Wednesday 7 November 2012

Panning



(17)   Panning                                          ဓါတ်ပုံ ပညာရပ်ဆိုင်ရာမှတ်စု (၁၇)

 

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။ )

 

ကင်မရာ ဘေးတိုက် ရွေ့လျှား ရိုက်ကူးခြင်း

Panning

ဓါတ်ပုံ ဝေါဟာရ အရ ရုပ်ငြိမ် သို့ မဟုတ် ရုပ်ရှင် ဓါတ်ပုံ ရိုက်ကူးရာတွင်  ကင်မရာကို ရေပြင်ညီ ဘေးတိုက် ရွေ့လျှားကာ သို့ မဟုတ် စက်ဝိုင်း အလိုက် ရွေ့လျားကာ ရိုက် ကူး ခြင်း ကို Panning ဟု ခေါ် ဆိုသည်ဟု အဓိပ္မါယ်ဖွင့် ထားသည်ကို တွေ့ရပါသည်။ ဤ ကဲ့သို့ Panning တစ်လုံးထည်း ကို မြန်မာဘာသာ သို့ ပြန်ဆိုရာတွင် ရှည်လျှားစွာ ပြန်ဆို နေရဖြင့် Panning ကို မူရင်း အင်္ဂလိပ်ဘာသာ ဖြင့်ပင် ခေါ်ဝေါ်ရသည်က ပို၍လွယ်ပါသည်။
 
Panning ကို အမိအရ အတိအကျ ရိုက်နိုင်ပါက Main Subject သည် တည်ငြိမ် ပြတ်သား ကာ နောက်ခံ Background သည် မှုံ ၀ါးနေသည့် အတွက် Illusion of Movement ကိုဖေါ်ဆောင် နိုင်သည့် ရိုက်ကူးနည်း ဖြစ်သည်။ Panning ၏ အဓိက အချက်မှာ  ကြည်လင်ပြတ်သားသည့် ရှေ့ Subject နှင့် မှုံဝါးနေသည့် Background တို့၏ Contrast ပင်ဖြစ်သည်။ အဆိုပါ နှစ်ခု၏  Contrast များလေ အောင်မြင်သည့် Panning ဖြစ်လေ ပင် ဖြစ်သည်။ ရှေ့တွင် ဆက်လက် ဖေါ် ပြမည့် Panning ရိုက်ကူးနည်းမှာ အလယ်အလတ်အဆင့် ရိုက်ကူး နည်း သာ ဖြစ်သည်။

 
Panning ရိုက်ကူးရာတွင် လိုအပ်မည့် ပစ္စည်း များ
Panning ရိုက်ကူး ရန် မှာ DSLR ကင်မရာ မှ အဟုတ် ဘဲ Shutter Speed, Aperture, ISO စသည့် Setting (၃) ခု ကို Manual ချိန်နိုင်သည့် Comapct ကင်မရာ အပါအ၀င် မည်သည့် ကင်မရာနှင့်မဆို ရိုက်ကူးနိုင်သည်။
Panning ရိုက်ရာ၌ Subject ပြတ်သား ကြည်လင်ကာ နောက်ခံ ပကတိ မှုန်ဝါးနေသည့် ပုံ ကောင်း ရရန် မှာမူ အလေ့အကျင့် များစွာ လိုသည်။ ရိုက်ကြည့်လိုက် အဆင်မပြေ လျှင် ပြန်ရိုက် စသည်ဖြင့် Trial and Error” အကြိမ်ကြိမ် လုပ်ရသည့် ရိုက် နည်း ဖြစ်သည်။ လိုအပ်သည့်  အဆင့် ရ စေရန် အကြိမ်ကြိမ် စမ်းသပ် လေ့ ကျင့် ရန် လိုသည်။ Panning ရိုက်ကူးရာတွင် Tripod သို့ မဟုတ် Monopod သုံးသင့်သည်။ ကင်မရာကို နိုင်နင်းစွာကိုင်တွယ် နိုင်၍ မသုံးဘဲ ရိုက် မည်ဆိုလျှင်လည်း ဖြစ်သည်။
 
                       Panning ရိုက်ရန် ပြင်ဆင်ထားသည့် ကင်မရာ တစ်လုံး။
 
ရိုက်ကူးရေးအတွက် မှန်ကန်သည့် Subject နှင့် နေရာ ( Location ) ရွေးချယ်ခြင်း။
Subject ရွေးချယ်ရာတွင် Rule တစ်ခုမှာ subject သည် ရွှေ့ လျှားနေသည့် Subject ဖြစ်ရမည် ဆိုသည်ပင် ဖြစ်သည်။ မောင်းနှင်နေသည့် ကား ၊ ပြေးနေသည့် ခွေး ၊ စီးနေသည့် စက်ဘီး  ပျံနေသည့် ငှက် စသည်တို့ ဖြစ်သည်။ Panning ရိုက် ကူးရာ၌ အထက်တွင် ဖေါ်ပြထား သကဲ့သို့ Trial and Error”   များစွာ လို အပ်သည့် ရိုက်နည်း ဖြစ်သောကြာင့် တစ်ခုနှင့်တစ်ခု စံထိုး ကြည့်နိုင်ရေး အတွက် ရွေးချယ်ထားသည့် နေရာတစ်နေရာတွင်ပင် အကြိမ်ကြမ် ရိုက်ကြည့် သင့်သည်။ အကယ်၍ မိမိ ရွေးချယ် ထားသည့် Subject သည် ပြေးနေ သည့် လူ တစ်ဦး ဖြစ်ပါက ပြေးလမ်း ( Running Lane ) သို့ မဟုတ် ပင်လယ် ကမ်းခြေ လမ်း ( Promenade ) လို နေရာမျိုး ကို ရွေး ချယ်သင့်သည်။ ထို့ အပြင် Subject ကို ကင်မရာရှေ့ မှ ကွယ် သွားနိုင်မည့် အနှောက် အယှက် မရှိစေရေးနှင့် ကင်မရာကို ရေပြင် ညီ ရွှေ့လျှား ရာတွင် လုံလောက်သည့် နေရာ လည်း ရှိရန် လိုသည်။
                                           Street Panning ရိုက်ထားသည့် ပုံ
မှန်ကန်သည့် နောက်ခံ Background ရွေးချယ်ရန်။
ရိုက်ကူးမည့် Subject သည် နော်ခံ မှ ကြွတက်နေရမည် ဖြစ်ရာနောက်ခံသညှ်Subject ကို လွှမ်း မိုး သွားနိုင်သည့် အရောင်၊ တောက်ပမှု  အခြေအနေ များမရှိရန် လိုသည်။ ထို့ ကြောင့် Subject ထက် ပို၍ တောက်ပသော နောက်ခံ၊ ပို၍ ထင်ရှားပေါ် လွင်သည့်နောက်ခံ၊ ပုံစံ၊ စသည် တို့ ကို မရွေးမိရန် လိုသည်။ Background သည် အရောင်ကွာဟမှု Contrast များသည့် များစွာ တောက်ပခြင်း မရှိသော၊ အနီ၊ အပြာ၊ အဖြူ၊  အ၀ါ စသည့် များဆိုက ပိုကောင်းသည်။ ထိုအခါ နောက်ခံ Background သည် လှပ သော ရောင်စုံ မှုန်ဝါးမှု ရနိုင်သည်။ အောက်ရှိ နမူနာ background ပုံ ကိုကြည့်ပါရန်။
 
                                Subject ကို လွှမ်းမိုးမှု မရှိနိုင်သည့် Background
 
 
 
   ရောင်စုံ နောက်ခံမီး များသည် လှပစွာ ၀ါး နေသော်လည်း ရှေ့ တွင်ရှိသော Subject ကို လွှမ်းနေသည်။
 
ကင်မရာ ပြင်ဆင်ခြင်း
ရွေးချယ်ထားသည့် Subject နှင့် နေရာ ရာ ရ ပြိးလျှင် ကင်မရာ ပြင်ဆင်ရန်လိုသည်။ Auto Continuous Mode ရှိလျှင် အဆိုပါ Mode ကို Set လုပ်ပါ။ သို့မဟုတ်က Manual Mode ကို Set လုပ်ပါ။ ကင်မရာ၏ Histogram ၏ အလင်းအမှောင် ပြသည့် အနေအထား ကို ကြည့် ၍ Setting လုပ်ပါ။ အခြား ဆောင်ရွက် ရမည် များမှာ-
-      ISO ကို 100 သို့ မဟုတ် 200 တွင် ထားပါ။
-      Aperture ကို Depth of Field အများဆုံး ရနိုင်ရန် Aperture အကျဉ်း များတွင် Set လုပ်ပါ။
-      Shutter Speed ကို Set လုပ်ရာတွင်မူ Subject ၏ လှုပ်ရှားနေသည့် အမြန်နှုန်း ( Speed) နှင့် ကင်မရာ နှင့် Subject အကွာအဝေး တို့ ကို ထည့်တွက် ရသည့် အတွက် အနည်းငယ် ခက်သည်။
-      အဓိက Setting  မှာ Subject က မြန်လေ  Shutter Speed က မြန်ရမည်ဖြစ်ပြီး၊ ကင်မရာနှင့် Subject အကွာ အဝေး နီးလေ Shutter Speed နှေး ရလေဖြစ်သည်။ သို့ ရာတွင် စမ်း ရိုက်ကြည့်ပြီးမှသာ လျှင် တိကျသော Shutter Speed ရနိုင်မည်။ Subject နှင့် ကင်မရာ သိပ် မနီး စေရန် သတိထားရမည်။
-      အကြမ်းအားဖြင့် လမ်းလျှာက် နေသည့် လူ အတွက် Shutter Speed (1/10) စက်ဘီး စီးနေသူ (1/30) မောင်းနေ့သည့် ကား ( 1/60) ထားကာ စတင် စမ်း ရိုက်ရန် ဖြစ်သည်။
-      Wide angle Lens သုံးပါက Subject သည် ပုံပျက်  (Distorted ) သွားနိုင် သဖြင့်  85mm သို့ မဟုတ် 100mm ကဲ့သို့ Small Telephoto Lens များသုံးသင့်သည်။
-      Subject နှင့် ကင်မရာ တို့ ၏ Level သည် တူနေရန် လိုသည်။ တစ်ဘက် ဘက် အနေနှင့် နိမ့်ခြင်း မြင့်ခြင်း မရှိစေရပါ။
                                       ကင်မရာ နှင့် Level ညီနေသည် subject
 
Panning ရိုက်ရာတွင် နောက်ခံ (Moving Blur ) ဖြစ် သွား စေရန် speed ကို လျှော့ရိုက်ရသည့် နည်း ဖြစ်သောကြောင့် စတင် ရိုက်ကူးသူများ အနေနှင့် Speed မြန်မြန် နှင့် စ၍ ရိုက် နိုင်စေရန် လျှင်မြန်စွာ လှုပ်ရှားနေသည့် Subjec များကို စတင် ရိုက်ကူး သင့်သည်။ အောက်ပါ ပုံမှာ Shutter speed သည် လိုအပ်သည်ထက် အနည်းငယ် ပို၍ မြန်နေသည့် အတွက် နောက်ခံ သိပ်ပြီး မ၀ါး သည်ကို တွေ့ နိုင်သည်။
 
                 နောက်ခံ Blur သည် လိုအပ် သည့် အဆင့် သို့မရောက်။
 

ထို့ကြောင့် နောက် တစ်ပုံ ၏ Shutter speed  ကိုနှေး လိုက်မှ သာ နောက်ခံ Background သည် အောက်ပါပုံအတိုင်း အပြည့်အ၀ ၀ါး သွားသည်။ Shutter Speed ကို ယခင်ပုံထက် တစ်ထစ် လျှော့ လိုက်ခြင်းဖြစ်သည်။

နောက်ခံ Blur လိုအပ်သည့် အဆင့် သို့ ရောက်သည်။
 
Panning ရိုက်ခြင်း
အားလုံး အဆင်သင့် ဖြစ်လျှင် ရှေးဦးစွာ မိမိ ရိုက်မည့် နေရာကို သတ်မှတ်၍ အဆိုပါနေရာတွင် ရှိ ထင်ရှားသည့် အမှတ်အသားများဖြစ်သည့် လမ်းပြ မှတ်တိုင်၊ သစ်ပင်၊ အခြားထင်ရှားသည့် အရာဝထ္ထု စသည်တို့ ကို ကြည့်ထားပါ။ ယင်းဆို့ ကို Subject ကိုယ်စား ကြိုတင် Focus ချိန်ထားရန် ဖြစ်သည်။ ဤကဲ့ သို့ Fixed Focus သည် Panning ရိုက် ရာတွင်  အလွန်အရေး ကြီးသည်။ ကင်မရာတွင် Tracking Mode မပါလျှင် ကင်မရာ Shutter Button ကို တစ်ဝက် နှိပ်ထားကာ Subject ရွှေ့လျှားသည့်အတိုင်း ကြို၍ ချိန်ထားပါ။၊ ၄င်းနောက် Subject ကို တောက်လျှောက် လိုက်ချိန်ပါ။ သတိထားရန်မှာ Subject ကင်မရာ အနားသို့ နီးလာလေ ကင်မရာ ရွှေ့ လျှားမှု မြန်ရလေ ဖြစ်သည်။
 
Subject သည် မိမိ သတ်မှတ်သည့်နေရာ ရောက်သည်နှင့် Shutter Release Button ကို ညင်သာစွာ အဆုံး နှိပ်ပါ။ shutter Function ပြီးဆုံးမှု ကြိမ်းသေသည်အထိ ဖြစ်စေရန် Target ဖြစ်သည့် Subject ကို ချိန်သားမှ မခွာဘဲ လိုက်ချိန်ထားရန် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ် တစ်ခုလုံး သည် ကင်မရာ တည်ငြိမ်မှု ရှိနေရန် လိုအပ်သည်။ Location အရ မည်သည့်နေရတွင် Subject နှေးသည် မည်သည့်နေရာတွင် မြန်သည် ကိုပါ သတိပြုရန် လိုသည်။
Subject ၏ ရှေ့နေရာ( Lead Room )သည် နောက်နေရာထက် နေရာများများ ထားပြီးရိုက်ပါက Composition ပိုကောင်းသည်။ Subject ရိုက်ကွင်း အတွင်း ၀င်လာသည့် ပုံ မျိုး ဖြစ်လာသည်။ အောက်တွင် နမူနာ ပြထားသည့် ပုံများကို ကြည့်ပါရန်။
 

                        ဆိုင်ကယ် ရှေ့တွင် lead Room များများ ချန်ထားသည်ကို တွေ့ နိုင်သည်။
 
စိတ်ရှည် ရန်လိုသည်
ဖေါ်ပြ ခဲ့သည့်အတိုင် Panning ရိုက်ကူးခြင်းသည် ခက်ခဲ သည့်အတွက် တစ်ကြိမ် ထည်း နှင့် အောင်မြင်မှု ရရန် ခဲယဉ်း သဖြင့်  အကြိမ်ကြိမ် စမ်းရိုက် ရသည့် Trial and Error” နည်း ဖြစ်ရာ စိတ်ရှည် ရန်လိုသည်။ ဓါတ်ပုံရိုက်ရာတွင် မည်သည့် နည်းသည်မျှ ကျောက်ထက်အက္ခရာ တင် ထားသည့် နည်းများ မဟုတ်ရကာ စမ်းသပ်ခြင်းမှ ရလာသည် ရလဒ် သည်သာ အဓိက ဖြစ်သည်။ ထို့ ကြောင့်  Experimentation is key ဟုဆိုလေ့ ရှိသည် ကို စွဲမှတ်ထားရန် ဖြစ်သည်။
 Panning အခြားရိုက်နည်း တစ်ခု
 
အခြား Panning ရိုက်နည်းး တစ်ခု မှာ ရှေးရိုးနည်း ဖြစ်သည့် ရွေ့လျှားနေသော Subject ကို ရွေ့လျှားနေသည့်အရာ အပေါ်မှပင်ရိုက်နည်း ဖြစ်သည်။ အရှိန်နှုန်းတူ  မောင်းနေကြသည့် ကားတစ်စီးပေါ်မှ အခြားကားပေါ်ရှိ Subject ကိုရိုက်ခြင်း ၊ လယ်နေသည့် ခြားရဟတ် တခု အတွင်းရှိ Box တစ်ခု မှ အခြား Box တစ်ခုပေါ် ရှိ Subject တို့ ကို ရိုက်ခြင်း များ ဖြစ်သည်.။
 အောက်ပုံမှာ လယ်နေသော ချား ရဟတ်၏ Box တစ်ခုမှ ကျန် Box တစ်ခု ပေါ် ရှိ Subject ကို လှမ်း ရိုက်သည့် နည်း ဖြစ်သည်။

 
 Panning နမူနာ ပုံများ-



 











----------------------------------------------

2 comments:

  1. Thank you so much Sayar Soe. It is fantastic presentation. Thank you.

    ReplyDelete