Wednesday 24 October 2012

Composition - Part (2)

(6)   Composition - Part (2)                                      ဓါတ်ပုံပညာ ဆိုင်ရာ မှတ်စုများ (၆)
 

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။)


                                ရှုခင်းပုံ  ဖွဲ့ စည်း မှု ဆိုင်ရာ ဥပဒေသ
  Rules of Composition for Landscape Photography
 
ဓါတ်ပုံပညာ တွင် Rule  နှင့် Guide Line တို့ ကို တရားသေ လိုက်နာမှု မရှိသည် များလည်း ရှိပါသည်။ နေရာတကာ တွင် ပုံသေ ဟူ၍ မရှိပါ။ သို့ သော် Rule နှင့် Guide Line တို့ ကို နားလည် ထားရန်
လိုပါသည်။ မြန်မာ စကားပုံ အရ " ၀ိ နည်း တတ်တော့ ကြက် သတ်လို့ ရတယ် " ဆိုတာရှိပါတယ်။ ကြက်သတ် လို လျှင် ၀ိနည်း တတ် ဘို့ လိုပါတယ်။ အောက်ပါ ဥပဒေသ များသည် ရှု ခင်းပုံ ဖွဲ့ စာ်းမှု ဆိုင်ရာ ဥပဒေသ များဖြစ်သည်။ အတိ အကျ လိုက် နာရမည်ဟု မဆိုလိုပါ။
 
1. Diagonal Lines

ထောင့်ဖြတ်မျဉ်း ဥပဒေသ အတိုင်း ဖွဲ့စည်း ခြင်းသည် ကြည့် သူ၏ အမြင် အာရုံ ကို Center of Interest အတွင်းသို ထိထိ ရောက်ရောက် ဆွဲခေါ် သွားနိုင်သည့် နည်း ဖြစ်သည်။ အဆိုပါလိုင်း သည် တကယ့် လိုင်း  မဟုတ်ဘဲ လမ်ကြောင်း ၊ သစ်ပင်တန်း ၊ မြစ် ၊ နှင့် အလားတူ အခြား အရာ များ ဖြစ်နိုင်သည်။ နေရာ မတူသည့် နေရာမှ လာသော လိုင်း နှစ်ခု သို့ မဟုတ် ယင်းထက်ပိုသော လိုင်းများ၏ ဆုံ ရပ် Converging Lines သည် ပုံ ကို ပို ၍ အသက်ဝင်စေသည်။

2. Geometric Shapes
ရှုခင်းပုံ ၏ အဓိက အရာ ကို Geometric Shape ပေါ်တွင် ထား၍ ဖွဲ့စည်း ခြင်း ဖြစ်သည်။ အထက်ပါ ပုံတွင် Key aspect ဖြစ်သည့် လူ ကို Geometric Line ဖြစ်သည့် လမ်း ပေါ်တွင် ထားခြင်း- သည် ပုံ ဖွဲ့စည်းမှု အချိုးကို ပို၍ မျှ စေသည်။ အလွယ် နည်းမှာ ပုံတွင်ပါရှိသည့်  Subject သုံးခု တို့ ကို တရိဂံ ဆွဲကာ တစ်ခုစီ အား ထောင့်နေရာများတွင် ပို့ ထားပြီး တစ်ခု ကို အလယ် သို့ နည်းနည်း တိုး၍ နေရာချ ထားရန် ဖြစ်သည်။
အချို့ ဤ နည်းကို မသုံးကြပါ။ သို့ သော် ဤ နည်းစနစ်သည် ရှု ခင်းပုံ ဖွဲ့ စည်းမှု ကို အလွန်အချိုး ကျ စေပြီး ကြည့် သူ၏ အမြင်အာရုံ ကို ဆွဲဆောင် နိုင်စွမ်းရှိသည့် နည်း ဖြစ်သည်။.
3. The Rule of Thirds
The Rule of Thirds သည် ဓါတ်ပုံ Composition တွင် မဖြစ်မနေ ကနဦး လေ့လာရသည့် ဥပဒေသ ဖြစ်သည်။ ရှုခင်း ပုံများတွင် လည်း သုံးရသည့် နည်း ဖြစ်သည်။ အထိရောက်ဆုံးလည်း ဖြစ်သည်။ ပုံ တစ်ပုံ ကို အလျှား နှင့် ထောင်လိုက် မျဉ်း နှစ်ကြောင်း စီဖြင့် ၉ ပိုင်းပိုင်း ကာ မျဉ်း များ အခြင်းခြင်း ဖြတ်သွားသည့် ဆုံမှတ်များနေရာတွင် Subject ကိုနေရာချသည့် နည်း ဖြစ်သည်။  အမြင်အာရုံ ကို ဆွဲဆောင် သည့် နေရာများ ဖြစ် ၍  Point of Interest ဟု ခေါ်သည်။
                                                        




4. Framing Images
 
ပုံကို ဘောင်ခတ်ခြင်း  Frame သည် Foreground ကို Interest Points များ ဖြည့်ပေး ခြင်း ဖြစ်သည်။ ဤ သို့ ဖြင့် Main Subject ကို အမြင်အာရုံ ပို့ ပေး ခြင်း ဖြစ်သည်။ ရှုခင်း များ၏ အထက်ပိုင်းတွင် ကိုင်းကျ နေသည့်  သစ်ကိုင်းများ ထားလေ့ရှိသည်။ အချို့ပုံများတွင် တံတားများကိုလည်း Frame အဖြစ်သုံးကြ သည်။
 
လိုအပ်လျှင် ဥပဒေသများကို ချိုးဖေါက် နိုင်မည် လော။
ဥပဒေသ များ မည်သို့ပင် ရှိနေစေကာမူ ချိုးဖေါက် နိုင်ပါသည်။ သို့ သော် အဆိုပါ ဥပဒေသ ကို သိနေဘို့ တော့ လိုမည် ။ သို့ မှသာ လှလှ ပပ ချိုးဖေါက် နိုင်လိမ့် မည်။ မှတ်စု တစ်ခုတွင် ရေးခဲ့ သလို " ၀ိနည်း တတ်မှ သာ ကြက်သတ်လို့ ရမယ် "


--------------------------------------------------------





No comments:

Post a Comment