Tuesday 30 October 2012

Center of Interest ( COI )

(12)    Center of Interest ( COI )                            ဓါတ်ပုံ နည်းပညာရပ် ဆိုင်ရာ မှတ်စု (၁၂)



          အာရုံ ကိုဆွဲဆောင်သည့် ဗဟိုချက်မ ( Center of Interest )

by Soe Hlaing


ဓါတ် ပုံ တစ်ပုံတွင် ကြည့်သူ၏ အာရုံ ကို ဆွဲဆောင် နိုင်သည့် အဓိက Idea နှင့်  Theme တစ်ခု အနည်း ဆုံးရှိနေရပါမည်။ ဤကဲ့သို့Idea နှင့် Theme  မရှိသောပုံသည် မှတ်တမ်း ဓါတ်ပုံသာ ဖြစ်လိမ့်မည်။ ရဿ မဲ့သော ပုံ သာလျှင် ဖြစ်ပါ လိမ့်မည်။

ဓါတ်ပုံ တစ်ပုံ ရှိ ကြည့်သူ၏ အာရုံကို ဆွဲဆောင်သည့် အရာ သို့ မဟုတ် အဓိကထား ပြသလိုသည့် အရာ မှာ COI ( Center of Interest ) ဖြစ်ပါသည်။ ဓါတ်ပုံ ဆရာတို့သည် မိမိပြ လိုသည့်  Subject ကို  Strong COI ဖြစ်လာစေ ရန် အတွက် ဓါတ်ပုံသမား အများစုသိပြီး ဖြစ်ကြ သော Rule of Thirds အပါဝင် အခြားသော ဥပဒေသ များအရ ဓါတ်ပုံပေါ်တွင် နရာချထားကြသည်။ ဤသည်မှာ မိမိအနေနှင့် မည်သည့် အကြောင်းအရာအား ဖေါ်ပြလိုသည်ကို ကြည့်သူထင်းကနဲမြင်သာစေရန် လုပ်ဆောင်သည့် အချက်ပင် ဖြစ် သည်။

ပုံ တစ်ပုံတွင် အဓိကကျသည့်   (Main Subject )  COI တစ်ခုသာ ရှိသင့်သည်။ တစ်ခု ထက်ပိုပါ ကလည်း ကျန် subject များသည် Main  subject ကို ပံ့ ပိုးပေးသည့်အနေ အထားတွင်သာရှိရပါမည်။ သို့ ရာတွင် အောက်ပါ ပုံကဲ့သို့ ပြလိုသည့် Subject က များနေလျှင်  COI များ ရှုတ်ထွေး ကုန်ကာ ကြည့်သူ အနေနှင့် မည်သည့် အရာ ကို ကြည့်ရမှန်း မသိဘဲ မျက်စေ့ လယ်ကုန် မည်ဖြစ်သည်။ 

 
COI ကို ရှင်းရှင်း ထင်းထင်း နေရာချထားခြင်းသည် အထိရောက်ဆုံး ဖြစ်သည်။ ဥပမာ ကန်ရေပြင် ပြာပြာ ပေါ်တွင် ဖြူ ဖွေးနေသည့် ရွက်လှေ တစ်စီး ပုံ မျိုးသည် ကြည့်သူအနေနှင့် မည့် သည့် အာရုံ မျှ ပြန့်လွင့် ခြင်း မရှိဘဲ COI ဖြစ်သည့် ရွက်လှေ ကို သာ ကိုတန်း၍ ရောက် သွားပေလိမ့် မည်။ အောက်ပါ ပုံ သည် ပြလိုသည့် COI ကို ထင်းကနဲ မြင်အာအောင် ပြသည့် Strong COI ဖြစ်ပါသည်၊

 
ပုံ တစ်ပုံ ၏ ဖွဲ့စည်း မှု တွင် မိမိ အထူးပြု ပြလိုသည့် Subject ကို Composition ဥပဒေသများ အရ နေရာချထားပါက Strong COI ရရှိပေမည်။ အဆိုပါ ဥပဒေသများကို Composition မှတ်စုများ တွင် ဖေါ်ပြခဲ့ ပြီး ဖြစ်ပါသည်။ တစ်ခု ကျန်နေသည်မှာ Dynamic Symmetry ဖြစ်သည်။ ယင်းနည်း က ပုံကို ထောင့် ဖြတ်မျဉ်း ဆွဲကာ အခြားထောင့် ထောင့် မှ အဆိုပါမျဉ်းထံ သို့ မျဉ်းမတ်ဆွဲ ရာတွင် ရရှိသည့် ဆုံမှတ်နေရာကို ဖြစ်ပါသည်။ အဆိုပါ ဆုံမှတ်သည်လည်း Point of Interest တစ်နေရာဖြစ်ပါ သည်။ အောက်ပါ ပုံ ကို ကြည့် လျှင် ပို ရှင်းပါမည်။
 


အထက်ပါ ပုံတွင် ငန်း ကို Dynamic Symmetry  အရ နေရာချ ထားခြင်း ဖြစ်သည်။
 
K.I.S
 
Composition တွင် အရေးကြီးသည့် နည်းစနစ် တစ်ရပ်မှာ ပုံ ကို ရိုးရှင်းစွာ တင်ပြ ခြင်းဖြစ်သည့်  Keep it Simple ( K.I.S ) ဖြစ်သည်။  ပြလိုသည့် Center of Interest ကို ရိုးရိုး ရှင်းရှင်း နှင့် အထိရောက် ဆုံး ပြနိုင်သည့်အတွက်   Golden Rule ဟု ခေါ်ကြသည်။ အလွယ်ဆုံး နည်းလည်းဖြစ်သည်။ တင်ပြ တတ်ရန်တော့ လိုသည်။ ထို့ ကြောင့် The simpler the pcture, easier to understand the meaning  ဟု လည်း ဆိုကြသည်။ အဆိုပါပုံ မျိုးတွင် Main Subject များများ မပြ သင့်ဘဲ ပြလိုသည့် ပုံ ၏ Story  ကို ဖေါ်ဆောင် ပေးမည့်  subject တစ်ခုသာ ပြသင့်သည်။ အကယ်၍ Subject များနေလျှင် ကြည့်သူအ နေနှင့် အာရုံ ပြန့်သွားမည် ဖြစ်သည်။
 
 
အထက်ပါ ပုံသည် နောက်ခံ ရှင်းရှင်း Subject ရိုးရိုး စင်းစင်း ဖြင့်  ပြထားသည့် Keep it Simple နမူနာပုံ ဖြစ်သည်။
 
 
မှတ်စု များထဲ တွင် ပါဝင်ခြင်းမရှိသေးသည့် Point of Interest နေရာသတ်မှတ် သည့် နည်းတွေ လည်း ရှိဦး မည်ဖြစ်ပါသည်။


ဓါတ်ပုံရိုက်စဉ် ထည်းက မိမိ ဘယ် အရာ ကို အထူးပြု ပြလိုသည် ကို အရင် ဆုံးဖြတ်ရပါမည်။ ယင်းနောက် အဆိုပါ subject ကို Composition ဆိုင်ရာ ဥပဒေသ တစ်ခုခု ၏ အာရုံသက်ရောက်စေသည့် ဆုံမှတ်   ( Point of Interest )  နေရာတွင် အဖြစ်နိုင်ဆုံး ထားပြီး မှ ရိုက်ပါက Post Production လုပ်ချိန် တွင် ယင်းအတွင် အထူး ပြင်ဆင်ရန် လိုမည် မဟုတ်တော့ပါ။

အောက် ပါ ပုံများသည် COI ကိုပြရာတွင် အားကောင်းသည့် ( Strong Center of Interest ) နမူနာ ပုံများ ဖြစ်ပါသည်။ Photo Clinic တွင် ဓါတ်ပုံ ပညာရှင်များက Strong Center of Interest ဖြစ်သည့် ပုံ များဟု မှတ်ချက် ပေးထားသည့် ပုံများဖြစ်ပါသည်။


အထက်ပါ ပုံတွင် Center of Interest သည် ပုံ ကို ထိမ်းချုပ် ထားနိုင်ပါသည်။ ပြသလိုသည်ကို ထင်ရှားစွာ ပေါ် လွင်စေပါသည်။



ဤပုံတွင် ကြည့်လိုက်သည်နှင့် COI ဖြစ်သည့် ခလေးငယ် လက်ဖြင့် ပြ ထားသည့် မျက်လုံးကို တန်း၍ ကြည့်ဖြစ်သည်။



လှေလှော်နေသူ မည်သည့် အရာကို ကြည့်နေပါလိမ့် ၊ ဘယ်နေရာကို သွားနေပါလိမ့် ဆိုသည့် အတွေး ကိုဖေါ် ပေးသည့် ပုံ ဖြစ်သည်။ Expression က လည်း Strong COI ကို ဖေါ်ပေးနိုင် သည်။


Center of Interest အားနည်းသော ပုံများ




တစ်ခါ တစ်ရံ Main Subject သည် ပုံ တစ်ခုလုံး တွင် ဖုံးနေသည်များ ရှိတတ်သည်။ အဆိုပါ အခြေ အနေမျိုးတွင် COI အတော် အားနည်း သွားပေလိမ့်မည်။  ဥပမာ အားဖြင့် အထက်ပါ Glacier ပုံမျိုး ဖြစ်သည်။




အထက်ပါ ပုံ တွင် ပြလိုသည့် Main Subject တွေ များနေသည်။ မည်သည့် အရာကို အထူးပြု ကြည့်ရမည်ကို မသိ နိုင်အောင် ဖြစ်နေ သောကြောင့် COI အတိအကျ မရှိဖြစ်နေသည်။ ကား၏လေကာ မှန်မှ ဖေါက်ကာ အတွင်းသို့ ပြလိုပုံရသော်လည်း  မှန်ပေါ်ရှိ မိုးပေါက် ကိုလည်း အာရုံ ပြန့်စေ ပြန်သည်။ လိုရင်း ကို တိုက်ရိုက် မထိ ဟု ဆိုနိုင်ပါသည်။

အထက်ပါပုံသည်လည်း လိုင်းများ အားကောင်း၍ ပြတ်သားသည့်ပုံ ဖြစ်စေကာမူ Center of Interest ပြန့်ထွက်နေ သည့် ပုံ ဖြစ်သည်။
 
 
Center of Interest ရှိသော ပုံများ။

အောက်ဖေါ်ပြပါ ပုံ များသည် Center of Interest ကို တိတိ ကျကျ ပြနိုင်သော နမူနာ ပုံ များ ဖြစ်ပါသည်။ စာနှင့်ရေး၍ ရှင်းပြသည်ထက် ပုံများကို ကြည့်ရုံ မျှနှင့် ရှင်းရှင်းလင်းလင်း မြင်နိုင် ပါသည်။ Picture speaks thousand words ဟု ဆိုရပါမည်။










Center of Interest ကို မရှိသော ပုံများ

အောက် ပါ Center of Interest မရှိသော ပုံများမှာ Photo Clinic များတွင် ဓါတ်ပုံများကို ဝေဘန် သုံးသပ် သည့် ဓါတ်ပုံ ပညာရှင်နှင့် Photo Editor များဖြစ်ကြသည့် John Cosgrove နှင့် Rajesh Narwani တို့ က ၄င်းတို့ထံ တင်ပြထားသော ပုံများအနက်  မည်သည့်အရာကို အထူးပြု ပြ သလိုသည်ကို မသိနိုင်သည့်  (lack of Center of Interest )  ပုံများဟူ၍ သုံးသပ်ထားသည့် ပုံ များ ဖြစ်ကြသည်။  နမူနာ အဖြစ် ထုတ်နှုတ် ထားခြင်းဖြစ်ပါသည်။ 

အဆိုပါပုံများ နှင့်ပတ်သက်၍ ၄င်း တို့၏ သုံးသပ်အကြံပြုချက်များ၏ အတိုချုပ်ကို  သက်ဆိုင်ရာ ပုံများ၏ အောက် တွင်ဖေါ်ပြ ထားပါသည်။


မျက်စေ့ အာရုံဖမ်းစားနိုင်သည့် ပုံမပါရှိ။ ဥပမာ တံငါသည်တစ်ဦးထည့် နိုင်လျှင်ပို၍ဆွဲ ဆောင်မှု ရှိလာမည်။


 
ရွှေရောင် အမိုးကို ပြလိုပုံ ရသည်။ သို့ သော် ထို အရောင်ကို ထိရောက်စွာ Frame လုပ်ထားခြင်းမရှိ ၍ ရွှေရောင် အမိုးသည် အားလျှော့ နေသည်။


တောင်ကုန်း ကိုပြလို သလား သို့ မဟုတ် ပုံ အတွင်း လှပစွာ ဖြန့်ခင်းထားသည့် အိမ် အမိုးတွေ ကိုဘဲ ပြလိုသလား ကွဲ ပြားခြင်းမရှိ။ နှစ်ခုစလုံး မှာ အရေးပါသော အရာများ ဖြစ်သည်။ သို့သော် တစ်ခု ကို အဓိက ထားပြရန် လိုသည်။

                       အားလုံးရောထွေးနေ၍ အဓိက အရာ ပေါ်လွင် မှု မရှိ။

 
Silhouettes ပုံမှာ ပုံ ကောင်း ဖြစ်သော်လည်း အဆိုပါ Silhouette ကို ပံ့ပိုး ပေးသည့်  အချက် ကလေးများ ဖြည့် ပေးနိုင်လျှင် အာရုံကိုပို၍ ဆွဲဆောင် နိုင်မည်။


 
ဤပုံမှာ အမျိုးသီးငယ်၏ ကြောပိုးအိတ် နှင့် သွယ်တန်း ကျနေသည့် ကြိုး လေးများကို ပြလိုပုံ ရသည်။  ဤ သို့ ဆိုလျှင် အဆိုပါ ကြိုး လေးများနှင့် ကြောပိုး အိတ်၏ အရောင် သည် လက်ရှိ အဖြူ ရောင် အဟုတ်ဘဲ  နောက် ခံ Background အရောင် ထက် ပို၍ ပေါ်လွင်သည့် အရောင် ဖြစ်  ရန်လိုသည်။ background အရောင် တောက်ပ နေသည်ကို လျှော့ ချရန် လိုသည်။



မိုးတိမ် ကိုရိုက်သည်ဆိုစေကာမူ ထို မိုးတိမ် ထဲတွင် Center of Interest ရှိနေရန်လိုသည်။ 

------------------------------

No comments:

Post a Comment