Wednesday, 24 October 2012

Breaking the Rule of Thirds

(7)   Breaking the Rule of Thirds                                 ဓါတ်ပုံပညာရပ် ဆိုင်ရာ မှတ်စုများ (၇)


(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။)



              Rule of Thirds ကိုချိုးဖေါက်ခြင်း

 
                                                Symmetry
 
The Rule of Thirds သည် ဓါတ်ပုံ တစ်ပုံ ၏ ဖွဲ့စည်း မှု  Composition တွင် အခြေ ခံ အကျဆုံး နှင့် အထိရောက်ဆုံးသော နည်း ဖြစ်သည်။  Composition ကို စတင် လေ့ လာသည်နှင့် Rule of Thirds ကို စတင် လေ့လာ ကြရသည်။ Rule of Thirds နှင့်ပတ်သက် ၍ ယခင် Composition ဆိုင်ရာ မှတ်စုများတွင် ဖေါ်ပြခဲ့ ပြီးဖြစ်သည်။ သို့ ရာတွင်  အထက်ပါ ပုံ ကဲ့သို့ လမ်းကို ပုံ ၏ အလယ် တည့် တည့်   Symmetry ထားခြင်း သည် စင်စစ် အားဖြင့် Rule of Thirds ကို ဖေါက်ဖျက် ခြင်း ဇြစ်သည်။ သို့ ရာတွင် အလွန် အားကောင်းသည့် ပုံ ၊ ကြည့်သော သူအား စူးစူး ရဲရဲ ကြည့် ရလောက်အောင် ဖွဲ့ သည်းမှု တစ်မျိုး ပင် ဖြစ်သည်။  ဥပမာ အားဖြင့် Portrait subject တစ်ခု က သစ်သား စည်ပိုင်း တစ်ခု ကို ခေါင်း စိုက် ကြည့်နေသည့်ပုံ မျိုးသည် Rule of Thirds အတိုင်း လိုက်နာဖွဲ့ စည်း ခြင်း မဟုတ်စေကာမူ တစ်မျိုး တစ်ဖုံ အားကောင်း သည့် ဖွဲ့စည်းမှု တစ်ရပ်ပင် ဖြစ်သည်။ သို့သော် Rule of Thirds ကို မူ ကောင်းစွာ သဘောပေါက် ရန် လိုသည်။ သို့ မှသာ သူ၏  Loophole ကို သိနိုင်မည်။
 
Rule of Thirds ကို မသိဘဲ အဆိုပါ ဥပဒေသ ကို ချိုးဖေါက် ထားသည့် ပုံ တစ်ပုံသည် ကံကောင်း ထောက်မစွာ တစ်ပုံကောင်း Accidental ရနိုင် ကောင်း ရနိုင်မည်။ အမြဲ တမ်း မျှော်လင့် ၍ မရနိုင်။  Rule ကို သိ၍ သေခြာစွာ တွက်ဆ ချိုးဖေါက်ထားသည့် ပုံမှာ မူ အများစု မှာ အားကောင်း သည့် Composition များ ဖြစ်လိမ့် မည်။ ယခင် မှတ်စု များတွင် ရေး ထားသကဲ့ သို့ပင်  ၀ိနည်း တတ်မှ ကြက် သတ် နိုင်လိမ့် မည်။
 
 မိမိ ကိုတိုင် အပြင် ထွက် ဓါတ်ပုံ ရိုက်သည့် အချိန်တွင် Rule of Thirds အတိုင်း တစ်ပုံ  နှင့် အဆိုပါ ပုံကိုပင် Rule of Thirds ကို ဖေါက်ဖျက်၍ တစ်ပုံ ရိုက် စမ်းသပ်ကြည့်ပါ။
 
 
အောက်ပါ ပုံများသည် Rule of Thirds ကို ဖေါက်ဖျက်ထားသည့် Composition များ ဖြစ်ကြသည်။
 

No comments:

Post a Comment