Sunday, 4 November 2012

DSLR Metering

(15)   DSLR Metering                                  ဓါတ်ပုံ ပညာရပ်ဆိုင်ရာ မှတ်စု (၁၅)



                      DSLR Metering အကြောင်း သိကောင်းဘွယ်ရာ


By Soe Hlaing

Digital  Single Lens Reflector Camera နှင့် ဓါတ်ပုံ ရိုက်ရာတွင် မှတ်တမ်း ကျန်လျှင် ပြီးတန်းဟု ဆိုကာ ရိုက်သည့် ပုံများ အတွက် အကြောင်း မဟုတ်သော်လည်း မိမိလိုချင်သည့် Subject ကို အကောင်းဆုံး ရရန် အမိအရ လု ၍ ရိုက်ရတော့ မည် ဆိုလျှင် DSLR Metering  ကို တတ်နိုင်သမျှ တိတိ ကျကျ သုံးရန် လိုအပ် လာပါသည်။





နေရာ တစ်နေရာ Camera Setting တစ်မျိုး ထည်း မှာ ပင် Metering ကြောင့်  Exposure အလင်း အမှောင် ရုတ်ချဉ်း  ပြောင်းလဲ နိုင်သည့် နမူနာ ပုံ။ 



                                      ကင်မရာအတွင်းရှိ Metering Sensor.


DSLR ကင်မရာ ပေါင်းများစွာ ရှိကြရာ၌ ကင်မရာတိုင်းတွင် သူ့ ပုံစံ နှင့် သူ Metering စနစ်များရှိပါသည်။ သို့ သော် တစ်ခု နှင့် တစ်ခု အခေါ် အဝေါ် လောက်သာလျှင် ကွာခြားပြီး Function များမှာ မူ များစွာ ကွာ ခြားမည် မဟုတ်ကြပါ။ အချို့  Metering  (၃) ခုရှိပြီး အချို့မှာ (၄) ခုရှိပါသည်။



     
Metering Mode (၄) မျိုး



 Evaluative မှာ Canon အသုံး အနှုံး ဖြစ်ပြီး Nikon က မူ Matrix ဟုခေါ်သည်။ Canon နှင့် Nikon တို့ တွင် (၁) Matrix/ Evaluative,  (၂) Center- Weighted, (၃) Spot/ Partial Metering စသည်ဖြင့် (၃) ခုရှိကြသည်။ အချို့ကင်မရာ များတွင် Partial နှင့် Spot ထပ်ခွဲ ထားသောကြာင့် Metering Mode (၄) ခုဖြစ်နေသည်။ ရှေ့တွင် Metering (၃) မျိုးကိုသာ ဖေါ်ပြပါမည်။

Metering Sensor သည် ရိုက်မည့် Frame အတွင်းရှိ အလင်းရောင် အားလုံး၏ Overall Light ကို တွက်ချက်ခြင်းမရှိဘဲ Frame အား ဧရိယာ အပိုင်းများ ( Multiple Areas ) ခွဲကာ အဆိုပါအပိုင်း အတွင်းသို့ ကျရောက်သည့်  ( Light Exposure ) အား တိုင်းထွာ ရရှိ ထား သည့် အပေါ် မူတည်၍ ပုံဖေါ် ရန် Shutter Speed နှင့် Aperture အပါအ၀င် အခြားသော Data များကို ကင်မရာအားပေးကာ  Setting ကို သတ်မှတ်စေသည်။


Metering သုံးမျိုး

Matrix Metering
ကင်မရာများတွင် ယေဘူယျ အားဖြင့်  Matrix Metering ( Nikon) ,  Evaluative Metering ( Canon ) တို့ကို အဆင်သင့် သုံး  Default စနစ်အဖြစ် ထားပေးလေ့ ရှိသည်။ အဆိုပါ စနစ် တွင် ကင်မရာ (Metering Sensor ) သည် Frame ၏ အကျယ် ကို ဧရိယာ အပိုင်း များခွဲကာ အဆိုပါ ဧရိယာ အတွင်း ရှိ အလင်းရောင် နှင့် အရောင်များ အပါအ၀င် Light Exposure အားလုံးကို ခြုံငုံ တွက်ချက်ကာ ကင်မရာ Exposure Setting ကို သတ်မှတ်သည်။


အာက်ပါ Metering သင်္ကေတ ပုံများသည် Nikon ကင်မရာ ရှိ ပုံများဖြစ်ပါသည်။ Nikon ပုံ များဖြစ် နေသောကြာင့် အခေါ် အ၀ါ် ကိုလည်း  ပုံ အတိုင်း Nikon အခေါ် အဝေါ် နှင့်ပင် ဖေါ်ပြပါမည်။




Matrix Metering သည် Frame အတွင်းရှိ အလင်း နှင့် အမှောင် အားလုံကို မျှတစွာ ဖြစ်စေရန် တွက်ချက် ကာ Camera Firmware က အသင့် တော် ဆုံးကို ဆုံး ဖြတ်ကာ Exposure ကို ဖေါ် ပေးသည်။

အထက်ပါ ပုံတွင် အနီရောင် လေးထောက် ကွက် များသည် Matrix Metering တွက်ချက်သည့် ဧရိယာ ဖြစ်သည်။ အဆိုပါ ပုံတွင် လူပုံ ကိုရော နောက်ခံ ရှုခင်း ကိုပါ  အရောင် ၊ အလင်း အားလုံးတို့ ၏ အလင်း ( Exposure ) ကို ဖျမ်း မျှ ( Average ) တွက် ကာ Exposure အားဖေါ် ထားသည်ကို တွေ့ နိုင်ပါသည်။



Center Weighted Metering

ဤ စနစ်တွင် အဓိက အားဖြင့် Frame ဧရိယာ အလယ် ဗဟိုစက်ဝိုင်း၏ ဧရိယာ အတွင်း ရှိ အလင်း အပြင်း အပြော့ အချက်အလက် များကို သာ အဓိက ထား၍ တွက်ချက်သည်။ ကင်မရာ ၏ Menu တွင် Metering မှ တစ်ဆင့် Center weighted average ကို သွားလျှင် မိမိ သုံး သည့် ကင်မရာ၏ Center weighted average စက်ဝိုင်း အကျယ် ဘယ်နှစ်မျိုး ပေးသည်ကို တွေ့ ရပါမည်။ ကင်မရာ တစ်ခု နှင့်တစ်ခု Center weighted average စက်ဝိုင်း အကျယ် ပေး ခြင်း မတူ ပါ။ ယေဘူယျ အားဖြင့် Center weighted average စက်ဝိုင်း ၏ အကျယ် မှာ  6mm,8mm,..... 12 mm, 13 mm  စသည် ဖြင့် ပေးလေ့ ရှိပါသည်။

ကင်မရာ Firmware သည် အဆိုပါ စက်ဝိုင်း အတွင်းရှိ အလင်း၏ ၆၀ % မှ ၈၀% ကို ပျမ်းမျှ ယူ ကာ တွက် ချက် ခြင်း ဖြစ်သည်။ ပုံ မှန် အားဖြင့်  ဘေး အစွန် ရှိ အလင်းကို ထည့် တွက် ခြင်းမရှိ ပါ။ 

သို့ သော် တစ်ခါ တစ်ရံ ၄င်း Center weighted average စက်ဝိုင်း ဧရိယာ  ဘေး အနီး ရှိ နေရာ အချို့ ၏အလင်း ကိုလည်း ထည့် တွက် သည်ကိုတွေ့ ရပါသည်။  ဤ စနစ်ကို ရှေးယခင်ထည်းက Portrait ရိုက်ရာတွင် သုံးသည်။

အကောင်းဆုံးမှာ Subject တစ်ခု ကို ရိုက်ရာ တွင် မိမိ သုံးမည့် Metering ကို စမ်းရိုက်ကြည့် သည်မှာ အကောင်း ဆုံး ဖြစ်ပါသည်။ နည်းပညာ အဆင့်မြင့် ကင်မရာ ကြီးများ အနေနှင့် မိမိ ခိုင်းသည့် အတိုင်း အတိမ်း အစောင်း နည်းစွာ ဆောင်ရွက် ပေးသည်ကို တွေ့ ရပါသည်။



အထက်ပါ ပုံ၏ အနီရောင် စက်ဝိုင်းသည် Center Weighted Metering  တွက်ချက် သည့်ဧရိယာ ဖြစ်သည်။ Center Weighted Metering  သည် အပြင်ရှိ ရှုခင်း ကို ချိန် ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် လူ ပုံ သည် အတန်အသင့် မှောင်သွားကာ ပြင်ပရှိ ရှုခင်း အလင်းရောင်က ပို၍ မျှတ ပြတ်သားစွာ ပေါ် နေသည်ကို တွေ့ နိုင်သည်။


Spot Metering

Spot Metering တွင် ကင်မရာ သည် Focus ရွေးချယ် ထားသည့် နေရာတစ်ခု ထည်း ကွက်ကွက် ကလေး အတွင်းရှိ Light Exposure ကိုပင် တွက်ချက် ကာ ကင်မရာ၏ Exposure Setting ကို Sett လုပ်ပေးမည်ဖြစ်သည်။ Spot Metering တွက်ချက်သည့် ဧရိယာ စက်ဝိုင်း သည် 3.5 mm ခန့် သာရှိသည်။




အထက်ပါ ပုံတွင် Spot Metering  (အနီရောင် စက်ဝိုင်း ) သည် Single Point Focus လုပ်ထား သည့် ခလေးမလေး ၏ မျက်နှာ ပေါ်ရှိ နေရာအတွက်သာလျှင် တွက်ချက် ပုံဖေါ် ပေးသည်။

Spot Metering ကို သတိ ထားရမည့် အချက် မှာ Active Focus Point ( အထက်ပါ ပုံ တွင် တွေရသည့် အနီ ရောက် အကွက် ကလေး ) သည် မိမိ ထောက် လိုသည့် နေရာ မှ လွဲ သွား ပါက အဆိုပါနေရာ ကို သာ Metering က ဖတ်ကာ ပုံ ထုတ် ပေးပါ လိမ့် မည်။

အထင်ပါ ပုံ တွင် အကယ်၍ အနီရောင် Active Focus Point ကလေးသည် မတော်တဆ မိန်းကလေး မျက် နှာ မှ ချော်ထွက် ကာ အပြင် ဘက် ရှိလင်းနေသော နေရာ ကို သွားထောက်လိုက်ပါမူ Camera firmware က အလွန် လင်းနေသည်ဟု မှတ်ယူကာ Exposure ကိုလျှော့ ချ လိုက် ပါမည်။ 

အထက်ပါ ပုံတွင် Spot Metering သည် လူ ( Portrait ) ကိုသာ အဓိက တွက်ချက်ပြီး ကျန်သည့် အပိုင်းများ ကို ထည့် သွင်း တွက်ချက်ခြင်းမရှိ။ ထို့ ကြောင်း လူ ပုံ ၏  Exposure သည် မျှတ စွာ ရှိနေပြီး နောက်ခံရှုခင်း မှာမူ Overexpose ဖြစ်ကာ ဖြူနေသည်။ ကင်မရာသည် လူ အနည်းငယ်မှောင်နေသည့် အတွက် အလင်းရောင် နည်းနေသည်ဟု တွက်ကာ အပြင် ရှိ ရှု ခင်း ကို လုံး ၀ ထည့်မတွက်ဘဲ Exposure ကို တင်ပေးလိုက်သောကြောင့် ဖြစ်သည်။




Metering သုံးမျိုး၏ ကွာခြားမှု များ။

Matrix Metering


Nikon တွင် Matrix Metering  ဟုခေါ်ပြီး Canon တွင် Evaluative Metering ဟု ခေါ်သည် ။ အခြားသော ကင်မရာ များ၏ အခေါ် အဝေါ်နှင့် အနည်း အကျဉ်း ကွဲလွဲ နိုင်သည်။ များသောအား ဖြင့် ကင်မရာများ၏ Default Setting ဖြစ်သည်။   

   Multi-segment Metering သည် ပုံ၏ Frame အတွင်းရှိ  ဧရိယာ အသီးသီး ၏ Light Exposure ကို ဖတ်ကာ မျှခြေ ကို တွက်ချက်ပြီး ကင်မရာ ၏ Shutter Speed နှင့် Aperture အပါအ၀င် တွက်ချက်မှု များကို သတ်မှတ်ပေးခြင်း ဖြစ်သည်။ သို့ သော် နောက်ခံ Background အရောင်၊ အလင်း သည် Foreground ထက် များစွာ ကွာခြား စွာ တောက်ပနေပါက Meter အဖတ် မှားတတ်သည်ကို သတိပြုရန်လိုသည်။ အထူးသဖြင့် အဆောက်အဦ၏ အတွင်းမှ နေ၍ ဖွင့်ထားသည့် တံခါး ၊ ပြူတင်း ပေါက် များကို နောက်ခံ ပြု ကာ ရိုက် သည့် ပုံများတွင် ဤ အခြေအနေမျိုး ကြုံ နိုင်သည်။ Background ရော Foreground ပါ အလင်း  (Light Illumination ) မျှနေသည့် နေရာမျိုးတွင် သုံးသင့်သည် စနစ် ဖြစ်သည်။

သို့သော် ခြုံ၍ ကြည့်လျှင် ကင်မရာက Frame Area တစ်ခုလုံးကို ပျမ်းမျှယူ ကာ တွက်ချက်သည့်အတွက် Good for all round metering mode ဟုလည်း အချို့ သော ပညာရှင်များက ဆိုကြသည်။ သို့ကြောင့် လည်း ကင်မရာများတွင်  Default Setting ပေးထားခြင်း ဖြစ်သည်။

အောက်ပါ Matrix metering ဖြင့် ရိုက်ထားသည့်ပုံ ကိုကြည့် လျှင်  Matrix Metering သည် Frame ကို မည်ကဲ့သို့ ခွဲခြမ်း စိတ်ဖြာ ထွက်ချက် ကာ ပုံထုတ်ပေးသည်ကို တွေ့ နိုင်သည်။ ပုံ ၏ နေရာ အသီးသီးတွင် Lighting  Exposure မျှတစွာ တွက်ချက် ပုံဖေါ် ပေးသည်ကို တွေ့ နိုင်သည်။




     ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Matrix Metering တွက်ချက် သည့် နေရာများ ( အနီရောင် ဧရိယာ)


အောက်ပါ နမူနာ ပုံများမှာ Nikon D 90 ပေါ်ကာစ က Matrix Metering ဖြင့် ရိုက်ကူး ထားသည့် ဓါတ်ပုံ နမူနာများ ဖြစ်ကြသည်။



Center Weighted Metering


Nikon တွင်  Center Weighted Metering  ဟု ခေါ် Canon တွင် Center Weighted Average Metering  ဟုခေါ်သည်။ ဤ စနစ် တွင်  ကင်မရာသည် Frame ၏ ဗဟို အပိုင်း ရှိ Data ကိုသာ အဓိက ထား တွက်ချက် သည်ဆိုစေကာမူ ဘေးပတ်ဝန်းကျင်နေရာ အနည်းငယ်ကိုလည်းထည့်တွက်သည်။ Subject သည် Frame ၏အလယ် တွင် ကောင်းမွန်စွာ ပေါ်လွင်နေလျှင် သုံးသင့်သည့် စနစ် ဖြစ်သည်။ ယင်းကဲ့သို့ အနေအထားတွင် Center Weighted Metering   သည် Subject ကို ကောင်းစွာ ဖတ် နိုင်သည့်အတွက် Background ၏ အရောင် ၊ အလင်းတို့၏ လွမ်းမိုးမှု မရှိရန် တွက်ချက်ပေးမည် ဖြစ်သည်။ အကယ်၍ Background ၏ အရောင် ၊ အလင်းတို့ သည် Subject ထက်ပို၍ အားကောင်းနေလျှင် Center Weighted Metering   သည် Subject ကို ထိရောက်စွာ ဖတ်နိုင်မည်မဟုတ်။ ပုံလည်း ကောင်းမည် မဟုတ်။


ဓါတ်ပုံတစ်ပုံ၏ Frameအတွင်း Center Weighted Metering တွက်ချက်သည့်နေရာ။( အနီရောင် ဧရိယာ)



အ ထက်ပါ ပုံ ကို Spot Metering ဖြင့် Subject ၏ အင်္ကျီ အမဲကို ထောက်၍ ရိုက်လျှင် Camera firmware က မှောင်နေသည်ဟု မှတ်ယူကာ Exposure ကို မြှင့် လိုက်မည် ဖြစ်၍   Subject ဖြူသွား ပါမည်။ ဤ ကဲ့ သို့ ရိုက် လိုက် သဖြင့် Overexpose ဖြစ်သွားသော နမူနာ ပုံ ကို အောက်တွင် ရေးသားထားသည့် Spot Metering တွင် ပြထားပါသည်။


သို့ ရာ တွင် အဆိုပါ ပုံကို ပင်  Center Weighted Metering နှင့် ရိုက်သည့်အခါတွင် ရှေ့ရော နောက်ပါ  Lighting Exposure မျှလာသည့်ကိုတွေ့ရမည်ဖြစ်သည်။ အင်္ကျီအနက် တစ်ခုထည်းသာမက ၄င်းအနီးပတ်ဝန်းကျင်ရှိ နေရာ အချို့ ကိုပါထည့် တွက် ခြင်းကြောင့် ဖြစ်သည်။ သို့သော်  Subject သည် လွန်စွာ တောက်ပခြင်း၊ များစွာ မဲ မှောင်ခြင်း Background များစွာ တောက်ပခြင်း ၊ မှောင်နေခြင်း များရှိပါက Centering Weighted Metering အဖတ် မှား နိုင်သည်။




အထက်ပါ ပုံသည် ခုန်နေသည့် ခလေးနှင့် လှိုင်းကို Center Weighted Metering ၏ယူကာ ရိုက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့်  ပုံတွင် လူ နှင့် လှိုင်း  နှစ်ခု ပြတ်သားကာ Exposure မျှတစွာ ရှိနေသည်။



Center Weighted Metering ဖြင့် ရိုက် ထားသည့် ပုံ နမူနာများ-







Spot Metering


Nikon က Spot Metering ဟု ခေါ်ပြီး  Canon က  Partial Metering ဟုခေါ်သည်။ ယင်း သည် ဧရိယာ သေးသေး လေး၏ Light Exposure  ကိုသာ တွက်ချက်ပြီး Setting လုပ်သည့်အတွက် တိကျသည်။ အလင်း၊ အရောင် ကွာခြားမှု များသည့် High Contrast များသည့် အခြေ အနေများတွင် သုံးသင့်သည်။ သို့သော် Spot ယူလိုက်သည့် နေရာ မှား သွားလျှင်မူ ပုံ ပျက်သွားပေလိမ့်မည်။ အကယ်၍ Spot Metering ကို သုံးပါက Main Subject ၏ Mid-Tone Part နေရာ ကို ရွေး၍ Spot လုပ်သင့် သည်။
        ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Spot Metering တွက်ချက် သည့် နေရာ။ ( အနီရောင် ဧရိယာ)


အထက်ပါ ပုံမှာ Center-Weighted Metering ကဏ္ဍတွင် ဖေါ်ပြခဲ့ပြီးသည့် ပုံပင် ဖြစ်သည်။ Subject ၏ အင်္ကျီ အနက်ရောင်၏ အလယ်ကို Spot Metering လုပ်ထားသည့်အတွက် ကင်မရာက မှောင်လွန်းသည်ဟု သတ်မှတ်ကာ Exposure ကို တင်လိုက်သဖြင့် Overexpose ဖြစ်သွား ရခြင်း ဖြစ်သည်။ ဤသည်မှာ ပုံ တွင် အလင်း အမှောင် ကွာလွန်းသောကြောင့် ဖြစ်သည်။ Spot Metering  တွင် သတိပြုရမည့် အချက်ဖြစ်သည်။

အကယ်၍ Subject  နောက် က အလင်းများလွန်းနေသောကြောင့် မျက်နှာမဲနေသည့်  Back Lit အခြေ အနေမျိုး တွင် Spot Metering မယူ ပါက Subject သည် Silhouette သာလျှင် ထွက်လာပေလိမ့်မည်။ မျက်နှာသည် မဲနေပေလိမ့်မည်။ မျက်နှာကို Spot Metering ယူ၍ ရိုက်ပါက Subject ၏မျက် နှာ ပေါ်လာပြီး သို့ သော် နောက်ခံ မှာမူ ယခင်ကထက် ပို၍ လင်းလာ လိမ့်မည်။

ဤကဲ့ သို့ Spot Metering ယူ လိုက်သော်လည်း ကင်မရာ တိုင်း သည် ဤ ကဲ့ သို့ တိတိကျကျ ပုံ ထွက် မည်မဟုတ်ပါ။ နည်းပညာ တည်ဆောက် မှု နှင့် Firmware အဆင့် မြင့် သော ကင်မရာ များသာ အတော် တိကျ သည့် Exposure ကိုပေးနိုင်ပါသည်။




အထက်ပါ ပုံ မှာ ဂူ အ၀ ရှိ မိုးကောင်းကင်သည် လင်းနေ၍ ဂူ ၏အတွင်းပိုင်းသည် မှောင်နေသည်။  ဂူ အတွင်းရှိ မှောင်နေသော နေရာများကို Sopt Metering ယူပါက ဂူ အတွင်း၌ လင်းလာမည် ဖြစ်သော်လည်း  ဂူ အ၀င်ရှိ ကောင်းကင်သည်  Overexpose ဖြစ်ကာ ဖြူဖွေး သွား လိမ့် မည်။ ထို့ ကြောင့် ဂူ အ၀င်ဝရှိ မိုးကောင်းကင်ကို Spot Metering ယူ၊  AE Lock လုပ်၍ Focus ကိုပြန်နေရာရွှေ့ Recompose လုပ်ကာ ရိုက်ထားခြင်း ဖြစ်သည်။ ဤ သို့ ဖြင့် အဓိက ပြချက် ဖြစ်သည့် ကောင်းကင် ကိုပုံမှန် အနေအထားရသည်။



အထက်ပါ ပုံသည် လည်း  ဘေးမှဝင်လာသည့် အလင်းကို Spot Metering ယူ ကာ ရိုက် ထားခြင်း ဖြစ်သည်။ ထို့ကြောင့် Main Subject ဖြစ်သည့် အလင်းရောင်သည် မျှတစွာ ပေါ်နေသည်။


အထက်ပါ ပုံကဲ့သို့  High Contrast ရှိ သောပုံကို အချို့ သော ပညာရှင်များက Spot Metering ဖြင့် ရိုက်ခြင်း ကို နှစ်သက်ကြသည်။


Spot Metering ဖြင့် ရိုက်ထားသည့် ပုံများကို နမူနာ ပြထားပါသည်-






Spot Metering တွင် တွေ့ ရတတ်သည့် Exposure အတိမ်း အစောင်း များ။


ဤ အတိမ်း အစောင်း များမှာ  ကျွန်တော့် ကိုယ် တွေ့ အတိမ်း အစောင်း အတွေ့ အကြုံ များ ကို ဘာသာပြန် များကြားတွင် ညှပ် ကာ ဖေါ်ပြ ခြင်း ဖြစ်ပါသည်။ 


စင်ကာပူ Japanese Garden တွင် Tailor Bird အသိုက် ကို ရိုက်စဉ် က ဖြစ်ပါသည်။ ငှက် အသိုက် တို့ မည်သည် ရန်သူ များ ရန် မှ ကင်ဝေးစေရန် အလွယ် တကူ အမြင် နိုင်သည့် နေရာ များတွင် ဆောက် ထားလေ့ ရှိသဖြင့် များသော အား ဖြင့် အသိုက် နေရာ များသည် အလင်းရောင် နည်း သည့် နေရာ များ ဖြစ်လေ့ ရှိသည်။ 


Tailor Bird များသည် Tailor ဟု ဆိုသည့် အတိုင်း သစ်ရွက် များကို စုပေါင်း ချုပ်လုပ် ကာ အသိုက် ဆောက် ကြသည်။ ထို သစ်ရွက် ခွက် ကလေး ထဲ တွင် ပင် ဥ ဥ သည်။ သားပေါက်သည်။ 






အထက် ပါ ပုံ တွင် ပြ ထားသကဲ့ သို့ ငှက် သားပေါက် ကလေးများ ၏ ခေါင်းကို Active Focus Point ထောက် ကာ Focus ဖမ်းပြီး Metering ယူ ထားသည်။ ကျွန်တော် သည် အထက် ပါ ပုံ ၏ Exposure ရ စေရန် -

Shutter speed 1/2000 Sec, Aperture - f- 6.3, ISO - 6400, Exposure Composition - (+) 0.7 EV  Setting လုပ် ထားသည်။


 အထက်ပါ Setting ဖြင့် စမ်းရိုက် ကြည့် ရာ အထက်ပါ  Exposure အထက် ပါ ပုံ အတိုင်းရသည်။


Bird Photography တို့ ၏ ထုံ စံ အတိုင်း  ငှက် ဖို - ငှက် မ တို့ သူတို့ ကလေး ငယ်များ အား အသာ လာကျွေး တိုင်း ပုံပေါင်း များစွာ ရိုက်ရ သည်။  တစ်ချိန် တွင် ကျွန် တော် ရိုက်သော ပုံ များသည် အောက်တွင် နမူ နာ ပြ ထားသည့် အတိုင်း Underexpose  ဖြစ်ကာ မဲ နေသည်။ 

တစ်ချိန် တွင် မူ အထက် တွင် ဖေါ်ပြ ထားသည့် Setting အတိုင်း ရိုက်စေ ကာ မူ Overexpose  ဖြစ်ကာ ဖြူ နေသည်။


ကင်မရာ Setting ကို အသေ မပြောင်းဘဲ ထားပါလျှက် ဘာကြောင့် ဤ ကဲ့ သို့ Underexpose, Overexpose ဖြစ်ရသည် ကို ရုတ် တရက် စဉ်းစားမတတ် အောင် ဖြစ်ခဲ့ရသည်။

ဤ ကဲ့ သို့ ကင်မရာ Setting ကို အသေ မပြောင်းဘဲ ထားပါလျှက် Exposure ရုတ် ချဉ်း အပြောင်း အလဲ ဖြစ် သွားသည်မှာ Metering ကြောင့် ဖြစ် သည်ကို အတော် စဉ်းစားယူ မှ ပေါ်လာသည်။


ငှက် သားပေါက် ခေါင်းကလေး များ၏ ( A ) နေရာ ကိုသာ Spot Metering ဖမ်းထားစဉ် က အောက် ပါ ပုံ ကဲ့ သို့ မျှတသော Exposure ရသည်။





သို့ ရာ တွင် အသိုက် သည် လေထည်း တွင် ခေါင်းလွဲ ဆွဲ ထားသကဲ့ သို့ တွဲလောင်း လေး ရှိနေသဖြင့် လေတိုက် လျှင် နေရာ ရွေ့ သွား သည်။ လေပြင်း လျှင် နေရာ ရွေ့ သည့် အကွားအဝေးများသည်။ 

အသိုက်ကသာလျှင် အလင်းရောင် နည်းသည့် နေရာ တွင် ဆောက် ထားစေကာမူ နောက်ခံ Background  သည် တောက်ပ နေသည်။

လေတိုက် သောကြာင့် အသိုက် နေရာ ရွေ့ကာ ငှက်ငယ်လေးများ ခေါင်း နေရာ ကို ဖမ်းထားသည့် Spot Metering သည် အောက် တွင် ပြ ထားသ လို ( B ) နေရာ - အစာ လာကျွေး သည် ငှက် အဖို- အမ တို့ ၏ ကိုယ် ကဲ့ သို့ အရောင် မှောင် သော နေရာ သို့ ကျွန်တော် သတိမထားမိ ဘဲ ပြောင်းလဲ ကျရောက် သွားသည့် အချိန် တွင် ကင်မရာ Firmware က အလင်းရောက် နည်း သွားပြီ လို့ မှတ်ယူကာ Exposure ကို တင်လိုက်ပါသည်။ သို့ နှင့် ပုံသည် မူလ မျှတသော Exposure မှ နေ၍ မြှင့် တင် လိုက်သည့် အတွက် Overexpose ဖြစ်သွားရခြင်း ဖြစ်ပါသည်။ 







တစ်ခါ တစ်ရန်တွင် မူ အသိုက် ကို လေ ပြောင်းပြန် တိုက်လိုက် ရာ Spot Metering ထောက်ထားသည့် နေရာ သည် ငှက် ငယ် ကလေးများ ၏ခေါင်း နေရာ မှ အောက် ပုံ တွင် ပြ ထားသကဲ့ သို့ အလင်းရောက် တောက် ပ နေသည့် ( C ) နေရာ နောက်ခံ Background သို့ ပြောင်းကာ  ကျရောက် သွားသည်တွင် ကင်မရာ Firmware က အလွန် တောက်ပနေသည်ဟု မှတ်ယူ ကာ Exposure ကိုလျှော့ ချလိုက်ပါသည်။ ထိုအခါ ပုံ သည် Underexpose ဖြစ်သွားပါသည်။





ထို့ ကြောင့် မည်သို့ Exposure မှန်အောင် Setting ချ ထားစေကာ မူ အဆိုပါ Exposure Setting ကို ရုတ်ချဉ်း Over/Under Expose ဖြစ်သွားစေနိုင် သည်မှာ Metering ဖြစ်သည်ကို သတိပြု ရပါမည်။




ရေပြင်ပေါ်ရှိ Reflection နှင့် Shadow ကြောင့် ဖြစ်ပေါ်လာသည့် Metering အပြောင်းအလဲ။



အလင်းရောင်ပြန် နေ ခြင်း ( Reflection)  နှင့် အရိပ် ကျနေ ခြင်း ( Shadow )  များ ဖြစ်နေသည့် ရေပြင် ပေါ် တွင် ဖြတ် ပျံသန်းသည့် ငျက် များကို ရိုက်ရာ တွင် လည်း အလားတူ ပြဿနာ ရှိပါသည်။

အရိပ် ကျ နေသည့် နေရာ တွင် Exposure မျှတစွာ  ရ နိုင်သော် လည်း အကယ်၍ ငှက် သည် အလင်းရောင် ပြင်းထန် စွာ ပြန် နေသည့် Strong reflection ရေပြင် ကို ဖြတ်ပျံ သည့်အချိန် တွင် ရိုက် မိသည့် ပုံများ မှာ မူ အလွန် အလင်းရောင် များသည် ဟု Camera firmware က မှတ်ယူ ကာ Exposure ကို လျှော့ ချ လိုက်သည့် အတွက် Underexpose ဖြစ်ကာ ငှက် များ မဲ ကုန်ပါသည်။


Bird Photographer များ မူလ က Set လုပ် ထားသည့် Exposure ကို ရုတ်ချဉ်း ပြောင်း လိုက် သည့် Metering ပြဿနာ ဖြစ်ပါသည်။


အဆိုပါ ရေ ပြင် ပေါ် ရှိ Shadow and Reflection Area များကို အောက် ပါ နမူနာပုံ တွင် ကြည့်ပါရန်။ 








Indoor တွင် မည်သို့ မျှ အပြောင်း အလဲ မရှိနိုင်အောင် မိမိ စိတ် တိုင်းကျ စီစဉ် Setting ချ ရိုက်ကူးသည့် အခြေ အနေမျိုး တွင် မူ အထက်က ဖေါ်ပြ ထားသည့် ဖြစ်ရပ် မျိုး နှင့် ကြုံ နိုင်ကောင်းမှ ကြုံ နိုင်ပါမည်။

သို့ ရာ တွင် ပြင်ပတွင် သဘာဝ အတိုင်းရိုက် ရသည့် အခြေ အနေများ ၊ Wildlife ရိုက်ရသည် အခြေ အအေများတွင် အဆိုပါ အဖြစ်မျိုး နှင့် ကြုံ နိုင်ပါသည်။ သတိ  ထားမိလျှင် အချိန် မှီ ပြန် ပြင် နိုင်စေကာမူ သတိမပြု မိပါ က နောင်ပြန် ရိုက်၍ မရ သည့် အခြ အနေမျိုး တွင် အခွင့် အရေး ဆုံး နိုင်ပါသည်။ 

ဤ မှတ်စုမှာ ကျွန်တော် Metering များအကြောင်း ကို သာမန် ထက် ပို၍ သိ နိုင်စေရန် စုဆောင်းဖတ်ရှု ခဲ့သော ဆောင်းပါးများစာအုပ် များပါအချက် များကို ကျွန်တော် ကဲ့ သို့ ပင် သိလိုသူများရှိပါက သိရှိ နိုင်ကြစေရန် ဘာသာပြန်ကာ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။


အချို့ ကိုမူ ကိုယ်တွေ့ အတွေ့ အကြုံ များကို ပြန် လည် မျှဝေဖြင်း ဖြစ်ပါသည်။


ပညာရှင် များအနေ နှင့် ဖတ်ရှု ကြမည် ဆိုပါမူ တိုး ပိုလျှော့ သဘော မျိုး ဖြင့် သာ ဖတ် ရှု ကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။


___________________________________________

Saturday, 3 November 2012

Low Light Photography Part (II)

(14)   Low Light Photography Part (II)                  ဓါတ်ပုံပညာရပ်ဆိုင်ရာမှတ်စု(၁၄)

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။)


                   အလင်းရောင် အဖျော့ တွင် ရိုက်ကူးခြင်း
                      Low Light Photography

 
Part (2)






2) အလင်းရောင် အဖျော့တွင် ရိုက်ကူးခြင်း၊ အလင်းရောင် လျှော့နည်း လာသည့် အခြေအနေ
ဓါတ်ပုံ ရိုက်ကူးနေစဉ်  လင်းနေရာမှ ရုတ်ချဉ်း မှောင်လာသည့် အခြေအနေနှင့် အလင်းရောင် မှောင်တိ မှောင်မွှား ဖြစ်နေသော အခန်းထဲတွင် ရိုက်ကူး ရသည့် အခြေ အနေမျိုး တွင် Aperture ကို ချဲ့ ရခြင်း ISO ကို ISO 800 လောက်အထိ တင်ရခြင်းများ ရှိလာမည်။ ထို အခါ ပုံ ၏ ပြတ်သားမှု အရည်အသွေး ကျလာ လိမ့် မည်။ ထို အခြေအနေမျိုးတွင် ဆောင် ရွက်ရမည်မှာ-
                                Sunset, 1/10th @ f/4.8, ISO 200
 
2.1) အလင်းရောင် ရနိုင်သည့် အရာ များ နေရာများ ဆီသို့ တတ်နိုင်သမျှ ကပ် ၍ ရိုက်ပါ။
အလင်းရောင် ပေးနိုင်သည့် အရာများ ၊ နေရာများအနားသို့ ကပ်နိုင်သမျှလေ အလင်းရောင် အားကောင်း လေဖြစ်သည်။ ပြူတင်းပေါက် ကြီးများ မှာ အလင်းရောင် ကောင်းစွာပေးနိုင်သည့် နေရာများဖြစ်သည်။ ပြူတင်း ပေါက်ကြီးများကိုဖွင့်ခြင်း လိုက်ကာများဖွင့်ခြင်း များဆောင်ရွက်ပါ။ အောက်ပါပုံ Group Photo ရိုက်ကူးစဉ်က ဓါတ်ပုံ ဆရာသည် Flash မေ့ခဲ့သဖြင့် ဂိတ် တံကားကြီး ကို ဖွင့်ကာ အလင်းရောင်ယူ ခဲ့ရသည်ဟု ဆိုသည်။
 
                            Rocky Mountain Roller Girls in ambient light (no flash)
2.2)  ကင်မရာ ကို တည်ငြိမ်စွာ ကိုင်ပါ
ကင်မရာကို ကိုင်ရာတွင် ကင်မရာ အလေးချိန်ညီသည့် ( Center of the weight ) နေရာတွင် ဘယ်ဘက် လက်ဖြင့် ကိုင်ပါ။ ဖြစ်နိုင်လျှင် ဒူး တစ်ဘက် ထောက်ပါ။ ညာ ဒူး (Right Knee) ကိုထောက် ၍ ဘယ်ဒူး ( Left Knee ) ပေါ်တွင် ဘယ်ဘက် တဒေါင် ဆစ်ကို တင်ပါ။ Shutter ကို ညင်သာစွာနှိပ်ပါ။ Shutter  Release Button ကို ကင်မရာ လုံးဝလှုပ် ခြင်းမရှိဘဲ  ညင်သာ စွာ နှိပ် နိုင်ရန်အတွက် လေ့ကျင့် ပါ။
2.3)  ISO ကို တင်ပေးပါ
Low Light ရိုက်ကူးရာတွင် ပုံ ၀ါး မည် သို့မဟုတ် ပြတ်သားပြီး Noise များ မည် ဆိုသည့် နှစ်မျိုးသော အခြေအနေမျိုး ရှိနိုင်သည်။ မည်သည့်အချက်ကို ရွေးမည်နည်းဆိုသော် သာမန်အားဖြင့် ဒုတိယ အခြေအ နေကို ရွေးရမည်သာ ဖြစ်သည်။ Noise များနေသည်ကို လျှော့ချရန် software များရှိသည်။ များသော အားဖြင့် ISO 800 အထိ တင်ရိုက် ခြင်းသည် တော်သင့်သော အနေအထားဖြစ်သည်။ လိုအပ် ပါက ISO 1600 – 3200 အထိ တင်၍ရိုက်ခြင်း များလည်း ရှိသည်။ အထက်တွင် ဖေါ်ပြခဲ့ပြီးသည့် အတိုင်း အချို့သော Technology မြင့်သည့် ကင်မရာများ သည် ISO 6400 အထိ တင်ရိုက် သော်လည်း ISO 200 ဖြင့် ရိုက်သည့် ပုံ နှင့် မည်သို့ မှ ကွာခြားခြင်း မရှိသည်ကို တွေ့ ရသည်။
 
2.4)  RAW Mode  ဖြင့် ရိုက်ပါ ၊ Underexpose နည်းနည်း ထားရိုက်ပါ။
RAW Mode နှင့် ရိုက်ခြင်းဖြင့် အတော်အသင့် Underexpose, Overexpose ဖြစ်သည့် ပုံများအား  Detail  ပြန်ရရန်  ဆောင်ရွက်နိုင်သည်။ သို့သော် ဤကဲ့သို့ ပြန်အဖတ်ဆည် နိုင်သည့် အခြေအနေမှာ အကန့်အသတ်တော့ရှိသည်။ အချို့သော အခြေအနေတွင်  Exposure Compensation  ဖြင့် 1, 1.5 stop အထိ Exposure ကို ချကာ ရိုက်ကူးပါ။  ဤ သို့ ဖြင့် ပုံ၏ Detail များကို ဖေါ်ယူနိုင်သည်။ ထိုထက် များသွားလျှင်တော့ Detail များကို ပြန်ဖေါ်ရမည်မဟုတ်။ Exposure ကို မဆိုသလောက် ချ ရိုက်ခြင်းဖြင့် Detail များကို ဖေါ် နိုင် သည်ကို လက်တွေ့ စမ်းကြည့် နိုင်သည်။
                                 Sunset Gazebo, captured in RAW
 2.5)  Autofocus  ဖြင့် ရိုက်လျှင် ဂရု စိုက်ပါ။
အလင်းရောင် နည်းပါက Autofocus သည် တိကျစွာ Focus လုပ်နိုင်ခြင်း မရှိ AF Illuminator ပါစေဦး အခက်အခဲရှိနိုင်သည်။ View Finder မှကြည့် ရာတွင် ပြတ်သားသည်ဟု ထင်ရသော်လည်း အမှန်မှာ ပြတ် သားခြင်း မရှိသည်ကို မကြာမကြာ ကြုံ ရတတ်သည်။ Shutter ကို တ၀က် နှိပ်ကာ ကြိမ်းသေသည့် Focus ရမှသာ အပြည့်နှိပ်ပါ။ Low Light ရိုက်ကူးရာ၌ ကင်မရာ၏ View Finder မှ တစ်ဆင့် ကြည့်ရာတွင် ပြတ်သားသည်ဟု ထင်ထား သည့် ပုံ များမှာ အမှန်တကယ် ပုံထုတ် သည့် အချိန်တွင်  အနည်း နှင့် အများ ၀ါး နေသည် ကို မကြာ ခန ကြုံ ကြ ရတတ်သည်။
2.6)  Full-frame Camera များကို သုံးပါ။
Full Frame ကင်မရာများသည် ဈေး ကြီး သော်လည်း Low Light Situation တွင် များစွာ အသုံး ၀င် သည်။ ဥပမာ အားဖြင့် Nikon D 700 ( Full Frame ) ဖြင့် ISO 3200 နှင့်  ရိုက်သည့် ပုံနှင့်  Nikon 300 (DX/ Cropped Sensor) ဖြင့် ISO 800 နှင့် ရိုက် သည့် ပုံ တို့သည် Noise အခြေအနေ အတူတူ ပင် ဖြစ်သည်။ Full Frame သည် Low Light ရိုက်ကူးရာတွင် များစွာ အားသာ မှု ရှိသည်။
                                          Fireworks, captured on a tripod
 
2.7)  Monopod သို့ မဟုတ် Tripod သုံးပါ။
Low Light Situation တွင် Tripod  သို့ မဟုတ် Monopod သုံးပါ။ Monopod သည် အချို့ သော နေရာ များတွင် အသုံးဝင်သော်လည်း ကင်မရာတည်ငြိမ်မှု အတွက် Tripod သုံးခြင်း က ပိုစိတ်ချရသည်။ Tripod သုံးခြင်းဖြင့် ISO ကို အနည်းဆုံးအထိ လျှော့ ချနိုင်သည်။ ထို့ကြောင့် Low Light  Photography အတွက် အတော် များများ သော အခြေ အနေ များတွင် Tripod သုံးပါ။
3) Low light photography:  မှောင် နေသည့် အခြေအနေ  ( Dark Conditions )
အလင်းရောင် အလွန်နည်းသည့် ည ပိုင်းတွင် အထက်ပါနည်းများ သုံး၍အဆင်ပြေမည် မဟုတ်။ အထက်ပါ နည်းများမှာ အလင်းရောင်နည်းသည့်  Low Light အတွက်သာဖြစ်သည်။ ည ပိုင်းဆိုသည်မှာ အလင်းရောင် မရှိသည့် အခြေအနေ ဖြစ်သည်။
3.1)  Tripod  သုံးပါ။
ညပိုင်း၊ အလင်းရောင် မရှိသည့် အချိန်သည် Hand-Held ရိုက်၍ မရ တော့ သည့် အခြေအနေ မျိုး ဖြစ်သည်။ အလွန် နှေးသည့် Shutter Speed ဖြင့် ရိုက် ရမည်ဖြစ်သောကြောင့် Tripod သုံးရမည်။ တောင့်တင်း ခိုင်မာသည့် Tripod ကိုသုံးပါ။ Remote Control သုံး ပါ။   Remote Control မရှိပါက Timmer ကို သုံးပါ။ သို့သော်Timmer သုံးရာ၌ Shutter Release Button ကို နှိပ်သည့် အချိန်တွင် ကင်မရာ လှုပ် နိုင်သည့်အတွက် Remote Control လောက် မကောင်း။
3.2) Light painting အတွက် Flash သုံးပါ။
ရိုက်ကူးမည့် Subject သည် များစွာ မှောင်နေပါ က Flash ဖြင့် အလင်း ပက်ဖြန်းကာ Flash Paint လုပ်ပါ။ လှပသည့်ပုံ ရပါလိမ့်မည်။ အထူးသဖြင့် အရောင်အမျိုးမျိုး ရှိသော subject များကို  Flash ဖြင့် ပက်ဖြန်း ကာ Flash Paint လုပ်ပါက ပိုလှပသည်။
                   Light Painting, 30 seconds exposure, f/6.3, ISO 200
3.3)  Manual Focus သုံးပါ။
ပတ်ဝန်ကျင် သည် အလွန် မှောင်နေ ပါက Autofocus  အလုပ်ကောင်းစွာ လုပ်မည် မဟုတ်။ Subject နီးနေလျှင် AF Illuminator ဖြင့် Focus ချိန် နိုင်သော်လည်း Subject သည် အလှမ်း ဝေး နေပါက  AF Illuminator ဖြင့် Focus ချိန်၍ မရ။ ထိုကဲ့သို့ အခြေအနေ မျိုးတွင် Flashlight အကူအညီဖြင့် Focus ချိန်ပါ။ Flashlight လည်း မရှိပါက Manual Focus လုပ်ပါ။ များသော အားဖြင့် Lens ကို “ Infinity “  တွင် ထားခြင်းဖြင့် အလှမ်းဝေးသည့် Subject ကို Focus မိ နိုင်သည်။
3.4)  လေ့ကျင့်ပါ၊ လေ့ကျင့် ပြီးရင်း လေ့ကျင့်ပါ။
 အထူးပြောရန်မလိုပါ။ လေ့ကျင့် ပါ။ အကြိမ်ကြိမ် လေ့ကျင့်ပါ။ တိုးတက်လာပါလိမ့်မည်။ Low Light Photography သည် ပျော် စရာလည်းကောင်း ၊ စိတ်ဝင်စား ဘွယ်ရာ လည်း ကောင်းသည့် ရိုက်နည်း ဖြစ်သည်။ အလင်းရောင် အနေအထား အမျိုးမျိုး ၊ အခြေအနေအမျိုးမျိုးတို့တွင် စမ်းရိုက်ကြည့်ပါ။ Low Light Photography သည် Day Light Photography နှင့်မတူသော ရဿ ကို ပေး ပါလိမ့်မည်။
 
_________________________________________


 



Friday, 2 November 2012

Low Light Photography Part (I)

(13)   Low Light Photography Part (I)                      ဓါတ်ပုံပညာရပ်ဆိုင်ရာမှတ်စု (၁၃)

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။ )


                 အလင်းရောင် အဖျော့ တွင် ရိုက်ကူးခြင်း
                       Low Light Photography

Part (1)

အလင်းရောင်း ဖျော့ဖျာ့ တွင် ရိုက်ကူး သည့် Low Light Photography  နှင့်  ည ပိုင်း ရိုက်သည့် Night Photography နှင့်မရောသင့်ပါ။ နေ့ခင်းတွင် ပုံမှန်ရှိသည့် အလင်းရောင်ထက် လျှော့နည်း နေသော အနေအထားမျိုးတွင် ရိုက်ရသည့် အနေအထားသည်  Low Light Photography  ပင်ဖြစ် သည်ဟု ဓါတ်ပုံ ပညာရှင် အချို့ က အဓိပ္မါယ် ဖွင့်ကြသည်။ ထို့ ကြောင့် အဆောက် အဦ အတွင်း မျက်စေ့ဖြင့် ပုံမှန် ကြည့်ရန် အခက်အခဲ ရှိသည့် အလင်းရောင် အနေအထားတွင် ရိုက်ရသည် ကို လည်း Low Light Photography   ဟုခေါ်ကြသည်။


                 Antelope Canyon, 5 second exposure @ f/10, ISO 200
 
အလင်းရောင် အဖျော့  ( Low Light Level ) အဆင့် (၃) ဆင့်
တောက်ပနေသည့် အလင်းရောင်မှ မဲ မှောင်နေသည့် အဆင့် အတွင်း အလင်းရောင် အဆင့် အမျိးမျိုး သတ်မှတ် နိုင်မည် ဖြစ်သော်လည်း ယခုမူ အဆင့် (၃) ဆင့်သာ ခွဲ ပါမည်။ အဆင့် များကို ဘာသာပြန်ခြင်း ထက် မူရင်းအတိုင်း ထားသည် က ပိုရှင်း ပါသည်။
  1. Visible: နေ့ခင်း အလင်းရောင် ရှိနေသော်လည်း  အဆောက် အဦ နှင့် သစ်ပင် တို့ ၏ နောက်  အရိပ် ကျနေသည့် နေရာ အတွင်းရှိ သော အလင်းရောင် အနေအထား အဆင့်။
  2. Low Light:  နေ၀င် သွားပြီးနောက် ပတ်ဝန်းကျင်ကို သဲ ကွဲ စွာ မြင်ရသေး သော် လည်း မှောင်ရည် သန်းလာပြီဟု ဆိုရမည့် အဆင့်။
  3. Dark:  ည ပိုင်း ၊ တောက်ပသည့် အရာကိုသာ မြင်ရတော့ သည့် အဆင့်။
ဓါတ်ပုံ သမားများ အနေနှင့် အထက်ပါ အခြေ အနေ (၃) မျိုး တွင် ရိုက်ရာ၌ သာမန်ကဲ့ သို့ မဟုတ်ဘဲ အတန် အသင့် အခက်အခဲ နှင့် ကြုံ နိုင်ကြပါမည်။
1) အလင်းရောင် ဖျော့စေကာမူ မြင်နိုင်သည့် အလင်း အခြေအနေ
နေ့ခင်း ဖြစ်သော်လည်း အရိပ်ကျ သည့်နေရာများတွင် ရိုက်ကူး သည့် အခါ ကင်မရာ၏ View Finder  LCD တွင် ပုံသည် ပြတ်သားကောင်းမွန်သည်ဟု ထင်ရသော်လည်း ကွန်ပြူတာ ဖန်သားပြင်ပေါ် တင်လိုက်သည့် အချိန်တွင်မှ ၀ါး နေသည်ကို တွေ့ရ သည့် အဖြစ်မျိုး  ကြုံ ရ တတ်ပါသည်။ အကြောင်း မှာ အောက်ပါ တို့ကြောင့် ဖြစ်သည်။
လူတို့၏ မျက်စေ့သည် အလင်းရောင်ပြင် ကို ကျယ်ကျယ် ပြန့်ပြန့် (Broader Range of Light ) မြင်နိုင်သည်။ ယင်းကို “ Dynamic Range “ ဟု ခေါ်သည်။ ကင်မရာကိုလည်း မြင်သည့် အတိုင်း ခိုင်းသည်။ ထို့ကြောင့် ဓါတ်ပုံရိုက်သူသည် အလင်းရောင်နည်းသည့် အရိပ်ထဲတွင် ဖြစ်စေကာမူ အလင်းရောင်း များများ ရှိသည်ဟု ထင်နေသည်။ စင်စစ်အားဖြင့် အလင်းရောင်သည် ပုံ ကို ကောင်းမွန်စွာ ပေါ်ထွက်လာနိုင်သည့် အနေအထားမျိုးအတွက် လုံလောက်စွာမရှိ။ ထိုအခြေအနေ မျိုး တွင် Set လုပ်ထား သည့် Camera Setting ကြောင့် အကျိုးဆက် နှစ်ရပ် ပေါ်ထွက် လာနိုင် သည်။ - (၁) ပုံ သည် ၀ါး သွားနိုင်သည် ။ (၂) ပုံတွင် Noise များစွာ ပေါ် လာနိုင်သည်။
                                Daytime low-light, 1/125th @ f/8, ISO 800
1.1)   Blur ( မှုန်ဝါး ခြင်း ) ဖြစ် မသွားစေရန် Shutter speed တင်ရိုက်ခြင်း
ပုံ ၀ါး သွားရခြင်းမှာ shutter speed နှေးနှေး ရိုက်ရာတွင် ကင်မရာ လှုပ်သွားသောကြောင့် လည်းကောင်း Subject က လှုပ်သွားသော ကြောင့် လည်းကောင်း ဖြစ်နိုင်သည်။ ထိုအဖြစ်ကို ရှောင် ကွင်းရန် Shutter speed တင်ရန် လိုလာသည်။ 10-24mm wide Angle Lens ဖြင့် ရိုက်ပါက Shutter speed 1/50 အောက်ကို ချ ကာ  Hand-Held ရိုက် ၍ ကိစ္စမရှိ။ သို့သော် 100mm  အထက် Telephoto Lens များဖြင့် ရိုက်သည်ရှိသော် Hand Held ရိုက်၍ မလွယ်တော့။ အကောင်းဆုံးနည်းမှာ Hand-Holding Rule ကို သုံး၍ ရိုက် သင့်သည်။
 
Hand-Holding Rule ကို ဖွင့် ဆိုရာတွင် မူကွဲ များရှိပါသည်။ သို့ သော် ပုံ ၀ါး မသွားစေရန် အလွယ်ဆုံး နည်းမှာ 1/f Rule  (f= Focal Length) ဖြစ်သည်။ဆိုလိုသည်မှာ 100mm Telephoto Lens ဖြင့် ရိုက်ပါက Shutter speed ကို 1/100s တွင်ထားကာ 200mm Telephoto Lens ဖြင့် ရိုက်ပါက Shutter speed ကို 1/200 s တွင် အနှေးဆုံး ( ထိုထက် ပိုမြန်ရန်သာ ရှိသည် လျှော့၍ မရ )ထားပါက ပုံ ၀ါး သွားခြင်းမှ ကာကွယ် နိုင်မည်ဖြစ်သည်။ ဤ နည်းစနစ်သည် ပုံ ၀ါး မသွားစေရန် အတော်အသင့် အထောက်အကူ ပြုသော်လည်း လုံးဝ ဥဿုန် စိတ်ချထား၍မရ။
 1.2)  Aperture  ကို ချဲ့ ပေးရန်၊
ယင်းကဲ့သို့ Shutter speed ကို အမြန်တွင် ထားသောကြာင့် အလင်းလုံလောက်စွာ ၀င်နိုင်စေရန် Aperture ကိုချဲ့ပေးရမည်။ Aperture ကို Lower Numberသို့ ရွှေ့ ပေးရမည်။ Set လုပ်ထား သည့် Shutter Speed နှင့် Agreement ရှိမည့် Aperture အထိ တစ်ဆင့်ခြင်း ချဲ့ ပေး ရန်လိုသည်။
1.3) Focusing  မြန်သည့် Lens  ကိုသုံးရန်
များသောအားဖြင့် အလယ်အလတ် Zoom  Lens များ ၏ အကျယ်ဆုံး ဖွင့်နိုင်သည့် Aperture မှာ f-3.5 ဖြစ်သည်။ Professonal အဆင့်ရှိ အချို့ သော Zoom Lens များမှာမူ f-2.8 အထိ ရှိကာ အချို့ ဆိုလျှင် f-1.2 အထိပင် ရှိသည်။ Shutter speed နှင့် Aperture တို့ ၏ (အချိတ်အဆက်) Relation ကိုကြည့်လျှင် - ပုံ တစ်ပုံကို Aperture f-8, Shutter speed 1/125s  ဖြင့်ရိုက် သည် ဆိုပါစို့ Aperture ကို  f-5.6 အထိ ဖွင့်လိုက် မည် ဆိုပါက Shutter Speed ကိုလည်း 1/250s ဖြင့် ရိုက်နိုင်မည် ဖြစ် ပြီး f-4 အထိ ဖွင့်လျှင်မူ    Shutter Speed သည်လည်း 1/500  အထိ မြန် လာမည်ဖြစ် သည်။ Aperture ကို  f-1.8, f-1.4 တို့ အထိ ဖွင့်ထားမညှ်ဆိုပါက Shutter Speed သည် လည်း ပို၍ မြန်လာမည် ဖြစ်သည်။ ဤ ကဲ့သို့ Aperture ကို ကျယ်ကျယ် ဖွင့် ထား သောကြောင့် Depth of Field သည် လည်း Depth of Field  ပါးပါး( Shallow Depth of Field )သာ ဖြစ်လိမ့်မည်။
Fast Focusing Lens များအချို့ ကို နမူနာ ပြရ ပါက-  Nikon တွင် 50mm- f-1.8, 50mm- f1.4, 38mm-1.8G စသည့် အခြေခံ Lens များအပြင် အခြား တန်ဘိုးကြီး သော Zoom, Telephoto Lens များလည်း ရှိသည်။ Canon တွင်လည်း EF 50mm-f1.4 USM, EF 50mm – f 1.8 II, EF 28mm –f 1.8 USM စသည်များသည် Fast Lens များ ဖြစ်ကြသည်။
 
                                   Fast prime lens - Nikon 50mm f/1.4G AF-S
 
1.4)  VR/IS technology ပါရှိသည့် Lens များသုံးရန်။
VR ( Vibration Reduction), IS ( Image Stabilization )  စသည့် Technology ပါသည့် Lens များသည် ကင်မရာ လှုပ်ရှားမှု ကြောင့် ဖြစ်ပေါ်လာသည့် ပုံ Blur ဖြစ်မှု ကို ထိန်းပေးသည်။ အဆိုပါ Lens များကိုသုံးပါ။ Nikon VRII technology သည် 4 Stop အထိလျှော့ ချပေးသည်။ VR မပါသည့် အခြားသော Lens များနှင့်  1/250s ဖြင့် ရိုက် ရမည်ကို VR Lens ဖြင့် ရိုက်လျှင် 1/30s ဖြင့် ရိုက်နိင်ပေ သည်။ ဥပမာ အားဖြင့် Nikon 18-55, f 3.5-5.6 G-Nikon 18-200 , f 3.5 5.6 G VR II , စသည်တို့ သည် VR ပါသော Lens များ ဖြစ်သည်။ Nikon 70-200mm, f 2.8 G VR , Nikon 70-200mm, f 2.8 G VR II စသည့် Aperture ကျယ်သော Lens များမှာမူ Low Light Photography အတွက် သင့်လျှော်သည့် Lens များ ဖြစ်သည်။ Canon တွင်လည်း ဤကဲ့သို့ Aperture ကျယ်ကျယ် ဖွင့် နိုင်သည့် Lens များရှိသည်။
                    Fast lens with VR II - Nikon 70-200mm f/2.8G ED VR II
 
1.5)  ISO တင်ရန်
Low Light Photography အတွက် ကင်မရာ ISO Sensitivity ကို တင်ရန် လိုသည်။ ဥပမာ အားဖြင့် ISO 100-ဖြင့်  Shutter speed 1/125 ထား၍ ရိုက်သည့် ပုံကို ISO 400 ထားပါက Shutter Speed ကို 1/1000 ဖြင့် ရိုက်နိုင် လိမ့်မည်။ အကြမ်း ဖျဉ်း အားဖြင့် Doubling ISO, Doubling  Shutter Speed -  ISO ကို နှစ်ဆ တိုးလျှင် Shuter Speed သည်လည်း နှစ်ဆ တိုး သည် ဟူသော အချိုး ရှိသည်။
                             Standing in the shadows, 1/25th @ f/8, ISO 1600
ISO တိုးလျှင် သတိတော့ ထားရန်လိုသည်။ ပုံတွင် Noise များ ထလာ နိုင်သည်။ သို့ ရာတွင် ခေတ်မှီ နောက်ဆုံးပေါ် ကင်မရာများမှာ မူ ISO 6400 အထိ Noise မထ ဘဲ ရိုက်နိင်သည် ဟုသိရသည်. သို့ သော် ပုံ အရည် အသွး ကောင်းရန်အတွက် လိုအပ်မှ သာလျှင် အနည်းဆုံး ISO ကိုတင်ရန်သင့်သည်။
Part(II) ဆက်ရန်။
------------------------------------------------------------