ဖြစ်သည်။
 
Full-Well Capacity ရှိသော အရွယ် အစား ကြီးသည့် Sensor ကြီး များ၏ Dynamic Range သည် ကြီး မားသည်။ Electron များ ကျင်း ( Well ) အပြင်ဘက် သို့ လျှံကျသဖြင့် ဖြစ်ပေါ်လာသည့် Bloomingအခြေအနေ လည်း နည်းသည်။ ထို့ကြောင့် Sensor ကြီးများသည် အသေးများထက် ပုံ ထွက် သာ ရခြင်းဖြစ်သည်။
 
Megapixels

 
ကင်မရာ တစ်လုံးတွင် 12 Megapixels ဟု ဖေါ်ပြထားပါက အကြမ်း ဖျဉ်း ဆိုရပါမူ အဆိုပါ ကင်မရာ ၏ Sensor တွင် အလင်း ကို ဖမ်းယူ သည့် ကျင်း (Pixel) ကလေး ပေါင်း ၁၂ သန်းရှိသည် ဟု ဆိုခြင်း ဖြစ်ပါသည်။ အဆိုပါ ကျင်း ကလေးများသည် အထက်တွင် ရှင်းလင်း ထားသည့်အတိုင်း ရေ ငင် ယူသည့် ရေပုံး ကဲ့သို့  ပင် ဖြစ်သည်။  Photosite  ဆိုသည့် ကျင်းကလေး များ အတွင်းသို့ ၀င်လာသည့် အလင်းကို ဖမ်း ယူကာ ကျင်းအတွင်း ရေပုံးထဲ သို့ ရေ ဖြည့် သကဲ့ သို့ ဖြည့် သည်။ Sensor ကြီး ပါက Photosite ပိုကြီးပါသည်။
 
ရေ ပုံး ကြီးပါ က ရေများများ ခတ်ယူ နိုင် သကဲ့သို့ Photosite ကြီး လျှင် Light Signal များများကို လက်ခံ ထားနိုင် ပါသည်။  ရေ သိုလ်လှောင်ရာတွင် ရေ ပုံး ကြီးကြီးသည် ရေ ပုံးငယ်ငယ် ထက် ပို၍ သိုလ် လှောင် နိုင်ပါသည်။ Sensor ကြီး များ နှင့် Sensor သေး များ၏ Photosite အရေ အတွက် သည် 12 MP ခြင်း တူနေစေကာမူ Sensor ကြီး များရှိ Photosite  သည် ပိုကြီးသည်။ တစ်နည်း အားဖြင့် Sensor ကြီးများ၏ ရေခံ သည့် ပုံး က ပိုကြီးသည်။
 
Sensor ကြီး များသည်  Electron များ ကျင်း ( Well ) အပြင်ဘက်သို့ လျှံကျသဖြင့် ဖြစ်ပေါ်လာသည့် Bloomingအခြေအနေ သည် Sesor သေး များထက် စာလျှင်  အဖြစ် နည်း သည်။ ထို့ကြောင့် Sensor ကြီး များသည့် Higher ISO တင် ရိုက်စေကာမူ Noise ကို ထိန်း နိုင်ခြင်း ဖြစ်သည်။ သို့ ရာ တွင် Sensor ကြီးများ၏ ထုတ်လုပ်မှု စရိတ်သည် ကြီးမြင့် လှ သည့်အတွက် ကင်မရာ ထုတ်လုပ်သူများသည် လူ အများ သုံး နိုင်ရန် အဘိုးနည်းဝန်ပါ Sensor သေး များထုတ်လုပ်လာရ ခြင်း ဖြစ်သည်။
 
Sensor သေးသော အခါ Pixels လည်း နည်း လာပြန်သည် ထိုအချိန်တွင် ကင်မရာ ထုတ်လုပ်သူများသည် Sensor သေးသေး တွင် Pixel များများထည့် ကာ ဈေးကွက် တွင် ပြိုင်လာ ကြပြန်သည်။ ယင်းကို “ Megapixal Race “ ဟု ကင်မရာ ဈေးကွက် တွင် ခေါ်ကြသည်။
 
 
Full Frame  နှင့် DX တို့ ၏ အားသာချက် အား နည်း ချက်များ။

 
အဆိုပါ အားသာချက် အားနည်း ချက် ဆိုင်ရာ သဘောထား မှတ်ချက်များမှာ ဆောင်းပါးရှင် Nasim Mansurov   Nikon DX vs FX ဆောင်းပါး တွင် ဖေါ်ပြ ထားသည့် ဆောင်းပါး ရှင်၏ မှတ်ချက်များ ဖြစ်ပါသည်။
 
DX Format ၏ အား သာ ချက် များ။

 
၁။   အဓိက အကျိုးမှာ ဈေးသက်သာ ခြင်း ဖြစ်ပါသည်။ အကြောင်း မှာ DX Format Sensor ထုတ်လုပ်ရသည့် စရိတ်မှာ FX ထက်စာလျှင် များစွာ သက်သာ သည်။
၂။   DX Format Sensor ထုတ်လုပ်ရာတွင် FX Sensor နှင့် နှိုင်းယှဉ်ပါက Sensor ဒေါင့်များ၏ အရွယ် အစားကို လျှော့ချ လိုက်သည့်အတွက် Sensor size သေး သွားကာ FX Format Sensor နှင် စာ လျှင် ထုတ်လုပ် သည့် စရိတ် သက်သာ သွားရခြင်း ဖြစ်သည်။
၃။   DX Format  များ သည် အထက်တွင် ရေးသားသကဲ့ သို့ FX Format များနှင့် ယှဉ်ပါ က Crop Factor ကြောင့် ခရီးတာ ( Reach) ပိုဝေးဝေးသို့ ဆွဲ၍ ရိုက်သည်။ ဥပမာ အားဖြင့် မူလ FX 80-400mm Lens သည် DX Sensorပေါ်တွင် ( 80mm x 1.5= 120mm -  400mm x 1.5 = 600mm  ) ဖြစ်လာသည်။
၎။   DX Sensor ကင်မရာ များသည် FX Format ကင်မရာများထက် အရွယ်ရော အလေး ချိန် ပါ သေးငယ် ပေါ့ ပါးသည်။
 
DX Format ၏  အားနည်း ချက် များ။

 
၁။   DX Fromat များသည်  Pixal များ သေး သည့်အတွက် High ISO တွင် Noise ကို ထိန်း နိုင်ခြင်း မရှိ။
၂။   FX Format နှင့် နှိုင်းယှဉ်ပါက DX Format များသည် Dynamic Range သေးငယ်သည်။
၃။   Wide Angle Lens များသည် DX Format များတွင် အပြည့် ကျယ်ခြင်း မရှိ။ ဥပမာအားဖြင့် 14mm Wide angle သည် DX Format တွင် FX format ကဲ့ သို့ အပြည့် မကျယ် ဘဲ 21mm လောက်အထိသာ ကျယ်သည်။
၎။   DX Lens များသည် FX Format တွင် သုံး ၍ မဆင် မပြေ သည့်အတွက် တစ်ချိန်ချိန် FX Format သို့  ပြောင်းပါက အဆိုပါ DX Lens များ အသုံးမ၀င် ဖြစ် လိမ့်မည်။ DX Lens များသည် FX format တွင် သုံးပါက Resolution မှာ ထက်ဝက် ခန့် သာ ရ နိုင်သည်။
၅။   Aperture f-8, f-11 တို့ အထက်  Aperture ပို၍ ကျဉ်း လာသည်နှင့်အမျှ လျှော့ ကျသွား တတ်သည့် ပုံ၏ ပြတ်သားမှု ( Lens Diffraction ) သည် DX Format များတွင် ပို အဖြစ်များသည်။
Aperture ကျဉ်းလာသည် နှင့်အမျှ ဖြစ်ေါ် လာသည့် Lens Diffraction နမူနာပုံများ။
 
 
Aperture f-8. ( Lens Diffraction အ နည်း ဆုံး ပုံ။)
 
Aperture f-11
 
Aperture f-22.
 
 


 
Aperture f-45. ( Lens Diffraction အများဆုံး ပုံ။)
 



Aperture ကျဉ်းလာသည် နှင့်အမျှ ဖြစ်ေါ် လာသည့် Lens Diffraction ကို နမူနာ သဘော ပြထားခြင်းသာ ဖြစ်ပါသည်။ အတိအကျ ယူ၍ မရပါ။ ကင်မရာ များ တစ်ခု နှင့် တစ်ခု Lens Diffraction  ခြင်းကွာခြား နိုင်ပါသည်။

၆။   DX Format များ၏ Mirror Size သေးငယ်သည့် အလျှောက် View Finder သည် လည်း FX Format နှင့် နှိုင်း ယှဉ်လျှင် သေးငယ်သည်။
 
Nikon DX Format D300 Mirror and FX Format D 700 Mirror.
 
 
 
FX Format ၏ အားသာ ချက်။
၁။   Sensor  Size ကြီးသည်နှင့်အမျှ Resolution အပါအ၀င် Sensitivity, Speed စသည်တို့ ပါ DX format ထက် သာသည်။ ထို့ ကြောင့် ပုံ အရွယ် ကြီးကြီး ထုတ်ရန် လိုသည့် အခြေအနေ မျိုး နှင့် Wild Life နှင့် Sport ကဲ့သို့  High ISO, ဖြင့် High Speed ရိုက်ရသည်နေရာ တွင် FX Format က တစ်ပန်းသာ သည်။
၂။   FX Format များ၏ Sensor Size သည် ကြီးသည့် အတွက် High Sensitivity ဖြစ်ပြီး DX Format များထက် Highg ISO Level ၌ Noise ကို ထိန်း နိုင်သည်။ Nikon FX Format D 700 နှင့် DX  Format D 90/ D 300s တို့၏ Megapixels မှာ အတူတူ ပင်ဖြစ်သည်။ သို့ ရာ တွင် FX ဖြစ်သည့် D 700 ၏ Sensor သည် ပိုကြီးသည့် အတွက် ၄င်း၏ Pixels များလည်း ပိုကြီးသည်။ ထို့ကြောင့် အဆိုပါ ကင်မရာ သုံး လုံး အား ISO 800 အထိ တင်ရိုက်လျှင် FX Format D 700 ၏ပုံ က D 90/ D 300s တို့ ထက်ပို၍ ကြည်လင်ပြတ်သား သည်ကို တွေ့ ရသည်။
၃။   FX Format ၏ Pixels များသည် DX Format ထက် ပိုကြီးသည့် အတွက် အလင်းကို ပို၍ ဖမ်းယူ နိုင်သဖြင့် DX Format ၏ Dynamic Range ထက်ပို၍ များသည်။
၎။   FX Format နှင့် ရိုက်သည့် ပုံ များသည် Crop Factor, Equivalent Focal length တို့ ကို ထည့် တွက် ရန်မလိုဘဲ 35mm Film နှင့် ရိုက် သည့် ပုံ အတိုင်း ထွက်သည်။
၅။   FX Format Lens များသည် DX Format များတွင် လည်း ကောင်မွန်စွာ သုံးနိုင်သည်။
၆။   FX Format များ တွင် Aperture များစွာ ကျဉ်းလာလျှင် ဖြစ်ပေါ်လေ့ ရှိသော ပြတ်သားမှု လျှော့ နည်းသည့် Lens Diffraction သည် 35mm Film အတိုင်း ပင် ဖြစ်သည်။ ပုံ များ၏ ကြည့် လင် ပြတ် သား မှု သည် f/11- f-16 ကျော် မှ အတန် အသင့် စ တင် လာသည်။
Aperture ကျဉ်းလာသည်နျင့်အမျှ ၀င်လာသည့် Light ၏ လှိုင်း အလျှား သည် မူရင်း မှ သွေဖယ် ပြန့် ထွက် သွား သဖြင့် ဖြစ်ပေါ် လာသည့် Diffraction ကို FX Format က DX Format ထက် ပို၍ ထိန်း နိုင်သည်ကို တွေ့ ရသည်။ အောက်တွင် Lens Diffraction ဖြစ်ပေါ် မှု ကို နမူနာ Diagram ဖြင့် ပြထားပါသည်။
Wide Aperture
အထက် Diagram တွင် Aperture ကျယ်သဖြင့်  Light Diffraction နည်းသည်။
 

Narrow Aperture.
အထက် Diagram တွင် Aperture ကျဉ်းသဖြင့်  Light Diffraction များ သည်။
 
 
၇။   FX Format များ၏ Mirror များ Prism များသည် ကြီးသည် နှင့်အမျှ Viewfinder လည်း ကြီး သည့်အတွက် အသေးစိတ် မြင်နိုင်သည်။
၈။   Wide Angle Lens များ တပ်ဆင်ပါက မူရင်း Wide Angle အတိုင်း ရရှိ နိုင်သည်။ ဥပမာ အားဖြင့် Nikon 16-35mm, f-4 ကဲ့ သို့ Lens များ ကို FX format တွင် တပ် ဆင်ပါက 35mm Film နှင့် ရိုက် သကဲ့ သို့ ပင် 16-35mm အတိအကျ ရ နိုင်သည်။ DX Format များတွင် အတိအကျ မရ ဘဲ Angle ကျဉ်းသွားလေ့ ရှိသည်။
 
FX Format ၏ အားနည်း ချက်များ
၁။   FX Sensor များ၏ ထုပ်လုပ် မှု စရိတ် သည် အလွန်ကြီးသည်။ ထို့ ကြောင့် တန်ဘိုးကြီးသော အမြင့်တန်း Professional ကင်မရာ များ ဖြစ်သည့် D- 700, D 800, D-3 D-4 ကဲ့ သို့ ကင်မရာ များ တွင်သာ သုံးနိုင်သည်။
၂။   FX Format Sensor များသည် သာမန် DX format Sensor များ နှင့် နှိုင်းယှဉ် လျှင် များစွာ ကြီးသောကြောင့် Sensor ၏ဘေး နေရာ များတွင် ပြဿ နာရှိတတ်သည်။ Sensor ၏ထောင့်နေရာ များ တွင် ပြတ်သား မှု လျှော့ နည်း တတ်သည်။
သို့ ရာ တွင် Nikon သည် အဆိုပါ အားနည်း ချက်ကို ကုစား နိုင်သည့် Nikon 14-24mm, f-2.8 နှင့် Nikon 24-70mm, f-2.8 G ကဲ့ သို့Lens များ ထုတ် လာသည်။ အဆိုပါ Lens များသည် FX Format Sensor ၏နေရာ အားလုံးသို့ ထိရောက်စွာ Light Signal ပို့ ပေးနိုင်သည်။
၃။   Nikon Line of DSLR  FX Format များတွင် D-800, D-4 ကဲ့ သို့ ကင်မရာ များ ၏ အရွယ် အစား နှင့် အလေး ချိန် သည် D-3000, D-5000 စသည့် DX format နှင့် နှိုင်း ယှဉ် လျှင် အရွယ် အစား အလွန် ကြီးမားကာ လေး လံ လွန်း သည်။ ယခုနောက်ဆုံးထုတ်သည့်  Nikon D600 သည်သာ အရွယ် ငယ်သည်။
 
 
Big FX Format Nikon D-4
 
 
 
Small Nikon DX Format D 3000
 
အထက်တွင် ဖေါ်ပြခဲ့သည် မှာ ဓါတ်ပုံ ပညာ ရပ်တွင် အညွှန်း နိဒါန်း သဘော လောက်မျှ သာ ဖြစ်ပါသည်။ လမ်း ပြ သဘော လောက် ဟု သာ ဆိုနိုင် ပါသည်။ ရှေ့ ဆက်၍ လေ့လာ မည် ဆိုပါက လျှောက်ရမည့် လမ်း သည် များ ရှည်လျှားနေပါ ဦးမည်ဟု ဆို ရပါမည်။
 
________________________________________
 
 
 
 
 
 



 

 
 
 



 

 
 

 


 
 


 
 
 
 

2 comments:

  1. အချိန်ပေးပြီး ပညာတွေ ကိုဖြန့်ဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.အန်ကယ်.လေ့လာနိင်အောင် ကြိုးစားပါမယ်.

    ReplyDelete