Tuesday 30 October 2012

Center of Interest ( COI )

(12)    Center of Interest ( COI )                            ဓါတ်ပုံ နည်းပညာရပ် ဆိုင်ရာ မှတ်စု (၁၂)



          အာရုံ ကိုဆွဲဆောင်သည့် ဗဟိုချက်မ ( Center of Interest )

by Soe Hlaing


ဓါတ် ပုံ တစ်ပုံတွင် ကြည့်သူ၏ အာရုံ ကို ဆွဲဆောင် နိုင်သည့် အဓိက Idea နှင့်  Theme တစ်ခု အနည်း ဆုံးရှိနေရပါမည်။ ဤကဲ့သို့Idea နှင့် Theme  မရှိသောပုံသည် မှတ်တမ်း ဓါတ်ပုံသာ ဖြစ်လိမ့်မည်။ ရဿ မဲ့သော ပုံ သာလျှင် ဖြစ်ပါ လိမ့်မည်။

ဓါတ်ပုံ တစ်ပုံ ရှိ ကြည့်သူ၏ အာရုံကို ဆွဲဆောင်သည့် အရာ သို့ မဟုတ် အဓိကထား ပြသလိုသည့် အရာ မှာ COI ( Center of Interest ) ဖြစ်ပါသည်။ ဓါတ်ပုံ ဆရာတို့သည် မိမိပြ လိုသည့်  Subject ကို  Strong COI ဖြစ်လာစေ ရန် အတွက် ဓါတ်ပုံသမား အများစုသိပြီး ဖြစ်ကြ သော Rule of Thirds အပါဝင် အခြားသော ဥပဒေသ များအရ ဓါတ်ပုံပေါ်တွင် နရာချထားကြသည်။ ဤသည်မှာ မိမိအနေနှင့် မည်သည့် အကြောင်းအရာအား ဖေါ်ပြလိုသည်ကို ကြည့်သူထင်းကနဲမြင်သာစေရန် လုပ်ဆောင်သည့် အချက်ပင် ဖြစ် သည်။

ပုံ တစ်ပုံတွင် အဓိကကျသည့်   (Main Subject )  COI တစ်ခုသာ ရှိသင့်သည်။ တစ်ခု ထက်ပိုပါ ကလည်း ကျန် subject များသည် Main  subject ကို ပံ့ ပိုးပေးသည့်အနေ အထားတွင်သာရှိရပါမည်။ သို့ ရာတွင် အောက်ပါ ပုံကဲ့သို့ ပြလိုသည့် Subject က များနေလျှင်  COI များ ရှုတ်ထွေး ကုန်ကာ ကြည့်သူ အနေနှင့် မည်သည့် အရာ ကို ကြည့်ရမှန်း မသိဘဲ မျက်စေ့ လယ်ကုန် မည်ဖြစ်သည်။ 

 
COI ကို ရှင်းရှင်း ထင်းထင်း နေရာချထားခြင်းသည် အထိရောက်ဆုံး ဖြစ်သည်။ ဥပမာ ကန်ရေပြင် ပြာပြာ ပေါ်တွင် ဖြူ ဖွေးနေသည့် ရွက်လှေ တစ်စီး ပုံ မျိုးသည် ကြည့်သူအနေနှင့် မည့် သည့် အာရုံ မျှ ပြန့်လွင့် ခြင်း မရှိဘဲ COI ဖြစ်သည့် ရွက်လှေ ကို သာ ကိုတန်း၍ ရောက် သွားပေလိမ့် မည်။ အောက်ပါ ပုံ သည် ပြလိုသည့် COI ကို ထင်းကနဲ မြင်အာအောင် ပြသည့် Strong COI ဖြစ်ပါသည်၊

 
ပုံ တစ်ပုံ ၏ ဖွဲ့စည်း မှု တွင် မိမိ အထူးပြု ပြလိုသည့် Subject ကို Composition ဥပဒေသများ အရ နေရာချထားပါက Strong COI ရရှိပေမည်။ အဆိုပါ ဥပဒေသများကို Composition မှတ်စုများ တွင် ဖေါ်ပြခဲ့ ပြီး ဖြစ်ပါသည်။ တစ်ခု ကျန်နေသည်မှာ Dynamic Symmetry ဖြစ်သည်။ ယင်းနည်း က ပုံကို ထောင့် ဖြတ်မျဉ်း ဆွဲကာ အခြားထောင့် ထောင့် မှ အဆိုပါမျဉ်းထံ သို့ မျဉ်းမတ်ဆွဲ ရာတွင် ရရှိသည့် ဆုံမှတ်နေရာကို ဖြစ်ပါသည်။ အဆိုပါ ဆုံမှတ်သည်လည်း Point of Interest တစ်နေရာဖြစ်ပါ သည်။ အောက်ပါ ပုံ ကို ကြည့် လျှင် ပို ရှင်းပါမည်။
 


အထက်ပါ ပုံတွင် ငန်း ကို Dynamic Symmetry  အရ နေရာချ ထားခြင်း ဖြစ်သည်။
 
K.I.S
 
Composition တွင် အရေးကြီးသည့် နည်းစနစ် တစ်ရပ်မှာ ပုံ ကို ရိုးရှင်းစွာ တင်ပြ ခြင်းဖြစ်သည့်  Keep it Simple ( K.I.S ) ဖြစ်သည်။  ပြလိုသည့် Center of Interest ကို ရိုးရိုး ရှင်းရှင်း နှင့် အထိရောက် ဆုံး ပြနိုင်သည့်အတွက်   Golden Rule ဟု ခေါ်ကြသည်။ အလွယ်ဆုံး နည်းလည်းဖြစ်သည်။ တင်ပြ တတ်ရန်တော့ လိုသည်။ ထို့ ကြောင့် The simpler the pcture, easier to understand the meaning  ဟု လည်း ဆိုကြသည်။ အဆိုပါပုံ မျိုးတွင် Main Subject များများ မပြ သင့်ဘဲ ပြလိုသည့် ပုံ ၏ Story  ကို ဖေါ်ဆောင် ပေးမည့်  subject တစ်ခုသာ ပြသင့်သည်။ အကယ်၍ Subject များနေလျှင် ကြည့်သူအ နေနှင့် အာရုံ ပြန့်သွားမည် ဖြစ်သည်။
 
 
အထက်ပါ ပုံသည် နောက်ခံ ရှင်းရှင်း Subject ရိုးရိုး စင်းစင်း ဖြင့်  ပြထားသည့် Keep it Simple နမူနာပုံ ဖြစ်သည်။
 
 
မှတ်စု များထဲ တွင် ပါဝင်ခြင်းမရှိသေးသည့် Point of Interest နေရာသတ်မှတ် သည့် နည်းတွေ လည်း ရှိဦး မည်ဖြစ်ပါသည်။


ဓါတ်ပုံရိုက်စဉ် ထည်းက မိမိ ဘယ် အရာ ကို အထူးပြု ပြလိုသည် ကို အရင် ဆုံးဖြတ်ရပါမည်။ ယင်းနောက် အဆိုပါ subject ကို Composition ဆိုင်ရာ ဥပဒေသ တစ်ခုခု ၏ အာရုံသက်ရောက်စေသည့် ဆုံမှတ်   ( Point of Interest )  နေရာတွင် အဖြစ်နိုင်ဆုံး ထားပြီး မှ ရိုက်ပါက Post Production လုပ်ချိန် တွင် ယင်းအတွင် အထူး ပြင်ဆင်ရန် လိုမည် မဟုတ်တော့ပါ။

အောက် ပါ ပုံများသည် COI ကိုပြရာတွင် အားကောင်းသည့် ( Strong Center of Interest ) နမူနာ ပုံများ ဖြစ်ပါသည်။ Photo Clinic တွင် ဓါတ်ပုံ ပညာရှင်များက Strong Center of Interest ဖြစ်သည့် ပုံ များဟု မှတ်ချက် ပေးထားသည့် ပုံများဖြစ်ပါသည်။


အထက်ပါ ပုံတွင် Center of Interest သည် ပုံ ကို ထိမ်းချုပ် ထားနိုင်ပါသည်။ ပြသလိုသည်ကို ထင်ရှားစွာ ပေါ် လွင်စေပါသည်။



ဤပုံတွင် ကြည့်လိုက်သည်နှင့် COI ဖြစ်သည့် ခလေးငယ် လက်ဖြင့် ပြ ထားသည့် မျက်လုံးကို တန်း၍ ကြည့်ဖြစ်သည်။



လှေလှော်နေသူ မည်သည့် အရာကို ကြည့်နေပါလိမ့် ၊ ဘယ်နေရာကို သွားနေပါလိမ့် ဆိုသည့် အတွေး ကိုဖေါ် ပေးသည့် ပုံ ဖြစ်သည်။ Expression က လည်း Strong COI ကို ဖေါ်ပေးနိုင် သည်။


Center of Interest အားနည်းသော ပုံများ




တစ်ခါ တစ်ရံ Main Subject သည် ပုံ တစ်ခုလုံး တွင် ဖုံးနေသည်များ ရှိတတ်သည်။ အဆိုပါ အခြေ အနေမျိုးတွင် COI အတော် အားနည်း သွားပေလိမ့်မည်။  ဥပမာ အားဖြင့် အထက်ပါ Glacier ပုံမျိုး ဖြစ်သည်။




အထက်ပါ ပုံ တွင် ပြလိုသည့် Main Subject တွေ များနေသည်။ မည်သည့် အရာကို အထူးပြု ကြည့်ရမည်ကို မသိ နိုင်အောင် ဖြစ်နေ သောကြောင့် COI အတိအကျ မရှိဖြစ်နေသည်။ ကား၏လေကာ မှန်မှ ဖေါက်ကာ အတွင်းသို့ ပြလိုပုံရသော်လည်း  မှန်ပေါ်ရှိ မိုးပေါက် ကိုလည်း အာရုံ ပြန့်စေ ပြန်သည်။ လိုရင်း ကို တိုက်ရိုက် မထိ ဟု ဆိုနိုင်ပါသည်။

အထက်ပါပုံသည်လည်း လိုင်းများ အားကောင်း၍ ပြတ်သားသည့်ပုံ ဖြစ်စေကာမူ Center of Interest ပြန့်ထွက်နေ သည့် ပုံ ဖြစ်သည်။
 
 
Center of Interest ရှိသော ပုံများ။

အောက်ဖေါ်ပြပါ ပုံ များသည် Center of Interest ကို တိတိ ကျကျ ပြနိုင်သော နမူနာ ပုံ များ ဖြစ်ပါသည်။ စာနှင့်ရေး၍ ရှင်းပြသည်ထက် ပုံများကို ကြည့်ရုံ မျှနှင့် ရှင်းရှင်းလင်းလင်း မြင်နိုင် ပါသည်။ Picture speaks thousand words ဟု ဆိုရပါမည်။










Center of Interest ကို မရှိသော ပုံများ

အောက် ပါ Center of Interest မရှိသော ပုံများမှာ Photo Clinic များတွင် ဓါတ်ပုံများကို ဝေဘန် သုံးသပ် သည့် ဓါတ်ပုံ ပညာရှင်နှင့် Photo Editor များဖြစ်ကြသည့် John Cosgrove နှင့် Rajesh Narwani တို့ က ၄င်းတို့ထံ တင်ပြထားသော ပုံများအနက်  မည်သည့်အရာကို အထူးပြု ပြ သလိုသည်ကို မသိနိုင်သည့်  (lack of Center of Interest )  ပုံများဟူ၍ သုံးသပ်ထားသည့် ပုံ များ ဖြစ်ကြသည်။  နမူနာ အဖြစ် ထုတ်နှုတ် ထားခြင်းဖြစ်ပါသည်။ 

အဆိုပါပုံများ နှင့်ပတ်သက်၍ ၄င်း တို့၏ သုံးသပ်အကြံပြုချက်များ၏ အတိုချုပ်ကို  သက်ဆိုင်ရာ ပုံများ၏ အောက် တွင်ဖေါ်ပြ ထားပါသည်။


မျက်စေ့ အာရုံဖမ်းစားနိုင်သည့် ပုံမပါရှိ။ ဥပမာ တံငါသည်တစ်ဦးထည့် နိုင်လျှင်ပို၍ဆွဲ ဆောင်မှု ရှိလာမည်။


 
ရွှေရောင် အမိုးကို ပြလိုပုံ ရသည်။ သို့ သော် ထို အရောင်ကို ထိရောက်စွာ Frame လုပ်ထားခြင်းမရှိ ၍ ရွှေရောင် အမိုးသည် အားလျှော့ နေသည်။


တောင်ကုန်း ကိုပြလို သလား သို့ မဟုတ် ပုံ အတွင်း လှပစွာ ဖြန့်ခင်းထားသည့် အိမ် အမိုးတွေ ကိုဘဲ ပြလိုသလား ကွဲ ပြားခြင်းမရှိ။ နှစ်ခုစလုံး မှာ အရေးပါသော အရာများ ဖြစ်သည်။ သို့သော် တစ်ခု ကို အဓိက ထားပြရန် လိုသည်။

                       အားလုံးရောထွေးနေ၍ အဓိက အရာ ပေါ်လွင် မှု မရှိ။

 
Silhouettes ပုံမှာ ပုံ ကောင်း ဖြစ်သော်လည်း အဆိုပါ Silhouette ကို ပံ့ပိုး ပေးသည့်  အချက် ကလေးများ ဖြည့် ပေးနိုင်လျှင် အာရုံကိုပို၍ ဆွဲဆောင် နိုင်မည်။


 
ဤပုံမှာ အမျိုးသီးငယ်၏ ကြောပိုးအိတ် နှင့် သွယ်တန်း ကျနေသည့် ကြိုး လေးများကို ပြလိုပုံ ရသည်။  ဤ သို့ ဆိုလျှင် အဆိုပါ ကြိုး လေးများနှင့် ကြောပိုး အိတ်၏ အရောင် သည် လက်ရှိ အဖြူ ရောင် အဟုတ်ဘဲ  နောက် ခံ Background အရောင် ထက် ပို၍ ပေါ်လွင်သည့် အရောင် ဖြစ်  ရန်လိုသည်။ background အရောင် တောက်ပ နေသည်ကို လျှော့ ချရန် လိုသည်။



မိုးတိမ် ကိုရိုက်သည်ဆိုစေကာမူ ထို မိုးတိမ် ထဲတွင် Center of Interest ရှိနေရန်လိုသည်။ 

------------------------------

Focusing- Part (2)


(11)   Focusing- Part (2)                                 ဓါတ်ပုံပညာရပ် ဆိုင်ရာ မှတ်စု (၁၁)
 
(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။ )

 






စကားဦး။

 
 
ဓါတ်ပုံ တစ်ပုံ သည် အခြား ခြား သော အချက် များ ကောင်းသည့် မကောင်းသည့် အချက် များကို ကြည့် သူ သတိထား ခြင်း မပြု မီ ပထမဦးဆုံး ကြည့် သည်မှာ ပြတ်သား မှု ပင် ဖြစ်သည်။ ဓါတ်ပုံတစ်ပုံ ကြည်လင် ပြတ်သားရန် မှာ ပထမ အရေးကြီး ဆုံး အချက် ဖြစ်သည် ဟု ကျွန်တော် ဖတ် ထား မှတ်သား ဘူးပါသည်။
 
 ဤ ကဲ့ သို့ ပုံ တစ်ပုံ တွင် မိမိ ပြ လိုသည့် နေရာ  ပြတ်သား ရန်မှာ Focusing တိကျ သေခြာ ရန် လိုပါသည်။ ထို့ ကြောင့်  DSLR Focusing နှင့် ပတ်သက် ၍ ကောင်း နိုး ရာရာ ရှိမည် ဟု ယူဆ သည့် ဆောင်းပါးများကို စုဆောင်း ထား ပါသည်။ ကျွန်တော် ကဲ့ သို့ Focusing နှင့်ပတ်သက်၍ အခြေခံသဘော လေ့လာလိုသူ မိတ်ဆွေများ ရှိ ပါက အဆိုပါ မိတ်ဆွေ များ အနေနှင့် လေ့ လာ နိုင်ကြစေရန် ရည် ရွယ်ကာ အဆိုပါ ဆောင်းပါး များကို ဆီလျှော် သကဲ့ သို့ မြန်မာ ဘာသာပြန်ကာ ဤ မှတ်စု ကို ရေးသား ကာ ပြန်လည် မျှဝေ ခြင်း ဖြစ်ပါသည်။
 
 
ဤ မှတ်စုတွင် နမူနာ အဖြစ် ဖေါ်ပြထားသော ပုံ များ မှာ မှီငြမ်း သည့် ဆောင်းပါး များမှ ကောက်နှုတ်ကာ နမူ နာ အဖြစ်ဖေါ်ပြထားခြင်း ဖြစ်ပါသည်။

  




Focus အရေး ကြီးခြင်း နှင့် ပြတ်သား အောင် ဆောင်ရွက် ရမည့် နည်းလမ်း
 
 
 





ဓါတ်ပုံ တစ်ပုံ တွင် Focus သည် ဓါတ်ပုံ ပြတ်သားမှု တစ်ခုထည်း ကိုသာ အလေးပေး ခြင်းသာမက Subject ကို သူ၏ပတ်ဝန်းကျင်မှ ခွဲထုတ်ကာ ထူးခြားစွာ ပေါ်လွင်နေအောင် လုပ်ဆောင်ခြင်း လည်းပါ သည်။ Focus ကောင်း ခြင်းဖြင့် ကြည့်သူ၏ ခံစားမှု ရသ ပေါ်ထွက် လာနိုင်သည်။ မည်သို့ ပုံ ရိုက်သည် ဖြဟ်စေ Focus သည် အဆိုပါပုံ၏ ပြီးပြည့်စုံ မှု ရှိ မရှိကို ဆုံးဖြတ်သည့်နေရာတွင် ရှိသည်။
 
 

Portraits

Portraiture ဆိုသည်မှာ လူ တစ်မျိုးတည်းသာ မဟုတ်ဘဲ တိရိစ္ဆာန် နှင့် အရာဝထ္ထု များကို ရိုက်ခြင်းလည်း ပါသည်။ တစ်ဦးထည်း ၊ တစုထည်း ၊ တစ်ကောင်ထည်း ကို အဓိက ထား  ရိုက်ခြင်းဖြစ်သည်။
 

Potrait ရိုက်လျှင် လူဖြစ်စေ တိရိစ္ဆာန် ဖြစ်စေ Focus ကို မျက် လုံး တွင် ဖြတ်ရမည် ဆိုသည် မှာ ဥပဒေသ တစ်ရပ် ဖြစ်သည်။ သို့ရာ၌  ဥပဒေသ တိုင်းတွင် ချွင်း ချက် တော့ ရှိစမြဲ ဖြစ်သည်။ မျက်လုံးကို Focus ဖြတ်ရမည် ဆိုသည်မှာ မျက်လုံးသည် မျက်နှာ တစ်ခု လုံးကို ကိုယ်စားပြုသည့်အရာ။ စိတ်ကိုဖေါ်ဆောင်သည့် နေရာ ဖြစ်သော ကြောင့်ဖြစ်သည်။

 

မျက်လုံး မဟုတ်မူဘဲ နှုတ်ခမ်း  ၊နှာဖျား စသည်တို့ ကို focus ဖြတ်သည် များလည်းရှိ သည်။ အချို့ သော ခွေး ပုံ များတွင် ဤကဲ့ သို့ ရိုက်လေ့ရှိသည်။ သို့ ရာတွင် မျက်လုံးတွင် Focus ဖြတ်ထားပြီး နောက်ခံ ၀ါး နေစေသည့် ပုံလောက် ဆွဲ ဆောင်မှု မရှိသည် ကိုတွေ့ ရသည်။

 

Tips -  Wide Aperture ဖြစ်သည့် f-2.8 ကဲ့သို့ Lens ၊ 50mm အထက် Long Focal Length သုံး၍ Subject နှင့် နီး နိုင်သမျှ နီးအောင် ရိုက်ခြင်း ဖြင့် နောက် ခံ ၀ါး Blur စေ နိုင်သည်။

 
 
 










Landscapes/Architectural



 



 

ရှုခင်းပုံ သည် သဘာဝ ပတ်ဝန်းကျင် ကို ရိုက်ခြင်းဖြစ်သည်။ များသောအားဖြင့် အားလုံး သော အရာများကို ပြတ်သားအောင် focus ယူ လေ့ ရှိသည်။ သဘောမှာ ကြည့်သူ အား ပုံ၏ Sense of size and  scale ကို ခံ စားနိုင်စေရန်ဖြစ် သည်။ " A buffet of sights, a feast for the eyes. " ဟူသော အဆို ရှိသည်။ Landscapes ရိုက်သူများ အနေနှင့် Hyperfocal Length distance ဖြစ်သည့် ပုံ၏ အရှေ့ဆုံး အရာ မှ နောက်ဆုံး သော အရာအထိ အားလုံး  Focus ပြတ်နေ အောက် ရိုက်ရမည် ဆိုသည် ကို သတိလွတ် လေ့ ရှိသည်။ အထက်ပါ ပုံ ကို ဥပမာ ပြ ၍ ပြော ရလျှင် ရှေဆုံးရှိ မြေနီလမ်း အ၀င် မှ အစ နောက်ဆုံး တွင်ရှိ တိမ် တိုက် အထိ အားလုံး ပြတ်သားနေရန် လိုသည်ကို ဆိုလိုခြင်းဖြစ် သည်။

 

Landscape  ပုံ တစ်ပုံတွင် အားလုံး ပြတ်သားနေသည်ဆိုပါက ကြည့်သူ၏ အာရုံ သည် ပုံထဲ ရှိ အရေးကြီး ထင်ရှားသည့် အရာများဖြစ်ကြသော ထင်ရှားသည့် လိုင်း၊ ပေါ်လွင်သည့် အရောင် ၊ Composition ဆိုင်ရာ ဥပဒေသ များ၏ Point of Interest တစ်နေရာရာ အပေါ်ရှိ အရာပေါ်သို့ ပထမ ဦးစွာ ကျရောက် ပေလိမ့် မည်။ ထို မှတစ်ဆင့်သာ  ရှေ့ သို့ ဆက် ကြည့် သွား လိမ့် မည်။

 

 

အထက်ပါ ရှုခင်းပုံ ကို ကြည့်ပါက ကြည့်သူသည် ပထမဦးစွာ လမ်းကြောင်းလေး၏ အစ ကိုကြည့်လိမ့်မည်။ ယင်းနောက် လမ်းတစ်လျှောက် လိုက်သွားကာ ယင်းနောက်တွင် တောင်တန်းများဆီသို့  ရောက်သွား  မည်။ နောက်ဆုံးတွင်  တိမ်တိုက်  နှင့် ကောင်းကင် ပြာ ဆီသို့ ရောက်သွားလိမ့်မည်။ ကြည့် သူ ကို ပုံ ၏ အရှေ့ ပိုင်း ( Foreground ) မှအစ ဆွဲ ခေါ် သွားနိုင် စေ ရန် အတွက် ပုံ၏ Main Subject ကို ပံ့ ပိုး ပေးနေမည့် အရာ ( Secondary Subjects ) အချို့ ကို အရှေ့ ပိုင်း ( Foreground ) မျှ ရုံ မျှ  ထားပေးရန် လိုသည်။

 

 

Tips - ဤကဲ့သို့ Hyperfocal distance ရရန် အတွက်- Aperture ကို f-11 နှင့်အထက် ထားကာ Landscape ၏ အလယ် တွင် Focus လုပ် ရန် လိုပါမည်။ Tripod သုံးပါက ပို ကောင်းသည်။ Aperture ကျဉ်းကျဉ်း ( f-11, f-16, f-22 ) နှင့် ရိုက်ပါက Shutter speed  နှေးလာမည် ဖြစ်သော ကြောင့် Tripod လို အပ် လာသည်။ ဤ သို့ဖြင့် ပြတ်သားမှု ကောင်းကောင်း ရလာ လိမ့် မည်။
 






Macros

 

Macro သည် အလွန် သေးသည် အရာများကို အလွန်နီးကပ် စွာ ရိုက်ရသည့် ပုံ ဖြစ်သည့် သီးခြား နည်းပညာ၊ နှင့် စိတ်ရှည်ရန် များစွာလိုသည်။ အလွန် စိတ်ရှည် ရသည့် ရိုက်နည်း ဖြစ်၍ Macro သမားများ  သည် အခြားသော ဓါတ်ပုံ သမားများ နှင့် နှိုင်းစာ လျှင် စိတ်ကျန်းမာ ရေး မကောင်းသူ အတော် ပို၍ များသည် ဟု ဆိုလေ့ရှိသည်။

Macro သည် သာမန် မျက်စေ့ ဖြင့် သတိမထားမိသည့် အရာ၊ သထ္ထုဝါ ငယ်လေး များကို ကြည့်သူ အာရုံ စိုက်လာစေ နိုင်လောက်သည် အထိ အကြီးချဲ့ ရိုက်ကူး ခြင်း ဖြစ်သည်။ အလွန် ပါး သည့် DOF- Extremely shallow depths of field ပုံ မျိုး ဖြစ်သည်။ အချို့ သော Depth of Field သည် လီမီလီ မီတာ မျှလောက် ပင် ရှိသည်။ ထို့ကြောင့် Focusing တွင် အနည်း ငယ် မျှ အတိမ်း အစောင်း မခံ။ အလွန် တိကျရန် လိုပါသည်။
 
 


 





Macro ရိုက်ရာတွင် ပေါ်လာသည့် Shallow depth of field သည် အကင်မရာ နှင့် Subject အကြားရှိ Distance ပေါ်လည်း တည်သည်။ အနီးနား ကပ် ၍ ရိုက် ခြင်း ကြောင့်ဟု ဆိုရမည်။ အချို့ ကလည်း ပုံတွင် ပြတ်သားမှု ဧရိယာ ကျယ်လာစေရန် Depth of Field ကို တိုး ယူ ကြသည်။
 
Tips - Macro ရိုက်ရန်အတွက် Macro Mode သို့ မဟုတ် Macro Lens သုံးရန် လိုပါမည်။ subject နှင့် ကပ် နိုင်သမျှ ကပ်၍ ရိုက်ရပါမည်။ Aperture အကျဉ်းများဖြစ်သည့် ( f-8, f-11 or Higher ) တို့ နှင့် ရိုက်ရမည်။ ဤကဲ့ သို့ Aperture ကျဉ်းကျဉ်း နှင့် အနား ကပ် ကာ Shutter speed နှေးနှေး ဖြင့် ရိုက် ရသည့် အတွက် အလင်း ရောင် အ၀င် နည်း သဖြင့် Tripod လိုသည်။ လို အပ်သော Shutter Speed ရရန် အတွက်  အချိုး ညီ  ISO တင်ရန်လည်း လိုပါသည်။
 
 
 
Environmental portraits
 


 
 
 
 
ပုံ တစ်ပုံ သည် ပုံပြင် တစ်ခု ကို ပြော နေစေရပါမည်။ အထက်ပါပုံသည် Potraiture and Landscape ပေါင်းစပ်ထားသည့် ပုံဖြစ်သည်။ ကနေသည့် ခလေး မလေး ၏ ဘေးပတ်ဝန်းကျင် က ဆိုပါပုံ၏ အကြောင်းကို ပြောပြ နေသည်။  အဆိုပါ ပုံမျိုး ကိုရိုက်သည့် နည်း  များစွာရှိသည်။ သို့ရာတွင် ယေဘူယျအားဖြင့် ပုံရှိ လူပုဂ္ဂိုလ် ( အထက်ပါ ပုံတွင် က နေသည့် ခလေးမ လေး) သည် Primary subject ဖြစ်သောကြောင့် အဆိုပါလူ အစဉ် ပြတ်သား နေအောင် Focus ဖြတ်ခြင်းဖြစ် သည်။ နောက်ခံ ကို မည်မျှ ပေါ်လွင် အောင် ထားမည် ဆိုသည်မှာ မူ အဆိုပါ နောက်ခံကို မည်မျှ အလေးထားသည် နှင့် ၄င်း၏ အရေးပါမှုပေါ် မူတည်သည်။ မိမိ ပြော လိုသည့် ပုံ ပြင် လေး တစ်ခု ကို ဖေါ် ညွှန်း ပေးမည့် ပုံ များကို ထည့် ပေးရန် လိုပါမည်။
 
 
ဤဆိုပါ ပုံများသည် အနီးကပ် ရိုက်သည့် Portrait မဟုတ်သည့်အတွက် လူ ၏ မျက်လုံးကို Focus ဖြတ်ရန် မလိုပါ။
 
 

Tips -အဆိုပါပုံများ အတွက် ပါဝင်သင့်သည့် နောက်ခံပတ်ဝန်းကျင်ပါ  ပါလာအောင် Medium Aperture များဖြစ်ကြသည့် (f/4, f/5.6, f/8), နှင့် Wide focal length သုံးပါ။ Subject ၏ လှုပ်ရှားမှု များ ကို Freeze လုပ်နိုင်စေရန် shutter speed ကို သင့်လျှော် သည့် timing တွင် ထားရပါမည်။

 
 

 
 
 
 
အထက် ပါ မှတ်စု ပါ အချက် များသည် ယေဘူယျ သဘော အရ အများ သုံးနေသည့် နည်း များသာ ဖြစ်ပါသည်။ ယင်းတို့ အားလုံးကိုပင် လှေနံ ဒါးထစ် တရားသေ လိုက်နာ ရမည် ဟု မဆိုလိုပါ။ အကြောင်း မှာ ဓါတ်ပုံ သည် အနုပညာ ဖန်တည်း မှု တစ်ရပ် ဖြစ်ပါသည်။  အနုပညာ ဖန် တည်း မှု တစ်ခု ၊ ခံ စား မှု တစ် ရပ်  စသည် တို့ ကို  တရားသေ " ဘောင် " ခတ်ထား၍မရပါ။ ယင်းတို့ မှာ စိတ်အလျှင် အလျှောက် ဖန်တည်း နိုင်ခွင့် ရှိသည့် အရာ ဖြစ်သော ကြောင့် ဖြစ် ပါသည်။
 
 
 
 
------------------------------------------------------------

Saturday 27 October 2012

Composition Part (4)


(10)   Composition Part (4)                                        ဓါတ်ပုံ ပညာဆိုင်ရာ မှတ်စု (၁၀)

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။)
            


                    ဓါတ်ပုံ ဖွဲ့ စည်း မှု ဆိုင်ရာ မှတ်စု          
                         ( Tips for to Improve Composition )


ဓါတ်ပုံ တစ်ပုံ၏ ဖွဲ့စည်းမှု Composition နှင့် ပတ်သက်၍ မည်ကဲ့သို့ ထားသိုလ် ဖွဲ့စည်းလျှင် ကောင်းမည် ကို ဇဝေဇ၀ါ ဖြစ်နေပါလျှင် အောက် ပါ Composition များကို ကိုးကား နိုင်ရန် ဖြစ်ပါသည်။

                     " မ "ဂဏန်း ဥပဒေသ
                      ( Rule of odds )

 
ပုံတွင်ပါရှိသည့် Subjects များ၏ အရေအတွက်ကို စုံ ဂဏန်း  ( ၂-၄-၆....)  အစား မ ဂဏန်း (၁--၃-၅-၇-----) စသည်ဖြင့် ထားရန် ဖြစ်သည်။ ဤကဲ့သို့  ပုံတစ်ပုံတွင်  Subject အရေ အတွက်ကို မ ဂဏန်း ထားသည့် နည်းစနစ် သည် ကြည့် သူ၏ အမြင် ကို ပို၍ဆွဲ ဆောာင်မှု ရှိ စေပြီး စိတ်ဝင်စားမှု ကို ပိုဖြစ်စေသည်။
အောက်ပါ စတော်ဘယ်သီးပုံ ကို ကြည့်ပါ-


ဤ ကဲ့သို့ စတော် ဘယ်ရီသီး ၄ လုံးကို စုပြုံ တင်ပြထားခြင်းသည် ပုံ၏လေး နက်မှု ကို ပေါ့သွားစေကာ  ကြည့် သူ၏ အာရုံ စိုက်မှု Center of Interest အားနည်း သွားပြီး ငြီးငွေ့ စေနိုင်သည်။

 


အဆိုပါ ပုံ ကိုပင် ၄ လုံး အစား ၃ လုံးသာ တင်ပြထားခြင်းဖြစ်သည်။ ဤ သို့ ဖြင့် ပုံသည် ပို၍ စိတ်ဝင်စား ဘွယ်ရာ ဖြစ်လာသည်။


Fofus ဧရိယာ ကန့်သတ်ခြင်း
Limiting focus
အထူးပြု ပြသလိုသည့် နေရာကို Focus ဖြတ်ပါ။  ဤ သို့ ဖြင့် နောက်ခံ ရှုတ်ထွေးမှုကို တတ်နိုင်သမျှ ဖယ်ရှား နှိုင်သည်။ ဤသို့ဖြင့် နောက်ခံ ရှုတ်ထွေးနေသည်များကို ရှောင်ရှားရန်နိုင်သည်။ အများစု သုံးသည့်နည်း မှာ Subject ကို အနှောက်အယှက် ဖြစ်စေမည့် နောက်ခံ ( Back Ground ) တွင် ရှုတ်ထွေး နေသည့် ( Distraction ) များကို ကို ၀ါး (Blur) စေ သည့် နည်း ဖြစ်သည်။ ဤ ကဲ့သို့ နောက်ခံ ၀ါး သွားခြင်းဖြင့် Subject သို့ အမြင်အာရုံ ပို၍ စူးရောက် စေသည်။ F 1.8 ကဲ့ကို Aperture ကျယ်ကျယ် ကို သုံးကာ Depth of Field ကို လျှော့ချခြင်း သည်လည်း နည်း တစ် နည်း ဖြစ်သည်။
 
 
 

အထက်ပါ ပုံ တွင် အကယ်၍ နောက်ခံ သစ်ပင်များသာ Focus မိပြီး ပြတ်သားနေမည်ဆိုပါက အမြင်အာရုံ တွင် ရှေ့ စုံတွဲ ပုံကို ကြိမ်းသေ အနှောက်အယှက် ဖြစ်မည် မှာ သေခြာသည်။ လက်ရှိပုံတွင်မူ  Focus Limit ကို စုံတွဲ ပေါ်တွင်သာ ဖြတ်ထားသည်။
 
 
နောက်ခံ ကို အတော်များများ ၀ါး ( Blur )နေစေခြင်း ဖြင့် အမျိုးသီး ၏ မျက်လုံးကို အာရုံ ပိုရောက် စေသည်။

ရိုးရိုးရှင်းရှင်း
Simplification
ကြည့်သူ၏ အာရုံ ( Center of Interest ) ကို ပိုရလာစေရေး အတွက် အကောင်းဆုံးနည်းလမ်းမှာ ရိုးရိုး ရှင်းရှင်း တင်ပြခြင်း (Simple Looking Image ) ဖြစ်သည်။ အလွယ် ဆုံးနည်း မှာ ပုံထဲ တွင် Subject  အရေအတွက်ကို လျှော့ချ ခြင်းဖြစ်ပြီး မလိုသည့် အရာများကို ကြည့်သူ အာရုံမပြန့်စေရန်အတွက် Background ကို ၀ါး Blur  လိုက် သည့် နည်း ဖြစ်သည်။

အောက်ပုံ ကို ကြည့်ပါ။
အထက်ပါ ပုံ မှာ ပြလိုသည် ကို တိတိ ကျကျ သဲသဲ ကွဲကွဲ ပေါ်စေသည်  ။ It makes the story clear. ဤ ကဲ့သို့ ရိုးရှင်းသော ပုံသည် ဆွဲ ဆောင်မှု ရှိပြီး အကြည့် လည်းခံသည်။

 
အလယ် တွင် ထားခြင်း

ပုံ ကို အလယ် တွင် ထားခြင်း သည် ဤ ကဲ့သို့ ထောင်လိုက် ပုံမျိုးတွင် ဓါတ်ပုံ ၏ အချိုး  Balance ကို မျှစေသည်။ ဤကဲ့သို့  Sybject  အရေအတွက် နည်းနည်း ကို အလယ်တွင် ထားခြင်းသည် အချို့ ရိုးရှင်းသော ပုံ များအတွက် အကောင်းဆုံး နည်း ဖြစ်သည်။ အောက်ပုံ ကိုကြည့်ပါရန်။


Subject ၏ ဘေးပတ်လယ် ကို ရှင်းနေအောင် လုပ်ထားခြင်း သည်လည်း Subject အပေါ် အာရုံ ပိုရောက်စေသည်။

 
 
သာမန် အားဖြင့် မည်ကဲ့ သို့ မျှ စိတ်ဝင်စား ဘွယ်ရာမရှိသည့် Subject ကို ပုံ၏အလယ် တွင် ရိုးရိုးလေး ထားခြင်းဖြင့် စိတ်ဝင်စားမှု တိုး လာစေသည်။ အထက် ၀ိုင်ယာကြိုး ပုံ ကို ကြည့်ပါ။

 
Rule of thirds)
လူသိအများဆုံ နှင့် အထိရောက်ဆုံးသော Composition ဖြစ်သည်။ ပုံ တစ်ပုံကို အလျှားလိုက် နှင့် ထောင်လိုက် မျဉ်း နှစ်ကြောင်းစီ ဖြင့် အညီ အမျှ ပိုင်း လိုက်၍ ပေါ်လာသည့် ဖြတ်သန်း ဆုံမှတ် (၄) နေရာ  မှာ Point of Imterest ဖြစ်သည်။ ထို ဆုံ ရပ်နေရာ များပေါ်တွင် Subject ကို ထားခြင်း ဖြစ်သည်။ ဤ နည်း သည့် အရိုးရှင်းဆုံး နှင့် အထိရောက်ဆုံး နည်း ဖြစ်သည်။

အထက်ပုံတွင် လှေကို  Rule of Thirds ၏  ပထမ ဆုံရပ်တွင် နေရာချထားသည်ကို ကြည့်ပါ။

 
 
ရုပ်ပုံ Portrait တွင်လည်း Rule of Thirds ကို သုံးနိုင်သည်။ Subject ၏ မျက်လုံး တစ်လုံး ထည်းကို ဖြစ်စေ နှစ်လုံး စလုံး ကို ဖြစ်စေ Rule of Thirds ဆုံ မှတ် နေရာတွင် ထား ခြင်း ဖြစ်သည်။
 
ရှေ့ မျက်နှာစာ အညွှန်း
Lead room
Subject ၏ရှေ့ မျက်နှာစာ Lead Room ကို Rule of Thirds နှင့် တွဲ သုံးလေ့ ရှိသည်။ အောက်ပုံ ကိုကြည့်ပါ။  Snowboarder စီးနေသည့် subject သည် Rule of Thirds နေရာတွင် ရှိသည်။ သူ၏ ရှေ့
မျက်နှာစာ အညွှန်း Lead Room က Subject မည်သို့ သော နေရာကို သွားနေသည်ကို ပြနေသည်။


အထက် ပုံတွင် The Snowboarder  ကို  Rule of Thirds  နေရာတွင် ချထား ပြီး  ၄င်း၏ lead room ကို ရှေ့တွင် ထားကာ ပေါင်းစပ်ဖွဲ့ စည်းထားသည်။

 

အထက် ပုံတွင်မူ ပြေးနေသူ၏ ရှေ့ တွင် Lead Room ကိုထားခြင်းဖြင့် ပုံ ကို ပို၍ ကြွ လာစေသည်။ နေ၀င် နေသည်ကိုလည်း ပို၍ အာရုံ ရောက်စေသည်။



အထက် ပုံတွင် lead Room ကို ပြေးသူ၏နောက် တွင် ထားသည်။ ဤ သို့ ဖြင့် ပြေးနေသည်မှာ ပုံထဲ မှ ထွက် သွားတော့ မည် တစ်နည်းအားဖြင့် ပြေးနေခြင်း ပြီးပြီ ဟု အနက်ဖွင့် ပေးသည်။


S ပုံ မျဉ်းကွေး




(S curve )

ပုံ တွင် အင်္ဂလိပ် အက္ခရာ S ပုံ သဏ္ဍာန် အကွေးပေါ်နေသည့် လိုင်းကို ဆိုလိုသည်။ အောက်ပုံရှိ မော်တော် ကာ မီး ရောင် အကွေး ကို ကြည့်ပါ။ ကြည့်သူကို အဆိုပါ  S  လိုင်းအတိုင်းဆွဲ ခေါ်သွားမည့်လိုင်း ဖြစ် သည်။ ပုံ ပို၍ အ သက် ၀င်သည်။  Model Figure များ ပုံ ပို၍ ပေါ် လာစေရန် လည်း သုံးနိုင်သည်။


အထက် ပုံ ၏ S Curve မျဉ်း ကွေးသည် အဆိုပါ ပုံ ကို ပို၍ စိတ်ဝင် စားဘွယ်ရာ ဖြစ်လာစေသည် မှာ သာဓက ဖြစ်သည်။



                   
ဤ ပုံမှာ မူ S Curve မဟုတ်ဘဲ မျဉ်းဖြောင့် ဖြစ်နေသဖြင့် ပုံ သည် အားနည်းနေသည်ကို တွေ့ ရမည်။



 
S Curve သည် ပုံများ၏ ကိုယ် ဟန် အနေအထား တွင်လည်း သုံးနိုင်သည်။ အထက်ပါ Greek and Roman  ရုပ်ထု များ တွင် S Curve သုံး ထားသည် ကို တွေ့ နိုင်သည်။

Foreground
များသော အားဖြင့် ရှုခင်းပုံ များတွင် Background နှင့်  Middle Ground တို့တွင် ဧရိယာပိုယူထားကာ Foreground နေရာမှာ အနည်း ငယ်သာရှိလေ့ ရှိသည်။ အဆိုပါ   ရှု ခင်းပုံ၏ Foreground နေရာတွင် ထင်ရှား ပေါ်လွင်သည့် Subjects အချို့ ထားခြင်းဖြင့် ပုံ ကို ပို၍ အာရုံစိုက် လာစေသည်။ ကြည့် သူကိုယ် တိုင် ပုံ ထဲ သို့ ရောက်နေသည်ဟု ခံ စားလာနိုင်စေသည့် နည်းလည်း ဖြစ်သည်။


အထက် ပုံတွင် ပုံ၏ Foreground ရှိ ကျောက်တုံး များသည် ပုံ၏ အကွာအဝေး နှင့် အတိုင်းအဆ တို့ ကို ပြသည့် နှိုင်းရပ် လည်း ဖြစ်နေသည်။



အထက်ပါ ပုံ၏ Foreground တွင် ကျောက်တုံးများ ပိုရှိနေခြင်းက ပုံ အပေါ် ခံစားမှု ကို ပို ပေး နိုင်သည်။
အကယ်၍ Foreground ရှိ ကျောက်တုံးများကို ဖယ်၍ ကြည့်ပါက Foreground တွင် အာရုံ စိုက်ရန် မည်သည့် အရာမျှ ရှိမည် မဟုတ်။
 






ခွင်ဖြည့်ခြင်း
Fill the frame
 
 ဓါတ်ပုံ ရိုက်သည့် အခါ အနားသို့ ကပ်နိုင်ခြေ ရှိပါက အနားကပ် နိုင်ရန် ကြိုးစားပါ။ ပုံ ရဲ့ Frame တွင် Subject ကို ဖြည့် လိုက်ခြင်း ဖြင့် အားကောင်းသည့် ဖွဲ့စည်းမှု Composition တစ်ခု ရလာနိုင်သည်။

 
 

အထက်ပါ ပုံတွင် ၀ံပုလွေ ၏ ခေါင်းကို ညာ ဘက်က ပုံ ကဲ့သို့ frame အတွင်း  ဖြည့် လိုက်ခြင်းဖြင့် ၀ံ ပုလွေ ကို ပို၍ ထင်ရှားလာစေသည်။ ပုံ နှစ်ပုံသည် အတူတူ ဖြစ်စေကာမူ ညာ ဘက်ရှိုပုံ သည် ဘယ်ဘက် ပုံ နှင့် များစွာ အားကောင်း သည် ကိုတွေ့ နိုင်သည်။

ဘောင်ခတ်ခြင်း
Framing

အခြားနည်း တစ်ရပ်မှာ Foreground နှင့် ဘောင်ခတ်ခြင်း ဖြစ်သည်။ အောက် ပုံ ကို ကြည့် လျှင် Taj Mahal ပုံကို ပြူတင်းပေါက် နှင့် ဘောင်ခတ် ထားသည်ကို တွေ့ ရမည် ဖြစ်သည်။ ဤ နည်းသည် ပုံ ကို အထူး အာရုံ ရောက်စေရန် ပို့ ပေး သည့် နည်း လမ်း ကောင်း ဖြစ်သည်။


အထက်ပုံသည် Window Frame Sihouette ဖြင့် Taj Mahal ကို ဘောင်ခတ် ထားခြင်း ဖြစ်သည်။
 

 

ပုံ ကိုဘောင်ခတ်ခြင်းသည် အထက် Taj Mahal ပုံတွင် ဘောင် ခတ် ထားသကဲ့သို့ တိတိကျကျ ချည်း အစဉ် ဖြစ်နေရန် မလိုပါ။ အထက်ပုံ ကို ကြည့်လျှင် သစ် ပင် နှစ်ပင် ဖြင့် ပင် Frame လုပ်ထားသည်ကို တွေ့ နိုင်သည်။

ဘောင်ခတ်ခြင်း Framing လုပ်ရာတွင် အရာ ၀ထ္ထု ၊ သဘာဝ ပစ္စည်း များဖြင့် သာမက လူ ဖြင့် လည်း ဘောင်ခတ်နိုင်သည်။ အောက်ပါပုံ တွင် Main Subject ဖြစ်သော အမျိုး သမီး ကို ၄င်း၏ ပတ်ဝန်းကျင် မှ လူ များဖြင့် ဘောင် ခတ်ကာ ရိုက် ကူးထားခြင်း ဖြစ်သည်။


 
---------------------------------------------------------