Saturday 27 October 2012

Composition Part (4)


(10)   Composition Part (4)                                        ဓါတ်ပုံ ပညာဆိုင်ရာ မှတ်စု (၁၀)

(နေရာ အသီးသီးမှ စုဆောင်း ထားသည်များအနက် ကောင်းနိုးရာရာဟုယူဆသည် များကို ရွေးချယ် ကာ မြန်မာဘာသာ ဖြင့် ဆီလျှော်အောင် ပြန်ဆို မှတ်စုထုတ်ထား ခြင်း ဖြစ်ပါသည်။)
            


                    ဓါတ်ပုံ ဖွဲ့ စည်း မှု ဆိုင်ရာ မှတ်စု          
                         ( Tips for to Improve Composition )


ဓါတ်ပုံ တစ်ပုံ၏ ဖွဲ့စည်းမှု Composition နှင့် ပတ်သက်၍ မည်ကဲ့သို့ ထားသိုလ် ဖွဲ့စည်းလျှင် ကောင်းမည် ကို ဇဝေဇ၀ါ ဖြစ်နေပါလျှင် အောက် ပါ Composition များကို ကိုးကား နိုင်ရန် ဖြစ်ပါသည်။

                     " မ "ဂဏန်း ဥပဒေသ
                      ( Rule of odds )

 
ပုံတွင်ပါရှိသည့် Subjects များ၏ အရေအတွက်ကို စုံ ဂဏန်း  ( ၂-၄-၆....)  အစား မ ဂဏန်း (၁--၃-၅-၇-----) စသည်ဖြင့် ထားရန် ဖြစ်သည်။ ဤကဲ့သို့  ပုံတစ်ပုံတွင်  Subject အရေ အတွက်ကို မ ဂဏန်း ထားသည့် နည်းစနစ် သည် ကြည့် သူ၏ အမြင် ကို ပို၍ဆွဲ ဆောာင်မှု ရှိ စေပြီး စိတ်ဝင်စားမှု ကို ပိုဖြစ်စေသည်။
အောက်ပါ စတော်ဘယ်သီးပုံ ကို ကြည့်ပါ-


ဤ ကဲ့သို့ စတော် ဘယ်ရီသီး ၄ လုံးကို စုပြုံ တင်ပြထားခြင်းသည် ပုံ၏လေး နက်မှု ကို ပေါ့သွားစေကာ  ကြည့် သူ၏ အာရုံ စိုက်မှု Center of Interest အားနည်း သွားပြီး ငြီးငွေ့ စေနိုင်သည်။

 


အဆိုပါ ပုံ ကိုပင် ၄ လုံး အစား ၃ လုံးသာ တင်ပြထားခြင်းဖြစ်သည်။ ဤ သို့ ဖြင့် ပုံသည် ပို၍ စိတ်ဝင်စား ဘွယ်ရာ ဖြစ်လာသည်။


Fofus ဧရိယာ ကန့်သတ်ခြင်း
Limiting focus
အထူးပြု ပြသလိုသည့် နေရာကို Focus ဖြတ်ပါ။  ဤ သို့ ဖြင့် နောက်ခံ ရှုတ်ထွေးမှုကို တတ်နိုင်သမျှ ဖယ်ရှား နှိုင်သည်။ ဤသို့ဖြင့် နောက်ခံ ရှုတ်ထွေးနေသည်များကို ရှောင်ရှားရန်နိုင်သည်။ အများစု သုံးသည့်နည်း မှာ Subject ကို အနှောက်အယှက် ဖြစ်စေမည့် နောက်ခံ ( Back Ground ) တွင် ရှုတ်ထွေး နေသည့် ( Distraction ) များကို ကို ၀ါး (Blur) စေ သည့် နည်း ဖြစ်သည်။ ဤ ကဲ့သို့ နောက်ခံ ၀ါး သွားခြင်းဖြင့် Subject သို့ အမြင်အာရုံ ပို၍ စူးရောက် စေသည်။ F 1.8 ကဲ့ကို Aperture ကျယ်ကျယ် ကို သုံးကာ Depth of Field ကို လျှော့ချခြင်း သည်လည်း နည်း တစ် နည်း ဖြစ်သည်။
 
 
 

အထက်ပါ ပုံ တွင် အကယ်၍ နောက်ခံ သစ်ပင်များသာ Focus မိပြီး ပြတ်သားနေမည်ဆိုပါက အမြင်အာရုံ တွင် ရှေ့ စုံတွဲ ပုံကို ကြိမ်းသေ အနှောက်အယှက် ဖြစ်မည် မှာ သေခြာသည်။ လက်ရှိပုံတွင်မူ  Focus Limit ကို စုံတွဲ ပေါ်တွင်သာ ဖြတ်ထားသည်။
 
 
နောက်ခံ ကို အတော်များများ ၀ါး ( Blur )နေစေခြင်း ဖြင့် အမျိုးသီး ၏ မျက်လုံးကို အာရုံ ပိုရောက် စေသည်။

ရိုးရိုးရှင်းရှင်း
Simplification
ကြည့်သူ၏ အာရုံ ( Center of Interest ) ကို ပိုရလာစေရေး အတွက် အကောင်းဆုံးနည်းလမ်းမှာ ရိုးရိုး ရှင်းရှင်း တင်ပြခြင်း (Simple Looking Image ) ဖြစ်သည်။ အလွယ် ဆုံးနည်း မှာ ပုံထဲ တွင် Subject  အရေအတွက်ကို လျှော့ချ ခြင်းဖြစ်ပြီး မလိုသည့် အရာများကို ကြည့်သူ အာရုံမပြန့်စေရန်အတွက် Background ကို ၀ါး Blur  လိုက် သည့် နည်း ဖြစ်သည်။

အောက်ပုံ ကို ကြည့်ပါ။
အထက်ပါ ပုံ မှာ ပြလိုသည် ကို တိတိ ကျကျ သဲသဲ ကွဲကွဲ ပေါ်စေသည်  ။ It makes the story clear. ဤ ကဲ့သို့ ရိုးရှင်းသော ပုံသည် ဆွဲ ဆောင်မှု ရှိပြီး အကြည့် လည်းခံသည်။

 
အလယ် တွင် ထားခြင်း

ပုံ ကို အလယ် တွင် ထားခြင်း သည် ဤ ကဲ့သို့ ထောင်လိုက် ပုံမျိုးတွင် ဓါတ်ပုံ ၏ အချိုး  Balance ကို မျှစေသည်။ ဤကဲ့သို့  Sybject  အရေအတွက် နည်းနည်း ကို အလယ်တွင် ထားခြင်းသည် အချို့ ရိုးရှင်းသော ပုံ များအတွက် အကောင်းဆုံး နည်း ဖြစ်သည်။ အောက်ပုံ ကိုကြည့်ပါရန်။


Subject ၏ ဘေးပတ်လယ် ကို ရှင်းနေအောင် လုပ်ထားခြင်း သည်လည်း Subject အပေါ် အာရုံ ပိုရောက်စေသည်။

 
 
သာမန် အားဖြင့် မည်ကဲ့ သို့ မျှ စိတ်ဝင်စား ဘွယ်ရာမရှိသည့် Subject ကို ပုံ၏အလယ် တွင် ရိုးရိုးလေး ထားခြင်းဖြင့် စိတ်ဝင်စားမှု တိုး လာစေသည်။ အထက် ၀ိုင်ယာကြိုး ပုံ ကို ကြည့်ပါ။

 
Rule of thirds)
လူသိအများဆုံ နှင့် အထိရောက်ဆုံးသော Composition ဖြစ်သည်။ ပုံ တစ်ပုံကို အလျှားလိုက် နှင့် ထောင်လိုက် မျဉ်း နှစ်ကြောင်းစီ ဖြင့် အညီ အမျှ ပိုင်း လိုက်၍ ပေါ်လာသည့် ဖြတ်သန်း ဆုံမှတ် (၄) နေရာ  မှာ Point of Imterest ဖြစ်သည်။ ထို ဆုံ ရပ်နေရာ များပေါ်တွင် Subject ကို ထားခြင်း ဖြစ်သည်။ ဤ နည်း သည့် အရိုးရှင်းဆုံး နှင့် အထိရောက်ဆုံး နည်း ဖြစ်သည်။

အထက်ပုံတွင် လှေကို  Rule of Thirds ၏  ပထမ ဆုံရပ်တွင် နေရာချထားသည်ကို ကြည့်ပါ။

 
 
ရုပ်ပုံ Portrait တွင်လည်း Rule of Thirds ကို သုံးနိုင်သည်။ Subject ၏ မျက်လုံး တစ်လုံး ထည်းကို ဖြစ်စေ နှစ်လုံး စလုံး ကို ဖြစ်စေ Rule of Thirds ဆုံ မှတ် နေရာတွင် ထား ခြင်း ဖြစ်သည်။
 
ရှေ့ မျက်နှာစာ အညွှန်း
Lead room
Subject ၏ရှေ့ မျက်နှာစာ Lead Room ကို Rule of Thirds နှင့် တွဲ သုံးလေ့ ရှိသည်။ အောက်ပုံ ကိုကြည့်ပါ။  Snowboarder စီးနေသည့် subject သည် Rule of Thirds နေရာတွင် ရှိသည်။ သူ၏ ရှေ့
မျက်နှာစာ အညွှန်း Lead Room က Subject မည်သို့ သော နေရာကို သွားနေသည်ကို ပြနေသည်။


အထက် ပုံတွင် The Snowboarder  ကို  Rule of Thirds  နေရာတွင် ချထား ပြီး  ၄င်း၏ lead room ကို ရှေ့တွင် ထားကာ ပေါင်းစပ်ဖွဲ့ စည်းထားသည်။

 

အထက် ပုံတွင်မူ ပြေးနေသူ၏ ရှေ့ တွင် Lead Room ကိုထားခြင်းဖြင့် ပုံ ကို ပို၍ ကြွ လာစေသည်။ နေ၀င် နေသည်ကိုလည်း ပို၍ အာရုံ ရောက်စေသည်။



အထက် ပုံတွင် lead Room ကို ပြေးသူ၏နောက် တွင် ထားသည်။ ဤ သို့ ဖြင့် ပြေးနေသည်မှာ ပုံထဲ မှ ထွက် သွားတော့ မည် တစ်နည်းအားဖြင့် ပြေးနေခြင်း ပြီးပြီ ဟု အနက်ဖွင့် ပေးသည်။


S ပုံ မျဉ်းကွေး




(S curve )

ပုံ တွင် အင်္ဂလိပ် အက္ခရာ S ပုံ သဏ္ဍာန် အကွေးပေါ်နေသည့် လိုင်းကို ဆိုလိုသည်။ အောက်ပုံရှိ မော်တော် ကာ မီး ရောင် အကွေး ကို ကြည့်ပါ။ ကြည့်သူကို အဆိုပါ  S  လိုင်းအတိုင်းဆွဲ ခေါ်သွားမည့်လိုင်း ဖြစ် သည်။ ပုံ ပို၍ အ သက် ၀င်သည်။  Model Figure များ ပုံ ပို၍ ပေါ် လာစေရန် လည်း သုံးနိုင်သည်။


အထက် ပုံ ၏ S Curve မျဉ်း ကွေးသည် အဆိုပါ ပုံ ကို ပို၍ စိတ်ဝင် စားဘွယ်ရာ ဖြစ်လာစေသည် မှာ သာဓက ဖြစ်သည်။



                   
ဤ ပုံမှာ မူ S Curve မဟုတ်ဘဲ မျဉ်းဖြောင့် ဖြစ်နေသဖြင့် ပုံ သည် အားနည်းနေသည်ကို တွေ့ ရမည်။



 
S Curve သည် ပုံများ၏ ကိုယ် ဟန် အနေအထား တွင်လည်း သုံးနိုင်သည်။ အထက်ပါ Greek and Roman  ရုပ်ထု များ တွင် S Curve သုံး ထားသည် ကို တွေ့ နိုင်သည်။

Foreground
များသော အားဖြင့် ရှုခင်းပုံ များတွင် Background နှင့်  Middle Ground တို့တွင် ဧရိယာပိုယူထားကာ Foreground နေရာမှာ အနည်း ငယ်သာရှိလေ့ ရှိသည်။ အဆိုပါ   ရှု ခင်းပုံ၏ Foreground နေရာတွင် ထင်ရှား ပေါ်လွင်သည့် Subjects အချို့ ထားခြင်းဖြင့် ပုံ ကို ပို၍ အာရုံစိုက် လာစေသည်။ ကြည့် သူကိုယ် တိုင် ပုံ ထဲ သို့ ရောက်နေသည်ဟု ခံ စားလာနိုင်စေသည့် နည်းလည်း ဖြစ်သည်။


အထက် ပုံတွင် ပုံ၏ Foreground ရှိ ကျောက်တုံး များသည် ပုံ၏ အကွာအဝေး နှင့် အတိုင်းအဆ တို့ ကို ပြသည့် နှိုင်းရပ် လည်း ဖြစ်နေသည်။



အထက်ပါ ပုံ၏ Foreground တွင် ကျောက်တုံးများ ပိုရှိနေခြင်းက ပုံ အပေါ် ခံစားမှု ကို ပို ပေး နိုင်သည်။
အကယ်၍ Foreground ရှိ ကျောက်တုံးများကို ဖယ်၍ ကြည့်ပါက Foreground တွင် အာရုံ စိုက်ရန် မည်သည့် အရာမျှ ရှိမည် မဟုတ်။
 






ခွင်ဖြည့်ခြင်း
Fill the frame
 
 ဓါတ်ပုံ ရိုက်သည့် အခါ အနားသို့ ကပ်နိုင်ခြေ ရှိပါက အနားကပ် နိုင်ရန် ကြိုးစားပါ။ ပုံ ရဲ့ Frame တွင် Subject ကို ဖြည့် လိုက်ခြင်း ဖြင့် အားကောင်းသည့် ဖွဲ့စည်းမှု Composition တစ်ခု ရလာနိုင်သည်။

 
 

အထက်ပါ ပုံတွင် ၀ံပုလွေ ၏ ခေါင်းကို ညာ ဘက်က ပုံ ကဲ့သို့ frame အတွင်း  ဖြည့် လိုက်ခြင်းဖြင့် ၀ံ ပုလွေ ကို ပို၍ ထင်ရှားလာစေသည်။ ပုံ နှစ်ပုံသည် အတူတူ ဖြစ်စေကာမူ ညာ ဘက်ရှိုပုံ သည် ဘယ်ဘက် ပုံ နှင့် များစွာ အားကောင်း သည် ကိုတွေ့ နိုင်သည်။

ဘောင်ခတ်ခြင်း
Framing

အခြားနည်း တစ်ရပ်မှာ Foreground နှင့် ဘောင်ခတ်ခြင်း ဖြစ်သည်။ အောက် ပုံ ကို ကြည့် လျှင် Taj Mahal ပုံကို ပြူတင်းပေါက် နှင့် ဘောင်ခတ် ထားသည်ကို တွေ့ ရမည် ဖြစ်သည်။ ဤ နည်းသည် ပုံ ကို အထူး အာရုံ ရောက်စေရန် ပို့ ပေး သည့် နည်း လမ်း ကောင်း ဖြစ်သည်။


အထက်ပုံသည် Window Frame Sihouette ဖြင့် Taj Mahal ကို ဘောင်ခတ် ထားခြင်း ဖြစ်သည်။
 

 

ပုံ ကိုဘောင်ခတ်ခြင်းသည် အထက် Taj Mahal ပုံတွင် ဘောင် ခတ် ထားသကဲ့သို့ တိတိကျကျ ချည်း အစဉ် ဖြစ်နေရန် မလိုပါ။ အထက်ပုံ ကို ကြည့်လျှင် သစ် ပင် နှစ်ပင် ဖြင့် ပင် Frame လုပ်ထားသည်ကို တွေ့ နိုင်သည်။

ဘောင်ခတ်ခြင်း Framing လုပ်ရာတွင် အရာ ၀ထ္ထု ၊ သဘာဝ ပစ္စည်း များဖြင့် သာမက လူ ဖြင့် လည်း ဘောင်ခတ်နိုင်သည်။ အောက်ပါပုံ တွင် Main Subject ဖြစ်သော အမျိုး သမီး ကို ၄င်း၏ ပတ်ဝန်းကျင် မှ လူ များဖြင့် ဘောင် ခတ်ကာ ရိုက် ကူးထားခြင်း ဖြစ်သည်။


 
---------------------------------------------------------

No comments:

Post a Comment