Friday 26 October 2012

Down the Memory Lane ( South Africa - Part 4)

Down the Memory Lane ( South Africa - Part 4)


 


စိတ်အစဉ် အတွင်းမှ အာဖရိက

အပိုင်း(၄)

                (တောင်အာဖရိကရှိ  စိန် များ ထွက်ရှိရာ  Kimberley )


by Soe Hlaing


Kimberley ဟု ဆိုလျှင် တောင်အာဖရိက၏ စိန်ထွက် သည့် နေရာဟူ၍ Kimberley နှင့်    " စိန် " ကို တွဲကာ လူသိများကြသည်။ စိန် ဆိုလျှင်လည်း တောင်အာဖရိက စိန်သည် လူကြိုက်များ ထင်ရှားသည့် စိန် ထဲတွင် ပါဝင်သည်။ နိုင်ငံခြားရုပ်ရှင် အချို့တွင်မှာပင် ဇာတ်ဆောင်များက ၄င်း တို့ ၏ စိန်သည် တောင်အာဖရိက စိန်ဟု ဂုဏ်ယူစွာ ပြောသည် ကိုကြားဖူးသည်။ တောင်အာဖရိက Northern Cape ပြည်နယ်မြို့တော် ကင်ဘာလေ ( Kimberley ) သည် ယခင်က ကမ္ဘာပေါ်တွင် စိန် အများဆုံးထုတ်ပြီး စိန် ဈေးကွက်ကို ချုပ် ကိုင်ထားသည့် De Beers ၏ စိန် ထုတ် လုပ် ရာ နေရာလည်း ဖြစ်သည်။



                                          Kimberley and the Big Hole
 
 

ကျွန်တော် တောင်အာဖရိက နိုင်ငံတွင် နိုင်ငံတာဝန် ထမ်းဆောင်ခဲ့စဉ် က Northern Cape ပြည်နယ် အစိုးရ က စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ အစည်းအဝေး တက်ရန် ဖိတ်သဖြင့် ကင်ဘာလေမြို့ သို့ ရောက်ခဲ့ရပါသည်။


ကင်ဘာလေ အသွား ဖြတ်သန်းရသည့် အာဖရိက လွင်ပြင်


 
                              Northern Cape Economic Cooperation Meeting
 

အစည်း အဝေးသည် နံနက်ခင်း တစ်ခု သာ ကြာပြီး တာဝန်ရှိသူများက ကမ္ဘာကျော် တောင်အာဖရိက ထိပ်တန်း စိန်များ ထုတ်လုပ်ရာ De Beers စိန် တူးဖေါ် ရာ မိုင်း နေရာ ဟောင်း နှင့် ပြတိုက် ကို လိုက်လံ ပြသပါသည်။ ပြည်နယ် အစိုး ရ ဧည့်သည် အဖြစ် ယခင် က De Beers စိတ်ထုတ်လုပ်ခဲ့သည့် ကမ္ဘာ ကျော် ဧရာမ ကျင်းနက်ကြီး ( The Big Hole ) နှင့် စိန် ထုတ်လုပ် ရေးဆိုင်ရာ ပြ ခန်းများကို လေ့လာခဲ့ရ သည်။

 
 
                       ရေထွက် နေပြီဖြစ်သော ကြောင့် စိန်ထုတ်လုပ် မှု ရပ်ဆိုင် ခဲ့ရ သည့်
                                    De Beers ကုမ္မဏီ ၏ The Big Hole
 

De Beers ကုမ္မဏီ ကို စတင်ထူထောင်ခဲ့သည့် Cecil Rhodes သည် ၁၈၇၁ ခု နှစ်လောက်ထည်းက ယခု တောင်အာဖရိ က ခေါ်သည့် အရပ်တွင် စိန် များကို စတင်ရှာဖွေ ခဲ့သည်။ ယခု Kimberley ဟုခေါ်သော အရပ် ဖြစ်သည့် Colesburg Kopje အရပ်တွင် ၈၃.၅ ကရက် အရွယ် စိန်ကြီးကို ရှာဖွေတွေ့ရှိပြီး ထို ငွေဖြင့် အရင်းအနှီး မတည်ကာ Barney Barnato ကုမ္မဏီ အုပ်စုနှင့်ပေါင်း၍ ၁၈၈၈ ခုနှစ်တွင် De Beers ကုမ္မဏီ ကို စတင် ထူထောင် ခဲ့သည်ဟု သိရပါသည်။

 

 
                              Big Hole နေရာတွင် စိန် တူးစဉ်က မြင်ကွင်း

 

De Beers စိန်တူး ခဲ့ သည် တွင်းနက်ကြီး ( The Big Hole )သည် ကမ္ဘာပေါ်တွင် လူ သား များ တူးသည့် တွင်း များအနက် အကြီးဆုံး တွင်းကြီး ဖြစ်သည်။ နေရာမှာ ဧရိယာ ၁၇ ဟက်တာ ရှိပြီး ၂၁၅ မီတာ အနက်ရှိသည်။ မြေအောက် မိုင်း မှာမူ အနက် ၁၀၉၇ မီတာခန့် ရှိသည်။ မြေအောက် မိုင်း ကို ပိတ် လိုက် သည်မှာ မကြာသေး။ ဧည့်သည်များကိုမူ များစွာ များစွာ မနက်လှသည့် မိုင်း အတွင်းရှိ ပြ ခန်းများသို့သာ ပို့ ဆောင် ပြီး လုပ်ငန်း သမိုင်းစဉ် ကို ရုပ်ရှင်ဖြင့် ပြပါသည်။


ဗီယက်နမ် သံအမတ်ကြီး၏ဇနီး နှင့် ပါကစ္စတန်သံအမတ်ကြီးတို့၏ဇနီးများ De Beers                 မြေအောက် မိုင်းအတွင်း တစ်နေရာ လေ့လာနေကြစဉ်။


အဆိုပါဒေသတွင် စိန် စတင်ရှာဖွေကြသည့် ၁၈၇၁ ခုနှစ်မှ တွင်းကြီး အတွင်း ရေထွက်လာ ရာ မှ အတွင်းကြီး အတွင်းသို့ ရေအနက် ၁၇၅ မီတာအထိ တက်လာသည့် အတွက် စိန် ထုတ်လုပ်မှု ပိတ်လိုက် ရသော ၁၉၁၄ ခု အထိ လုပ်သားပေါင်း ၅၀၀၀၀ ခန့်သည် စိန် အလေးချိန် ၂၇၂၀ ကီလို ဂရမ် ထုတ်လုပ် ခဲ့ ကြသည်ဟု သိရသည်။ ယခု အချိန်တွင် တွင်းကြီး အတွင်းရှိ အခု ရေ အနက်မှာ မီတာ ၂၃၀ အထိ ရှိနေပြီ ဖြစ်သည်။

 

                                            Facts on the Big Hole.

 
ပြတိုက်တွင် တန်ဘိုးအလွန်ကြီးသည့်စိန်များ ပြသရာ ပြတိုက်၏ပြခန်းနံရံများကို ကျည်ကာ မှန်များဖြင့် ကာရံထားသည်။ ဓါတ်ပုံရိုက်၍ မရအောင်လည်း အလင်းရောင် အနည်းငယ်သာ ပေးကာ စိန်ကို လက်တန်ရှည် သံမဏိ တန်းငယ် တစ်ခု ပေါ် တင်၍ မြင်သာရုံ ခတ်မြန်မြန် လှည့်ထားသည်။ အဓိက ရည်ရွယ် ချက်မှာ ဓါတ်ပုံ မရိုက်နိုင်စေရန် ဖြစ်ပါသည်။ အချို့သော စိန်များကိုမူ ပုံမှန် ပြခန်းများတွင်သာ ထား သဖြင့် ဓါတ်ပုံ ရိုက် နိုင်သည်။


                                                       စိန် အရိုင်း

 
                                             တွင်းထွက် စိန် အရိုင်း


Largest Rough Diamonds of the World

Rank
Name
Carats
Discovery Date
Place
1
Cullinan
3106.00
1905
South Africa
2
Excelsior
995.20
1893
South Africa
3
Star of Sierra Leone
968.90
1972
Sierra Leone
4
Zale
890.00
1984
South Africa
5
Great Mogul
787.50
1650
India
6
Woyie River
770.00
1945
Sierra Leone
7
Vargas
726.60
1938
Brazil
8
Jonker
726.00
1934
South Africa
9
Reitz
650.80
1895
South Africa
10
(Unnamed)
620.14
1984
South Africa










 Source- Mark Solomon Jewellers.






Largest Cut Diamonds of the World

Rank
Name
Carats
Colour
Shape
1
Golden Jubilee
545.67
Yellow-brown
Cushion
2
Cullinan I (Star of Africa)
530.20
Colourless
Pear
3
Incomparable
407.48
Yellow
Pear
4
Cullinan II (Lesser Star of Africa)
317.40
Colourless
Cushion
5
Great Mogul
280.00
Colourless
Rose
6
Nizam
277.00
Colourless
Dome
7
Centenary
273.85
Colourless
Fancy
8
Great Table
250.00
Pink
Rectangular
9
Indien
250.00
Colourless
Pear
10
Jubilee
245.35
Colourless
Cushion












 Source- Mark Solomon Jewellers.



အထက်ပါ ဇယားကို လေ့လာကြည့် ပါက ဗြိတိန်ဘုရင့် သရဖူ ထိပ်တွက် တပ်ဆင် ထားသည် Cullinan I, The Star of Africa ကဲ့သို့ အရည်အသွေး ထိပ်တန်းကောင်းသည့် စိန်များ တောင်အာဖရိက မှထွက်ရှိကြောင်း နှင့် အခြား မြောက်များစွာ သာအရည် သွေးမြင့် စိန်များသည်လည်း တောင်အာဖရိက မှ ထွက်ရှိသည်ကို သိရှိနိုင်သည်။

 
ကမ္ဘာ့ မြေလွှာအောက် တွင် နှစ်ပေါင်း ထောင်သောင်းချီ ကာ တည်ဖွဲ့ ခဲ့သည့် မာကြောမှု အဆင့် (၁၀)ရှိ စိန် မဆိုထားဘိ မြေပေါ်တွင် ရာသီအလိုက်သီးသည့် စပြစ်သီး နှင့် ချက် သည့် ၀ိုင်သည်ပင်လျှင် ဒေသတစ် ခုထည်းမှဖြစ်စေကာမူ မြေသြဇာ ကွာခြားမှုကိုလိုက်၍ အရသာ ကွဲပြားကြောင်း ကို သြတြေလျှ   Beachworth မြို့ရှိ   Brown Brothers            ၀ိုင်ချက် စက်ရုံ၏ ပြတိုက်တွင် မြေသားနမူနာ နှင့်တကွ ပြသထားသည်ကို တွေ့ ရဘူးသည်။ ထို့ အတူ ပင် အိန္ဒိယ ၏ နာမည် ကျော် Basmati ဆန်သည် လည်း ပင်ရင်း စိုက်ပျိုး ရာ မြေ မှ လွဲ ၍ အခြားသော မြေတွင် ပြောင်းရွှေ့ စိုက်ပျိုး ပါက မူရင် အနံ့  အရ သာ များ လျှော့ ပါးသွား သည် ဟု သိရှိရပါသည်။ ဒေသ တစ်ခု ၏ ပင်မ ဖြစ်ပေါ် မှုသည် ထိုဒေသ၏ သရုပ် ဿကန် တစ်ခု သာ ဖြစ်ပါသည်။

ထိုထက် ဖွဲ့စည်း ဖြစ်တည်မှု များစွာမြင့်မားသည့် စိန် ဆိုလျှင်ကား ဆိုဘွယ်ရာမရှိ။ မြန်မာနိုင်ငံမှ ပတ္တမြားသည် တောင် အာဖရိက ၌ မရှိနိုင်သကဲ့ သို့ တောင်အာ ဖရိက ၏ အရည် အသွေး စိန်မျိုး သည် လည်း အခြားသော နိုင်ငံများတွင် ရှိနိုင်ရန် ခဲယဉ်းသည်။ နေရာ ဒေသ လိုက်၍ သဘာဝ သယံဇာတ ဖြစ်ပေါ်မှု ကွာ ခြားမှု ရှိနိုင်သည်။




 
The Cullinen I ( The Star of Africa Diamond )
 

The Cullinen I , The Star of Africa Diamond ကို တောင်အာဖရိက ၌ ၁၉၀၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် Premier မိုင်း လုပ်သား Frederick Wells က အမှတ်တမဲ့ မိုင်းဘေးတွင် တွေ့ ရှိခဲ့ ခြင်း ဖြစ်သည်။ ပထမ တွင် ဖန်ကွဲ အစ ဟုသာထင်ခဲ့ ကြရာမှ စစ်ဆေးကြည့်သောအခါတွင် အထင်ကရ စိန်ကြီး ဖြစ်နေမှန်း သိ ရှိခဲ့ကြသည်။ လူ့ဘ၀ တွင် သာမညဟုထင်မှတ်ထား ရာ မှ အထင်ကရလည်း ဖြစ်တတ် သည့် သာဓက တစ်ခုဖြစ် ပါသည်။

အင်္ဂလန် ဘုရင် King Edwars VII က အဆိုပါ Cullinan I –Star of Africa စိန်အား သရဖူ တွင် တပ်ဆင်ရန် အမိန့် ပေးခဲ့သည်ဟု သိရှိရသည်။

 
 

 
 ဗြိတိန် ဘုရင့် သရဖူ တွင် တပ်ဆင်ထားသည့်
The Cullinen I ( The Star of Africa Diamond )
 
 
 
                                       De Beers ပြတိုက်တွင်  ဓါတ်ပုံ အရိုက် ခံ သည့် အဆင့်ရှိစိန်
 

 
                              ကျည်ကာမှန် လုံအခန်း အတွင်းရှိ ဓါတ်ပုံ အရိုက် လုံးဝ မခံသည့် စိန်။
 
 

ကျွန်တော်တို့သည် ပြည်နယ်အစိုးရ ဧည့်သည် ဖြစ်သောကြောင့် ကန့်သတ်ပြခန်း အတွင်း ကင်မရာအသေး ယူသွားသည်ကိုတားမြစ် ခြင်းမရှိသည့်အတွက် အထက်ပါပုံ ရိုက်ကူး နိုင်ခဲ့ ပါသည်။ စင်စစ် ဤ နေရာသို့ ကင်မရာ ယူခွင့်မပြုပါ။

 

လာရောက် လေ့လာသည့် ဧည့်သည် များ Big-Hloe ၏ အတွင်း ပိုင်း ကို ကြည့် ရန်  The Big Hole ကြီး ၏ အ၀ိုင်း မျက် နှာပြင်  ၏ လေးပုံ တစ်ပုံခန့်အထိ သို့ ထိုးပေးထား သည့် သံတံတားကြီးပေါ် မှ တွင်း အောက်ပိုင်းကို သေချာ စွာ ကြည့်နိုင်သည်။

 
 
                                   The Big Hole အပေါ်၌ ထိုးထားသည့် တံတား အပေါ်တွင်

  
The Big Hole
 
 

                                                    The Big Hole အ၀င်

 
 
ယင်းနောက် စိန် ထုတ်လုပ် မှု ဆိုင်ရာ လုပ်ငန်းသမိုင်းကြောင်းဆိုင်ရာရုပ်ရှင်ပြသည်။ ၁၈၇၀ ပိုင်းလောက်တွင် အဆိုပါ ဒေသရှိ ဒေသခံ ခလေးငယ်များသည် စိန်အရိုင်းတုံး ကလေးများကို ထွေခင်း ကစားကြသည်။ တန်ဘိုးရှိမှန်းလည်း မသိကြ။ ထိုဒေသသို့ ရောက်လာသည့် ဗြိတိသျှများက အဆိုပါ ကျောက်တုံးလေးများကို အင်္ဂလန်သို့ ယူသွား၍ စစ်ဆေးကြည့်ရာ စိန် ဖြစ်နေမှန်းသိသောအခါ ဗြိတိသျှများ အဆိုပါဒေသသို့ လာရောက်ကြကာ စိန်စတင် ရှာဖွေ တူးဖေါ် ကြခြင်း ဖြစ်ပါသည်။ ဤ သည်မှာ ယခု တောင်အာဖရိက ခေါ် တွင်သည့် ဒေသ ၏ စိန် ထုတ်လုပ်မှု သမိုင်း ၏ အစပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ အခြားသော ဒေသထွက် စိန် များ နှင့် နှိုင်းယှဉ် လျှင် တောင် အာဖရိက စိန်သည် အရည် အသွေးကောင်း ပြီး ဈေးလည်း ကြီးသည် ဟု သိရှိရပါသည်။ ဂျို ဟန်နစ္စဘတ်မြို့ တွင် စိန်သွေးသည့် လုပ်ငန်းများရှိပါသည်။ အိန္ဒိယ မှ စိန်သွေး သည့် လုပ်ငန်းများ လည်း ရှိပါသည်။
 

 
 
 
                                                 ပြခန်း တစ်နေရာ


                            ပြခန်း တစ်နေရာ                             


                                                       ပြခန်း တစ်နေရာ


                                   De Beers  ပြခန်းရှိ ဈေးဆိုင်များ နှင့် စားသောက်ဆိုင်
 
 
 
 
 
Kimberley Safari
 

ညနေခင်းတွင် Kimberley Safari Park သို့ ညပိုင်းတွင် ထွက်သည့် သားကောင် များကြည့်ရန် ပို့ပေးသည်။ တောင်အာ ဖရိက ရှိ National Park များတွင် Big Five ဟုခေါ်သည့် ခြင်္သေ့၊ ဆင်၊ တောကျွဲ ၊ ကျားသစ်၊ ကြံ့ တို့ ရှိမှ ပြည့်စုံ သည့် National Park အကြီးစားဟု ဆိုသည်။ Krugar National Park ကဲ့ သို့ ကမ္ဘာ ကျော် Safari Park ကြီးသည် ပြည်နယ် ကြီး တစ်ခု နီးပါးကျယ် သည်။ Big Five ရှိ သည့် နေရာ ဖြစ်သည်။ သို့ သော် တစ်ချိန်ထည်းတွင် Big Five အားလုံး ကို အလွန်ကံ ကောင်း မှ သာ တွေ့နိုင်သည်။ တွေ့လှ အလွန်ဆုံး ၃ မျိုးလောက် သာပင်။

Kruger National Park အကြောင်းကို တောင်အာဖရိက အပိုင်း(၃) တွင် အသေးစိတ် ရေး ထားပြိး ဖြစ်ပါသည်။

 
The Big Five of Africa
 

Kimberley Safari Park ကို ထူထောင် ထားသည်မှာ မကြာ သေး။ အကောင် ဘလောင်လည်း များများ ရှိသေးပုံ မပေါ်။ သို့သော် ပြည်နယ် အစိုးရ က ၄င်း တို့ပြည်နယ်၏ ထူးခြားမှု တစ်ခု ဖြစ်သော Safari Park ကိုပြလိုသည်။ Kruger National Park ကဲ့ သို့နေရာမျိုး ရောက်ခဲ့ပြီးသည့် ကျွန်တော် သည် နေ့ခင်းမှာ ပူပေမဲ့ ညခင်းမှာ အလွန်အေးသည်ကို သိနှင့်၍ တည်းခိုသည့် အဆောင်မှ ထွက်လာကထည်း က အနွေးထည် ယူသွားသည်။

 

Base Camp သို့ ရောက်တော့ ညနေစောင်းနေပြီ။ အအေး ဓါတ် ၀င်လာပြီ။ Safari Park တစ်ခုလုံးကို စီမံ ကြီးကြပ် နေသူများမျာ အဖြူ များဖြစ်နေကြသည်ကို တွေ့ရသည်။ Safari ကားတွေ သည် အမိုးဖွင့် အသစ် များဖြစ်သည်။ နေရောင် ပျောက်ချိန်တွင် ယာဉ်တန်း စထွက် သည်။ Safari Park က အသစ် ဖြစ် သဖြင့် တိရိစ္ဆာန်များအတွေ့ရ နည်းသည်။ တစ်ခါ တစ်ရံ တွင်သာ အာဖရိကတွင် အလွန် ကောင်ရေ များလှသော အာဖရိက သမင်ငယ် တစ်မျိုး ဖြစ်သည့် Impala အုပ်စုကိုတွေ့ ရသည်။

 
 
                                          Kimberley Safari Base Camp
 
 
                               Safari Car ပေါ်ရှိ ပါကစ္စတန် သံအမတ်ကြီး နှင့်သမီး


Kimberley Safari Trail  
 

                                                          Impala အုပ်စု


အတော် ဆက်သွားပါမှ အနည်ငယ် ကြည့် ပျော် ရှု ပျော် ရှိသည့် သမင်ချိုလိမ် Kudu အချို့ ကိုတွေ့ ရသည်။


 
   Kudu အုပ်


ဆက် ၍ မောင်းခဲ့ရာ ညပိုင်းရောက်လာသည်။ တိရိစ္ဆာန် တို့ ၏ အမူ အကျင့်မှာ ည ဦး ပိုင်းတွင် အစာရှာ ထွက်လေ့ရှိသည်။ Safari ကားများပေါ်မှ မီး နှင့် ထိုးကြည့်ရသည် ။ နံ နက် ခင်း တွင်လည်း တစ်ကြိမ် ထွက်သည်။ နေ့ခင်း တွင် လုံးဝ ထွက်လေ့ မရှိ။ ထို့ ကြောင့် Safari Park များသည် ညပိုင်း ၇.၃၀- ၈.၀၀ နာရီ ခန့် နှင့် နံနက် ၃.၀၀ နာရီခန့် တို့ တွင် Safari ကား ထွက်ပေးသည်။ Kimberley Park မှာတော့ ည ပိုင်းတွင် ဘာကောင် မှ မတွေ့။ အေးသည်ကလည်း လွန်ရော။

 

အနွေးထည် မပါဘဲ ရှပ် အင်္ကျီ ပါးလေးနှင့် လိုက်လာ သည့် အိန္ဒိယ သံရုံးမှ သံမှူး က " Safari ထဲ ဘာမိခဲ့ သလည်းလို့ မေးရင် တော့ အအေး ဘဲ မိလာတယ် လို့ ဖြေ ရမှာဘဲ " လို့ ပြော တော့ ငို အားထက် ရယ်အား သန် ဆိုသလို ဖြစ်ကြရ သည်။



-------------------------------------------
 

No comments:

Post a Comment